အင်ဆူလင်ထွက်စေတယ် – Whey protein က ဆီးချိုသမားတွေကို အစားစားပြီးချိန်မှာသွေးချို အရမ်းတက်သွားတာမျိုး မဖြစ်အောင်ကာကွယ်ပေးနိုင်သလို ခန္ဓါကိုယ်က အင်ဆူလင်ထုတ်ပေးအောင် လှုံ့ဆော်ပေးနိုင်စွမ်းလည်းရှိပါတယ်။
ကြွက်သားဖြစ်ပေါ်မှုနဲ့ ဆီးချိုထိန်းချုပ်မှုအပေါ်မှာ Whey protein ရဲ့ သက်ရောက်မှု
ကြွက်သားဖွံ့ဖြိုးမှုအပေါ်မှာ ဒီလိုသက်ရောက်နေတာပါ
Whey protein ကကြွက်သားတွေကို သန်မာစေနိုင်သလို ကြွက်သားဖွံ့ဖြိုးစေဖို့လည်း အထောက်အပံ့ပေးပါတယ်။ Whey protein အမှုန့်မှာ ပရိုတင်းဓါတ်ပြည့်ဝစွာပါဝင်နေသလို ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တစ်မျိုးဖြစ်တဲ့leucine ပါဝင်နေပါတယ်။ ဒီဓါတ်က ကြွက်သားတွေ ဖွံ့ဖြိုးသန်မာဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် အဆီပိုတွေ ကင်းပြီး ကျစ်လျစ်လှပတဲ့ ခန္ဓါကိုယ်ကို ပိုင်ဆိုင်ချင်တဲ့လေဒီတွေနဲ့ ကြွက်သားလှလှနဲ့ ယောက်ျားဆန်ဆန်ကြည့်ကောင်းချင်တဲ့ အမျိုးသားတွေအတွက် သင့်တော်တဲ့ အာဟာရဓါတ်တစ်မျိုးပါ။ သက်ကြီးရွယ်အိုတွေအတွက်လည်း ကြွက်သားဆုံးရှုံးမှုပြဿနာ ကနေကင်းဝေးစေဖို့နဲ့ နှလုံးကြွက်သားတွေကျန်းမာသန်စွမ်းစေဖို့ whey protein ကိုတိုက်ကျွေးလို့ရပါတယ်။
ဆီးချိုထိန်းချုပ်မှုအပေါ်မှာ ဒီလိုသက်ရောက်နေတာပါ
Whey protein ရဲ့နောက်ထပ်အားသာချက်တစ်ခုက ဆီးချိုထိန်းချုပ်ရာမှာကောင်းကောင်းထောက်ပံ့ပေးနိုင်တာပါ။ဒီအာဟာရဓါတ်မှာ L-Cysteine လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ကြွယ်ဝစွာပါဝင်နေသလိုသွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောပမာဏကို ကျဆင်းစေပြီး အင်ဆူလင်ထုတ်လုပ်မှုကို တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အင်ဆူလင်ထွက်ရှိအောင်လှုံ့ဆော်ပေးတာကြောင့် အစားစားပြီးချိန်မှာ သွေးတွင်း သကြားဓါတ်မြင့်တက်တာမျိုးမဖြစ်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ Whey protein က အဆာခံစေပြီးရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပါတယ်။ ဆီးချိုကြောင့်ဖြစ်တဲ့နောက်ဆက်တွဲရောဂါတွေဖြစ်ကြတဲ့ အမြင်အာရုံထိခိုက်တာ၊ကျောက်ကပ်ပျက်စီးတာနဲ့ အခြားသော ဆီးချိုရဲ့နောက်ဆက်တွဲဝေဒနာတွေကို ကာကွယ်ပေးနိုင်ပါသေးတယ်။
မကြာသေးခင်ကပြုလုပ်ခဲ့တဲ့လေ့လာမှုတစ်ခုအရ ပုံမှန်စားသုံးတဲ့ အစားအစာထဲမှာ Whey protein ပါဝင်အောင်စားသုံးသူတွေရဲ့ သွေးတွင်းသကြားဓါတ်က ပုံမှန်ထက် ၂၈ ရာခိုင်နှုန်းပိုမိုကျဆင်းနေတာကိုတွေ့ရှိခဲ့ရပါတယ်။ အင်ဆူလင်ထုတ်လုပ်မှုပမာဏကလည်း ၂ ဆ ထိမြင့်တက်နေပြီး အင်ဆူလင်တုံ့ပြန်နိုင်စွမ်းကလည်း ပုံမှန်ထက် အချိန်ပိုကြာကြာခံတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် အင်ဆူလင် ထွက်ရှိမှုနည်းတာ၊ အင်ဆူလင်တုံ့ပြန်နိုင်စွမ်းနည်းတာတွေကို ခံစားနေရသူဆီးချိုဝေဒနာရှင်တွေအနေနဲ့ Whey protein ကို သုံးဆောင်ပေးသင့်တယ်လို့ အကြံပြုလိုပါတယ်။
ဒါကြောင့် ဆီးချိုရှိသူတွေအနေနဲ့ လိုအပ်တဲ့ အာဟာရဓါတ်တွေပြည့်ဝပြီး ကျန်းမာနေစေဖို့အတွက် Whey protein ကမေ့ထားလို့ မဖြစ်တဲ့ အာဟာရဓါတ်တစ်ခုပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။