backup og meta

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆူရှီကို ဘယ်လို စားကြမလဲ

ဆူရှီက ကျန်းမာရေးအတွက် ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတဲ့အကြောင်း ကောင်းကျိုးရော၊ ဆိုးကျိုးတွေပါ ဖော်ပြပေးပြီးပြီမို့ ဒီတစ်ခါမှာတော့ ကျန်းမာရေးနဲ့ ပိုပြီး ညီညွတ်အောင် ဘယ်ဆူရှီတွေကို ဘယ်လို စားကြမလဲဆိုတဲ့အကြောင်း ဆက်ပြီး လေ့လာကြည့်ကြရအောင်။

  • ဆူရှီဆန် အဖြူအစား ဆန်လုံးညိုကို သုံးပြီး ဆူရှီလိပ်စားကြည့်ပါ။
  • Temaki လို့ခေါ်တဲ့ ကန်တော့ပုံ ဆူရှီလိပ်တွေကို ပို ဦးစားပေးစားပါ။
  • ပရိုတိန်းနဲ့ အမျှင်ဓာတ်တွေ ပိုရစေဖို့အတွက် ဆူရှီစားတဲ့အခါ အသီးအရွက်တွေပါ ပါတဲ့ ထမင်းလိပ်တွေကို ရွေးချယ်ပါ။
  • ဆူရှီတစ်ခုတည်း စားမယ့်အစား မီဆို ဟင်းရည်၊ ဆာရှိမိ၊ ရေညှိသုပ် နဲ့ အခြား အသုပ်တွေကိုပါ ထည့်ပြီး စားသုံးပေးပါ။
  • ချိစ်တွေ၊ ဆော့စ်တွေ နဲ့ အကြော်တွေ ပါဝင်တဲ့ ဆူရှီလိပ်တွေကို ရှောင်ပြီး ဟင်းသီးဟင်းရွက်တွေ ပိုပါတဲ့ ဆူရှီတွေကို ရွေးချယ်ပါ။
  • သွေးတိုး နဲ့ အငန်စားလို့ မရတဲ့သူတွေကတော့ Soy sauce ကို လုံးဝ ရှောင်သင့်ပါတယ်နော်။

ဒါဆို ဘယ်လို ဆူရှီတွေ ရွေးစားသင့်လဲ။

Salmon နဲ့ Tuna တို့လို ငါးတွေ ပါဝင်တဲ့ Nigiri Sushi နဲ့ Maki Suhi ဟာ ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ အပေါ်က ဆော့စ်တွေ၊ ချိစ်တွေ ထပ်ထည့်တာကတော့ ကယ်လိုရီနဲ့ အဆီဓာတ်ကို ပိုများစေပါတယ်။

ထောပတ်သီးတစ်မျိုးတည်း ဖြစ်စေ၊ သခွားသီး၊ မုန်လာဥနီ၊ မှို၊ ကြက်သွန် နဲ့ တိုဖူး တို့အပါအဝင် အခြား ဟင်းသီးဟင်းရွက်မျိုးစုံနဲ့ ဖြစ်စေ။ လိပ်ထားတဲ့ ဆူရှီတွေနဲ့ California Roll တို့လို ဆူရှီတွေကို ရွေးချယ်စားတာက ကျောက်ကပ်၊ နှလုံး နဲ့ အာရုံကြောတွေကို ပိုပြီး အားကောင်းစေသလို အမျှင်ဓာတ်လည်း လုံလုံလောက်လောက် ရစေတာမို့ အစာခြေစနစ်ကို ပိုကောင်းမွန်စေပါတယ်။

ဆူရှီစားတဲ့အခါ တွဲချပေးတဲ့ ချင်း (ဂျင်း) ကိုလည်း မဖြစ်မနေ စားစေချင်ပါတယ်နော်။ ဒီချင်းတွေက ငါးတချို့မှာ ပါတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပြီး ခုခံအားကို ပို ကောင်းမွန်စေတယ်လေ။

ဒါဆို ဘယ်ဆူရှီတွေကို ရှောင်သင့်လဲ။

အခြေခံအားဖြင့်တော့ ချိစ်ပါတဲ့ ဆူရှီတွေနဲ့ Tempura တွေကို ရှောင်တာ ကောင်းပါတယ်။

နောက်ပြီး တချို့ငါးတွေမှာ မာကျူရီ ပမာဏမြင့်မားစွာ ပါဝင်တာကြောင့် ကိုယ်ဝန်ဆောင်တွေ၊ သက်ကြီးပိုင်းတွေ၊ ကလေးငယ်တွေနဲ့ နို့တိုက်မိခင်တွေ၊ ခုခံအားနည်းသူတွေ ရှောင်သင့်တယ်လို့ သတ်မှတ်ထားတာမျိုးလည်း ရှိပါတယ်။ ဘယ်လို ငါးတွေလဲဆိုတော့ Swordfish (ဓားရှည်နှုတ်သီး ငါး)၊ ငါးမန်း၊ မာလင်ငါးစတဲ့ ငါးတွေပါ။ တစ်ခု သတိထားရမှာက မက်ကရယ်လ် ငါးတွေပါပဲ။ အတ္တလန်တစ် မက်ကရယ်လ် ငါးတွေဟာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ပရိုတိန်း၊ အိုမီဂါ 3 နဲ့ အခြားသော အာဟာရဓာတ်တွေ ပါဝင်တယ်ဆိုပေမဲ့  King Mackerel တွေကတော့ မာကျူရီပမာဏ မြင့်မားစွာ ပါဝင်နိုင်ခြေ ရှိတာကြောင့် ရှောင်ရှားသင့်တယ်လို့ ဆိုပါတယ်။

ဆူရှီတွေကို အန္တရာယ်ကင်းကင်း စားသုံးပြီး ကျန်းမာသက်ရှည် နေနိုင်ကြပါစေ။

Wathun Myet Chal

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/nutrition/is-sushi-healthy#bottom-line

https://www.webmd.com/diet/ss/slideshow-best-worst-sushi-health 

ယခုပုံစံ

21/07/2022

Dr. Thiha Phyo Myint မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆံပင်များကို သန်စွမ်းနေမည့် ဗီတာမင်နှင့် အာဟာရဓာတ်များ

ဆီးချိုရှိရင် ဆူရှီစားလို့ရလား



Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement