နှစ်သစ်မှာ ဝိတ်ချမယ့်သူတွေ မဖြစ်မနေသိထားရမယ့် Myth များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 6, 2021 . 3 mins read
Share now

နှစ်သစ်ကူးကာလမှာ စိတ်သစ်၊ လူသစ်၊ ရည်မှန်းချက်သစ်နဲ့ “ငါတော့ ဒီနှစ် သေချာပေါက် ဝိတ်ချတော့မဟဲ့” ဆိုပြီး ဆုံးဖြတ်လိုက်ကြတဲ့သူတွေ ရှိကြမယ်ထင်ပါတယ်။

ကိုယ်အလေးချိန်လျှော့ချဖို့ ဆုံးဖြတ်တာဟာ ကောင်းမွန်တဲ့ဆုံးဖြတ်ချက်တစ်ခုပါ။ ဒါပေမယ့် ဒီလိုဆုံးဖြတ်ပြီးတာနဲ့ တပြိုင်နက် ထပ်ပြီးစဉ်းစားရမှာက “အရင်တုန်းကရော ငါ ဒီလို ဆုံးဖြတ်ခဲ့ဖူးလား၊ တကယ်အလုပ်ဖြစ်ခဲ့ရဲ့လား” ဆိုတာပါပဲ။

တကယ်တမ်းအားဖြင့် ဝိတ်ချတာက လွယ်ကူတဲ့ လုပ်ငန်းစဉ်မဟုတ်ပါဘူး။ စိတ်ရှည်ပြီး ရေရှည်ကြိုးစားအားထုတ်နိုင်မှ အောင်မြင်မယ့် ကိစ္စတစ်ခုပါ။ ခနခန ဝိတ်ချဖို့ ဆုံးဖြတ်ကြ၊ ဝိတ်ချဖို့ ကြိုးစားကြပေမယ့် တကယ်တမ်းဝိတ်ကျသွားသူအရေအတွက်ကတော့ မျှော်မှန်းထားသလောက် ပမာဏမများပါဘူး။

အကြောင်းအရင်းကတော့ ဝိတ်ချနေစဉ်အချိန်အတွင်းမှာတင် သင့်ကို လမ်းမှားရောက်သွားစေမယ့် ယုံတမ်းစကား အမှားတွေကို လူတိုင်းနီးပါး လက်ခံလိုက်နာနေမိကြလို့ပါပဲ။ တချို့ လုပ်ရပ်တွေဟာ ကိုယ်အလေးချိန်ကျစေမယ်လို့ ထင်စရာရှိပေမယ့် တကယ်တမ်းမှာတော့ ဆန့်ကျင်ဘက်ရလဒ်ကိုသာ ဖြစ်စေတာပါ။

ဒီလို ချင်း (ဂျင်း) စကားတွေ၊ ယုံတမ်းစကားတွေကို ရှောင်လွှဲနိုင်မှသာ သင့်ရဲ့ ကိုယ်အလေးချိန်လျှော့ချရေး လုပ်ငန်းစဉ်ကြီးက အောင်မြင်သွားမှာပါ။ ဒီတော့ ဒီဆောင်းပါးမှာ ဝိတ်ချချင်သူတွေ မဖြစ်မနေ သိထားသင့်တဲ့ အသိမှားအမြင်မှား ၁၁ ခုကို ဖော်ပြပေးချင်ပါတယ်။ ရှောင်နိုင်အောင်လို့ပါ။

ဝိတ်ချမယ့်သူတွေ သိထားရမယ့် ယုံတမ်းများ

  • (Myth – ၁) မနက်စာ မစားရင် ဝိတ်ကျတယ် –  မနက်စာက အရေးကြီးပါတယ်။ နည်းမှန်လမ်းမှန်စားဖို့လည်း လိုအပ်ပါတယ်။ မနက်စာကို နေ့ခင်းစာ၊ ညစာလိုသဘောထားပြီး အာဟာရမျှတပြီး အရသာရှိအောင် မှီဝဲစားသောက်ဖို့ အကြံပေးပါရစေ။ လုံးဝမစားတာမျိုး မလုပ်သင့်သလို၊ အလွန်အကျူးမှီဝဲစားသုံးတာမျိုးလည်း မလုပ်သင့်ပါဘူး။ အရေးကြီးတာက စားသောက်လိုက်တဲ့ အစာတွေက ဘယ်လောက် ကျန်းမာရေးနဲ့ ဘယ်လောက်ညီညွတ်လဲဆိုတဲ့ အချက်ပါ။
  • (Myth – ၂) ဆေးဝါးဓာတ်စာတွေ သုံးပြီး ဝိတ်ချရင် မြန်တယ် – ဝိတ်ချပေးနိုင်တယ်ဆိုတဲ့ ဆေးဝါးတိုင်း ဓာတ်စာတိုင်းဟာ ဘေးထွက်ဆိုးကျိုးတွေနဲ့ချည်းပါ။ အစာစားချင်စိတ်ပျောက်ဆုံးသွားတာ၊ ဝမ်းအလွန်သွားတာကစလို့ အမျိုးမျိုးသော ဘေးထွက်ဆိုးကျိုးတွေကို ကြုံရနိုင်ပါတယ်။ နောက်ပြီး တရားဝင်ခွင့်ပြုချက်မရထားတဲ့ ဆေးတွေကလည်း ပိုများပါတယ်။
  • (Myth – ၃) Low fat and diet foods တွေက ဝိတ်ကျစေတယ် – အဆီဓာတ်နည်းပါတဲ့ အစားစာတွေ၊ Diet Foods တွေဟာ ကိုယ်အလေးချိန် လျှော့ချနေသူတွေရဲ့ ဓာတ်စာလို့ ဆိုကြပါတယ်။ ဒါပေမယ့် အစားအစာရဲ့ရှေ့မှာ “Diet” ၊ “Light” ၊ “Low fat” ၊  “Fat-free” ဆိုတဲ့စာတွေပါနေရုံနဲ့ သင့်ကျန်းမာရေးကို အထောက်အကူပြုမှာမဟုတ်ပါဘူး။ ဒီလိုအစားအစာတွေကိုဖန်တီးဖို့ သကြားနဲ့ ဆားတွေကို အများကြီး သုံးရတယ်ဆိုတာကို သင်သိဖို့ လိုအပ်ပါတယ်။
  • (Myth – ၄) အစာပြေစားတာ ပြဿနာမရှိဘူး – တကယ်တော့ အစာပြေစားတာက ပြဿနာအများကြီးရှိတာပါ။ အစာပြေစားတာက မသိလိုက်ဘာသာနဲ့ အများကြီး စားမိသွားတာမျိုးဖြစ်စေပါတယ်။ နောက်ပြီး အစာပြေအစားအစာအများစုဟာ ဝိတ်ချချင်သူတွေနဲ့ မသင့်လျော်တဲ့ ပါဝင်ပစ္စည်းတွေပါဝင်နေတာများပါတယ်။
  • (Myth – ၅) ကိုလက်စထရောနဲ့ သကြားများတဲ့ အစားအသောက်တိုင်းက ကျန်းမာရေးနဲ့ မညီညွတ်ဘူး – Cholesterol-rich foods တိုင်း၊ သကြားပါဝင်မှုများတဲ့ အစားအသောက်တိုင်းက ကျန်းမာရေးနဲ့ မညီညွတ်တာမဟုတ်ပါဘူး။ ဥပမာပေးရရင် ကြက်ဥတို့၊ ဒိန်ချဉ်တို့က ကိုလက်စထရော ကြွယ်ဝတဲ့အစားအစာတွေပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တယ်မဟုတ်လား။  သကြားလည်း ဒီအတိုင်းပါပဲ။ နေ့စဉ်လိုအပ်ချက်ကိုတော့ ဖြည့်ဆည်းပေးဖို့ လိုအပ်ပါတယ်။
  • (Myth – ၆) Non-nutritive sweeteners တွေက ကျန်းမာရေးနဲ့ ညီညွတ်တယ် – ကယ်လိုရီလည်းနည်းချင်၊ ကာဘိုဟိုက်ဒြိတ်လည်းနည်းချင်၊ သကြားလည်းကင်းချင်၊ အချိုကလည်းစားချင်သူတွေဟာ NNS လို့ခေါ်တဲ့ non-nutritive sweeteners (Artificial sweeteners) တွေကို အစားထိုးသုံးကြပါတယ်။ လူလုပ်အချိုဓာတ်တစ်မျိုးဖြစ်တဲ့ NNS ဟာ ကျန်းမာရေးနဲ့မညီညွတ်တာအသိသာကြီးပါ။ ကိုယ့်ကိုယ်ကို လိမ်ညာနေတဲ့ ယုံတမ်းတစ်ခုလို့ပဲ ဆိုရမှာပါ။
  • (Myth – ၇)  တစ်နေရာတည်းကွက်ပြီး ဝိတ်ချလို့ရတယ် – တကယ်တော့ ဒီကိစ္စက မဖြစ်နိုင်တဲ့ ကိစ္စတစ်ခုပါ။ လူအတော်များများက ပေါင်တံ ဒါမှမဟုတ် ဝမ်းဗိုက်ကိုချည်း ကွက်ပြီး ဝိတ်ချချင်တတ်ကြပါတယ်။ ဝိတ်ချတာနဲ့ ခန္ဓာကိုယ်တစ်ခုလုံးအပေါ် သက်ရောက်နိုင်ပါတယ်။ ဘယ်နားလေးပဲ ကွက်ပိန်ချင်တယ်ဆိုပြီး လုပ်လို့မရပါဘူး။ အဲ့ဒီနေရာတွေမှာ နည်းနည်းပို အဆီလောင်ကျွမ်းအောင်သာ လုပ်လို့ရတာပါ။
  • (Myth – ၈)  ကယ်လိုရီဆိုတာနဲ့ မကောင်းဘူး – ကယ်လိုရီဆိုတာက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ လောင်စာပါ။ အရေးပါတဲ့အရာတစ်ခုဆိုတာ မမေ့ပါနဲ့။ ကိုယ်အလေးချိန် လျှော့ချမယ်ဆိုရင် ကယ်လိုရီတွေ လောင်ကျွမ်းပစ်ဖို့လိုအပ်တာက တစ်စိတစ်တစ်ပိုင်းသာဖြစ်ပါတယ်။ အဓိက အကြောင်းတရားမဟုတ်ပါဘူး။ နောက်ပြီး ကယ်လိုရီတွေကို လောင်ကျွမ်းပစ်ဖို့လိုအပ်တာပါ။ ကယ်လိုရီပါတဲ့အရာတိုင်းကို ရှောင်ဖို့လိုနေတာမဟုတ်ပါဘူး။ ဒါကို ကွဲပြားစွာ နားလည်ထားဖို့ လိုအပ်ပါတယ်။
  • (Myth – ၉)  အဆီများရင် မစားနဲ့  – ကယ်လိုရီလိုပါပဲ။ လူ့ခန္ဓာကိုယ်မှာ အဆီဓာတ်က လိုအပ်ပါတယ်။ လူအတော်များများက အဆီများတဲ့အစားအစာတွေကို မှီဝဲဖို့ ရှောင်ကျဉ်ကြပါတယ်။ တကယ်တမ်းက စနစ်တကျဖြည့်ဆည်းနိုင်ဖို့နဲ့ အဆီပိုတွေ မဖြစ်လာဖို့ မကောင်းတဲ့အဆီတွေကို မစားမိဖို့ကသာ အဓိကဖြစ်ပါတယ်။ ဥပမာပြောရရင် တစ်ချို့ငါးတွေဟာ အဆီများပေမယ့် ကျန်းမာရေးနဲ့ ညီညွတ်တာမျိုးပေါ့။
  • (Myth – ၁၀)  ဝိတ်ချရတာ လွယ်တယ် – တကယ်တော့ ဝိတ်ချရတာ ကမ္ဘာ့အခက်ခဲဆုံးအလုပ်ပါ။ တကယ်သာလွယ်ကူမယ်ဆိုရင် ကမ္ဘာပေါ်မှာ လူဦးရေ သန်း ၇၀၀ ကျော် အဝလွန်နေစရာ အကြောင်းမရှိပါဘူး။ ဒါပေမယ့် တချို့တွေကတော့ ဒီအချက်ကို နားမလည်တာမို့ စိတ်ပါရင် ဝိတ်ချဖို့လုပ်လိုက် စိတ်အားလျော့လာချိန်မှာ နားလိုက်နဲ့ ကိုယ်အလေးချိန်လည်းမကျ လူလည်းပင်ပန်းပြီး လုံးချာလည်နေကြပါတယ်။

ဒီလောက်ဆိုရင် ကိုယ်အလေးချိန်လျှော့ချချိန်မှာ ကြားရတတ်တဲ့ Myth တွေနဲ့ ပတ်သက်ပြီး အမြင်ရှင်းသွားမယ်လို့ ယူဆပါတယ်။ ကိုယ်အလေးချိန်လျှော့ချတဲ့ နေရာမှာ ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာနဲ့ စနစ်ကျပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ Diet အစားအစာတွေကို အာဟာရပြည့်ဝစွာစားသောက်ပြီး အချိန်ယူကြိုးစားသင့်ပါတယ်။ ဒါမှသာ စနစ်တကျ ကျန်းကျန်းမာမာနဲ့ ကိုယ်အလေးချိန် လျှော့ချနိုင်မှာပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကလေးထိန်း ပြီး ဝိတ်ချမလား

မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်မှာ သွေးတိုးရှိနေရင် ဒီအမှန်အမှားတွေကို သိထားဖို့ လိုအပ်ပါတယ်

တခါတလေရောဂါပျောက်မယ်ထင်ပြီး ယုံတမ်းတွေ ဆေးမြီးတိုတွေကို အသုံးချမိတာမို့ အခြေအနေပိုဆိုးသွားတာ၊ ဘေးထွက်ဆိုးကျိုးတွေ ကြုံရတာတွေလည်း ဖြစ်တတ်ပါသေးတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲ

နောက်ကျမှ ညစာစားခြင်းဟာ သင့်ကျန်းမာရေးကို ဘယ်လောက်ထိခိုက်စေသလဲဆိုတာ သိပြီးရဲ့လား။ မသိသေးဘူးဆိုရင်တော့ ဆောင်းပါးလေးကို အတူတူဖတ်ရအောင်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဝမ်းဗိုက်လေး ကျန်းမာစေဖို့ နေ့တိုင်း ထောပတ်သီး စားပါ

ဗီတာမင်နဲ့ သက်စောင့်ဓာတ် ၂၀ ကျော်ပါရှိနေတဲ့ ထောပတ်သီးစား တာဟာ ကိုယ်အလေးချိန် လျော့ကျစေတာအပြင် သွေးတိုးကျစေတာလိုမျိုး အကျိုးကျေးဇူးတွေကိုလည်း ပေးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
စားသောက်ပုံ မူမမှန် တဲ့ စိတ်ရောဂါများ

စားသောက်ပုံ မူမမှန် တဲ့ စိတ်ရောဂါများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 19, 2021 . 4 mins read
အကြောက်တရား နဲ့ ကျန်းမာရေး

အကြောက်တရား နဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 17, 2021 . 2 mins read
သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

သန်စွမ်းကြံ့ခိုင်စေမည့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 5, 2021 . 3 mins read