Lupus ရှိရင် ချင်း (ဂျင်း) စားပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Lupus ရှိရင် ချင်း (ဂျင်း) စားပါ

    Lupus ဆိုတာက အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးပါ။ လေ့လာချက်တွေအရဆိုရင် ချင်း ဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ ဒါကြောင့်မို့ Lupus ရှိရင် ချင်း (ဂျင်း) စားပါလို့ ဆိုရတာဖြစ်ပါတယ်။

    ကိုယ်ခံအားစနစ်ကြောင့် ဖြစ်ပေါ်တတ်တဲ့ Lupus ဆိုတာ နာတာရှည်ရောင်ရမ်းနာတစ်မျိုးဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်က ပြင်ပကနေဝင်ရောက်တဲ့ အရာတွေကိုသာမက ကိုယ့်ရဲ့ခန္တာကိုယ်အတွင်းထဲက ပုံမှန်ကျန်းမာသော ဆဲလ်စ်တွေ၊ တစ်သျှူးတွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ပြန်တိုက်ခိုက်တာကြောင့် ဖြစ်ပေါ်တဲ့ ရောဂါဖြစ်ပါတယ်။

    Lupus ကြောင့် ရောင်ရမ်းခြင်းဟာ ကိုယ်ခန္တာရဲ့ အစိတ်အပိုင်းအမျိုးမျိုးအပေါ် သက်ရောက်မှုရှိစေနိုင်ပါတယ်။ အဆစ်အမြစ်၊ အရေပြား၊ ကျောက်ကပ်၊ မျက်လုံး၊ ဦးနှောက်အာရုံကြောစနစ်၊ နှလုံးနဲ့ အဆုတ်စတဲ့ နေရာမျိုးစုံပါပဲ။

    ပြီးတော့ Lupus ဟာ လိင်အမျိုးအစားအားလုံးနဲ့ လူကြီး၊ ကလေးအစုံမှာ ဖြစ်ပွားနိုင်ချေရှိတဲ့ ရောဂါတစ်မျိုးဖြစ်တယ်ဆိုပေမယ့် ရောဂါစွဲကပ်ခံရသူ စုစုပေါင်းရဲ့ ၉၀% ဟာ အမျိုးသမီးတွေဖြစ်ကြတာဟာ ထူးခြားချက်ဖြစ်ပါတယ်။ အမျိုးသမီးတွေရဲ့ Lupus ဝေဒနာဖြစ်ပေါ်နိုင်ခြေက အမျိုးသားတွေထက် ၁၀ ဆ ပိုများပါတယ်။

    ချင်း နဲ့ Lupus

    Lupus ဟာ ပျောက်ကင်းအောင် ကုသလို့မရနိုင်တဲ့ ဝေဒနာတစ်မျိုးဖြစ်တာမို့ သူ့ကို ကုစားမယ်ဆိုရင် ရောဂါလက္ခဏာတွေကို လျှော့ချတဲ့နည်းလမ်းနဲ့သာ ကုသနိုင်ပေမယ့် လုံးဝအရှင်းပျောက်ကင်းအောင်တော့ ကုသလို့ မရနိုင်ပါဘူး။

    အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

    အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။
    Ginger and Lupus

    6-gingerol လို့ခေါ်တဲ့ အဆိုပါ ဒြပ်ပေါင်းဟာ antiphospholipid syndrome (APS) လို့ခေါ်တဲ့ autoimmune disease ကိုပါ သက်သာစေနိုင်တာပါ။

    Lupus ဝေဒနာခံစားနေရတဲ့ အမျိုးသမီးတွေအနေနဲ့ နေ့စဉ် စီမံချက်ပြုတ်စားသောက်ရာမှာ ချင်းကို ထည်သွင်းမှီဝဲခြင်းဖြင့် အဆိုပါနာတာရှည်ရောင်ရမ်းနာကို သက်သာစေလိမ့်မယ်လို့လည်း လေ့လာချက်မှာ ဆိုထားပါတယ်။

    သတိထားသင့်တဲ့ Lupus မျိုးကွဲများနဲ့ ရောဂါလက္ခဏာများ

    Lupus ကို ယျေဘုယျအားဖြင့် ၅ မျိုးခွဲခြားလို့ရပါတယ်။

    Systemic lupus erythematosus – ကိုယ်တွင်း အစိတ်အပိုင်းတွေနဲ့ အဆစ်အမြစ်တွေကို ထိခိုက်စေတဲ့ Lupus

    Discoid lupus – အရေပြားတွေ ထိခိုက်စေတဲ့ ထိခိုက်စေတဲ့ Lupus

    Sub-acute cutaneous lupus erythematosus – အရေပြားပေါ်မှာဖြစ်ပေါ်ပြီး ထူးခြားကာ အသေးစိတ်ကျကျ ထိခိုက်စေတဲ့ Lupus

    Drug-induced lupus – ဆေးဝါးတစ်မျိုးမျိုးနဲ့ ဓာတ်မတည့်တာကြောင့် ဖြစ်ပေါ်တဲ့ ထိခိုက်စေတဲ့ Lupus

    Neonatal lupus – မွေးကင်းစကလေးတွေမှာ ဖြစ်ပေါ်တတ်တဲ့ Lupus စသဖြင့်ပါပဲ။

    Lupus ဟာ အမြဲတမ်းခံစားရတာ၊ မကြာခန ခံစားရတာနဲ့ တစ်ခါတစ်လေမှ ခံစားရတာဆိုပြီး ရောဂါလက္ခဏာ သဘောသဘာဝ ၃ မျိုးရှိပါတယ်။ ရောဂါမျိုးကွဲတွေ ရှိသလိုပဲ ဒီဝေဒနာရဲ့ လက္ခဏာတွေဟာလည်း ထိခိုက်ခံရတဲ့ ခန္တာကိုယ်အစိတ်အပိုင်းနေရာတွေအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

    Lupus ဟာ အမြဲတမ်းခံစားရတာ၊ မကြာခန ခံစားရတာနဲ့ တစ်ခါတစ်လေမှ ခံစားရတာဆိုပြီး ရောဂါလက္ခဏာ သဘောသဘာဝ ၃ မျိုးရှိပါတယ်။ ရောဂါမျိုးကွဲတွေ ရှိသလိုပဲ ဒီဝေဒနာရဲ့ လက္ခဏာတွေဟာလည်း ထိခိုက်ခံရတဲ့ ခန္တာကိုယ်အစိတ်အပိုင်းနေရာတွေအပေါ် မူတည်ပြီး ကွဲပြားနိုင်ပါတယ်။

    ယျေဘုယျ လက္ခဏာတွေကတော့

    ပင်ပန်းနွမ်းနယ်ခြင်း၊

    ဖျားခြင်း

    အဆစ်အမြစ်နာခြင်း၊

    တောင့်တင်းခြင်း၊

    ရောင်ရမ်းခြင်း၊

    ပါးစပ်၊ နှာခေါင်းနဲ့ လျှာတို့ နာကျင်ခြင်း၊

    မျက်နှာတွင် ပါးနှင့်နှာခေါင်းကိုဖုံးသော လိပ်ပြာသဏ္ဍာန် အနီကွက်ပေါ်လာခြင်း

    နေရောင်နဲ့ ထိတွေ့မိချိန်မျိုးမှာ အရေပြားပြဿနာ ပိုဆိုးရွားလာခြင်း

    အေးသောအခါ၊ ဖိအားများသောအခါ လက်ချောင်းခြေချောင်းများ ဖြူခြင်း ပြာခြင်း

    အသက်ရှူမြန်ခြင်း

    ရင်ဘတ်အောင့်ခြင်း

    မျက်လုံးခြောက်သွေ့ခြင်း

    ခေါင်းကိုက်ခြင်း၊

    စိတ်ရှုပ်ထွေးခြင်း၊

    မှတ်ဉာဏ်ချို့ယွင်းခြင်း၊ စတာတွေပါပဲ။

    Lupus ဝေဒနာရှင်တွေဟာ ကိုယ်ခံအားစနစ်ပျက်ယွင်းတာ၊ ကျောက်ကပ်၊ အာရုံကြောဆိုင်ရာ ပြဿနာတွေနဲ့ သွေးတွင်း သွေးဖြူဥပမာဏ ကျဆင်းတာမျိုးတွေကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။

    Lupus ဟာ မျိုးရိုးဗီဇနဲ့ ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်တတ်ပါတယ်။ Lupus ဖြစ်ခြင်းကို လှုံ့ဆော်ပေးတဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့ရင် ဖြစ်နိုင်ပါတယ်။ အချို့သောကူးစက်ရောဂါပိုးတွေဟာ Lupus ကို အစပျိုးစေပြီး သက်သာပြီးသား ဝေဒနာသည်ဟောင်းတွေကို ပြန်ဖြစ်စေနိုင်ပါတယ်။

    ဒီဝေဒနာကို ကုစားကြရာမှာတော့ အကိုက်အခဲပျောက်ဆေးတွေ၊ ငှက်ဖျားပျောက်ဆေးတွေနဲ့ စတီးရွိုက် ပါဝင်တဲ့ဆေးတွေနဲ့ ကုသကြလေ့ရှိသလို စိတ်ဖိစီးမှု လျှော့ချတာ၊ အာဟာရမျှတစေတာ၊ အိပ်ရေးဝဝ အိပ်တာ၊ လေ့ကျင့်ခန်းလုပ်တာနဲ့ နေရောင်ထိတွေ့မှုကို ရှောင်ကျဉ်တာမျိုးတွေပြုလုပ်ပြီးတော့လည်း ဂရုစိုက်ပေးနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement
    advertisement
    advertisement