ဝိတ်ချတော့မယ်ဟေ့လို့ စိတ်ကူးလိုက်တာနဲ့ လူ ၁၀၀ မှာ ၉၀ လောက် အရင်ဆုံး တွေးမိတတ်တာက အစားလျှော့စားမယ်ဆိုတဲ့ အတွေးပါပဲ။ အစာမစားရင် ကိုယ်အလေးချိန် လျှော့ကျစေနိုင်တယ်ဆိုတာက မှန်သင့်သလောက်တော့ မှန်ပါတယ်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn
ဝိတ်ချတော့မယ်ဟေ့လို့ စိတ်ကူးလိုက်တာနဲ့ လူ ၁၀၀ မှာ ၉၀ လောက် အရင်ဆုံး တွေးမိတတ်တာက အစားလျှော့စားမယ်ဆိုတဲ့ အတွေးပါပဲ။ အစာမစားရင် ကိုယ်အလေးချိန် လျှော့ကျစေနိုင်တယ်ဆိုတာက မှန်သင့်သလောက်တော့ မှန်ပါတယ်။
ဒါပေမယ့် အစားလျှော့ပြီး ဝိတ်ချတယ်ဆိုတာကို ကိုယ့်ကိုယ်ကို နှိပ်စက်နေတာများလား? သင့်တော်တဲ့ အစားအစာတွေကို မစားသောက်ပဲ ကိုယ့်ကိုယ်ကို ပိတ်ပင်တားဆီးနေတာဟာ ကျန်းမာရေးနဲ့ ညီညွတ်မှာမဟုတ်ပါဘူး။ တကယ်တော့ ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းတွက အများကြီးပါ။ အစားလျှော့စားတာက ထိရောက်ကောင်းထိရောက်နိုင်ပေမယ့် ရေရှည်အသုံးတည့်တဲ့ နည်းလမ်းမျိုးတော့ မဟုတ်ပါဘူး။
အစားအသောက်ကို လျှော့ချပြီး ဝိတ်အလွန်အကျွံချတာဟာ အဝလွန်နေတာထက် ကျန်းမာရေးကို ပိုထိခိုက်စေနိုင်ပါတယ်။ ကယ်လိုရီ မှီဝဲမှုကို လျှော့ချဖို့ အစားအသောက်တွေကို ခွဲခြားရွေးချယ်စားသောက်နေတာကြောင့် လိုအပ်တဲ့ အဟာရဓာတ်တွေကို ပြည့်ဝအောင် မဖြည့်ဆည်းနိုင်ဘူးဆိုရင် အစာအိမ်နဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုသာမက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ဒါကြောင့်လည်း အစားအသောက်ကို အာဟာရမျှတစွာမစားပဲ ဝိတ်ချမယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ပြောပြပေးချင်ပါတယ်။
စိတ်ရှည်ဖို့က အဓိကပါပဲ။ ခန္ဓာကိုယ်အတွက် လိုအပ်မယ့် အဟာရကို ပြည့်ဝအောင် စားသောက်ရပါမယ်။ အစားအသောက်ကို ခွဲစားတာမျိုးနဲ့ လေ့ကျင့်ခန်းကို သင့်တော်ရုံ မျှတအောင်လုပ်သင့်ပါတယ်။
အထူးသဖြင့် အစာစားတဲ့ ပမာဏကို ထိမ်းချုပ်နိုင်အောင် အရင်လုပ်သင့်ပါတယ်။ တစ်ကြိမ်တစ်ခါတည်းနဲ့ အမြောက်အများစားတာဟာ ဝိတ်တက်စေနိုင်ပါတယ်။ အသားနဲ့ အသီးအရွက်ကို မျှတအောင်ပြင်ဆင်ပြီး နည်းနည်းစီစားတာ အကောင်းဆုံးပါပဲ။ ဒီလိမဟုတ်ရင်တောင်မှာ ပုံမှန် ကိုယ်စားနေကျပမာဏထက် ၁၀% လောက် လျှော့ချစားသောက်ရင်တောင်မှ သင့်အတွက် အကျိုးရှိလာတာမြင်ရပါလိမ့်မယ်။
လူတစ်ယောက်ဟာ တစ်နေ့ကို ကယ်လိုရီ ၁၅၀၀-၂၀၀၀ ကြားစားပေးနေဖို့ လိုအပ်ပါတယ်။ လေ့ကျင့်ခန်းကို မျှမျှတတလုပ်ပြီး အစားအသောက်ကိုလည်း အာဟာရမျှတအောင် စားပေးမယ်ဆိုရင် လိုချင်တဲ့ ခန္ဓာကိုယ်အလေးချိန်ကို ဘေးအန္တရာယ်မရှိပဲ ရောက်ရှိနိုင်မှာပါ။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။