ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

အာဟာရဆိုင်ရာ အချက်အလက်များ

ဆူရှီတွေက ကျန်းမာရေးအတွက် တကယ်ကောင်းရဲ့လား

ဆူရှီစားလို့ ဘာဖြစ်တယ်၊ ငါးအစိမ်းတွေ စားလို့ ညာဖြစ်တယ် စသဖြင့် အမျိုးမျိုးသော သတင်းတွေ တက်လာတာ ဖတ်ဖူးကြမှာပါ။ ဆူရှီကို အသားပေးစားတဲ့ ဂျပန်တွေကတော့ ကမ္ဘာပေါ်မှာ အသက်အရှည်ဆုံး လူမျိုးတွေလို့တောင် အသိအမှတ်ပြုခံထားရသေးတာ မဟုတ်လား။ ဒါဆို ဆူရှီတွေက စားသင့်တာလား။ မစားသင့်တာလား။ ဆူရှီတွေက ပေးနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အရင်ကြည့်ကြည့်ရအောင်။ ၁။ ဆူရှီလုပ်ရာမှာ အသုံးပြုတဲ့ ငါးတွေက နှလုံးကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ ထရောက်ရေချိုငါး၊ တူနာ နဲ့ ဆယ်လ်မွန်တို့လို ငါးတွေနဲ့ ဆူရှီတွေမှာ Omega-3 fatty acid ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါဟာ ဆူရှီက ပေးနိုင်တဲ့ အကောင်းဆုံးသော ကျန်းမာရေး အကျိုးကျေးဇူးပါပဲ။ ဒီအဆီဟာ ကောင်းမွန်တဲ့ ကိုလက်စထရော ပုံစံတစ်မျိုးဖြစ်ပြီး သွေးကြောပိတ်တာတွေကို ကာကွယ်တားဆီးပေးနိုင်သလို သွေးဖိအားကျခြင်းကိုလည်း […]


အာဟာရဆိုင်ရာ အချက်အလက်များ

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ဆူရှီက ကျန်းမာရေးအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတဲ့အကြောင်း ကောင်းကျိုးရော၊ ဆိုးကျိုးတွေပါ ဖော်ပြပေးပြီးပြီမို့ ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်အောင် ဘယ်ဆူရှီတွေကို ဘယ်လို စားကြမလဲဆိုတဲ့အကြောင်း ဆက်ပြီး လေ့လာကြည့်ကြရအောင်။ ဆူရှီဆန် အဖြူအစား ဆန်လုံးညိုကို သုံးပြီး ဆူရှီလိပ်စားကြည့်ပါ။ Temaki လို့ခေါ်တဲ့ ကန်တော့ပုံ ဆူရှီလိပ်တွေကို ပို ဦးစားပေးစားပါ။ ပရိုတိန်းနဲ့ အမျှင်ဓာတ်တွေ ပိုရစေဖို့အတွက် ဆူရှီစားတဲ့အခါ အသီးအရွက်တွေပါ ပါတဲ့ ထမင်းလိပ်တွေကို ရွေးချယ်ပါ။ ဆူရှီတစ်ခုတည်း စားမယ့်အစား မီဆို ဟင်းရည်၊ ဆာရှိမိ၊ ရေညှိသုပ် နဲ့ အခြား အသုပ်တွေကိုပါ ထည့်ပြီး စားသုံးပေးပါ။ ချိစ်တွေ၊ ဆော့စ်တွေ နဲ့ အကြော်တွေ ပါဝင်တဲ့ ဆူရှီလိပ်တွေကို ရှောင်ပြီး ဟင်းသီးဟင်းရွက်တွေ […]


ကျန်းမာစွာချက်ပြုတ်ခြင်း

ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ

သင်သိပါသလား။ ဆူရှီတွေကို လက်နဲ့ ကိုင်စားတာကမှ မှန်ကန်တဲ့ နည်းလမ်းဆိုတာ။ နောက်တာ မဟုတ်ပါဘူး။ အတည်ပြောတာပါ။ ဆူရှီတွေဟာ ပြုလုပ်သူ စားဖိုမှူးတွေရဲ့ အနုပညာ လက်ရာတစ်ခုလို့ ဂျပန်တွေက သတ်မှတ်ထားတာပါ။ ဒီ အငွေ့အသက်လေးတွေ မပျောက်ပျက်သွားဖို့ ဆူရှီ (Maki နဲ့ Nigiri) စားတော့မယ်ဆိုရင် လက်ချောင်းလေးတွေနဲ့သာ ယူစားတာက ဂျပန်ရဲ့ ရိုးရာပါပဲ။ ဆာရှိမိ နဲ့ ချင်း (ဂျင်း) ကိုတော့ တူနဲ့ ယူစားလို့ ရပါတယ်။ ကဲ.. ဒါဆို ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ ဆိုတာလေးတွေကို အတူတူ လေ့လာကြရအောင်။ ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ ဆူရှီကို မှန်မှန်ကန်ကန် ဘယ်လို စားကြမလဲ ဆိုတော့ ၁။ တူကို မပွတ်ပါနဲ့။ တူနဲ့ စားမယ်ဆိုရင် […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ရေ ဘာကြောင့် သောက် ရတယ်။ ဒါတွေကြောင့်မို့ သောက်ရတယ်

“ရေများများသောက်ပါ” ကျွန်တော်တို့ ခဏခဏ တွေ့ဖူး၊ ကြားဖူးပါတယ်။ ရေ ဘာကြောင့် သောက် သင့်တာလဲဆိုရင်တော့ အချက်အလက်နဲ့ ဖြေနိုင်မယ့် ရာနှုန်း နည်းသွားပါပြီ။ ဒီတော့ ရေဘာလို့ သောက်ရတာလဲ၊ လူ့ခန္ဓာကိုယ်အတွက် ရေကို ဘာကြောင့် လိုအပ်တာလဲ ဆိုတဲ့အကြောင်း ကျွန်တော်တို့ အချက်အလက်လေးနဲ့ နည်းနည်း ဆွေးနွေးကြည့်ကြရအောင်။ ရေ ဘာကြောင့် သောက် ရတယ်။ ဒါတွေကြောင့်မို့ သောက်ရတယ် ၁။ ရေက ခန္ဓာကိုယ် အပူချိန်ကို မှန်ကန်အေးမြစေပါတယ်။ ရေကို အငွေ့ပျံဖို့၊ ရေကို အပူပေးဖို့ အပူချိန် များများလိုတယ်ဆိုတာ အားလုံး သိပြီးသားပါ။ ဒီလိုပါပဲ၊ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ဟာလည်း ရေဓာတ်အများစုနဲ့ ဖွဲ့စည်းထားတာမို့ ရေဓာတ်ပြည့်နေတယ်ဆိုရင် ကိုယ်အပူချိန် မြင့်တက်စေဖို့ တော်တော် ခဲယဉ်းပါတယ်။ ဒါကြောင့် ရာသီဥတု ပူပူမှာတောင် ခန္ဓာကိုယ် အေးမြချင်တယ်ဆိုရင် […]


အာဟာရဆိုင်ရာ အချက်အလက်များ

Micronutrient များ

ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အစာအုပ်စု (၃)စုကိုလူတိုင်းသိပေမဲ့ ကိုယ်ခံအား (immunity) အတွက် အခြေခံလိုအပ်တဲ့ micronutrients ခေါ် ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုတော့ အတော်များများသတိမထားမိတတ်ကြပါဘူး။ များသောအားဖြင့် ရောဂါဖြစ်မှ၊ နေမကောင်းဖြစ်မှ အားဆေးတွေ၊ ​အာဟာရရှိတာတွေလိုက်စားတတ်ပါတယ်။ ဒီလိုရောဂါဖြစ်မှ ရှိသမျှပိုက်ဆံ ပုံအောပြီးကုရတဲ့အဖြစ်မျိုးမရောက်ဘဲ ရောဂါအလွယ်တကူမဖြစ်အောင် မိမိတို့ရဲ့ကိုယ်ခံအားကို ဘယ်လိုမြှင့်တင်ရမလဲကြည့်လိုက်ကြရအောင်။ ကိုယ်ခံအား(Immunity) ဆိုတာ မိမိတို့ခန္ဓာကိုယ်ရဲ့ ခံတပ်ကြီးတစ်ခုပါပဲ။ ခန္ဓာကိုယ်မှာ မွေးရာပါစစ်သားတွေပါလာပေမဲ့ စစ်လက်နက်တွေမရှိတဲ့အခါ ပြင်ပကရောဂါတွေ၊ မိမိတို့ခန္ဓာကိုယ်ဖောက်ပြန်လို့ဖြစ်လာတဲ့ရောဂါတွေဟာ အလွယ်တကူဖြစ်ပေါ်လာပါတယ်။၊ ကိုယ်ခံအားကျတဲ့အခါ အအေးမိ၊ တုပ်ကွေး၊ နှာစေး၊ ချောင်းဆိုးကစပြီး ကင်ဆာရောဂါအထိဖြစ်နိုင်ပါတယ်။ ဒီအခါကျရင် အလုပ်ပျက်အကိုင်ပျက်ဖြစ်ပြီး မလိုအပ်ဘဲ ဆေးတွေ၊ ပဋိဇီဝပိုးသတ်ဆေးတွေသောက်ရာက ဆေးယဥ်ပါးပြီး ရေရှည်မှာ မိမိအတွက်ရော၊ မိမိပတ်ဝန်းကျင်အတွက်ပါဆိုးကျိုးဖြစ်ပေါ်စေပါတယ်။ ခံတပ်ကြီးဟာ ကြံ့ကြံ့ခံပြီး လက်နက်အင်အားတောင့်တင်းနေမယ်ဆိုရင် ရန်သူရောဂါတွေအလွယ်တကူမဝင်ရောက်နိုင်ပါဘူး။ ဒီလိုလက်နက်အင်အားပြည့်စုံတဲ့ ကိုယ်ခံအားအင်ပါယာကြီးကို ဘယ်လိုတည်ဆောက်ရမလဲဆိုရင် ရိုးရိုးရှင်းရှင်းလေးပါပဲ။ မိမိတို့နေ့စဥ်စားသောက်နေတဲ့ အစားအသောက်တွေကနေတဆင့်တည်ဆောက်လို့ရပါတယ်။ မိမိနေ့စဥ်စားသောက်နေတဲ့ အစားအသောက်ထဲမှာ […]


ကိုယ်အလေးချိန်လျှော့ချခြင်း

Stay Home ကာလမှာ ထပ်ပြီးဝိတ်တက်လာမှာ စိုးရိမ်နေရပြီလား

Covid-19 ကြောင့် အမြဲတမ်း အပြင်သွားနေကျ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ စားသောက်နေကျ၊ Gym သွားပြီး လေ့ကျင့်ခန်းလုပ်နေကျလူတွေ အိမ်မှာပဲ အကျယ်ချုပ်ကျသလို ဖြစ်သွားတဲ့ခံစားချက်ကြီးက တော်တော်ကို အဆင်မပြေတာပါ။ ဒီလိုမျိုး တစ်နေရာတည်းမှာပဲ ငြိမ်ငြိမ်လေး နေနေရတဲ့အခါ နောက်ထပ်သတိထားသင်တဲ့အချက်ကတော့ ကိုယ်အလေးချိန် တက်လာတာပါပဲ။ ဘာကြောင့် ကိုဗစ်ကာလမှာ လူတွေ ကိုယ်အလေးချိန်တက်လာတာလဲ။ လူဆိုတာ စိတ်ညစ်ရင် အစားပိုစားတတ်တဲ့အမျိုးပါ။ အထူးသဖြင့် ဘယ်မှလည်း မသွားရဘဲ အိမ်ထဲမှာပဲ အောင်းပြီး၊ ဘာလုပ်လို့လုပ်ရမှန်းလည်း မသိ၊ ရည်ရွယ်ချက်ပျောက်သွားတဲ့ အချိန်တွေမှာဆိုရင် ပိုပြီးတောင် အစားသောင်းကျန်းတတ်ပါတယ်။ ဒီအခါ ဘာတွေစားတတ်လဲဆိုတော့ အာဟာရလည်းမဖြစ်၊ ကယ်လိုရီတွေကို ပိုတက်စေတဲ့ အစာတွေကို အလွန်အကျွံစားလိုက်မိတော့တာပါပဲ။ အဓိက ကိုယ်အလေးချိန်တက်လာရတဲ့ အကြောင်းရင်းတွေထဲမှာ အချို၊ အဆီလွန်ကဲတဲ့ အစားအစာများကို ပိုမိုစားသုံးလာခြင်း အိမ်မှာ ကိုယ်တိုင်မချက်တော့ဘဲ အပြင်ကနေ အစားအစာများကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဆံသား ကျန်းမာစေဖို့ဆိုတာထက် ပိုအသုံးဝင်တဲ့ အုန်းဆီစစ်စစ်

အုန်းဆီလို့ ပြောလိုက်ရင် ဆံပင် လူးဖို့လား။ ဆံသား ကျန်းမာစေတဲ့ အာနိသင် ရှိတယ်ဟုတ် သိသားပဲလို့ ပြောမလို့လား........ မဟုတ်ပါဘူး...... ဒါဆို အသားအရေအတွက် ဟုတ်..... လို့ ထပ်တော့ မမေးနဲ့နော်။ ဒါလည်း မမှန်သေးဘူး။ အခုပြောပြမှာက အုန်းဆီ စစ်စစ်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်မှုပါ။ အုန်းဆီကို စားစရာလို့ မြင်ခဲပေမယ့် စားကြည့်ရင် ကျန်းမာရေးအတွက် အကျိုးများသတဲ့နော်။ သိချင်သွားပြီလား........ ဆောင်းပါးလေးထဲ ဖတ်ကြည့်လိုက်လေ။  အုန်းဆီ စစ်စစ်ရဲ့ ကျန်းမာရေးအတွက် အသုံးဝင်မှု အုန်းဆီက ဆံသား နဲ့ အသားအရေ လှပမှုအတွက် သုံးလို့ရသလို ဟင်းချက်ဆီနေရာမှာ အုန်းဆီကို သုံးပေးမယ်ဆိုရင် အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။ အရေးကြီးတာကတော့ အရောအနှော လုံးဝမပါတဲ့ သဘာဝအုန်းဆီစစ်စစ်ဖြစ်ဖို့လိုပါတယ်။ စိတ်ဖိစီးမှု ပြေလျော့စေတယ် အုန်းဆီမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ပါဝင်တာကြောင့် စိတ်ဖိစီးမှုကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငရုတ်ပွ နဲ့ ကျန်းမာရေး

အစိမ်းကြော်လေးပဲ ကြော်ကြော်၊ အသားလေးနဲ့ပဲ နှပ်နှပ်၊ အနံ့မွှေးပြီး စားလို့ ကောင်းတဲ့ ငရုတ်ပွကို ကြိုက်သူလေးတွေ ရှိလား။ ဒါဆိုရင်တော့ ငရုတ်ပွ စားရင်း ဘယ်လို အကျိုးကျေးဇူးလေးတွေ ရနိုင်လဲဆိုတာကို ဒီ ဆောင်းပါးလေး ထဲကနေ ဖတ်ကြည့်လိုက်ပါ။ ငရုတ်ပွမှာပါတဲ့ အာဟာရဓာတ် အနီရောင်၊ အစိမ်းရောင်။ အဝါရောင်ဆိုပြီး အရောင်အသွေး စုံစုံလင်လင်နဲ့ အနံ့မွှေးပြီး အသား အိအိလေးနဲ့ စားကောင်းတဲ့ ငရုတ်ပွမှာ ကယ်လ်လိုရီ ရေဓာတ် ပရိုတင်း ကာဗိုဟိုက်ဒရိတ် သကြားဓာတ် အမျှင်ဓာတ် အဆီဓာတ်တို့ ပါဝင်နေပါတယ်။ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ အနေနဲ့ကတော့ ကိုယ်ခံအားကို အားဖြည့်ပေးတဲ့ ဗီတာမင် C သွေးနီဥဆဲလ်တွေကို ဖြစ်ပေါ်စေတဲ့ ဗီတာမင် B6 အရိုးတွေ သန်မာစေပြီး သွေးခဲစေဖို့ အားဖြည့်ပေးတဲ့ ဗီတာမင် K1 […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

ခေါင်းကိုက်နေရင် ဘာတွေ သောက်မလဲ။

ခေါင်းကိုက်နေရင် ဘာမှကို အာရုံစိုက် မရဘူးဆိုပြီး စိတ်ညစ်နေပြီလား......... ဒါဆိုရင်တော့ စိတ်ညစ်မနေပါနဲ့တော့။ အခုပြောပြမယ့် သောက်စရာလေးတွေကို သောက်ပြီး ခေါင်းကိုက်တာကို ခပ်ဝေးဝေး မောင်းထုတ်လိုက်ကြစို့လား........... ခေါင်းကိုက်နေရင် သက်သာစေဖို့ ဘာတွေ သောက်မလဲ......... ခေါင်းကိုက်တာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ခေါင်းကိုက်နေတာကြောင့် စိတ်လက်ပင်ပန်းတာမျိုး မဖြစ်စေဖို့ ရေသောက်ပါ။ ခေါင်းကိုက်ခြင်း အများစုက ရေဓာတ် လျော့နည်းတာကြောင့်ပါ။ ဒါကြောင့် ခေါင်းကိုက်လာရင် အရင်ဆုံး ရေ တစ်ခွက် သောက်ပါ။ ရေသောက်တာက ဦးနှောက်ဆီ သွေးနဲ့ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှု ကောင်းစေပြီး ခေါင်းကိုက်တာကို သက်သာစေမှာပါ။ ရေသောက်တယ်ဆိုတဲ့နေရာမှာ ရိုးရိုးရေနဲ့ ရေနွေးနွေးလေးကိုပဲ သောက်ပေးပါ။ ရေခဲရေက အခန့်မသင့်ရင် ခေါင်းကိုက်တာကို ပိုဆိုးစေနိုင်ပါတယ်။ အယ်လ်မွန်နို့။ အယ်လ်မွန်နို့မှာ မဂ္ဂနီဆီယမ် နဲ့ ခေါင်းကိုက်တာကို သက်သာစေမယ့် အခြားသော သတ္တုဓာတ်တွေ ပါဝင်နေပါတယ်။ အယ်လ်မွန်နို့ တစ်ခွက် သောက်တာက […]


အခြားအာဟာရဆိုင်ရာနည်းလမ်းကောင်းများ

အရေပြား ယားယံတာ သက်သာစေဖို့ ဘာတွေ စားရမလဲ။

အရေပြား ယားတာက တော်တော်လေး ခံရခက်တဲ့ ကိစ္စပါ။ အရေပြားက ယားတယ်။ ဆေးလည်း မသောက်ချင်ဘူး။ ဆေးလည်း မလူးချင်ဘူးဆိုရင်တော့ အရေပြားယားတာ သက်သာစေဖို့ ဘာတွေစားရမလဲဆိုတာကို ဒီဆောင်းပါးလေးကနေတဆင့် ပြောပြပေးမယ်နော်။ အရေပြား ဘာကြောင့် ယား။ အရေပြားကို ယားယံစေနိုင်တဲ့ အကြောင်းအရင်းက တစ်ခုမက ရှိပါတယ်။ ဓာတ်မတည့်တာ ပိုးကောင် ကိုက်ခံရတာ ခြင်ကိုက်ခံရတာ အစားအသောက်ကြောင့် အရေပြား ယားယံတာ ကျောက်ကပ်ရောဂါ သွေးချိုဆီးချို မှိုပိုး ဝင်တာ  အရေပြားရောဂါ အမျိုးမျိုးကြောင့် အရေပြား ယားယံနိုင်ပါတယ်။ အရေပြား ယားယံတာကို သက်သာစေဖို့ ဒါတွေစားပေးပါ။ အရေပြား ယားယံရင် လူတော်တော်များများက အယား သက်သာအောင်ဆိုပြီး ကုတ်ကြပါတယ်။ တကယ်ကတော့ ဒါက နည်းလမ်းကောင်း မဟုတ်ပါဘူး။ ကုတ်တာဖဲ့တာက အရေပြား ယားယံတာကို ပိုဆိုးစေနိုင်ပါတယ်။ အရေပြား ယားယံတာကို သက်စေနိုင်တဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း