backup og meta

မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

    မန်ကျည်းပင်ကနွေရာသီမှာဆိုရင်အေးမြတဲ့အရိပ်ကိုပေးနိုင်ပါတယ်။နွေပူပူမှာ မန်ကျည်းရိပ်အေးအေးလေးမှာထိုင် အကြမ်းရည်သောက်ရင်း အညာဓလေ့အတိုင်း ထန်းလျက်လေးစား လက်ဖက်သုပ်လေးဝါးရတာကတော်တော်လေးအရသာရှိတယ်နော်။ အညာအငွေ့အသက်လေးတွေကတော်တော့်ကိုချစ်စရာကောင်းတာနော်။ မန်ကျည်းပင်ရဲ့ အသုံးတည့်မှုကဒီလောက်နဲ့ပြီးမသွားပါဘူး။ မန်ကျည်းပင်က အရွက်၊ အသီး၊ အခေါက်တစ်ပင်လုံးနီးပါး အသုံးဝင်ပါတယ်။ အခုတစ်ခေါက်တော့ နွေရာသီ ရောက်လာတဲ့အခါ ရာသီစာတစ်ခု အနေနဲ့ စားတတ်ကြတယ် မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံအချို့ကိုပြောပြပေးမယ်နော်။

    မန်ကျည်းရွက်နုနုလေးတွေကို ကြက်သွန်စိမ်း၊ ပုဇွန်ခြောက်မှုန့်၊မြေပဲမှုန့်၊ ဆီစိမ်း၊ အချို အငန်အရသာထည့်ပြီးသုပ်စားကြတာမျိုးရှိသလို ချဉ်ရည်ဟင်းချက်စားတာမျိုးလည်း ရှိပါတယ်။ ဘယ်လိုပဲစားစား စားလို့ကောင်းတာကတော့ အမှန်ပါ။

    မန်ကျည်းရွက် ဆိုတာ

    မန်းကျည်းရွက် ဆိုတာ မန်ကျည်းပင်ရဲ့ အရွက်ပါ။ အရွက်နုနုလေးတွေကို ဟင်းချက်စားတာ၊ သုပ်စားတာတွေ၊ အသုပ်တွေထဲမှာ ထည့်စားတာမျိုးတွေ ရှိကြပါတယ်။

    အရွက်သေးသေးလေးတွေ မျက်နှာချင်းဆိုင်ပြီး ရိုးတံရှည်ရှည်လေးမှာ အစီအရီထွက်နေတတ်တာပါ။ နုစဉ်မှာ အစိမ်းရောင်ဖျော့ဖျော့လေး ဖြစ်ပြီး ရင့်လာချိန်မှာတော့ အစိမ်းရောင် ရင့်ရင့်လေး ဖြစ်လာပါတယ်။

    မန်ကျည်းရွက်မှာ ပါတဲ့ အာဟာရတွေ

    မန်ကျည်းရွက်မှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။

  • ဗီတာမင် A
  • ဗီတာမင် C
  • ကယ်လ်ဆီယမ်
  • သံဓာတ်
  • အမျှင်ဓာတ်
  • ပိုတက်ဆီယမ်တို့ ပါဝင်နေပါတယ်။
  • စားလို့ကောင်းတဲ့ မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

    စားလို့ကောင်းတဲ့ မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

    မန်းကျည်းရွက်လေးတွေက စားလို့တင်ကောင်းတာမဟုတ်ပါဘူး။ ကျန်းမာရေးအကျိုးအာနိသင်ထူးတွေလည်းရှိနေပါသေးတယ်။ မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက

    ဆီးချိုသက်သာစေနိုင်တယ် – မန်ကျည်းရွက်ကသွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်ပြီး ခန္ဓာကိုယ်ရဲ့ အင်ဆူလင်ပမာဏကိုတိုးလာအောင်လုပ်ဆောင်ပေးနိုင်ပါတယ်။

    နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တယ် – မန်ကျည်းရွက်က နာကျင်ရောင်ရမ်းမှုကိုသက်သာစေနိုင်ပါတယ်။ တွယ်ဆက်တစ်ရှုးတွေရောင်ရမ်းတာမျိုးမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

    ငှက်ဖျားသက်သာစေနိုင်တယ် – မန်ကျည်းရွက်ရဲ့ အဆီအနှစ်က ငှက်ဖျားရောဂါပိုးကို ကာကွယ်ဟန့်တားပေးနိုင်တဲ့ အာနိသင် ရှိပါတယ်။

    ခံတွင်းအနာကို သက်သာစေနိုင်တယ် – မန်ကျည်းရွက်ပြုတ်ရည်က ခံတွင်းအနာတွေကို သိသိသာသာ သက်သာစေနိုင်ပါတယ်။

    နို့ထွက်ကောင်းစေတယ် – မန်ကျည်းရွက်ရဲ့ အဆီအနှစ်က နို့တိုက်မိခင်တွေကို နို့ထွက်ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။

    ရာသီလာစဉ် နာကျင်ကိုက်ခဲတာကို သက်သာစေနိုင်တယ် -လေဒီတွေခံစားရတဲ့ လစဉ်တိုင်း နာကျင်ကိုက်ခဲမှု ဝေဒနာ သက်သာစေဖို့အတွက် မန်ကျည်းရွက်နဲ့ မန်ကျည်းပင် အခေါက်တို့ကို အသုံးပြုပေးလို့ရပါတယ်။

    ခံတွင်းကျန်းမာရေးအတွက်ကောင်းတယ် – ခံတွင်းကျန်းမာရေးက လူတိုင်းအတွက်အရေးပါတာပါ။ ဒါကြောင့်ခံတွင်းအနံ့ဆိုးကင်းအောင် မန်ကျည်းရွက်ကို စားသုံးပေးလို့ရပါတယ်။ သွားကိုက်သွားနာတာအတွက်လည်း မန်ကျည်းရွက်ကို အသုံးပြုလို့ရပါတယ်။

    သွေးတိုးသက်သာစေနိုင်တယ် – ယနေ့ခေတ်ရဲ့ လူနေမှုပုံစံက အလွယ်တကူသွေးတိုးဖြစ်စေနိုင်ပါတယ်။ ဒီပြဿနာကကင်းဝေးစေဖို့ဆိုရင် မန်ကျည်းရွက် ကိုစားသုံးပေးလို့ရပါတယ်။သွေးတိုးကျအောင် လုပ်ဆောင်နိုင်မှုက လေဖြတ်နိုင်ခြေ၊ နှလုံးသွေးကြောရောဂါနဲ့ အခြားသော ရောဂါအမျိုးမျိုးကို ကာကွယ်ရာ ရောက်မှာပါ။

    ဒါတွေတင် မကသေးပါဘူး။ မန်ကျည်းရွက်က အသည်းရောဂါတွေကို သက်သာစေနိုင်သလို အသည်းရောင်အသားဝါရောဂါ၊ဆီးလမ်းကြောင်းပိုးဝင်တာလိုမျိုးဝေဒနာတွေကို သက်သာစေနိုင်စွမ်း ရှိပါတယ်။ မန်ကျည်းရွက်ရဲ့ ဆေးဖက်ဝင်ပုံက တော်တော်လေးကို များတာပါ။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    မန်ကျည်းရွက်က ဆေးဖက်ဝင်သလို လူတော်တော်များများနဲ့ တည့်ပါတယ်။ အလွန်အကျွံမစားမိဖို့တော့ လိုပါမယ်။ ရောဂါအခံ ရှိမယ်။ ဆေးတစ်ခုခု သောက်နေရမယ် ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ စားစေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 29/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement