လူပြောအများဆုံး အစားအသောက် ယုံတမ်း (၃)သွယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date စက်တင်ဘာ 28, 2020 . 2 mins read
Share now

ကျွန်တော်တို့တွေ ကြားဖူးကြတဲ့ အစားအသောက် ပါးစပ်ပြော ပုံပြင်တွေ အများကြီး ရှိပါတယ်။ လတ်တလော နာမည်အကြီးဆုံးဆိုရင်တော့ COVID-19 ပျောက်ကင်းဖို့ တမာရွက်စားပေးရတယ်။ ဆီးကျောက်ကြေဖို့ သံမနိုင်ကျောက်မနိုင်ကို အားကိုးလို့ရတယ်ဆိုတာမျိုးတွေပေါ့။ ဒီလိုပဲ တခြားသော အမှန်မဟုတ်ဘဲ လူတွေ မှားယွင်းလက်ခံထားတဲ့ ယုံတမ်းတွေ အများကြီး ရှိပါသေးတယ်။ အဲဒီထဲကမှ လူပြောအများဆုံး အချက်တွေကတော့…

၁။ အဆီဓာတ်တွေ အများကြီးပါဝင်တဲ့ စားစရာတွေက ကျန်းမာရေးအတွက် မကောင်းဘူး။

အမှန်။   ။ ခုချိန်ထိ လူတော်တော်များများ လက်ခံနေကြသေးတဲ့ ယုံကြည်မှုအလွဲတစ်ခုပါ။ လူအများစုက အဆီများတဲ့ စားစရာတွေကို ရှောင်ပြီး အဆီနည်းတာတွေကိုပဲ စားမယ်ဆိုရင် သူတို့ရဲ့ ကျန်းမာရေး ပိုကောင်းသွားမယ်ဆိုတဲ့ အထင်နဲ့ အဆီဓာတ်များတာတွေ ရှောင်ကြဉ်နေကြပါတယ်။ တကယ်တမ်းမှာတော့ နို့ထွက်ပစ္စည်းတွေမှာပါတဲ့ အဆီဓာတ်တွေဟာ အထွေထွေ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

အဆီလျှော့ထားတဲ့ နို့တွေက လူတိုင်းအတွက် ရည်ရွယ်ပြီး ထုတ်ထားတာ မဟုတ်ပါဘူး။ အဆီဓာတ်များတဲ့သူတွေသာ ရှောင်ဖို့ လိုအပ်ပါတယ်။ ပြီးတော့ အဆီဓာတ်များတဲ့ စားစရာတွေက အဆီဓာတ်နည်းတဲ့ စားစရာတွေထက် ဝိတ်လျှော့ရာမှာ ပိုပြီး ထိရောက်စေပါတယ်။

ဒီလိုပြောလို့ အဆီအဆိမ့်တွေချည်း လှိမ့်မစားနဲ့နော်။ ကောင်းတဲ့ အဆီ၊ ခန္ဓာကိုယ်က ခြေဖျက်နိုင်တဲ့ အဆီနဲ့ ခန္ဓာကိုယ်ကို ဘေးဖြစ်စေတဲ့ အဆီတွေတော့ ခွဲခြားရမှာပေါ့။ ဘယ်အရာမှာမဆို တန်ဆေး၊ လွန်ဘေးဆိုတာကလည်း ရှိပြီးသားမဟုတ်လား။

အချုပ်။ ။ ခြုံပြောရမယ်ဆိုရင် အဆီဓာတ်များတဲ့ စားစရာ အများစုဟာ  အာဟာရ အင်မတန်ဖြစ်စေပြီး ကျန်းမာရေးနဲ့ ညီတဲ့ အလေးချိန်ကို ထိန်းထားပေးနိုင်ပါတယ်။ ဒါပေမဲ့ ကောင်းမွန်တဲ့ အဆီဓာတ်ဖြစ်ဖို့တော့ အထူးလိုအပ်ပါတယ်။

၂။ မနက်စာဟာ တစ်နေ့တာလုံးမှာ အရေးအကြီးဆုံးဖြစ်တယ်။

အမှန်။   ။ တစ်ရက်တာလုံး လိုအပ်တဲ့ စွမ်းအင်တွေအတွက် မနက်ခင်းပိုင်းမှာ ဖြည့်တင်းဖို့ အရေးအကြီးဆုံးပဲလို့ လူတော်တော်များများ ယုံကြည်နေကြပါတယ်။ ဒါပေမဲ့ သုတေသနတွေကတော့ ဒါဟာ အရွယ်ရောက်ပြီး လူကြီး အများစုအတွက် မမှန်ဘူးလို့ ဆိုနေပါတယ်။

တစ်ခါတလေ intermittent fastingလုပ်ပြီး မနက်စာအလွတ်ခံတာကလည်း သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ပေးပြီး ရောင်ရမ်းစေတာတွေကို သက်သာစေပါတယ်တဲ့။

ဒါပေမယ့် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ အာဟာရချို့တဲ့နေတဲ့သူတွေကတော့ မနက်စာကို လွှတ်လိုက်ရင် ကောင်းကျိုးထက် ဆိုးကျိုးက ပိုများပါလိမ့်မယ်။

အချုပ်။ ။ အားလုံးကို ခြုံကြည့်ရမယ်ဆိုရင် သာမန်လူတစ်ယောက် အနေနဲ့ မနက်စာ မစားလို့လည်း ဘာမှမဖြစ်ပါဘူး။ မဆာရင်၊ စားဖို့ မလိုအပ်ဘူးထင်ရင် မစားဘဲ နေလို့ရပါတယ်။ မနက်စာဟာ လူတိုင်းအတွက် လိုအပ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် စားဖို့ လိုအပ်တဲ့ သူတွေကတော့ စားကို စားပေးရပါမယ်။

၃။ ပေါင်မုန့်ညိုက ပေါင်မုန့်အဖြူထက် ပိုပြီး ကျန်းမာရေးနဲ့ ညီတယ်။

အမှန်။   ။ လူတွေ ထင်ကြတာက ပေါင်မုန့်အညို (ဂျုံကြမ်းနဲ့ လုပ်ထားတဲ့ ပေါင်မုန့်) တွေမှာ glycemic ညွှန်းကိန်းနဲ့ အင်ဆူလင် ညွှန်းကိန်းတွေ နိမ့်တာကြောင့် ပေါင်မုန့်ညိုကို စားရင် အင်ဆူလင် ထုတ်တဲ့ ပမာဏနည်းမယ်လို့ ထင်ကြပါတယ်။

ပြီးတော့ ပေါင်မုန့်ညိုမှာ အမျှင်ဓာတ်နဲ့ အာဟာရဓာတ်တွေ ပိုပြီးပါဝင်တာကြောင့် ပေါင်မုန့်ဖြူထက် ပိုပြီး ကျန်းမာရေး ကောင်းစေတယ်ပေါ့။

ဒါပေမဲ့ တကယ်တမ်းမှာတော့ ပေါင်မုန့်ဖြူနဲ့ အညိုကြားထဲက ကွာခြားချက်ဟာ ပြောပလောက်အောင် မရှိပါဘူး။ ဟုတ်ပါတယ်။ ပေါင်မုန့်ညိုမှာ အမျှင်ဓာတ်ပိုပါတယ်။ ဒါပေမဲ့ ဒါတွေက အသီးအရွက်နဲ့ သစ်သီးဝလံတွေမှာလောက် များပြားနေတာ မဟုတ်ဘူးလေ။ ပြောမယ်ဆို အမျှင်ဓာတ်ပိုရအောင်ဆိုပြီး ပေါင်မုန့်ချည်း ထိုင်စားနေမှာလည်း မဟုတ်ဘူးမလား။

အချုပ်။ ။ ဒီတော့ ခြုံပြောရရင် ဝိတ်တက်တယ်၊ ဝိတ်ကျတယ်ဆိုတာ ပေါင်မုန့်အမျိုးအစားနဲ့ သိပ်ပြီးသက်ဆိုင်မှု မရှိဘဲ ဘယ်လောက်ပမာဏစားလိုက်သလဲဆိုတဲ့ပေါ်ပဲ မူတည်တာပါ။ တကယ်တမ်း ပေါင်မုန့်ညိုနဲ့ ပေါင်မုန့်ဖြူနဲ့ဟာ သိပ်ကွာခြားလှတာ မဟုတ်ဘဲ ပေါင်မုန့်ညိုမှာလည်း ပြောပလောက်တဲ့ အမျှင်ဓာတ်နဲ့ Micronutrients တွေ အများကြီး ပါဝင်နေတာမျိုး မဟုတ်တော့ နှစ်သက်ရာကို စားနိုင်ပါတယ်။ ပမာဏကသာ အဓိကပါ။

ရေးသားသူ – Wathun Myet Chal

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

မုယော ရဲ့ကျန်းမာရေး အာနိသင်

မုယော (malt) လို့ ပြောလိုက်ရင် အရင်ဆုံး ပြေးမြင်တာ ဘာလဲ။ malted milk လား။ မုယော အားဖြည့်အချိုရည်တွေလား .......................................

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ ကော်လာဂျင်က ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ များပေမယ့်  ကော်လာဂျင်ကို အသားအရေအတွက် အဓိက သောက်ကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

သက်လုံ လို့ဆိုလိုက်ရင် အားကစားသမားတွေနဲ့ပဲ ဆိုင်တယ်လို့ ပြေးမြင်ကြပါတယ်။ သက်လုံကောင်းမှ နေ့စဉ်ဘဝမှာ လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံးလုပ်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆီးချိုသမားတွေအတွက် အသင့်တော်ဆုံး ဟင်းချက်ဆီ ရွေးချယ်မယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 12, 2021 . 2 mins read
ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆီးချို နဲ့ အစားအသောက်ဆိုင်ရာ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 11, 2021 . 2 mins read
ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆီးချိုရှိသူတွေအတွက် ကျန်းမာတဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 10, 2021 . 2 mins read
ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆီးချို ရှိသူတွေ သတိထားသင့်တဲ့ ရေဓာတ်ခန်းခြောက် ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် မတ် 9, 2021 . 2 mins read