ကျန်းမာစွာ စားသောက်ခြင်း

အစားအသောက်က ကျန်းမာစေဖို့ ထိန်းသိမ်းပေးသလို ရောဂါတွေကို ကာကွယ်ရာမှာ အကူအညီပေးခြင်းဖြင့် ကျန်းမာစွာနေထိုင်မှုအပေါ်မှာ အများကြီး သက်ရောက်နေပါတယ်။ ကံမကောင်းတာတစ်ခုက ကျန်းမာစွာ စားသောက်ခြင်းနဲ့ပတ်သက်ပြီး ယုံတမ်းစကားတွေ များစွာရှိနေတာပါ။ ဒါကြောင့် ကျန်းမာစွာ စားသောက်ခြင်းနဲ့ ပတ်သက်ပြီး သိထားတဲ့အချက်တွေက မှန်သလား မှားသလားဆိုတာကိုသေချာ သိဖို့ လိုပါမယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာစွာ စားသောက်ခြင်း

ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ

ဓာတ်ဆားဓာတ်တွေက micronutrientsတွေ ဆိုပေမယ့် ခန္ဓာကိုယ်တစ်ခုလုံး ကောင်းမွန်စွာ လည်ပတ်ဖို့၊ ကျန်းမာစေဖို့အတွက် လိုအပ်ပါတယ်။ ဓာတ်ဆားဓာတ်တွေ ချို့တဲ့တဲ့အခါ နုံးတာ၊ ခေါင်းကိုက်တာကနေစလို့ နှလုံးခုန်မမှန်တာတွေအထိ ဖြစ်တတ်တာကြောင့် ဓာတ်ဆားဓာတ်တွေ ခန္ဓာကိုယ်မှာ လုံလုံလောက်လောက် ရှိနေဖို့ လိုပါတယ်။ ဒါကြောင့် ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘာတွေ စားသောက်သင့်သလဲ ၊ ဘယ်လို ဖြည့်တင်းသင့်သလဲဆိုတာကို ပြောပြပေးပါမယ်။ ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်း ဓာတ်ဆားဓာတ်တွေ ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ ဥပမာ  ‌‌ချွေးထွက်များတာ ရေသောက်နည်းတာ အဖျားတက်တာ ဝမ်းလျှောတာ၊ အန်တာ ဆီးဆေးတွေ၊ ဝမ်းပျော့ဆေးတွေ သောက်တာကြောင့် ဖြစ်နိုင်သလို  အသည်းရောဂါ၊ ကျောက်ကပ်ရောဂါတွေကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဓာတ်ဆားဓာတ်ချို့တဲ့ချိန်မှာ ဘယ်လိုလက္ခဏာတွေ ခံစားရမှာလဲ ဓာတ်ဆားချို့တဲ့တာက နည်းနည်းပါးပါးဆိုရင် လက္ခဏာမပြတတ်ပေမယ့် များလာပြီဆိုရင်တော့ အောက်ပါ လက္ခဏာတွေ ခံစားရမှာ ဖြစ်ပါတယ်။  ခေါင်းကိုက်တာ […]

ကျန်းမာစွာ စားသောက်ခြင်း ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာစွာ စားသောက်ခြင်း ကို ရှာဖွေမည်။

ထူးခြားသည့်စားသောက်မှုပုံစံကွဲများ

အဝေးမှုန် လား ....... ဒါတွေစားပေးပါ။

မျက်လုံးက အနီးဆိုရင် ကောင်းကောင်း မြင်ရပေမယ့် ခပ်ဝေးဝေးရောက်သွားရင် သဲသဲကွဲကွဲ မမြင်ရတော့ဘူး။ အဝေးက စာတွေကို လှမ်းဖတ်ရင် ဝါးနေတာ၊ ပုံတွေကို ရေးရေးပဲမြင်ရတာတွေ ဖြစ်နေပြီလား။ ကားနံပါတ်တွေကို မသဲကွဲတာမျိုး ဖြစ်နေပြီလား။ ဒါဆိုရင်တော့ အဝေးမှုန် နေတာပါ။ ဒီတော့ အဝေးမှုန် တာကို သက်သာစေဖို့ ဘာတွေ စားရမလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ အဝေးမှုန် လား.......ဒါတွေစားပေးပါ။ မျက်စိ အဝေးမှုန်တာက မွေးရာပါ မဟုတ်ဘူး။ အရွယ်ရောက်မှ ဖြစ်တာဆိုရင် သက်သာစေဖို့ အစားအသောက်လေးတွေ ဆေးဝါးလေးတွေနဲ့ ကုသလို့ ရပါတယ်။ ဒီတော့ အဝေးကအရာတွေကို ဝါးတားတားပဲ မြင်နေရတဲ့ အဝေးမှုန်တာကို သက်သာစေဖို့ ဘာတွေ စားပေးရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား။ ပင်လယ်ငါး ဆယ်လ်မွန်၊ တူနာ၊ မက်ကာရယ်တို့လိုမျိုး omega-3 fatty acids ကြွယ်ဝတဲ့ အစားအစာတွေကို […]


အာဟာရဆိုင်ရာ အချက်အလက်များ

မုန်လာဥဖြူရဲ့ အရွက် ဆေးဖက်ဝင်လား ......

မုန်လာဥ ချဉ်ရည်လို့ ဆိုလိုက်ရင် အရွက်တွေကို မထည့်ဘဲ မုန်လာဥဖြူကိုပဲ ချက်ဖြစ်တာ များပါတယ်။ တကယ်ကတော့ မုန်လာဥဖြူ အရွက်က ချဉ်ဟင်းထဲ ထည့်ချက်လို့ ရပေမယ့် အရွက်က ဝါသွားတာ၊ မလတ်ဆတ်တာတွေကြောင့် ထည့်မချက် ဖြစ်တာလည်း များပါတယ်။ တကယ်ကတော့ မုန်လာဥဖြူရဲ့ အရွက် က စားလို့ရသလို ကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူး များပါတယ်။ ဒီတစ်ခေါက်တော့ မုန်လာဥဖြူရဲ့ အရွက်က ကျန်းမာရေးအတွက် ဘယ်လို ထောက်ပံ့ပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ မုန်လာဥဖြူရဲ့ အရွက် ဆိုတာ မုန်လာရွက်ဆိုတာက မုန်လာဥဖြူရဲ့ အထက်ပိုင်းမှာပါတဲ့ အရွက်ကို ဆိုလိုတာပါ။ နာမည်အတိုင်း မုန်လာဥက ဖြူဖြူလေး ဖြစ်ပြီး အရွက်ကတော့ အစိမ်းရောင်လေးပါ။ ဒီအရွက်ကို ကြက်စွပ်ပြုတ်တွေထဲ ထည့်သောက်တာ၊ အချဉ်စိမ်တာတွေ လုပ်လေ့ရှိသလို ချဉ်ဟင်းထဲလည်း ထည့်ချက်စားလို့ ရပါတယ်။ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပန်းသီး သေးသေးလေး ကြိုက်ကြလား။

ပန်းသီး သေးသေးလေး တွေကို စားဖူးကြလား။ အဝါရောင် ဖျော့ဖျော့လေး အနီရဲရဲလေးနဲ့ အရောင်အသွေးက လှသလို ပုံမှန် ပန်းသီးထက် ဆိုဒ်သေးနေတာလေးက ချစ်စရာ ကောင်းလှပါတယ်။ ဒီလို ချစ်စရာ ကောင်းတဲ့ ပန်းသီး သေးသေးလေးတွေက အမြင်မှာ ချစ်စရာကောင်းသလို အရသာလည်း ကောင်းပါတယ်။ ဒါတင်မကသေးတာက ကျန်းမာရေးကိုလည်း ထောက်ကူပေးနိုင်တာပါ။ ဘယ်လို ထောက်ကူပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ပါ။ ပန်းသီး သေးသေးလေးတွေ (Crab Apple) ဆိုတာ ပန်းသီးသေးသေးလေးတွေဆိုတာက ပန်းသီး မျိုးရင်းဝင် တစ်မျိုးပါ။ သဘာဝအတိုင်း ပေါက်ရောက်တတ်တဲ့ ပန်းသီး တစ်မျိုးပါ။ ပန်းသီးနဲ့ ပုံစံတူပေမယ့် အရွယ်အစားကတော့ သေးငယ်ပါတယ်။ အချိုမကဲဘဲ အချဉ်ဘက်ကို နည်းနည်းလုတဲ့ အရသာ ရှိပါတယ်။ အပင်ကြီးပင်ဖြစ်ပြီး အသီးလေးတွေကတော့ အခိုင်လိုက် သီးတတ်ပါတယ်။ အရွယ်က အကြီးဆုံး အနေနဲ့ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ရေဘဝဲ စားတာ ကျန်းမာစေသလား .......

ပင်လယ်စာတွေ စားတဲ့အခါ ရေဘဝဲကို အကြိုက်ဆုံးလား။ ရေဘဝဲ စပ်စပ်လေး ချက်ပြီး ထမင်းဖြူ ပူပူလေးနဲ့ တွဲစားရတာက အတော်လေး အရသာရှိလှပါတယ်။ ဒီလို စားရတာတင် မဟုတ်ဘဲ ရေဘဝဲသုပ်၊ ရေဘဝဲကြော်၊ ရေဘဝဲကင်၊ ရေဘဝဲလုံးကြော် အားလုံးကို ကြိုက်တာဆိုရင်တော့ ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ လိုပါမယ်။ ရေဘဝဲ စားတာ ကျန်းမာစေသလား ....... ရေဘဝဲ ဆိုတာက ပင်လယ်ထဲက သတ္တဝါ တစ်မျိုးပါ။ ကယ်လ်လိုရီ ပါဝင်မှု နည်းပြီး ပရိုတင်း ကြွယ်ဝတဲ့ အစားအစာ တစ်မျိုးပါ။ ဒါတွေတင် မဟုတ်ဘဲ ရေဘဝဲမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် ရေဘဝဲက ကျန်းမာစေသလားဆိုရင် ကျန်းမာစေတယ်လို့ပဲ ပြောပါရစေ။ ရေဘဝဲကနေ ရနိုင်မယ့် အာဟာရဓာတ်တွေက ဘာတွေဖြစ်မလဲ ....... ရေဘဝဲကနေ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ငါးအရေခွံ စားကြလား........

ငါးက လူတိုင်း မစားသလို ငါးစားတဲ့သူတိုင်းလည်း ငါးအရေခွံ မစားကြပါဘူး။ ဒီထဲမှာမှ သင်က ငါးလည်းစားတယ်။ ငါးအရေခွံလည်းစားတယ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်အောင် စားတတ်သူတစ်ဦး ဖြစ်ဖို့များပါတယ်။ အကြောင်းကတော့ ငါးကလည်း ကျန်းမာစေဖို့ ထောက်ကူပေးသလို ငါးအရေခွံကလည်း ကျန်းမာရေးကို အကျိုးများစေလို့ပါ။ ဒီတစ်ခေါက်တော့ ငါးအရေခွံ စားတာက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ ငါးအရေခွံမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ ...... ငါးအရေခွံမှာ အခုလို အာဟာရတွေ ပါဝင်နေပါတယ်။ ပရိုတင်း ကယ်လ်လိုရီ ဆိုဒီယမ် အဆီ omega-3 fatty acids ဗီတာမင် D ဗီတာမင်  E အိုင်အိုဒင်း selenium taurine တို့ ပါဝင်နေပါတယ်။ ပင်လယ်ငါးတွေမှာတော့ အရေပြားမှာ ပြဒါးပါဝင်နေတာကြောင့် သေချာလေး ဆေးကြောသန့်စင်ပြီးမှ စားတာ၊ […]


အာဟာရဆိုင်ရာ အချက်အလက်များ

ဘဲကင် ကြိုက်သူလေးတွေအတွက် သတင်းကောင်း

ဘဲကင် ဆိုရင် စားလို့ကို မဝတာ။ အသားတွေ ထဲမှာ ဘဲသား မှ ဘဲသား ဆိုပြီး ကြိုက်သူတွေ ရှိလား။ ဒါဆိုရင်တော့ ဒီ ဆောင်းပါးလေးက သင့်အတွက်ပါ။ ဘဲသားလို့ ပြောလိုက်ရင် သွေးတက်မယ်။ အအေးစာ မစားနဲ့ ဆိုပြီး ပြောတာကို ငယ်ကတည်းက ကြားဖူးကြမှာပါ။ တကယ်ကတော့ ဘဲသားက ထင်နေသလောက် မဆိုးသလို ကျန်းမာရေး အတွက် အကျိုးပြုတာလေးတွေ ရှိပါတယ်။ ဘာတွေများ ဖြစ်မလဲ ဆိုတာ ကိုတော့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ဘဲသားမှာ ဘယ်လို အာဟာရဓာတ်တွေ ပါဝင်နေလဲ ....... ဘဲသားမှာ အခုလို အာဟာရဓာတ်တွေ ပါဝင်နေပါတယ်။ ကယ်လ်လိုရီ အဆီ ဆိုဒီယမ် ပရိုတင်း သံဓာတ် ဆီလီနီယမ် ဗီတာမင် C ဗီတာမင် B […]


အာဟာရဆိုင်ရာ အချက်အလက်များ

ပျားသံပုရာရည်လေး သောက်ကြရာဝယ်

သောက်စရာတွေ အများကြီး ရှိတဲ့အထဲကမှ သင့်အကြိုက်ဆုံး သောက်စရာလေးက ပျားသံပုရာရည် များလား ....ဒါဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက်ပါ။ နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးနေတဲ့ ပျားသံပုရာရည်လေး က ကျန်းမာရေးကို အထောက်အကူပြုနိုင်လား ....... ဘယ်လိုများ အထောက်အကူပြုပေးနိုင်လဲ ...... ဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်စေချင်ပါတယ်။ ပျားသံပုရာရည် ဆိုတာ ပျားသံပုရာရည် ဆိုတာက ပျားရည်ရယ်၊ သံပုရာရည်ရယ်ကို ဆား အနည်းငယ် ရေနွေး ဒါမှမဟုတ် ရေအေးလေးနဲ့ ဖျော်ထားတဲ့ ဖျော်ရည်ပါ။ အမောပြေစေသလို ခေါင်းမူးတာ ခေါင်းကိုက်တာတွေကိုလည်း သက်သာစေနိုင်ပါတယ်။ ပျားသံပုရာရည် ဒီလို ဖျော်ပါ ပျားသံပုရာရည် ဖျော်ဖို့ဆိုရင် သံပုရာရည် လက်ဖက်ရည်ဇွန်း (၂) ဇွန်း သဘာဝ ပျားရည် စစ်စစ် လက်ဖက်ရည်ဇွန်း (၁) ဇွန်း ရေအေး ဒါမှမဟုတ် ရေနွေး တစ်ဖန်ခွက်စာ […]


အာဟာရဆိုင်ရာ အချက်အလက်များ

မြင်းခွာရွက် ဘယ်လို ဆေးဖက်ဝင်သလဲ .......

မြင်းခွာရွက် လို့ဆိုလိုက်ရင် မသိသူ၊ မမြင်ဖူးသူရယ်က ခပ်ရှားရှားပါ။ နေ့စဉ် စားသောက်မှုမှာ မပါပေမယ့် တစ်ပတ်ကို ၂ ကြိမ်လောက်တော့ စားမိနိုင်တဲ့ အရွက် တစ်မျိုးပါ။ တို့စရာ အနေနဲ့ တို့တို့၊ ဟင်းခါးပဲ ချက်သောက်သောက်၊ သုပ်ပြီးပဲ စားစား၊ ဖျော်ပဲသောက်သောက်၊ အရွက်ကို အခြောက်ခံပြီး အကျရည်ထဲပဲ ထည့်သောက်သောက် သောက်ဖြစ်ကြတဲ့ မြင်းခွာရွက်လေးက ဆေးဖက်ဝင်တယ်ဆိုတာကိုလည်း သိထားပြီး ဖြစ်မယ် ထင်ပါတယ်။ ဒီတစ်ခေါက်တော့ မြင်းခွာရွက်က ဆေးဖက်ဝင်တယ်လို့တော့ ကြားဖူးတယ်။ ဘယ်လို ဆေးဖက်ဝင်တာလဲဆိုတာကို သေသေချာချာ မသိဘူးဆိုသူတွေအတွက် မြင်းခွာရွက်လေးက ဘယ်လို ဆေးဖက်ဝင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ မြင်းခွာရွက် ဆိုတာ မြင်းခွာရွက်ဆိုတဲ့နေရာမှာ အရွက်ခပ်ဖားဖား ယပ်တောင်လေးလို ပုံစံရှိပြီး အရိုးတံရှည်ရှည် ပွပွလေးနဲ့ မြင်းခွာရွက် ရှိသလို အရွက်ဝိုင်းဝိုင်းထူထူလေးနဲ့ တို့စားလို့ကောင်းတဲ့ ဆေးမြင်းခွာ ဆိုတာလည်း ရှိပါတယ်။ မြင်းခွာရွက်ကို […]


ကျန်းမာစွာချက်ပြုတ်ခြင်း

နှမြောစာ များနဲ့ အဝလွန်ခြင်း

နှမြောစာ ဆိုတာက စားလို့မကုန်တဲ့ အစားအစာတွေပါ။ အထူးသဖြင့် မနက်ဆို တစ်အိုးကြီး ချက်ပြီး ညဆို စားမနိုင်ဘဲ ကျန်နေတာမျိုးပေါ့။ ဒီလိုမျိုး ကျန်နေတဲ့အခါ လွှင့်ပစ်ရမှာလည်း နှမြောတဲ့အတွက် အတင်းသွပ်ပြီး စားမိတာမျိုးပေါ့။ ဒါမျိုးက ရေရှည်မှာ မကောင်းပါဘူး။ နှမြောစာ တွေ ဘယ်ကရ မိုးလင်းပြီဆိုတာနဲ့ အိုးကြီး အိုးငယ်နဲ့ ချက်၊ အိမ်မှာ ရှိတဲ့ သူထက် ပိုပိုသာသာ ချက်မိတဲ့အခါ ညဘက်လောက်ဆို ဟင်းတွေ ပိုလာပါပြီ။ အဓိက အကြောင်းရင်းကတော့ အိမ်ရှိလူထက် ပိုချက်ထားတာ ဟင်းစားတွေ တန်တယ်ဆိုပြီး လိုလိုမလိုလို ဝယ်ပြီး ပိုချက်ထားတာ ဧည့်သည်လာခဲ့ရင်  ကျွေးစရာ မရှိမှာစိုးလို့ ပိုချက်ထားတာ တစ်ခါတလေ ဘာရယ်မဟုတ် ဟင်းနည်းနေတဲ့အခါ သူစားနိုး၊ ကိုယ်စားနိုးနဲ့ အချင်းချင်း ညှာပြီး ညကျ ဟင်းတွေ  […]


အာဟာရဆိုင်ရာ အချက်အလက်များ

ညောင်ရွက် စားလို့ရလား ......

ညောင်ရွက်၊ ညောင်ပင်စတာတွေက မြန်မာလူမျိုးတွေ နဲ့ အိန္ဒိယ လူမျိုးတွေအတွက် အထွတ်အမြတ်ထားရာ အပင်တစ်ခုပါ။ ဗုဒ္ဓဘုရား ပွင့်တော်မူခဲ့တာကြောင့် ဗောဓိညောင်ကို အလေးအမြတ်ထားကြတာပါ။ တကယ်ကတော့ ညောင်ပင်က ဘာသာတရားအရ အရေးပါသလို ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပေးပါတယ်။ ညောင်ရွက်လေးက ကျန်းမာရေးအတွက် ဘယ်လို အထောက်အကူပြုပေးလဲဆိုတာကို ဆောင်းပါးလေးထဲမှာ အတူတူ ကြည့်လိုက်ရအောင်လား။ ညောင်ရွက် ဆိုတာ ညောင်ပင်ကတော့ အထူးအထွေ ပြောစရာ မလိုအောင်ကို မြင်ဖူး၊ ရင်းနှီးပြီးသား ဖြစ်မှာပါ။ ညောင်ပင်ရဲ့ အရွက်ကို ညောင်ရွက်လို့ ခေါ်တာပါ။ ညောင်ပင်တွေက နှစ်ပေါင်း ရာနဲ့ချီပြီး ရှင်သန်နိုင်ပါတယ်။ အမြင့်ပေ ၂၁ မီတာ အထိ မြင့်ပါတယ်။ အလေးအမြတ်ထားရသလို အရိပ်လည်း ရပါတယ်။ ညောင်ပင်က အရွက်တင် မဟုတ်ဘဲ လေရှူမြစ်တွေ၊ အခေါက်၊ အမြစ်၊ အသီး၊ အဖူးတွေကလည်း ဆေးဖက်ဝင်ပါတယ်။ ညောင်ရွက် […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Nyi Nyi Kyaw

အာဟာရပညာရှင် • Sakura Hospital

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း