သွေးထဲမှာ ဆိုဒီယမ်ဓာတ်နည်းပါးခြင်းကို hyponatremia လို့ ခေါ်ပါတယ်။ သွေးထဲမှာ ဆိုဒီယမ်နည်းပါးရင် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အာရုံရှုပ်ထွေးခြင်း၊ တက်ခြင်း၊ သတိလစ်ခြင်း စတာတွေကနေ သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။
လက္ခဏာတွေဟာ အများအားဖြင့် ရေဓာတ်ခမ်းခြောက်ခြင်းနဲ့ ဆင်တူနေတတ်ပါတယ်။ အချိန်ကြာမြင့်စွာ အားစိုက်ထုတ်ထားတဲ့ အားကစားသမားတွေမှာ ဒီပြဿနာကို တွေ့နိုင်ပါတယ်။ အဓိကအချက်ကတော့ ရေကို အများအပြားပြန်သောက်ကြပေမယ့် ချွေးထွက်ရာကနေတဆင့် ဆုံးရှုံးသွားတဲ့ ဆိုဒီယမ်တွေကို ပြန်မဖြည့်နိုင်လို့ ဖြစ်ပါတယ်။
အသက်ကြီးပိုင်းတွေဟာလည်း နေထိုင်မကောင်းဖြစ်ခြင်း (သို့မဟုတ်) ဆေးဝါးများ သောက်သုံးနေခြင်း စတာတွေကြောင့် သွေးတွင်းဆိုဒီယမ်နည်းခြင်း ဖြစ်တတ်ပါတယ်။
နိဂုံး
ကျန်းမာရေးအတွက် ဆိုဒီယမ် (ဆား) ကို လျှော့စားသင့်တဲ့အကြောင်း လူသိများပါတယ်။ ဒါပေမယ့် ဆားကို အလွန်အကျွံ လျှော့စားရင်လည်း ပြဿနာရှိတတ်ကြောင်း လူသိနည်းပါတယ်။ ကျန်းမာရေးအရ ဆားကို လျှော့စားဖို့ အကြံပေးရင်လည်း ဘယ်ပမာဏလောက် စားသုံးသင့်တယ်ဆိုတာ သိရှိရပါမယ်။ ဆရာဝန် ဒါမှမဟုတ် နားလည်တတ်ကျွမ်းသူက အတည်ပြုထားတဲ့ ပမာဏထက် လျော့နည်းအောင် မိမိသဘောနဲ့ လျှော့ချဖြတ်တောက်ခြင်း မပြုသင့်ပါဘူး။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။