အစာလည်းဆေး ဆေးလည်းအစာ ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ အထူးသဖြင့် နေထိုင်မကောင်းဖြစ်ပြီး အားအင်မပြည့်ဝချိန်မှာ ဖြစ်ပါတယ်။ နေမကောင်းချိန်မှာ စားသောက်တဲ့ အစားအစာများဟာ ကျန်တဲ့အချိန်တွေထက် ပိုပြီးအရေးပါပါတယ်။ ရောဂါဝေဒနာတွေကို သက်သာစေဖို့၊ အာဟာရပြည့်ဝစေဖို့အတွက် နေထိုင်မကောင်းချိန်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ ကယ်လိုရီနဲ့ ပရိုတိန်းဓာတ်တွေ မျှတအောင် ရွေးချယ်စားသောက်တတ်ဖို့ လိုပါတယ်။