ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

Whey Protein ကိုဘယ်လိုအသုံးပြုနိုင်လဲ။ ဘာတွေကောင်းကျိုးတွေရှိလဲ။

အခုနောက်ပိုင်းဖြည့်စွက်စာအဖြစ်ခေတ်စားလာတဲ့ ပရိုတင်းတစ်မျိုးရှိနေပါတယ်။ ဒါကတော့ နာတာရှည်ရောဂါခံစားနေရသူတွေအတွက်ရော ကြွက်သားတက်လာအောင်လေ့ကျင့်ခန်းလုပ်နေတဲ့ သူတွေအတွက်ပါတော်တော်လေးထိရောက်မှုရှိတဲ့ အာဟာရဓါတ်တစ်မျိုးဖြစ်တဲ့ Whey Protein ပါပဲ။ ဒီအာဟာရဓါတ်က ခန္ဓါကိုယ်ကျန်းမာဖို့အတွက်ရော ကြွက်သားတွေဖွံ့ဖြိုးသန်မာစေဖို့ အတွက်ပါတော်တော်လေးအထောက်အပံ့ပေးပါတယ်။ ဒီဆောင်းပါးလေးထဲမှာ Whey Protein ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်ပုံလေးကိုပြောပြပေးပါရစေ။ Whey protein ဆိုတာ Whey ဆိုတာက ဒိန်ခဲလုပ်တဲ့အခါမှာ ထွက်လာတဲ့ ပစ္စည်းတစ်ခုပေါ့။ နို့အရည်ကြည်ထဲမှာပါတတ်တဲ့ ဓါတ်တစ်မျိုးပါ။ အခုလက်ရှိမှာတော့ ကမ္ဘာတလွှားမှာ Whey protein ကို အမှုန့်ပုံစံနဲ့ရရှိနေပြီး အားကစားလုပ်ဆောင်သူတွေအတွက် အာဟာရဖြည့်တဲ့အရာတစ်ခုအနေနဲ့ သုံးဆောင်ကြတာများပါတယ်။ Whey protein က အစာကြေမြန်ပြီး အစာခြေစနစ်က အာဟာရဓါတ်တွေကိုမြန်မြန်စုပ်ယူနိုင်အောင်လုပ်ဆောင်ပေးပါတယ်။ပြီးရင်တော့သွေးကြောတွေနဲ့ ကြွက်သားတွေဆီကို လိုအပ်တဲ့အာဟာရဓါတ်တွေကို မြန်မြန်ပို့ဆောင်ပေးလိုက်ပါတယ်။ ဒီလိုလုပ်ဆောင်ပေးမှုက အားကစားပြင်းပြင်းထန်ထန်လုပ်ဆောင်မှုကြောင့် ကြွက်သားထိခိုက်မှုတွေကိုပြန်လည်ကောင်းမွန်လာအောင်လုပ်ဆောင်ပေးသလို ကြွက်သားတွေဖွံ့ဖြိုးကြီးထွားအောင်လည်း လုပ်ဆောင်ပေးပါတယ်။Whey protein ကနို့နဲ့နို့ထွက်ပစ္စည်းတွေထဲမှာ အများဆုံးတွေ့ရတဲ့ ပရိုတင်းတစ်မျိုးပါ။ […]


အဝလွန်ခြင်း

ကလေးတွေမှာ အဝလွန်တာကြောင့် ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေ

ကလေးပဲ ဝပါစေ၊ ချစ်ဖို့တောင် ကောင်းသေးဆိုပေမယ့် အရမ်းဝတာကတော့ မကောင်းဘူးနော်။ ကလေးက ဖွံ့တာလောက်က ကိစ္စမရှိပေမယ့် အရမ်းဝလွန်းနေရင်တော့ မကောင်းပါဘူး။ အဝလွန်တာက အဝလွန်တယ်ဆိုတာမှာတင် ရပ်မနေပါဘူး။ နောက်ဆက်တွဲပြဿနာတွေ တော်တော်များများ ရှိနေပါတယ်။ လူကြီးအရွယ်မှာ အဝလွန်တာက ကိုယ်ဖန်တီးတဲ့ ကိုယ့်ကိစ္စလို့ ဆိုနိုင်ပေမယ့် ကလေးအရွယ်မှာ အဝလွန်တာ မဖြစ်စေဖို့ကတော့ မိသားစုမှာ တာဝန် ရှိပါတယ်။ ကလေးတစ်ယောက်ကို အဝလွန်စေတဲ့ အကြောင်းအရင်းတွေက ဒါတွေပါ ကလေးက သူ့အသက်အရွယ်မှာ ရှိသင့်တဲ့ ပုံမှန် ကိုယ်အလေးချိန်ထက် များနေမယ်။ BMI က ရှိသင့်တာထက် ပိုနေမယ်ဆိုရင် အဝလွန် နေပြီလို့ ပြောလို့ရပါတယ်။ ကလေး တစ်ယောက်ကို အဝလွန်စေတဲ့ အကြောင်းအရင်းတွေက လူကြီးတွေမှာ အဝလွန်စေတဲ့ အကြောင်းအရင်းနဲ့ တူတူပါပဲ။ နေ့စဉ်နေထိုင်တဲ့အပြုအမူ အလေ့အထတွေ နဲ့ မျိုးရိုးလိုက်တာတွေကြောင့် ကလေးတွေမှာ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြက်ဥ/ဘဲဥစားသင့်တဲ့ အချက်ငါးချက်

ကြက်ဥ/ဘဲဥဟာ ဈေးပေါတဲ့ အစားအစာတမျိုးဖြစ်သလို စွယ်စုံအသုံးတော်ခံတဲ့ သုံးပန်လှဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ကြက်ဥ/ဘဲဥ လုံးဝမစားသူတွေရှိသလို မကြိုက်တဲ့အတွက် မဖြစ်မနေမှ စားသူတွေလည်း ရှိပါတယ်။ အချို့ ကိုယ်ခန္ဓါလှပချင်သူ၊အားကစားလုပ်သူတွေကလည်း ကြက်ဥ/ဘဲဥတွေဟာ ကယ်လိုရီတက်တဲ့အတွက် စားဖို့တွန့်ဆုတ်တတ်ကြပါတယ်။ သင်ဟာ ကြက်ဥ/ဘဲဥနဲ့ ရန်ဖြစ်ထားသူဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။ စားချင်စိတ်ပိုဖြစ်လာဖို့ အာမခံပါတယ်။ အကယ်၍ သင်ဟာ ကြက်ဥ/ဘဲဥ ကြိုက်တတ်သူဆိုရင်လည်း ဖတ်ကြည့်လိုက်ပါဦး။ စားရတာ အားပိုတက်လာမှာပါ။   ၁။ သူတို့ဟာ ဈေးအပေါဆုံး ပရိုတိန်းရင်းမြစ် ဖြစ်ပါတယ်   သင့်အနေနဲ့ ဘယ်လိုဥမျိုးကိုပဲစားစား ပရိုတိန်းဓါတ်ကြွယ်ဝစွာ ရရှိပါမယ်။ ကြက်ဥ/ဘဲဥတလုံးဟာ ယေဘုယျအားဖြင့် ငွေတရာပတ်လည်သာ တန်ဖိုးရှိပေမယ့် အရည်အသွေးမြင့်မားတဲ့ ပရိုတိန်းဓါတ် ခြောက်ဂရမ် ပေးစွမ်းနိုင်ပါတယ်။ ဆိုလိုတာက အစားအစာကနေ ရရှိသင့်တဲ့ အမိုင်နိုအက်ဆစ်ဓါတ်အားလုံးကို ကြက်ဥ/ဘဲဥဆီကရနိုင်တယ်လို့ ပြောချင်တာပါ။ ဒါဟာ အသားက […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပဲနို့ဆိုတာ သောက်တိုင်းကောင်းတဲ့ အရာတစ်ခုလား။

အရိုးအဆစ်သန်မာချင်ရင်၊ ကျန်းမာချင်ရင် နေ့စဉ်နို့တစ်ခွက်သောက်ပါ။ အဲစကားစုလေးက နွားနို့ကြိုက်တဲ့သူတွေအတွက် ဝမ်းသားစရာပဲနော်။ ဒါဆို နွားနို့နဲ့ မတည့်တဲ့သူ နွားနို့သောက်ရတာ မကြိုက်တဲ့ သူတွေအတွက်ရော။ သူတို့တွေအတွက် နွားနို့နေရာမှာ အစားထိုးသောက်လို့ရတဲ့ အရာတစ်ခု ရှိနေပါတယ်။ အဲဒါကတော့ ပဲနို့ပါ။ ခုနောက်ပိုင်း ဈေးကွက်ထဲမှာ တွင်ကျယ်စွာရောင်းချနေကြပြီး လူတိုင်းနီးပါး နှစ်သက်စွာသောက်နေကြသော အစားအစာတစ်ခုပဲ ဖြစ်ပါတယ်။ နို့နှင့် နို့ထွက် ပစ္စည်းတွေနဲ့ မတည့်သူတွေ အတွက် ရွေးချယ်စရာတစ်ခုပါ။ နို့လိုပဲ အာဟာရဓာတ်တွေကြွယ်ဝလို့ ကျုန်းမားရေးအတွက်အထောက်အကူပြု လူကြိုက်များ သောက်လို့ကောင်းနေတဲ့ ပဲနို့ မှာ ဘာကောင်းကျိုးတွေ ရှိသလဲ။ ပဲနို့ သောက်ခြင်းက ဆိုးကျိုးတွေရော ဖြစ်စေနိုင်လားဆိုတာ သိချင်ကြမယ်ထင်လို့ ပဲနို့ရဲ့ကာင်းကျိုး၊ ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။ ပဲနို့၏ ကောင်းကျိုးများ။ လက်တို့စ် (lactose) ဓာတ်မပါခြင်း။ နွားနို့မှာ လက်တို့စ် (lactose) လို့ခေါ်တဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

မန်ကျည်းပင်ကနွေရာသီမှာဆိုရင်အေးမြတဲ့အရိပ်ကိုပေးနိုင်ပါတယ်။နွေပူပူမှာ မန်ကျည်းရိပ်အေးအေးလေးမှာထိုင် အကြမ်းရည်သောက်ရင်း အညာဓလေ့အတိုင်း ထန်းလျက်လေးစား လက်ဖက်သုပ်လေးဝါးရတာကတော်တော်လေးအရသာရှိတယ်နော်။ အညာအငွေ့အသက်လေးတွေကတော်တော့်ကိုချစ်စရာကောင်းတာနော်။ မန်ကျည်းပင်ရဲ့ အသုံးတည့်မှုကဒီလောက်နဲ့ပြီးမသွားပါဘူး။ မန်ကျည်းပင်က အရွက်၊ အသီး၊ အခေါက်တစ်ပင်လုံးနီးပါး အသုံးဝင်ပါတယ်။ အခုတစ်ခေါက်တော့ နွေရာသီ ရောက်လာတဲ့အခါ ရာသီစာတစ်ခု အနေနဲ့ စားတတ်ကြတယ် မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံအချို့ကိုပြောပြပေးမယ်နော်။ မန်ကျည်းရွက်နုနုလေးတွေကို ကြက်သွန်စိမ်း၊ ပုဇွန်ခြောက်မှုန့်၊မြေပဲမှုန့်၊ ဆီစိမ်း၊ အချို အငန်အရသာထည့်ပြီးသုပ်စားကြတာမျိုးရှိသလို ချဉ်ရည်ဟင်းချက်စားတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲစားစား စားလို့ကောင်းတာကတော့ အမှန်ပါ။ မန်ကျည်းရွက် ဆိုတာ မန်းကျည်းရွက် ဆိုတာ မန်ကျည်းပင်ရဲ့ အရွက်ပါ။ အရွက်နုနုလေးတွေကို ဟင်းချက်စားတာ၊ သုပ်စားတာတွေ၊ အသုပ်တွေထဲမှာ ထည့်စားတာမျိုးတွေ ရှိကြပါတယ်။ အရွက်သေးသေးလေးတွေ မျက်နှာချင်းဆိုင်ပြီး ရိုးတံရှည်ရှည်လေးမှာ အစီအရီထွက်နေတတ်တာပါ။ နုစဉ်မှာ အစိမ်းရောင်ဖျော့ဖျော့လေး ဖြစ်ပြီး ရင့်လာချိန်မှာတော့ အစိမ်းရောင် ရင့်ရင့်လေး ဖြစ်လာပါတယ်။ မန်ကျည်းရွက်မှာ ပါတဲ့ အာဟာရတွေ မန်ကျည်းရွက်မှာ အခုလို […]


အားကစားသမားများအတွက်အာဟာရ

Whey ပရိုတင်း ဆိုတာ ဘာလဲ။ ဘယ်လိုကောင်းကျိုးတွေရှိလဲ။

လူတိုင်းနီးပါး ကြိုက်လို့ သောက်နေသော နို့၊ ကျန်းမာရေးအတွက်၊ အသားအရေအတွက်၊ အရိုးသန်စွမ်းရေးအတွက် ကလေး၊ လူကြီး၊ လူငယ်မရွေး သောက်နေကြတဲ့ နို့မှာ casein နဲ့ whey လို့ ခေါ်တဲ့ ပရိုတင်း (၂)မျိုးပါတယ်။ မသောက်ဖူးတဲ့သူ မရှိတဲ့ နို့ရဲ့ ကောင်းကြောင်းတွေကို အားလုံးသိပြီးကြသော်လည်း ခုနောက်ပိုင်းခေတ်စားလာတဲ့ လူပြောများလာတဲ့ နို့ထဲပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Whey ပရိုတင်း ဆိုတာ ဘာများပါလဲ။ သောက်လိုက်ရင်ရော ကျန်းမာရေးအတွက် ဘာတွေကောင်းစေလဲ ဆိုတာ သိချင်ကြမယ်ထင်ပါတယ်။ Whey ပရိုတင်းဆိုတာ ဘာလဲ။ Whey ပရိုတင်း ဆိုတာ ခုနောက်ပိုင်း လူပြောများလာတဲ့၊ လူတွေ အသုံးများလာတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။ “ပရိုတင်း” အသားဓာတ်ဆိုတဲ့ အတိုင်း Whey ပရိုတင်း ဆိုတာ ကိုယ်ခန္ဓာလှပကျစ်လစ်အောင် တည်ဆောက်နေတဲ့သူတွေမှာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

ဝိတ်ချခြင်းနဲ့ ပက်သက်ပြီးတော့ မှားနေတဲ့ အယူအဆလေးတွေ။

ခုခေတ်မှာ တော်တော်များများက ကိုယ်ခန္ဓါအချိုးကျလှပဖို့ အတွက် အာရုံစိုက် အချိန်ပေးလာကြပါတယ်။ ပိန်တဲ့သူတွေ ကိတ်အောင် ၊ ဝတဲ့သူတွေ ပိန်အောင် GYMတွေမှာ သွားကစားတာ။ အစားတွေလျှော့စားတာတွေ လုပ်လာကြပါတယ်။ ဝိတ်ချတဲ့နေရာမှာ မှန်ကန်တဲ့ အကြံပေးချက်တွေရှိသလို တစ်ချို့မှားနေတဲ့ အယူအဆ တွေလည်းရှိနေတာပါပဲ။ မှန်ကန်တဲ့ လမ်းကြောင်းပေါ်လျှောက်မှသာ ကိုယ်ရောက်ချင်တဲ့ ပန်းတိုင်ကို မြန်မြန် ရောက်မှာလေ။ ခုပြောပြချင်တာက ဝိတ်ချတာနဲ့ ပက်သက်လို့ လူတွေအသိမှားနေတဲ့ အချက်တွေပဲဖြစ်ပါတယ်။ ဝိတ်ကျချင်ရင် လေ့ကျင့်ခန်းပဲ ပြင်းပြင်းထန်ထန်လုပ်ရင်ရပြီ။ ဝိတ်ကျဖို့ဆို လေ့ကျင့်ခန်းတစ်ခုတည်းနဲ့ ချလို့မရပါဘူး။ အစားပါလိုက်မထိန်းရင် ပလိုင်းပေါက်နဲ့ ဖားကောက်နေသလိုပဲ ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ် ကိုယ်လိုချင်တဲ့ အလေးချိန်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ပါဘူး။ မှန်ကန်တဲ့ ဝိတ်ချခြင်းမှာ လေ့ကျင့်ခန်းမှန်မှန်လုပ်တာရော အစားအသောက်ထိန်းစားတာကရော နှစ်ခုလုံး အရေးကြီးပါတယ်။ အစားပဲလျှော့မယ် ။လေ့ကျင့်ခန်းမလုပ်ဘူးဆိုလည်း မဖြစ်ပြန်ဘူးနော်။   အစာငတ်ခံခြင်းကသာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

သကြားကကျန်းမာအတွက် မကောင်းဘူးလို့ ပြောရတဲ့ အကြောင်းအရင်း

တစ်ခုခုစားရင် ချိုမှကြိုက်တယ်ဆိုပြီး အချိုတွေချည်းလှိမ့်စားမနေပါနဲ့။ သကြားဓါတ်က လိုအပ်တယ်ဆိုပေမယ့် များလာရင်တော့ ခန္ဓါကိုယ်ကို ထိခိုက်မှုအကျိုးဆက်ကတော်တော်လေးများပါတယ်။ဘေဘီလေးတွေကိုကျ အချိုအများကြီးမစားနဲ့ပြောပြီး ကိုယ်တိုင်ကျစားနေမိသေးတဲ့ လူကြီးတို့ရေ ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်နော်။ သကြားဆိုတာက သကြားဆိုတာက များသောအားဖြင့် အစားအစာတွေ နဲ့သောက်စရာတွေထဲမှာ ပါလေ့ရှိတဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးပါ။ကော်ဖီနဲ့ အခြားသောမြန်မာမုန့်တွေစားတဲ့အခါမှာလည်း သကြားကိုတွဲဖက်ပြီး စားတတ်ကြပါသေးတယ်။ ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြသလို သစ်သီးဖျော်ရည်တွေထဲကိုလည်း ထည့်ကြပါတယ်။ အချိုပွဲတော်တော်များများမှာလည်း သကြားက မပါမဖြစ်ပါရသေးတယ်နော်။ သကြားကစွဲလမ်းစေတတ်လား...... သကြားကစွဲလမ်းစေတတ်တဲ့သဘောရှိပါတယ်။ အချိုရည်တွေ၊ ဒိုးနတ်စ်လိုမျိုး မုန့်ချိုချိုလေးတွေကို တစ်ခါလောက်စားပြီးရင်နောက်ထပ်စားချင်လာတယ်ဆိုတာက သကြားကြောင့်ဖြစ်လာတဲ့ စွဲလမ်းမှုပါ။ သကြားက စွဲလမ်းစေတတ်လားဆိုတာကို အတည်ပြုချင်ရင်ဘေဘီလေးတွေကိုသာကြည့် စစားဖူးထဲကက အချိုအရသာကိုစားဖူးလို့ တစ်ချိန်လုံး သကြားလုံးတွေ၊ ဂျယ်လီတွေနဲ့ အချိုရည်တွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက်စားရင်း ငယ်သွားလေးတွေက သွားပိုးစားတာကို သာကြည့်တော့လေ။ သကြားအများကြီး မစားပါနဲ့လို့ပြောရတဲ့ အကြောင်းအရင်း သကြားက အချိုဓါတ်ကိုပေးစွမ်းတယ်။ ခန္ဓါကိုယ်မှာ အင်အားပြည့်စေဖို့ သကြားဓါတ်ကို လိုအပ်တယ်ဆိုပေမယ့် အများကြီးစားမိရင်တော့ ဆိုးကျိုးက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကျိုးသွားသောအရိုး မြန်မြန်ပြန်ဆက်အောင် စားသင့် မစားသင့်သည်များ

လူခန္ဓါကိုယ်တစ်ခုတည်ဆောက်ရာတွင် အရိုးများဖွဲ့စည်းပုံသည် အလွန်အရေးပါလှသည်။ အဓိက ပင်မဖြစ်သော အရိုးများ ကျိုးသွားလျှင် အလွန်နာ၍ပြန်ဆက်ရန်လည်း အချိန်တစ်ခုယူရသည်။ ဆရာဝန်များသည် ကျိုးသွားသော အရိုးများပြန်ဆက်ရန်ကျောက်ပတ်တီးစည်းပေးခြင်း၊ စတီးချောင်းများထည့်ပေးခြင်းများပြုလုပ်ပေးမည်ဖြစ်သည်။ လူနာများဘက်ကလည်းနေ့စဉ်စားနေသော အစားအစာများတွင်အေက်ဖော်ပြပါ အစားများအား စားပေးခြင်းဖြင့် ကျိုးသွားသော အရိုးများကိုမြန်မြန်ပြန်ဆက်စေမှာဖြစ်ပါသည်။ စားသင့်သော အစားအစားများ ပရိုတင်း(အသားဓါတ်) သင့် အရိုးများဖွဲ့စည်းရာတွင် ပရိုတင်း ( အသားဓါတ်) သည် မပါမဖြစ်ပါဝင်သည်။ သင်အရိုးများကျိုးသောအခါ ပြန်ဆက်ရန် အရိုးအသစ်ဆဲလ်များပြန်တည်ဆောက်ရာတွင် ပရိုတင်း ပါရပေသည်။ ပရိုတင်းသည် အရိုးဆဲလ်အသစ်များ တည်ဆောက်ခြင်းအတွက်သာမက အရိုးများအတွက် အဓိကလိုအပ်သော ကယ်စီယမ် ( calcium ) ကို စုပ်ယူခြင်းနှင့် အသုံးပြုခြင်း နေရာတွင် လည်း အရေးပါလှသည်။ ပရိုတင်းဓါတ်ကြွယ်ဝသော အစားအစာများမှာ - အသားငါးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ အစေ့အစံများ၊ ပဲပိစပ်မှထွက်သော အစားအစာများ။ ကယ်လ်စီယမ် အရိုးများတည်ဆောက်ရန်နှင့် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အစပ်ကြိုက်သူများနှင့် ငရုတ်သီးမှို အန ္တရာယ်

မြန်မာ့ဟင်း မြန်မာ့စားဖွယ်လို့ဆိုလိုက်တာနဲ့ ငရုတ်သီးအစပ်ဟင်းဆိုတာ လုံးဝပြေးမလွတ်ပါဘူး။ မြန်မာလူမျိုးတော်တော်များများက ငရုတ်သီး အင်မတန်ကြိုက်ကြတဲ့ လူမျိုးတွေဖြစ်ကြပါတယ်။ တစ်နေ့တစ်နေ့ ဘာဟင်းပဲချက်ချက် အနည်းဆုံး အစပ်ဟင်းလေးတစ်ခွက်ကတော့ ပါလိုက်ရမှ။ ငရုတ်သီးတောင့် ၊ ငရုတ်သီးလေးစိပ်ခွဲ၊ အလှော်မှုန့် ၊ အစိမ်းမှုန့် ၊ အရောင်တင်မှုန့် စတာတွေကို ဆိုင်ကဝယ်စားရင်စား၊မဟုတ်ရင်လည်း အိမ်မှာသိမ်းထားပြီး စားတတ်ကြပါတယ်။ ဒါကြောင့် နေ့စဉ်ဟင်းချက်ရာမှာမပါမဖြစ် ဖြစ်တဲ့ ငရုတ်သီးမှာ ကပ်နေတတ်တဲ့ မှိုရောဂါ အကြောင်းကိုတော့ သိထားသင့်ဖို့လိုပါတယ်။ မိသားစုတစ်စုရဲ့ ကျန်းမာရေးကို အဓိကတာဝန်ယူရတာက မီးဖိုချောင်ဖြစ်တာကြောင့် ကျန်းမာရေးအန္တရာယ်တွေပေးနိုင်တဲ့ ငရုတ်သီးမှိုအကြောင်းနှင့် ဘယ်လိုကာကွယ်ရမလဲဆိုတာတွေကို ဒီဆောင်းပါးလေးမှာ ဆက်လက်ဖတ်ရှုကြည့်ရအောင်။ ငရုတ်သီးမှို(Aflatoxin) ဆိုတာဘာလဲ။ ငရုတ်သီးမှို(Aflatoxin) ဆိုတာက လူတွေကို ခြောက်လှန့်နေတဲ့ "ကင်ဆာရောဂါ"ကို အဓိကဖြစ်စေတဲ့ မှိုတစ်မျိုးဖြစ်ပါတယ်။ ငရုတ်သီးမှို(Aflatoxin) အမျိုးအစားပေါင်း ၁၃ မျိုးရှိတဲ့အထဲမှာ Aflatoxin B1 […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း