backup og meta

သကြားကကျန်းမာအတွက် မကောင်းဘူးလို့ ပြောရတဲ့ အကြောင်းအရင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သကြားကကျန်းမာအတွက် မကောင်းဘူးလို့ ပြောရတဲ့ အကြောင်းအရင်း

    တစ်ခုခုစားရင် ချိုမှကြိုက်တယ်ဆိုပြီး အချိုတွေချည်းလှိမ့်စားမနေပါနဲ့။ သကြားဓါတ်က လိုအပ်တယ်ဆိုပေမယ့် များလာရင်တော့ ခန္ဓါကိုယ်ကို ထိခိုက်မှုအကျိုးဆက်ကတော်တော်လေးများပါတယ်။ဘေဘီလေးတွေကိုကျ အချိုအများကြီးမစားနဲ့ပြောပြီး ကိုယ်တိုင်ကျစားနေမိသေးတဲ့ လူကြီးတို့ရေ ဒီဆောင်းပါးလေးဖတ်ကြည့်လိုက်နော်။

    သကြားဆိုတာက

    သကြားဆိုတာက များသောအားဖြင့် အစားအစာတွေ နဲ့သောက်စရာတွေထဲမှာ ပါလေ့ရှိတဲ့ ကာဗိုဟိုက်ဒရိတ်တစ်မျိုးပါ။ကော်ဖီနဲ့ အခြားသောမြန်မာမုန့်တွေစားတဲ့အခါမှာလည်း သကြားကိုတွဲဖက်ပြီး စားတတ်ကြပါသေးတယ်။ ဟင်းချက်တဲ့အခါ ထည့်သုံးတတ်ကြသလို သစ်သီးဖျော်ရည်တွေထဲကိုလည်း ထည့်ကြပါတယ်။ အချိုပွဲတော်တော်များများမှာလည်း သကြားက မပါမဖြစ်ပါရသေးတယ်နော်။

    သကြားကစွဲလမ်းစေတတ်လား……

    သကြားကစွဲလမ်းစေတတ်တဲ့သဘောရှိပါတယ်။ အချိုရည်တွေ၊ ဒိုးနတ်စ်လိုမျိုး မုန့်ချိုချိုလေးတွေကို တစ်ခါလောက်စားပြီးရင်နောက်ထပ်စားချင်လာတယ်ဆိုတာက သကြားကြောင့်ဖြစ်လာတဲ့ စွဲလမ်းမှုပါ။ သကြားက စွဲလမ်းစေတတ်လားဆိုတာကို အတည်ပြုချင်ရင်ဘေဘီလေးတွေကိုသာကြည့် စစားဖူးထဲကက အချိုအရသာကိုစားဖူးလို့ တစ်ချိန်လုံး သကြားလုံးတွေ၊ ဂျယ်လီတွေနဲ့ အချိုရည်တွေကိုပဲ နှစ်နှစ်ခြိုက်ခြိုက်စားရင်း ငယ်သွားလေးတွေက သွားပိုးစားတာကို သာကြည့်တော့လေ။

    သကြားအများကြီး မစားပါနဲ့လို့ပြောရတဲ့ အကြောင်းအရင်း

    သကြားက အချိုဓါတ်ကိုပေးစွမ်းတယ်။ ခန္ဓါကိုယ်မှာ အင်အားပြည့်စေဖို့ သကြားဓါတ်ကို လိုအပ်တယ်ဆိုပေမယ့် အများကြီးစားမိရင်တော့ ဆိုးကျိုးက မသေးပါဘူး။

    အဝလွန်လာမယ်

    သကြားအများကြီးစားမိတဲ့အခါ ခန္ဓါကိုယ်ကမလိုအပ်ဘဲ ဝိတ်တက်လာမှာ အသေအချာပါ။ စားလိုက်တဲ့ အစားအသောက်ချင်းတူတူပဲဆိုရင်တောင်မှ အချိုပါဝင်မှုများနေတဲ့ အစားအသောက်တွေက ဝိတ်တက်တာကို ပိုဖြစ်စေနိုင်ပါတယ်။ သကြားများများစားမိလေလေ ကိုယ်တွင်းမျာ ကယ်လ်လိုရီ စုပုံမှုက များလာလေလေပါ။နောက်တစ်ချက်က သကြားက ဆာလောင်မှုကိုဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် အချိုများများစားတာက ခန္ဓါကိုယ်ကို ဝလာစေဖို့ တွန်းအားပေးနေတာပါပဲ။

    နှလုံးရောဂါဖြစ်နိုင်ခြေကို တိုးစေမယ်

    အချိုများတဲ့ အစားအစာတွေကို စားတာက နှလုံးရောဂါအပါအဝင် များစွာသောရောဂါတွေကိုဖြစ်စေနိုင်ပါတယ်။ သကြားစားသုံးမှုများတာက အဝလွန်စေတာ၊ ခန္ဓါကိုယ် အစိတ်အပိုင်းတွေရောင်ရမ်းတာ၊သွေးတွင်း အဆီဓါတ်များတာ၊သွေးတွင်း သကြားဓါတ်များတာ၊သွေးတိုးတာတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ အသည်းအဆီဖုံးတာ၊သွေးကြောပိတ်တာကိုဖြစ်စေနိုင်ပါတယ်။

    အာဟာရချို့တဲ့ စေမယ်

    သကြားက အာဟာရပါဝင်မှုမရှိပါဘူး။ ခန္ဓါကိုယ်မှာ အကျိုးမပြုတဲ့ အဆီတွေတက်စေရုံကလွဲလို့ လိုအပ်တဲ့ အာဟာရကို လုံးဝမဖြည့်ပေးနိုင်တာ အသေအချာပါ။ ဒါကြောင့် အချိုစာတွေပဲစားနေမယ်၊ ထမင်းမစားဘူး၊ အခြားအားဖြစ်စေတဲ့ အစားအစာတွေကို မစားဘူးဆိုရင် ကြာရင် အာဟာရချို့တဲ့လာမှာ အသေအချာပါ။

    ဆီးချိုဖြစ်နိုင်ခြေကို တိုးစေမယ်
    ကမ္ဘာတလွှားမှာပြီးခဲ့တဲ့နှစ် ၃၀ အတွင်း ဆီးချိုဖြစ်တဲ့ဦးရေဟာ နှစ်ဆကျော်လောက်တိုးလာခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းခံကပြောင်းလဲလာတဲ့နေထိုင်စားသောက်မှုအရ အချိုကဲတဲ့အစားအစာတွေကို နှစ်ခြိုက်စွာ စားသုံးလို့ရပါတယ်။ သကြားတာရှည်စွာ စားသုံးမှုက အင်ဆူလင်ထွက်ရှိမှုကို အနှောင့်အယှက်ဖြစ်စေပြီးသွေးတွင်းသကြားဓါတ်ကို ထိန်းချုပ်နိုင်စွမ်းကျလာရာကနေတဆင့်သွေးချိုဆီးချိုရောဂါ ဖြစ်လာစေနိုင်ပါတယ်။
    ကင်ဆာဖြစ်နိုင်ခြေ တိုးလာစေမယ်
    သကြားစားသုံးမှုများတာက ကင်ဆာဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ သကြားစားသုံးမှုများတာက အစပိုင်းမှာတော့ အဝလွန်တာလောက်စဖြစ်လာမှာပါ။ ဒီကနေတဆင့် အစာရေမျိုကင်ဆာအဆုတ်ကင်ဆာ၊ အူသိမ်ကင်ဆာတွေဖြစ်လာနိုင်ပါတယ်။
    ဒါတွေအပြင် သကြားစားသုံးမှုများတာက အသည်းအဆီဖုံးတာ၊ ဝက်ခြံဖြစ်တာ၊ အရွယ်မတိုင်ခင်အိုမင်းရင့်ရော်တာ၊ဂေါက်ရောဂါ၊ သွားနဲ့ခံတွင်းရောဂါ၊ ကျောက်ကပ်ရောဂါ နဲ့ သိမြင်မှုစွမ်းရည် ကျဆင်းတာမျိုးတွေခံစားရနိုင်ပါတယ်။ ဒါကြောင့် အချိုအရမ်းကြိုက်တတ်ရင်တောင်ရောဂါတွေကိုဝင်လာနိုင်တဲ့အန္တရာယ်ကို သတိပြုလို့ သကြားစားသုံးမှုကိုလျှော့ပါလို့ အကြံပြုပါရစေနော် Hello ဆရာဝန်ပရီသတ်ကြီးရေ………

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement