အားကစားသမားများအတွက်အာဟာရ

နေထိုင်မှုပုံစံ၊ ခန္ဓာကိုယ် တည်ဆောက်ပုံ၊ ကယ်လ်လိုရီ စားသုံးမှု နဲ့ အခြား အချက်တွေပေါ်မူတည်ပြီး တစ်နေ့တာ လောင်ကျွမ်းဖို့ လိုအပ်တဲ့ ကယ်လ်လိုရီပမဏ ကွာခြားနိုင်ပါတယ်။ ခန္ဓာကိုယ်ကို မှန်ကန်ပြည့်ဝစွာ အာဟာရ ဖြည့်နိုင်မှ တက်ကြွလန်းဆန်းပြီး ကိုယ်လက်လှုပ်ရှားမှုတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။

ကျန်းမာရေးဗဟုသုတ

အားကစားသမားများအတွက်အာဟာရ

ကျန်းမာစေဖို့၊ ခန္ဓာကိုယ် ကျစ်လျစ် ကြံ့ခိုင်စေဖို့၊ စိတ်ခံစားမှု ကောင်းစေဖို့ဆိုပြီး အမျိုးမျိုးသော အကြောင်းခြင်းရာတွေနဲ့ Workout လုပ်ကြပါတယ်။ တကယ်လည်း ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာက စိတ်ရောကိုယ်ပါ ကျန်းမာစေနိုင်ပါတယ်။ Workout လုပ်တာက ပြင်းပြင်းထန်ထန် လုပ်ရင် လုပ်သလောက် ကိုယ်တွင်းမှာ ရေဓာတ်နည်းတာ၊ electrolytes နည်းသွားတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလို လျှော့နည်းသွားတဲ့အခါ ရေဓာတ်ခမ်းခြောက်တာ၊ ပင်ပန်းတာ၊ ကိုက်ခဲနာကျင်တာတွေကို ခံစားရပါတယ်။ ဒီလို ပြဿနာတွေ ကင်းဝေးစေဖို့အတွက် Workout လုပ်ပြီးတဲ့အခါ  ဘာတွေ သောက်ပေးရင် အဆင်ပြေဆုံး ဖြစ်မလဲဆိုတာကို ပြောပြပေးသွားချင်ပါတယ်။ Workout လုပ်ပြီးတဲ့အခါ အကောင်းဆုံး သောက်စရာတွေ Workout လုပ်ပြီးတဲ့အခါ ပေါ့ပါးလန်းဆန်းပြီး ကိုက်ခဲနာကျင်မှု ကင်းစေဖို့ ဒါလေးတွေ သောက်ပေးလို့ ရပါတယ်။ သောက်ရေ Workout လုပ်ပြီးချိန်မှာနဲ့ Workoutလုပ်နေစဉ်အတွင်းမှာ ခံစားရတဲ့ ရေဆာတာကို သက်သာစေဖို့ […]

အားကစားသမားများအတွက်အာဟာရ နဲ့ ပတ်သက်သော အကြောင်းအရာများကို ပိုမိုသိရှိလိုသည်

အားကစားသမားများအတွက်အာဟာရ

ြကွက်သားတက်ချင်ရင် ပရိုတင်း Shake တွေသောက်၊ ဝိတ်မြန်မြန်ကျဖို့ အဆီတွေ များများလောင်ကျွမ်းဖို့ ပရိုတင်း မှုန့်တွေ၊ ပရိုတင်း shake တွေက ကူညီနိုင်တယ်ဆိုတာ အားလုံးကြားဖူးကြမှာပါ။ တကယ်လည်းမှန်ပါတယ်။ ကိုယ်ခန္ဓါ အချိုးအစားကျအောင် တည်ဆောင်နေတဲ့ သူတိုင်းအတွက် ပရိုတင်း shake က အရေးပါတဲ့အပြင် သူ့မှာ အခြား ကျန်းမာရေး အာနိသင်တွေ လည်း အများကြီးရှိပါတယ်။ ဘာတွေလဲဆိုတာ ဆက်ကြည့်လိုက်ရအောင် ။ ( ၁ ) ကိုယ်အလေးချိန်ကို ထိန်းပေးပါတယ်။. ပရိုတင်းမှုန့်မပြောနဲ့ ပရိုတင်းကြွယ်ဝတဲ့ အသားတွေ ပ ဲတွေ စားပြီးရငိ တစ်ချိန်လုံး အဆာခံတာကြောင့် ပရိုတင်းမှုန့်တွေက ဝိတ်ချတဲ့သူတွေ ကြား နာမည်ကြီးနေရခြင်းပါ။ နောက်ပြီး ပရိုတင်းဆိုတာ ကြွက်သားတစ်ခု တည်ဆောက်ဖို့အတွက် အခြေခံ အုတ်မြစ်ဖြစ်တာကြောင့် ဝိတ်တက်ပြီး ဗလတောင့်ချင်တဲ့သူတွေအတွက်လည်း […]

အားကစားသမားများအတွက်အာဟာရ

ပိန်ချင်တဲ့သူတိုင်း gym သွား လေ့ကျင့်ခန်းလုပ်တဲ့အခါ လူတိုင်း မေးတဲ့ မေးခွန်းတစ်ခုက လေ့ကျင့်ခန်းလုပ်ပြီး ဘာစားရမှာလဲ။ လေ့ကျင့်ခန်းတွေလုပ်ထားတော့ ဗိုက်ဆာ နေတာက တစ်ကြောင်း၊ မသင့်တော်တာတွေ စားလိုက်မိရင်လည်း လုပ်ထားသမျှ အကျိုးမရှိဖြစ်သွားမှာက တစ်ကြောင်းနဲ့ လေ့ကျင့်ခန်းလုပ်ပြီးနောက်ပြီး ဘာစားရမလဲဆိုတဲ့ အတွေးက တော်တော်ကို ခေါင်းစားစေပါတယ်။ ကိုယ်ကလည်း ပိန်ချင်နေတဲ့သူဆိုတော့ အစားမှားမခံဘူးလေနော် ။ မြန်မြန်ပိန်စေဖို့ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း ဒါတွေစားပါ။ ။ ( ကာဘိုဟိုက်ဒရိတ်နဲ့ပရိုတင်း) ထမင်းနဲ့အသား ကာဘိုဟိုက်ဒရိတ် က လေ့ကျင့်ခန်းလုပ်ချိန်က ကုန်သွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးမှာ ဖြစ်ပြီး ပရိုတင်းကတော့ ထိခိုက်သွားတဲ့ ကြွက်သားတွေ ပြန်ကောင်းအောင်အတွက် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ ဒီတော့ ကိုယ်တွေက ထမင်းစားမယ်ဆိုရင် ထမင်းလေး နည်းနည်းနဲ့ အသားများများစားပေရမှာဖြစ်ပါတယ်။ စားတဲ့အသားကလည်း အဆီမများစေဖို့လိုအပ်တာကြောင့် ကြက်သား ကအကောင်းဆုံးပါ။ ငှက်ပျောသီး နောက်ပြီး […]

အားကစားသမားများအတွက်အာဟာရ

Gym သွားကြတဲ့သူတိုင်း သိချင်နေတဲ့ မေးခွန်းလေးပါ။ လေ့ကျင့်ခန်း မလုပ်ခင် ဘာတွေစားပေးရင် ကိုယ်လုပ်တဲ့လေ့ကျင့်ခန်းကို ပိုပြီး အကျိုးသက်ရောက်စေမလဲနဲ့ ဘယ်အချိန်တွေမှာ စားပေးဖို့ လိုတယ်ဆိုတဲ့ အကြောင်းလေးတွေပေါ့။ Gym သွားတယ်ဆိုတည်းကိုက အပြောင်းအလဲဖြစ်ချင်လို့ပဲလေ။ ဝနေတဲ့သူပိန်သွားဖို့ ပိန်နေတဲ့သူ ဝိတ်တက်လာဖို့ ရည်ရွယ်ချက်တွေနဲ့သွားကြတာမလား။ ကိုယ်ခန္ဓါတစ်ခု လှပဖွံ့ဖြိုးဖို့ကလည်း လေ့ကျင့်ခန်း တစ်ခုတည်းနဲ့မရဘူးလေ။ ကိုယ်ခန္ဓါတစ်ခု ပိန်ခြင်း ဝခြင်းကို အဓိက ၈၀ ရာခိုင်နှုန်း တာဝန်ယူထားတဲ့ အစားက အရေးအကြီးဆုံးဆိုတော့ ကိုယ်လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးရမလဲဆိုတာ သိထားမှ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို မြန်မြန်ရောက်မှာပေါ့။ ဒီတော့ ဘာတွေ စားပေးရမလဲ။ ဘယ်အချိန်မှာ စားပေးရမလဲ ။ ။ လေ့ကျင့်ခန်းမလုပ်ခင် ဘာတွေ စားပေးသင့်သလဲ ။ ။ လေ့ကျင့်ခန်း မလုပ်ခင် စားပေးတဲ့ အစားအစာတွေက ကိုယ်ဘယ်လမ်းကြောင်းကို သွားတာလဲ […]

အားကစားသမားများအတွက်အာဟာရ

ပိန်ပိန်ပါးပါး LCD ခေတ်က ကုန်သွားပါပြီ။ ခုခေတ်မှာဆို မိန်းကလေးဆို ကိတ်မှ၊ ယောက်ျားလေးဆို တောင့်မှ ကြိုက်ကြတဲ့ခေတ်ကို ရောက်လာပါပြီ။ ဒီလိုနဲ့ြကွက်သားတွေ တောင့်အောင် gym တွေသွားကြ၊ ကြွက်သားတည်ဆောက်ပေးတဲ့ပရိုတင်းတွေ ဝယ်သောက်ကြနဲ့ ပိုက်ဆံ အပိုကုန်ရမယ့် အပေါက်တွေတိုးလာပါတယ်။ gym သွားတာကတော့ ထားပါ။ ကြွက်သားတက်ချင်ရင်လေ့ကျင့်ခန်းကတော့လုပ်ပေးမှရတာကိုး။ ပရိုတင်းတွေဝယ်သောက်တာကျတော့ သပ်သပ် အပိုပိုက်ဆံကုန်သလိုဖြစ်မနေဘူးလား။ ကိုယ့်နေ့စဉ်စားနေတဲ့ သဘာဝ အစားအသောက်တွေကလည်း ကြွက်သားတည်ဆောက်ပေးနိုင်တယ်ဆိုတာ သင်သိပါသလား။ သူတို့မှာ ဘေးထွက်ဆိုးကျိုးလည်း မရှိတဲ့အပြင် နေ့စဉ်စားတဲ့ အစားအသောက်တွေနေရာမှာ အဲ့ဒါလေးတွေရွေးစားပေးလိုက်တော့ ပိုက်ဆံလည်း အပိုထပ်မကုန်တော့ဘူပေါ့။ ။ လုံးဝကို ဗလတောင့်စေမယ့် စူပါ အစားအစာ ၆ မျိုး ။ ။ ကြက်သား၊ အမဲသား။ ။ အားလုံးသိကြတဲ့အတိုင်း ကြွက်သားတွေစတင်တည်ဆောက်ဖို့၊ သန်မာကြီးထွားလာဖို့ဆို ပရိုတင်း စားပေးရပါမယ်။ […]

အားကစားသမားများအတွက်အာဟာရ

လူတိုင်းနီးပါး ကြိုက်လို့ သောက်နေသော နို့။ ကျန်းမာရေးအတွက် အသားအရေအတွက်၊ အရိုးသန်စွမ်းရေးအတွက် ကလေး၊ လူကြီး၊ လူငယ်မရွေး သောက်နေကြတဲ့ နို့မှာ casein နဲ့ whey လို့ ခေါ်တဲ့ ပရိုတင်း (၂)မျိုးပါတယ်။ မသောက်ဖူးတဲ့သူ မရှိတဲ့ နို့ရဲ့ ကောင်းကြောင်းတွေကို အားလုံးသိပြီးကြသော်လည်း ခုနောက်ပိုင်းခေတ်စားလာတဲ့ လူပြောများလာတဲ့ န့ိုထဲပါတဲ့ ပရိုတင်းတစ်မျိုးဖြစ်တဲ့ Whey ပရိုတင်းဆိုတာ ဘာများပါလဲ။ သောက်လိုက်ရင်ရော ကျန်းမာရေးအတွက် ဘာတွေကောင်းစေလဲ ဆိုတာ သိချင်ကြမယ်ထင်ပါတယ်။ Whey ပရိုတင်းဆိုတာ ဘာလဲ။ Whey ပရိုတင်းဆိုတာ ခုနောက်ပိုင်း လူပြောများလာတဲ့ လူတွေ အသုံးများလာတဲ့ ဖြည့်စွက်စာ တစ်မျိုးဖြစ်ပါတယ်။ “ပရိုတင်း” အသားဓါတ်ဆိုတဲ့ အတိုင်း Whey ပရိုတင်း ဆိုတာ ကိုယ်ခန္ဓါလှပကျစ်လစ်အောင် တည်ဆောက်နေတဲ့သူတွေ ကြွက်သားတက်အောင် သောက်နေကြတဲ့ […]

အားကစားသမားများအတွက်အာဟာရ

ကြွက်သားတည်ဆောက်မှုအတွက်ကြိုးပမ်းနေချိန်အတွင်းမှာ လေ့ကျင့်ခန်းနဲ့ အလေးမခြင်းဆိုတာ ဖော်မြူလာရဲ့တစ်စိတ်တစ်ပိုင်းတွေသာဖြစ်တယ်ဆိုတာ သိထားဖို့အရေးကြီးပါတယ်။ သင့်အနေနဲ့ ကျန်းမာရေးနဲ့ညီညွတ်မျှတတဲ့အာဟာရဓါတ်စာကို စားသုံးဖို့လည်း လိုအပ်ပါတယ်။ ဒီလိုစားသုံးခြင်းက ကြွက်သားတည်ဆောက်မယ့်ပရိုတင်းဓါတ်ကိုရရှိစေနိုင်ရုံမက သင့်ရဲ့လေ့ကျင့်ခန်းတွေအပြီးအစီးလုပ်ဆောင်နိုင်ဖို့ လိုအပ်တဲ့ ခွန်အားနဲ့အာဟာရဓါတ်တွေ ရရှိနိုင်ဖို့ ခန္ဓါကိုယ်ကိုထောက်ပံ့ပေးပါတယ်။ ကြွက်သားတည်ဆောက်ရေးမှာ ပရိုတင်းကအဓိကအာဟာရဖြစ်တယ်လို့ ယူဆထားကြတာဖြစ်ပေမယ့် ကြွက်သား သန်မာကြီးထွားဖို့အတွက် အကောင်းဆုံးဓါတ်စာထဲမှာပါဝင်တဲ့ တစ်ခုတည်းသောပါဝင်ပစ္စည်းတော့မဟုတ်ပါဘူး။ လိုအပ်တာက အာဟာရဓါတ်ညီညွတ်မျှတတဲ့ စားသောက်ပုံမှာ အသီးနဲ့ဟင်းသီးဟင်းရွက်တွေများများပါဝင်ပြီး ကြွက်သားဖွံ့ဖြိုးမှုကိုအားပေးနိုင်ဖို့ ကာဗိုဟိုက်ဒရိတ်၊ အကျိုးပြုအဆီဓါတ်တွေနဲ့ ပရိုတင်းပါတဲ့အစားအစာတွေကိုလည်း လိုအပ်ပါတယ်။ ကြွက်သားတွေဖြစ်လာဖို့ ဘာတွေစားရမလဲ ပရိုတင်းဓါတ်ကြွယ်ဝပြီးအဆီနည်းတဲ့အစားအစာတွေကို လိုအပ်ပါတယ်။ ဒါပေမယ့် ၎င်းအစားအစာတွေချည်းစားတာထက် ကျန်းမာရေးအတွက် ညီညွတ်မျှတတဲ့ စားသောက်ပုံဓါတ်စာအတွင်း ထည့်သွင်းစားသုံးတာက အကောင်းဆုံးဖြစ်ပါတယ်။ (၁) သံလွင်ဆီ သံလွင်ဆီအကြောင်း ထည့်မပြောဘဲနဲ့တော့ ကြွက်သားတွေကြီးထွားနိုင်ဖို့ အကြောင်းကို ဆွေးနွေးလို့မရပါဘူး။/ကြွက်သားကြီးထွားရေးအကြောင်း ဆွေးနွေးမယ် ဆိုရင် သံလွင်ဆီကတော့မပါမဖြစ်ပါပဲ။ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ကယ်လိုရီ ၁၂၀ ပါဝင်တဲ့ သံလွင်ဆီဟာ ကြွက်သားတည်ဆောက်မယ့်ကယ်လိုရီတွေ […]

အားကစားသမားများအတွက်အာဟာရ ကျွမ်းကျင်သူ

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်see-more-icon