backup og meta

တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နေ့ ပန်းသီးတစ်လုံးစားရင် သင်ဘယ်လောက်အထိတောင် ကျန်းမာလာမလဲ

    ပန်းသီးချိုချိုမွမွလေးတွေ ကြိုက်တတ်သူတွေ ရှိကြလား။ ဒါဆိုရင်တော့ သတင်းကောင်းပါပဲ။ ပန်းသီးတစ်နေ့ တစ်လုံးမှီဝဲပေးမယ်ဆိုရင် နေ့စဉ်လူနေမှုဘဝမှာ အရမ်းကို ကျန်းမာစေတတ်ပါတယ်တဲ့။

    ဟုတ်ပါတယ်။ ပန်းသီးဟာ နေ့စဉ်မှီဝဲစားသုံးပေးသင့်တဲ့ သစ်သီးဝလံ ၁၀ မျိုးထဲမှာပါဝင်တဲ့ သစ်သီးတစ်မျိုးပါ။ ပန်းသီးကို နေ့စဉ်မှီဝဲတဲ့အခါမှာ မထင်မှတ်ထားလောက်အောင်ကို သင့်ကျန်းမာရေးကို အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

    ပန်းသီးမှာ အရွယ်တင်နုပျိုစေပြီး ကင်ဆာရောဂါ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုးကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တွေ၊ အစာကြေစေတဲ့ အမျှင်ဓါတ်တွေ၊ လူ့ခန္ဓါကိုယ်က နေ့စဉ်လိုအပ်တဲ့ ဗီတာမင် C နဲ့ သတ္တုဓါတ်တွေ အများအပြား ပါဝင်ပါတယ်။

    ဒါတင်မကပါဘူး။ နေ့စဉ်ပန်းသီးမှီဝဲစားသုံးပေးမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေကိုလည်း ရရှိဦးမှာဖြစ်ပါတယ်။

    • ရေဓာတ်ဖြည့်တင်းပေးမယ် – ရေဓာတ်ကြွယ်ဝတဲ့ ပန်းသီးမှာ ၈၅% လောက်က ရေဓာတ်လို့ဆိုပါတယ်။ ဒီအချက်က သင့်ကို ရေဓာတ်မဆုံးရှုံးအောင် ကူညီပေးမှာဖြစ်ပါတယ်။
    • ကိုယ်အလေးချိန် ထိမ်းညှိပေးမယ် – ဗီတာမင် C နဲ့ တခြားသော သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်နေတဲ့ ပန်းသီးကို နေ့စဉ်မှီဝဲတာဟာ ခန္ဓာကိုယ် ကိုယ်ရေစစ်ပြီး သွယ်လျစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဝိတ်ချနေသူတွေအတွက် သင့်လျော်တဲ့ အစားအစာတစ်ခုပါ။
    • ဗိုက်ဝစေတယ် – ပန်းသီးကို အသီးအတိုင်းစားမယ်ဆိုရင် အမျှင်ဓာတ်ကြွယ်ဝမှုကြောင့် ဆာလောင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။ ဒီတော့ ကယ်လိုရီအပိုတွေ ထပ်ပြီးမမှီဝဲဖြစ်အောင် ပန်းသီးက ကူညီပေးမှာပါ။
    • ဆီးချိုနဲ့ သွေးတွင်းသကြားဓာတ်ကို ထိမ်းချုပ်ပေးတယ် – ပန်းသီးကို ဆီးချိုသမားတွေလည်း မှီဝဲနိုင်ပါတယ်။ သွေးတိုးနဲ့ ဆီးချိုကိုထိမ်းချုပ်ပေးနိုင်သလို သွေးတွင်းသကြားဓာတ်ကိုလည်း တည်ငြိမ်စေတဲ့ သတ္တိရှိတာကြောင့်ပါ။
    • ဝမ်းဗိုက်ကျန်းမာစေမယ် – ပန်းသီးမှာပါရှိတဲ့ Pectin လို့ခေါ်တဲ့ အမျှင်ဓာတ်တစ်မျိုးဟာ Prebiotic အဖြစ် ဝမ်းဗိုက်ကို အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ဝမ်းဗိုက်ပိုင်းမှာ ကောင်းမွန်အကျိုးရှိစေတဲ့ ဘက်တီးရီးယားလေးတွေအဖြစ် အစာခြေစနစ်ကို ကူညီပေးမှာပါ။
    • ကိုလက်စထရောကို လျော့ကျစေတယ် – ပန်းသီးက ပျော်ဝင်စေတဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ သစ်သီးဖြစ်ပါတယ်။ ဒါကြောင့် ကိုလက်စထရောလျှော့ချရမှာ အရမ်းအထောက်အကူဖြစ်စေပါလိမ့်မယ်။ သွေးမတိုးအောင်တားဆီးနိုင်သလို လေမဖြတ်အောင်လည်း ကာကွယ်ပေးပါလိမ့်မယ်။
    • ဦးနှောက်နဲ့ အာရုံကြောကို ကျန်းမာစေတယ် – ပန်းသီးကို နေ့စဉ်မှီဝဲမယ်ဆိုရင် အာရုံကြောဆဲလ်တွေကို စိတ်ဖိစီးမှုရန်ကနေ ကာကွယ်ပေးမှာဖြစ်ပြီးတော့ ဒီအချက်က အသက်အရွယ်ကြီးရင့်လာချိန်မှာ Alzheimer’s disease မဖြစ်စေဖို့ အဓိက အချက်ဖြစ်လာမှာပါ။

    ဘယ်ပန်းသီးကို မှီဝဲကြမှာလဲ

    ပန်းသီးစားခိုင်းတာတော့ ဟုတ်ပါပြီ။ အနီစားရမှာလား၊ အစိမ်းစားရမှာလားဆိုတဲ့ မေးခွန်းကရှိလာပါတယ်။ ပန်းသီးဆိုတာကလည်း မျိုးစိတ်က ခပ်များများမဟုတ်လား။ ဒါပေမယ့် စိတ်မရှုပ်ထွေးပါနဲ့ ဘယ်ပန်းသီးဖြစ်ဖြစ် ကျန်းမာရေးနဲ့ ညီညွတ်ပြီး လူကို အကျိုးပြုတာချည်းပါပဲ။ အနီကတော့ Antioxidant ပါဝင်မှု အနည်းငယ်ပိုများပါတယ်တဲ့။

    ဘယ်လိုပဲဖြစ်ဖြစ် ပန်းသီးစားပေးတာက နေ့စဉ်ကျန်းမာရေးကို ကောင်းကောင်း အကျိုးဖြစ်ထွန်းစေမှာဖြစ်သလို ရေရှည်အနာဂတ်အတွက်ပါ အကျိုးရှိစေမှာဖြစ်တာမို့ နေ့စဉ်ပန်းသီးတစ်လုံးစီ မှီဝဲကြည့်ကြပါလို့ တိုက်တွန်းပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement