ဝိတ်ချမယ်ဆိုရင် ပထမဆုံးပေါ်လာတတ်တာက အားကစားလုပ်မယ်၊ Gym သွားမယ်၊ အစားလျှော့ စားမယ် စတာတွေပေါ့။ ဒါပေမယ့် ဒါတွေကို တစိုက်မတ်မတ် ပြုလုပ်ပြီး ဝိတ်ချဖို့ ဆိုရင်တော့ ဇွဲနဘဲကြီးကြီးနဲ့ ရေရှည်လုပ်သွားနိုင်ဖို့ လိုပါတယ်။ ဒါမှမဟုတ်ရင်တော့ ရေတက်ငါးဇင်ရိုင်းလိုပဲ ခဏတာလေးနဲ့ မဆော့လိုက်ရဘဲ ပေးလိုက်ရတဲ့ Gym ခတွေ၊ မသုံးဘဲ ဖုန်တက်နေတဲ့ တစ်ကိုယ်ရေအားကစားစက်တွေပဲ အဖတ်တင်ပါမယ်။ ဝိတ်လည်းကျ မှာ မဟုတ်ပါဘူး။