ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အစာအုပ်စု (၃)စုကိုလူတိုင်းသိပေမဲ့ ကိုယ်ခံအား (immunity) အတွက် အခြေခံလိုအပ်တဲ့ micronutrients ခေါ် ဗီတာမင်နဲ့သတ္တုဓာတ်တွေကိုတော့ အတော်များများသတိမထားမိတတ်ကြပါဘူး။ များသောအားဖြင့် ရောဂါဖြစ်မှ၊ နေမကောင်းဖြစ်မှ အားဆေးတွေ၊ အာဟာရရှိတာတွေလိုက်စားတတ်ပါတယ်။ ဒီလိုရောဂါဖြစ်မှ ရှိသမျှပိုက်ဆံ ပုံအောပြီးကုရတဲ့အဖြစ်မျိုးမရောက်ဘဲ ရောဂါအလွယ်တကူမဖြစ်အောင် မိမိတို့ရဲ့ကိုယ်ခံအားကို ဘယ်လိုမြှင့်တင်ရမလဲကြည့်လိုက်ကြရအောင်။