ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဆန်လုံးညို နဲ့ ကျန်းမာရေး

နေ့စဉ် စားနေကျ ထမင်းစားရင် ကစီဓာတ်များတယ်၊ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပြီး ဆန်လုံးညို ပြောင်းစားမလား စဉ်းစားတယ်။ ဒါပေမယ့် ဆန်လုံးညိုက တကယ်ကော ကောင်းကျိုးများရဲ့လား သိချင်တယ်ဆိုတဲ့ သူတွေအနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရင် ဆန်လုံးညို စားသင့်လား၊ မစားသင့်လားဆိုတာကို ဆုံးဖြတ်ချက် ချနိုင်မှာ သေချာပါတယ်။ ဆန်လုံးညို ဆိုတာ ဆန်လုံးညိုဆိုတာက ဆန်တစ်မျိုးပါ။ အရောင်က ညိုတိုတိုနဲ့ ဆန်တောင့်ရှည်ရှည်လေးတွေပါ။ အဆီပါဝင်မှု နည်းပြီး နေ့စဉ် စားနေကျ ထမင်းထက် ကျန်းမာရေးနဲ့ ညီညွတ်ပါတယ်။ ဆန်လုံးညိုကပေးတဲ့ ကျန်းမာရေး စားလိုက်ရင် တဖောက်ဖောက်နဲ့ စားကောင်းတဲ့ ညိုတိုတိုအရောင် ဆန်လုံးညိုလေးက သွေးတွင်းကိုလက်စထရော ကျဆင်းစေနိုင်တယ် ဆန်လုံးညိုမှာ ထမင်းထက် အမျှင်ဓာတ်ပိုမို ပါဝင်နေပါတယ်။ ဆန်လုံးညိုမှာပါတဲ့ ပျော်ဝင်နိုင်တဲ့ အမျှင်တွေနဲ့ အဆီက သွေးတွင်းက အကျိုးမပြု ကိုလက်စထရော (LDL ကိုလက်စထရော) ပမာဏကို ကျဆင်းစေနိုင်ပါတယ်။ ဆန်လုံးညိုက […]


အာဟာရဆိုင်ရာ အချက်အလက်များ

Baby Corn နဲ့ ကျန်းမာရေး

အစိမ်းကြော်ပဲစားစား၊ ထမင်းပေါင်းပဲစားစား၊ ဟင်းချို အပါအဝင် စားစရာ တော်တော်များများမှာ ထည့်သွင်းတတ်ကြပြီး စားရတာ အရသာရှိတဲ့ ပြောင်းဖူး သေးသေးလေး Baby Corn က ဘယ်လို အာဟာရဓာတ်တွေပါလို့ ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါနော်။ Baby Corn ဆိုတာ ဘာလဲ............. အဝါရောင်ခပ်ဖျော့ဖျော့ရှိပြီး စားလိုက်ရင် ကြွပ်ကြွပ်လေးနဲ့ စားကောင်းပါတယ်။ စည်သွပ်ဗူးတွေ ရှိသလို ရိုးရိုးအလွတ် baby corn လေးတွေလည်း ရှိပါတယ်။ ထမင်းကြော်၊အစိမ်းကြော်ကစလို့ ဟော့ပေါ့ နဲ့ မာလာရှမ်းကောအဆုံး စားစရာ တော်တော်များများမှာ ထည့်စားတတ်ကြပါတယ်။ Baby Corn နဲ့ ကျန်းမာရေး Baby Corn နဲ့ ကျန်းမာရေး အကြောင်းလေး လေ့လာလိုက်စို့နော်။ ကယ်လ်လိုရီ ပါဝင်မှု နည်းတယ် Baby corn က ကယ်လ်လိုရီ ပါဝင်မှု တော်တော်လေး နည်းပါတယ်။ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဟော့ပေ့ါကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ရပါတယ်

အရင်ဆုံး မျက်စိကို မှိတ်ပြီး ပူပူနွေးနွေး ဟော့ပေ့ါဟင်းရည်လေးရယ်၊ ဟင်းရွက်လေးတွေရယ်၊ အသားဖတ်လေးတွေရယ် ကို မြင်ယောင်ကြည့်ကြည့်ပါလား။ ရနံ့လေးတောင် နှာခေါင်းဝမှာ သင်းလာသယောင်ယောင် ခံစားမိလာမယ်ထင်ပါရဲ့နော်။ ဟော့ပေါ့စားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတဲ့ မေးခွန်းမျိုးကို မြန်မာပြည်မှာသာမကပါဘူး၊ ကမ္ဘာ့အနှံ့အပြားမှာပါ မေးမြန်းကြလေ့ရှိပါတယ်။ အဖြေကလည်း အမျိုးမျိုး အဖုံဖုံရယ်ပါ။ တကယ်က ဟော့ပေ့ါကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားလို့ရပါတယ် ။ တချို့ ဟော့ပေါ့ကို နှစ်နှစ်ခြိုက်ခြိုက်ကြိုက်တတ်သူတွေကတော့ ဟော့ပေါ့ဟာ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက် ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း၊ ဘယ်လောက် ကျန်းမာစေကြောင်း ပြောတတ်ကြပါတယ်။ မကြိုက်တတ်သူတွေကျတော့လည်း ဆန့်ကျင်ဘက်ပေါ့။ တကယ်တော့ ဟော့ပေါ့ဟာ ဆိုဒီယမ်ဓာတ်များတာမို့ ဘေးထွက်ဆိုးကျိုးတွေရှိနေပေမယ့် အကြမ်းဖျဉ်းအားဖြင့် ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိလေ့ရှိပါတယ်။ မှန်မှန်ကန်ကန်စားတတ်မယ်ဆိုရင် လူကို အကျိုးပြုနိုင်ပါတယ်။ ဒါပေမယ့် ဟော့ပေါ့ဆိုင်ရောက်သွားလို့ ဟင်းရည်အိုးမျက်စိရှေ့ရောက်လာပြီဆိုတာနဲ့ ခေါင်းထဲမှာ အသားဖတ်တွေ၊ အပ်မှိုတွေ၊ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကိုယ်ခံအားကောင်းအောင် ဘယ်လိုနေထိုင် စားသောက်ကြမလဲ

၂၀၂၀ နှစ်သစ်စချိန်ကစပြီး ယနေ့ထိတိုင်အောင် trending ဖြစ်နေခဲ့၊ ဖြစ်နေဆဲ hot topic ဟာ COVID-19 ပါပဲ။ ကြောက်စရာ ဒီရောဂါပိုးကြီးကို ဘယ်သူကမှ ကူးစက်မခံချင်ကြပါဘူး။ အဲဒီတော့ ကျွန်မတို့တွေဟာ လက်ကိုခဏခဏဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်းတို့နဲ့ စနစ်တကျ ကာကွယ်ကြဖို့ အရေးကြီးသလို တစ်ဖက်မှာလည်း အကယ်၍ ကိုယ်သတိမထားမိလိုက်ချိန်မှာ မတော်တဆကူးစက်ခံရနိုင်တဲ့ အခြေအနေမျိုးအတွက်ပါ ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။ ယနေ့ထိ ကမ္ဘာမှာ COVID-19 ရောဂါပိုးကို သေအောင်သတ်နိုင်တဲ့ဆေးရော၊ ကူးစက်မခံရအောင် ကာကွယ်နိုင်တဲ့ဆေးပါ မပေါ်သေးပါဘူး။ တီထွင်စမ်းသပ်နေကြဆဲပါ။ အဲ့ဒီအတွက် ယခုလက်ရှိမှာ ကျွန်မတို့ အားကိုးရမှာက ကိုယ့်ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်ခံအားစနစ်ကိုပဲ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းမှာ (immune system) ကိုယ်ခံအားစနစ်ဆိုတာ ရှိပါတယ်။ ပြင်ပက ရောဂါပိုးတစ်ခုခု ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့အခါ ကိုယ်ခံအားစနစ်က အဆိုပါပိုးကို […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ကြွက်တက် ခြင်းကို သက်သာစေနိုင်သော အစားအစာများ

ကြွက်တက် တယ်ဆိုတာ ခံရခက်ပြီး အဖြစ်များတဲ့ ပြဿနာ တစ်ခုပါ။ ရေဓာတ်ခမ်းခြောက်ခြင်း၊ ဆားဓာတ် မမျှတခြင်း၊ လေ့ကျင့်ခန်း အပြင်းအထန်လုပ်ခြင်း၊ အာဟာရဓာတ်မမျှတခြင်း နဲ့ အချို့သော ရောဂါတွေကြောင့် ဖြစ်နိုင်ပြီး တစ်ခါတစ်ရံ အမျိုးသမီးတွေ ဓမ္မတာလာချိန်မှာ လည်းဖြစ်လေ့ရှိတဲ့ ပြသနာတစ်ခုဖြစ်ပါတယ်။ ဒီလို အဖြစ်များတဲ့ ကြွက်တက် ခြင်းပြဿနာကို တိုက်ထုတ်နိုင်ဖို့အတွက် အဓိက ပိုတက်ဆီယမ်၊ sodium ဆားဓာတ်၊ ကယ်ဆီယမ် နဲ့ မဂ္ဂနီဆီယမ် စတဲ့ electrolyte တွေပါဝင်တဲ့ အာဟာရဓာတ်တွေကြွယ်ဝတဲ့ အစားအစာတွေကို စားပေး ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် ဗီတာမင် D နဲ့ အချို့ ဗီတာမင် B တွေချို့တဲ့မယ်ဆိုရင်လည်း ကြွက်တက်ဖို့ ပိုဖြစ်နိုင်ချေများတဲ့အတွက် အဲဒီ ဗီတာမင်တွေပါဝင်အောင်လည်း စားသောက်သင့်ပါတယ်။ ကြွက်တက် ခြင်း အတွက် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရမ်းစပ်နေတဲ့အခါ သက်သာစေဖို့

စပ်စပ်လေးမှ ခံတွင်းတွေ့တယ်ဆိုပြီးစားတယ်။ စားပြီးတဲ့အခါ အရမ်းစပ်ရင်လည်း နေမထိထိုင်မသာနဲ့။ တစ်ခါတစ်ခါ စိတ်ဆိုးလာတာတောင် ရှိတယ်လေ။ ဒီလိုမဖြစ်စေဖို့ အရမ်းစပ်တဲ့အခါ မြန်မြန်လေး သက်သာစေဖို့ ဘာတွေများလုပ်ရမလဲ တူတူကြည့်လိုက်ရအောင်။ အရမ်းစပ်တဲ့အခါ သက်သာစေဖို့ ဒီနည်းလေးတွေ လုပ်ကြည့်ပါ စပ်တဲ့အရသာက ခံတွင်းတွေ့စေမယ့် အပူအစပ်တွေ စားပြီးတဲ့အခါ ပြင်းပြင်းရှရှ ပူစပ်တာကတော်တော်လေး ခံရခက်ပါတယ်။ ဒီတော့ ခံတွင်းတွေ့စရာ ပူပူစပ်စပ် ဟင်းလျာလေးတွေ စားပြီးတိုင်း အစပ်သက်သာစေဖို့ဆိုရင် နို့ နဲ့ နို့ထွက်ပစ္စည်း စားပေးပါ အရမ်းစပ်နေတဲ့အခါ နို့အေးအေးလေး တစ်ခွက်လောက် သောက်လိုက်တာ၊ ဒိန်ချဉ် တစ်ဇွန်းလောက် စားလိုက်တာက သိသိသာသာ အစပ် သက်သာစေမှာပါ။ နို့ နဲ့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ casein လို့ခေါ်တဲ့ ပရိုတင်းက ပူစပ်တဲ့ ခံစားမှုကို သက်သာစေဖို့ အကောင်းဆုံး လုပ်ဆောင်ပေးပါတယ်။ နို့ နဲ့ နို့ထွက် […]


အာဟာရဆိုင်ရာ အချက်အလက်များ

အတက်လေးတွေ ထွက်ပြီး စိမ်းနေတဲ့ အာလူး လေးတွေကို စားသင့်လား

အာလူး လေးတွေကို ဝယ်ပြီး မချက်ပြုတ်ဖြစ်ဘဲ ကြာလာတဲ့အခါမှာ အတက်လေးတွေထွက်လာတာကို တွေ့ဖူးကြမှာပါ။ အဲလို အတက်လေးတွေ ထွက်လာတဲ့ အာလူးလေးတွေကို စားမယ်ဆိုရင် အန္တရာယ်ရှိလား၊ မရှိလားဆိုပြီး အတွေးလေးတွေ ဖြစ်မိတဲ့ သူတွေအတွက် ဒီဆောင်းပါးလေးမှာ အာလူးနဲ့ ကျန်းမာရေးအကြောင်းကို မျှဝေပေးသွားမှာပါ။ အာလူးဟာ ကျန်းမာရေးကို ကောင်းကျိုးတွေ အများကြီးပေးနိုင်တဲ့ အစားအစာတစ်မျိုးဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အာလူးကို ကြော်စား၊ ချက်စား၊ ပေါင်းစား၊ ကင်စား စတဲ့ နည်းလမ်းမျိုးစုံနဲ့ အစားအသောက်မျိုးစုံမှာ ထည့်သွင်းစားသုံးကြပါတယ်။ အာလူးမှာ solanine နဲ့ chaconine လို့ခေါ်တဲ့ glycoalkaloid သဘာဝပစ္စည်းလေးနှစ်မျိုး ပါဝင်ပါတယ်။ အဲဒီပစ္စည်းလေးတွေဟာ အနည်းငယ်ပဲ စားသုံးမယ်ဆိုရင်တော့ ရောဂါပိုးတွေကို တိုက်ဖျက်နိုင်တဲ့ အစွမ်းသတ္တိတွေ၊ သွေးတွင်း အဆီဓာတ်နဲ့ အချိုဓာတ်တွေကို ထိန်းညှိပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ရှိပေမယ့် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Mulberries ကပေးတဲ့ ကျန်းမာရေး

တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်ကြပြီး ​မြေပြန့်ဒေသမှ လူသိနည်းကြတဲ့ Mulberries က သဖန်းသီးနဲ့ မျိုးရင်းတူပါတယ်။ mulberry ပင်ရဲ့ အသီးလေးပါ။ ချစ်စရာကောင်းသလို စားလို့လည်း ကောင်းပါတယ်။ ဒီချစ်စရာကောင်းတဲ့ အသီးလေးတွေ သီးတဲ့ mulberry ပင်က အရွက်ကနေ ပေါက်တတ်တဲ့ အပင်တစ်မျိုးပေါ့။ အထူးသဖြင့် အာရှ နဲ့ မြောက်အမေရိက ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အရောင်အသွေးစုံတဲ့ ဘယ်ရီသီးလေးတွေ သီးပြီး အသီးလေးတွေက အနက်ရောင်၊ အဖြူ၊ရောင် နဲ့ အနီရောင် ဆိုပြီး အရောင်အသွေးစုံလင်လှပါတယ်။ ဒီအသီးတွေကို ဝိုင်လုပ်ဖို့၊ သစ်သီးဖျော်ရည်လုပ်ဖို့နဲ့ ဆီသွတ်ဗူး၊ ယိုထိုးတာတွေ လုပ်ဖို့ အသုံးပြုကြတာ များပါတယ်။ အရသာချိုသလို အာဟာရဓာတ် ပါဝင်မှုမြင့်ပြီး ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူပြုပေးပါတယ်။ mulberries ရဲ့ အာဟာရဓာတ် လတ်ဆတ်တဲ့ mulberries မှာ ရေ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ဆိုဒီယမ် (ဆား) ကို လျှော့စားလွန်းရင် ဘာတွေဖြစ်တတ်လဲ

ဆိုဒီယမ်ဟာ လူ့ကိုယ်ခန္ဓာရဲ့ အရေးကြီးလှတဲ့ အာဟာရဓာတ် တစ်မျိုးဖြစ်ပြီး ဆားရဲ့ အဓိကအစိတ်အပိုင်းလည်း ဖြစ်ပါတယ်။ ဆိုဒီယမ်သုံးစွဲမှုများလွန်းရင် သွေးတိုးတတ်တာကြောင့် လျှော့ပြီးစားသုံးဖို့ ကျန်းမာရေးအဖွဲ့အစည်းတွေကနေ နှိုးဆော်ထားပါတယ်။ ယေဘုယျအားဖြင့် တစ်ရက်မှာ ၂၃၀၀ မီလီဂရမ်အောက် လျှော့စားဖို့ တိုက်တွန်းကြပါတယ်။ တချို့ဆိုရင် ၁၅၀၀ မီလီဂရမ်ထိ လျှော့စားဖို့ ပြောကြပါတယ်။ ဒါပေမယ့် ဆိုဒီယမ်ဟာ အများအပြား သုံးစွဲလို့ မကောင်းသလို နည်းလွန်းရင်လည်း ပြဿနာရှိနိုင်ပါတယ်။ ယခု ဆက်လက်ဖော်ပြမှာကတော့ ဆိုဒီယမ်ကို အလွန်အကျွံလျှော့စားရင် ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေပဲ ဖြစ်ပါတယ်။ ၁။ အင်ဆူလင်မတိုးခြင်း ဆိုဒီယမ်ကို လျှော့ပြီးစားခြင်းဟာ အင်ဆူလင်ရဲ့ အာနိသင် မထိရောက်တော့ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အင်ဆူလင်မတိုးခြင်းဆိုတာ ကိုယ်ခန္ဓာက ဆဲလ်များဟာ အင်ဆူလင်ဟော်မုန်းရဲ့ အချက်ပြမှုတွေကို မတုံ့ပြန်နိုင်တာကြောင့် အင်ဆူလင်ပမာဏရော သွေးတွင်းသကြားဓာတ်ပါ များပြားလာခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲအနေနဲ့ အမျိုးအစား ၂ […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာ (၅) မျိုး

မိုးက မုန်တိုင်းကြောင့် အဖျားခတ်ပြီး  ရွာခဲ့ပေမယ့် ခုရက်ပိုင်းတော့ တော်တော်လေး ပြန်ပူလာပြီနော်။ ပြင်ပက အပူချိန် မြင့်တက်မှုက ခန္ဓာကိုယ် အပူချိန်ကို မြင့်တက်စေနိုင်ပါတယ်။  ဒီတော့ နွေပူပူမှာ ကိုယ်အပူချိန် မမြင့်တက်စေဖို့ ဘာတွေ စားရမလဲဆိုတာ ပြောပြပေးမယ်နော်။ ခန္ဓာကိုယ် အပူချိန်ကို အထိရောက်ဆုံး လျှော့ချပေးနိုင်မယ့် အစားအစာများ ကိုယ်အပူချိန် မြင့်တက်နေတာကို သက်သာစေဖို့ လက်တစ်ကမ်းမှာရှိတဲ့ အစားအစာလေးတွေက ကူညီပေးနိုင်ပါတယ်။ ဒီတော့ ကိုယ်အပူချိန် သက်သာစေဖို့အတွက် ဒါလေးတွေကို စားပေးသင့်ပါတယ်။ (၁) ဂေါ်ဖီထုပ် နေပူတဲ့အချိန်မှာ ကိုယ်အပူချိန် မြင့်တက်မှု ကင်းစေဖို့ ဂေါ်ဖီထုပ်ကို စားပေးသင့်ပါတယ်။ ဂေါ်ဖီထုပ်က ရေဓာတ် ၉၆ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး အခြား ဟင်းသီးဟင်းရွက်တွေထက် ရေဓာတ် ပါဝင်မှု များပါတယ်။ ရေဓာတ် မြင့်မားစွာ ပါဝင်မှုက ကိုယ်အပူချိန်ကို ကျဆင်းစေနိုင်ပါတယ်။ အခြား […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း