ဂျင်ဆင်းက ကိုယ်ခံအားကောင်းစေသလို စိတ်ဖိစီးမှုကင်းစေတာကြောင့် စိတ်ကျန်းမာစေပြီး တက်ကြွလန်းဆန်းနေစေမှာပါ။ စိတ်ရောကိုယ်ပါ ကျန်းမာစေမယ့် အရာပေါ့။
ကိုယ်ခံအားကောင်းပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုတွေထဲမှာ အခုလို အာဟာရတွေကို ပြည့်ဝစွာ ပါဝင်အောင် စားသုံးဖို့ လိုပါမယ်။ ဒီလိုဆိုတာနဲ့ အစားတွေကို ဘယ်လိုစားရမလဲ။ အပေါ်မှာ ပြောခဲ့တာတွေ အားလုံးပါအောင် ဘယ်လိုစားရမလဲဆိုပြီး တွေးပြီး စိတ်ညစ်မသွားပါနဲ့။ ဒီလိုအာဟာရတွေကို အပြည့်အဝရရှိစေမယ့် အလွယ်ကူဆုံး နည်းလမ်း တစ်ခု ရှိပါတယ်။ ဒါကတော့ ဖြည့်စွက်အာဟာရကို သုံးစွဲတာပါ။
အစားသိပ်မစားနိုင်တဲ့သူဖြစ်မယ်။ သက်ကြီးရွယ်အိုတွေဖြစ်မယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရတွေ ပြည့်ဝနေစေဖို့ အာဟာရလိုအပ်ချက်နဲ့ ကိုက်ညီအောင် ထုတ်လုပ်ထားတဲ့ အားဆေး၊ ဖြည့်စွက်အာဟာရ စတာတွေကို စားသုံးပေးလို့ရပါတယ်။ ဒါက ပမာဏနည်းနည်းနဲ့ အထိရောက်ဆုံးဖြစ်မယ့် ကိုယ်ခံအား အားဖြည့်နည်းတစ်ရပ်ပါ။
အခုလို စိတ်ရောကိုယ်ပါ ဖိစီးနေရတဲ့ကာလမျိုးမှာ စိတ်ရောကိုယ်ပါ တက်ကြွလန်းဆန်းပြီး ကိုယ်ခံအားကောင်းစေဖို့ဆိုရင် နေ့စဉ် စားသုံးနေကျ အစားအစာတွေအပြင် ဖြည့်စွက်အားဆေးကို မှီဝဲဖို့ လိုပါမယ်။
ကိုယ်ခံအားကောင်းမှလည်း စိတ်ရောကိုယ်ပါကျန်းမာရွှင်လန်းပြီး နေ့ရက်တိုင်းမှာ အကောင်းဆုံး ကျော်ဖြတ်နိုင်မှာပါ။ ဒီတော့ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်စေဖို့ ကိုယ်ခံအားစနစ်အတွက် လိုအပ်တဲ့ အရာလေးတွေကို ပြည့်ဝအောင် ဖြည့်တင်းပေးရင်း ကိုဗစ်အန္တရာယ်ကို ကာကွယ်လိုက်ရအောင်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။