backup og meta

Mulberries ကပေးတဲ့ ကျန်းမာရေး

Mulberries ကပေးတဲ့ ကျန်းမာရေး

တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်ကြပြီး ​မြေပြန့်ဒေသမှ လူသိနည်းကြတဲ့ Mulberries က သဖန်းသီးနဲ့ မျိုးရင်းတူပါတယ်။ mulberry ပင်ရဲ့ အသီးလေးပါ။ ချစ်စရာကောင်းသလို စားလို့လည်း ကောင်းပါတယ်။ ဒီချစ်စရာကောင်းတဲ့ အသီးလေးတွေ သီးတဲ့ mulberry ပင်က အရွက်ကနေ ပေါက်တတ်တဲ့ အပင်တစ်မျိုးပေါ့။

အထူးသဖြင့် အာရှ နဲ့ မြောက်အမေရိက ဒေသတွေမှာ ပေါက်ရောက်ကြပါတယ်။ အရောင်အသွေးစုံတဲ့ ဘယ်ရီသီးလေးတွေ သီးပြီး အသီးလေးတွေက အနက်ရောင်၊ အဖြူ၊ရောင် နဲ့ အနီရောင် ဆိုပြီး အရောင်အသွေးစုံလင်လှပါတယ်။ ဒီအသီးတွေကို ဝိုင်လုပ်ဖို့၊ သစ်သီးဖျော်ရည်လုပ်ဖို့နဲ့ ဆီသွတ်ဗူး၊ ယိုထိုးတာတွေ လုပ်ဖို့ အသုံးပြုကြတာ များပါတယ်။

အရသာချိုသလို အာဟာရဓာတ် ပါဝင်မှုမြင့်ပြီး ကျန်းမာရေးကိုလည်း အများကြီး အထောက်အကူပြုပေးပါတယ်။

mulberries ရဲ့ အာဟာရဓာတ်

လတ်ဆတ်တဲ့ mulberries မှာ ရေ ၈၈ ရာခိုင်နှုန်းအထိ ပါဝင်နေပြီး ကယ်လ်လိုရီ ၆၀ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ဒါ့အပြင် ပရိုတင်း၊ ကာဗိုဟိုက်ဒရိတ်၊ သ​ကြားဓာတ်၊ အမျှင်ဓာတ်၊ အဆီဓာတ်တို့လည်း ပါဝင်နေပါသေးတယ်။

Mulberries ရဲ့ ကျန်းမာရေး အာနိသင်

ချိုချိုချဉ်ချဉ်နဲ့စားလို့ကောင်းတဲ့ mulberries သီးလေးက ချစ်စရာ အသွင်အပြင် အပြင်

ဓာတ်တိုးဆန့်ကျင် ပစ္စည်း ကြွယ်ဝတယ်

mulberries သီးမှာ နာကျင်ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးဖြစ်တဲ့ anthocyanins ကြွယ်ဝစွာ ပါဝင်နေပါတယ်။ သွေးလည်ပတ်မှု ကောင်းစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။

ဒါ့အပြင် anthocyanins အသီးခြောက်မှာ resveratrol လို့ ခေါ်တဲ့ အရွယ်တင်စေနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းလည်း ကြွယ်ဝစွာ ပါဝင်နေတာကြောင့် အသားအရေကို နုပျိုစေမှာပါ။ resveratrol က သွေးပေါင်ချိန်ကို ထိန်းညှိပေးသလို နှလုံးရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးပါတယ်။

အမျှင်ဓာတ် ကြွယ်ဝတယ်

mulberries သီး တစ်ခါစားစာမှာ အမျှင်ဓာတ်က တစ်နေ့တာ လိုအပ်ချက်ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ နေ့စဉ်စားသောက်မှုမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်နေတာက သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးပြီး သွေးတွင်းက အကျိုးမပြု ကိုလက်စထရော ပမဏကို ကျဆင်းစေနိုင်ပါတယ်။

ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော မပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်ရော ပါဝင်မှုက အစာခြေစနစ် ကျန်းမာစေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

လိမ္မော်သီးထက် ဗီတာမင် C ကြွယ်ဝတယ်

mulberries သီးခြောက် တစ်ပန်းကန်စာမှာ တစ်နေ့တာလိုအပ်တဲ့ ဗီတာမင် C ပမာဏရဲ့ ၁၉၀ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ ဗီတာမင် C က ကိုယ်ခံအားကို အားဖြည့်ပေးသလို တစ်ရှူးတွေကို အသစ်ဖြစ်ပေါ်စေပြီး အမြင်အာရုံကို ကျန်းမာစေပါတယ်။

ဗီတာမင် C က ဓာတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် လုပ်ဆောင်ပေးပြီး ဓာတ်တိုးပစ္စည်းတွေကြောင့် ခန္ဓာကိုယ်မှာ ထိခိုက်တာ၊ နာတာရှည်ရောဂါတွေ မဖြစ်အောင် ကာကွယ်ပေးသလို နှလုံးရောဂါ ခံစားရနိုင်ခြေကို လျှော့ချပေးပါတယ်။

ပရိုတင်း၊ သံဓာတ် နဲ့ ကယ်လ်ဆီယမ် ကြွယ်ဝတယ်

mulberries သီးက ပရိုတင်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ mulberries သီး တစ်ပန်းကန်စာမှာ နေ့စဉ် ပရိုတင်း လိုအပ်မှုပမာဏရဲ့ ၄ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။ သံဓာတ်ကလည်း နေ့စဉ် သံဓာတ် လိုအပ်ချက် ပမာဏရဲ့ ၃၀ ရာခိုင်နှုန်း၊ ကယ်လ်ဆီယမ်ကလည်း နေ့စဉ် ကယ်လ်ဆီယမ် လိုအပ်မှု ပမဏရဲ့ ၁၀ ရာခိုင်နှုန်းအထိ ပါဝင်နေတာပါ။

သံဓာတ်က ပင်ပန်းနွမ်းနယ်မှုကို သက်သာစေပြီး ကိုယ်တွင်းက သွေးဆဲလ်တွေဆီ အောက်ဆီဂျင် ရောက်ရှိမှု ကောင်းမွန်အောင် လုပ်ဆောင်ပေးပါတယ်။

ကယ်လ်ဆီယမ်က အရိုးနဲ့သွားတွေ သန်မာကြံ့ခိုင်စေပြီး အရိုးပွရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပရိုတင်းက အရိုးနဲ့ ကြွက်သားတွေကို သန်မာစေပြီး ကိုယ်ခံအား ကောင်းစေဖို့ အားဖြည့်ပေးပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Mulberries 101: Nutrition Facts and Health Benefits https://www.healthline.com/nutrition/foods/mulberries Accessed Date 26 May 2020

Mulberries https://nuts.com/driedfruit/mulberries/premium.html Accessed Date 26 May 2020

ယခုပုံစံ

10/12/2021

Aye Thi Mon မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုးချီဘယ်ရီသီးရဲ့ အစွမ်းအာနိသင် (၁၁) မျိုး

စတော်ဘယ်ရီ နဲ့ အလှအပရေးရာ



Aye Thi Mon မှ ရေးသားသည်။ · 10/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement