စွမ်းအားဖြည့်အချိုရည်များဟာ သင့်ကို စွမ်းအင်မြှင့်တင်ပေးပြီး နိုးကြားမှု၊ အာရုံစူးစိုက်မှုရှိအောင် ရည်ရွယ်ထုတ်လုပ်ထားပါတယ်။ အားအင်ကုန်ခမ်းနေချိန်မှာ သောက်သုံးတဲ့အခါ စွမ်းအင်တွေပြည့်ဝသလို ခံစားရတာကြောင့် လူကြိုက်များကြပါတယ်။ သုတေသီအချို့ကတော့ စွမ်းအားဖြည့် အချိုရည်တွေဟာ ရေရှည်မှာ လူသားတို့အတွက် ဘေးဥပဒ်ဖြစ်စေတယ်လို့ သတိပေးကြပါတယ်။