အရင်ဆုံး မျက်စိကို မှိတ်ပြီး ပူပူနွေးနွေး ဟော့ပေ့ါဟင်းရည်လေးရယ်၊ ဟင်းရွက်လေးတွေရယ်၊ အသားဖတ်လေးတွေရယ် ကို မြင်ယောင်ကြည့်ကြည့်ပါလား။ ရနံ့လေးတောင် နှာခေါင်းဝမှာ သင်းလာသယောင်ယောင် ခံစားမိလာမယ်ထင်ပါရဲ့နော်။
အရင်ဆုံး မျက်စိကို မှိတ်ပြီး ပူပူနွေးနွေး ဟော့ပေ့ါဟင်းရည်လေးရယ်၊ ဟင်းရွက်လေးတွေရယ်၊ အသားဖတ်လေးတွေရယ် ကို မြင်ယောင်ကြည့်ကြည့်ပါလား။ ရနံ့လေးတောင် နှာခေါင်းဝမှာ သင်းလာသယောင်ယောင် ခံစားမိလာမယ်ထင်ပါရဲ့နော်။
ဟော့ပေါ့စားတာဟာ ကျန်းမာရေးနဲ့ ညီညွတ်လားဆိုတဲ့ မေးခွန်းမျိုးကို မြန်မာပြည်မှာသာမကပါဘူး၊ ကမ္ဘာ့အနှံ့အပြားမှာပါ မေးမြန်းကြလေ့ရှိပါတယ်။ အဖြေကလည်း အမျိုးမျိုး အဖုံဖုံရယ်ပါ။
တစ်ချို့ ဟော့ပေါ့ကို နှစ်နှစ်ခြိုက်ခြိုက်ကြိုက်တတ်သူတွေကတော့ ဟော့ပေါ့ဟာ ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက် ကျန်းမာရေးနဲ့ ညီညွတ်ကြောင်း၊ ဘယ်လောက် ကျန်းမာစေကြောင်း ပြောတတ်ကြပါတယ်။ မကြိုက်တတ်သူတွေကျတော့လည်း ဆန့်ကျင်ဘက်ပေါ့။
တကယ်တော့ ဟော့ပေါ့ဟာ ဆိုဒီယမ်ဓာတ်များတာမို့ ဘေးထွက်ဆိုးကျိုးတွေရှိနေပေမယ့် အကြမ်းဖျဉ်းအားဖြင့် ကျန်းမာရေးနဲ့ ကိုက်ညီမှုရှိလေ့ရှိပါတယ်။ မှန်မှန်ကန်ကန်စားတတ်မယ်ဆိုရင် လူကို အကျိုးပြုနိုင်ပါတယ်။
ဒါပေမယ့် ဟော့ပေါ့ဆိုင်ရောက်သွားလို့ ဟင်းရည်အိုးမျက်စိရှေ့ရောက်လာပြီဆိုတာနဲ့ ခေါင်းထဲမှာ အသားဖတ်တွေ၊ အပ်မှိုတွေ၊ ပင်လယ်စာတွေ၊ အသီးအရွက်တွေချည်းရှိတော့တာမဟုတ်လား။ ပြီးရင်တော့ အသားတွေ အရွက်တွေကို ကီလိုဂရမ်နဲ့ချီပြီး ထည့်ပြုတ်ကာ အဝအလင် စားပစ်လိုက်ကြပါတော့တယ်။ တချို့များဆို အရည်တောင် ကုန်အောင်ခပ်သောက်ကြတာနော်။
ဒီလိုပုံနဲ့တော့ ကိုယ်အလေးချိန်တိုးပြီး ဝလာတာသာ အဖတ်တင်ပါလိမ့်မယ်။ သွေးတိုးသမားတွေဆို သွေးတိုးပါပိုဆိုးသွားနိုင်တာပေါ့။
စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍမှာ အထူးအရေးပါလှတဲ့ စင်ကာပူအထွေထွေရောဂါကုဆေးရုံကြီး (SGH) ရဲ့ Department of Endocrinology ကတော့ ဒီအတိုင်းကို သတ်မှတ်ထားပါတယ်။
ကျန်းမာရေးနဲ့ ကိုက်ညီတယ်ဆိုပေမယ့် စားသုံးသူပေါ်မှာတော့ မူတည်ပါတယ်တဲ့။ စားသုံးသူရဲ့ ရွေးချယ်မှုပုံသဏ္ဍာန် အပြုအမူတွေကပဲ ဘေးထွက်ဆိုးကျိုးတွေကို လက်ယပ်ခေါ်သလိုဖြစ်စေတာပါလို့ သူတို့ကဆိုပါတယ်။ ဘယ်လိုပါလိမ့်။
ဟော့ပေ့ါဟာ ဆားပါဝင်မှုများပါတယ်။ ဒီတော့ ဆိုဒီယမ်ပါဝင်မှုလည်း အတော်ကိုများပါတယ်။ ပုံမှန် ဟော့ပေ့ါဟင်းရည်အိုးတစ်အိုးရဲ့ ဆိုဒီယမ်မာဏဟာ နေ့စဉ်လိုအပ်ချက်ထက် အများကြီး ပိုလွန်နေတတ်ပါတယ်။
ဒါပေမယ့် SGH ရဲ့ အဆိုအရဆိုရင်တော့ ဟော့ပေါ့ဟင်းရည်မှာထက် အသားလုံးတွေ၊ ငါးလုံးတွေ၊ ဂဏန်းချောင်းတွေမှာ ပါဝင်တဲ့ ဆိုဒီယမ်ပမာဏဟာ ပိုလို့တောင်များပါတယ်တဲ့။ ပျမ်းမျှ အသားလုံး ၁ လုံးကို ဆိုဒီယမ် ၄၀၀ မီလီဂရမ်နဲ့ ကိုလက်စထရော ၃၀၀ မီလီဂရမ်လောက်ပါဝင်နေတာကို မမေ့ပါနဲ့။
တကယ်တော့ ဟော့ပေ့ါဆိုတာ ဟင်းသီးဟင်းရွက်တွေကို အခြေခံထားတဲ့ အစားအစာတစ်ခုပါ။ ခေတ်တွေပြောင်းလဲလာတာနဲ့ အမျှ အသားတွေ၊ ကလီစာတွေနဲ့ တခြားအမယ်တွေ ထပ်တိုးလာပါတယ်။ အထူးသဖြင့် Saturated fats တွေ ပါဝင်တဲ့ အမယ်တွေ ပိုများလာနေတာကို သတိထားသင့်ပါတယ်။
နောက်ပြီး တစ်ချို့သော ဟင်းရည်တွေမှာလည်း Saturated fats တွေ ပါဝင်နေပါသေးတယ်။ ဥပမာ ချုံကင်းစတိုင် ဟင်းရည်၊ တုံယမ်းစတိုင် ဟင်းရည်၊ ဆီချွမ်စတိုင် အပူအစပ်ဟင်းရည်၊ Chinese herbal pork belly ဟင်းရည်နဲ့ ကွန်ဘူဒါရှီ ဂျပန်စတိုင်ဟင်းရည်မျိုးတွေမှာဖြစ်ပါတယ်။
ဒါကြောင့် အဆီပိုတွေ ပိုများလာတာ၊ အဝလွန်တာတွေဖြစ်နိုင်သလို ရင်ပူတာ၊ ရေငတ်တာနဲ့ အစာမကြေတာတွေဖြစ်စေနိုင်ပါသေးတယ်။
ဒီလိုဆို ဟော့ပေါ့ဆိုတာကြီးက ကျန်းမာရေးအတွက် မသင့်လျော်တော့ဘူးတဲ့လား။ ဒီလိုလည်းမဟုတ်ပါဘူး။ ဟော့ပေါ့ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြင်ဆင်စားသောက်လို့ရပါတယ်။ ဟော့ပေါ့ကို နည်းမှန်လမ်းမှန် မှီဝဲချင်တယ်ဆိုရင် အောက်က နည်းလမ်းတွေကို လိုက်နာဖို့ လိုအပ်ပါတယ်။
စွပ်ပြုတ်ရည် ပူပူစပ်စပ်လေးထဲမှာ ဝက်သား ၃ ထပ်သားလွှာလေးကို စွက်ခနဲမြှုပ်ပြီး မကျက်တကျက်စားရတာမျိုး၊ ဟင်းရည်အိုးထဲ ရှိသမျှ အမယ်တွေအကုန်ပစ်ထည့်ပြီး အချိန်အလွန်ကြာမြင့်အောင် တည်ထားတာမျိုးတွေကို လူအတော်များများ လုပ်တတ်ကြပါတယ်။
ဒါပေမယ့် ဒီလိုနည်းလမ်းမျိုးတွေနဲ့သာ ဟော့ပေါ့ကို မကြာခဏစားနေမယ်ဆိုရင် ကိုယ်အလေးချိန်တက်လာတာ၊ သွေးတိုးဝေဒနာစွဲကပ်လာတာ၊ ခေါင်းခဏခဏကိုက်လာတာ၊ အဆီပိုတွေများလာတာတွေ ဖြစ်လာမှာ အသေအချာပါပဲ။
ပိုက်ဆံလည်းကုန် ကျန်းမာရေးလည်း ထိခိုက်တာမျိုး ဘယ်သူမှမဖြစ်မခံချင်ကြဘူးမဟုတ်လား။ ကိုယ်နှစ်သက်တဲ့ ဟော့ပေါ့ကို အေးအေးဆေးဆေး ဝဝလင်လင်စားရင်း ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေလည်း မဖြစ်ချင်ဘူးဆိုရင် အထက်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေကိုလိုက်နာပြီး စားသောက်ဖို့လိုမယ်နော်။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။