ကော့တေးလ် ဆိုတာ အယ်လ်ကိုဟောလေးလည်း မှီဝဲချင်၊ ကျန်းမာရေးလည်း လိုက်စားချင်၊ အထာလည်းကျချင်သူတွေအတွက် ထွက်ပေါက်လို့ဆိုလို့ရပါတယ်။
ထွက်မှာ သေချာပြီလား။
ကော့တေးလ် ဆိုတာ အယ်လ်ကိုဟောလေးလည်း မှီဝဲချင်၊ ကျန်းမာရေးလည်း လိုက်စားချင်၊ အထာလည်းကျချင်သူတွေအတွက် ထွက်ပေါက်လို့ဆိုလို့ရပါတယ်။
အယ်ကိုဟောလေး ပမာဏတစ်ခုလောက်ပါဝင်ပေမယ့် အသီးအနှံတွေ၊ ကော်ဖီတွေနဲ့ရောစပ်ဖန်တီးထားတဲ့ အဖျော်ယမကာလေ။ ဒီတော့ အပြင်ပန်းအားဖြင့်ကြည့်ရင်တော့ ကိုယ်အလေးချိန်တက်စေနိုင်လောက်တယ်လို့ ထင်ချင်စရာသိပ်မရှိလှဘူးမဟုတ်လား။
အရောင်အဆင်းလှလှ၊ အထာကျကျလေးမို့ အလှအပကြိုက်တတ်တဲ့ မိန်းကလေးတွေလည်း မှီဝဲတတ်ကြပါသေးတယ်။
တကယ့်လက်တွေ့ အခြေအနေမှာရော ကော့တေးလ်က ကိုယ်အလေးချိန်မြင့်မားတာမျိုးမဖြစ်စေဘူးဆိုတာ သေချာရဲ့လား။ ကမ္ဘာကျော်ကော့တေးလ်တစ်ချို့ကို လေ့လာကြည့်ရအောင်။
ကိုယ်က ကိုယ်အလေးချိန် လျှော့ချနေတာမျိုး ဒါမှမဟုတ် ဝိတ်ကိုထိမ်းသိမ်းနေသူတစ်ယောက်ဆိုရင် ကော့တေးလ်က မဖြစ်မနေ ရှောင်ကျဉ်ရမယ့် အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ပုံမှန် အသောက်အစားကို နှစ်သက်တယ်ဆိုရင် ဝိုင်ကို တစ်ပတ်ကို ၂ ခွက်ကနေ ၄ ခွက်အထိ မှီဝဲနိုင်ပါတယ်။
ဒီလိုမှမဟုတ်ပဲ ပိုပြီးကျန်းမာချင်ရင်တော့ အယ်လ်ကိုဟောကို လုံးဝရှောင်ကျဉ်ပြီး အောက်ပါ အဖျော်ရည်တွေကို အစားထိုးမှီဝဲနိုင်ပါတယ်။
အရပ််၊ အသက်၊ ကိုယ်အလေးချိန်၊ တစ်နေ့တာ လှုပ်ရှားမှုတွေအပေါ်မူတည်ပြီး တစ်နေ့တာ လိုအပ်မယ့် ကယ်လ်လိုရီ ပမာဏကို သိရှိနိုင်ဖို့ အခြေခံတစ်နေ့တာ ကယ်လ်လိုရီ လိုအပ်ချက်ပမာဏ တွက်ချက်ခြင်း ကိရိယာ (BMR)ကို အသုံးပြုပြီး တွက်ချက်နိုင်ပါတယ်
အမျိုးသား
အမျိုးသမီး
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။