နွေရာသီမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒါတွေစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 22, 2020 . 2 mins read
Share now

နွေရာသီမှာ အပူဒဏ်ကြောင့် အန္တရာယ်မဖြစ်စေဖို့ ဒါတွေစားပါ

ရာသီဥတုတွေဟာ ကိုယ့်ရဲ့ကျန်းမာရေးအပေါ်မှာ အများကြီး သက်ရောက်မှု ရှိပါတယ်။ နွေရာသီမှာ ပူလွန်းတာကြောင့် သွေးဖိအားမြင့်တက်ပြီး ဦးနှောက်သွေးကြော ထိခိုက်ခြင်း၊ သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း၊ မိတ်ပေါက်ခြင်း၊ အသားအရေနီရဲခြင်း၊ အပူနာတွေ ထွက်ခြင်းတွေ ဖြစ်နိုင်ပါတယ်။ ဒီလိုပြဿနာတွေကို ကာကွယ်နိုင်ဖို့အတွက် အစားအစာတွေ စားပေးဖို့ လိုအပ်ပါတယ်။ အစားအစာမှာ ပါဝင်တဲ့ အာဟာရဓါတ်တွေဟာ နွေရာသီအပူဒဏ်ကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်ပါတယ်။ ဘာတွေစားရမလဲဆိုတာ Hello ဆရာဝန်ကနေ မျှဝေလိုက်ပါတယ်။

သခွားသီး

သခွားသီးမှာ ရေဓါတ်များများ ပါဝင်တာကို ခံစားမိမှာပါ။ သခွားသီးစားလိုက်ရင် ရေများများထွက်လာတာကို သတိထားမိမှာပါ။ ပူပြင်းလွန်းတဲ့ နွေရာသီမှာ ရေဓါတ်များများ လိုအပ်တာကြောင့် အရည်ရွှမ်းလွန်းတဲ့ သခွားသီး စားပေးပါ။ သခွားသီးမှာ pectin လိုမျိုး အမျှင်ဓါတ်တွေ ပါဝင်ပြီး ကိုလက်စထရောကို လျှော့ကျတာမို့ နှလုံးကျန်းမာရေးကိုလည်း တိုးတက်စေပါတယ်။

ဖရဲသီး

ဖရဲသီးကတော့ နွေရာသီမှာ မဖြစ်မနေ စားဖို့ လိုအပ်တဲ့ အသီးပါပဲ။ ဘာလို့လဲဆိုတော့ ဖရဲသီးဟာ ရေဓါတ်များများ ပေးနိုင်တဲ့ စူပါဟီးရိုးအသီးတစ်မျိုး ဖြစ်တာကြောင့်ပါ။ ရေဓါတ်များများ ပါဝင်ခြင်းဟာ ခန္ဓါကိုယ် စွမ်းအင်တွေ ပြည့်စေပြီး Lycopene လည်းပါဝင်တာကြောင့် နေရောင်ကြောင့် အသားအရေ ဆဲလ်တွေ ပျက်စီးခြင်းကို ကာကွယ်ပေးပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ် ချိုချိုအေးအေးလေး သောက်ရင်တော့ နွေရာသီမှာ အမောပြေမှာပါ။ ဒါ့အပြင် ဒိန်ချဉ်ရဲ့ အကျိုးကျေးဇူးတွေလည်း ရရှိမှာပါ။ ဒိန်ချဉ်မှာ ပရိုတင်းတွေ ပါဝင်တာကြောင့် အစားစားချင်စိတ်ကိုလည်း မြှင့်တင်ပေးပါတယ်။ အဆီပါဝင်မှု နည်းပြီး ပရိုတင်းဓါတ်ပါဝင်တာကြောင့် အစာခြေစနစ်လမ်းကြောင်းကိုပါ ကောင်းစေပါတယ်။

လိမ္မော်သီး

လိမ္မော်သီးမှာ ပိုတက်စီယမ် များများပါဝင်တာကြောင့် နွေရာသီမှာ စားပေးဖို့ လိုပါတယ်။ ပိုတက်စီယမ်က ချွေးထွက်ခြင်းကို လျှော့ချပေးပြီး ကြွက်သားတွေ တောင့်တင်းခြင်းကနေ လျော့ကျစေပါတယ်။ လိမ္မော်သီးမှာ (၈၀) ရာခိုင်နှုန်း ရေဓါတ်ပါဝင်တာကြောင့် ရေဓါတ်ခမ်းခြောက်ခြင်းတွေ မဖြစ်စေဘဲ ဖျားနာခြင်းတွေပါ ကင်းစေမှာပါ။

Green Tea

Green Tea တွေကတော့ ကျန်းမာရေးအတွက် ကောင်းစေတာ သိပြီးသား ဖြစ်မှာပါ။ ရေဓါတ်လည်း များများ ရပြီး နှလုံးကျန်းမာရေး၊ ကိုလက်စထရော ပမာဏ၊ ဇီဝဖြစ်စဉ်တွေကို ကောင်းမွန်စေပါတယ်။ နွေရာသီမှာ ပူတာမျိုး မသောက်ချင်ဘူးဆိုရင်တော့ ရေအေးလေးနဲ့ သောက်တာမျိုး လုပ်ပေးနိုင်ပါတယ်။

ဒီအစားအစာလေးတွေ စားပေးမယ်ဆိုရင်တော့ နွေရာသီမှာ ဖြစ်တတ်တဲ့ ပြဿနာတွေကို လျှော့ချပေးနိုင်မှာပါ။ နွေရာသီမှာ တတ်နိုင်သလောက် နေပူရှောင်ဖို့ အကြံပေးပါရစေ။ နေပူထဲ ထွက်မယ်ဆိုရင်လည်း ဦးထုပ်၊ ထီး၊ အင်္ကျီလက်ရှည်အစရှိတဲ့ အကာအကွယ်တွေ ယူပါ။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ချစ်တင်းမနှောခင် စားစေချင်

လိင် စွမ်းဆောင်ရည်ကို မြှင့်တင်ချင်၊ ကျေနပ်စရာစိတ်ခံစားချက်မျိုးကို ပိုင်ဆိုင်ချင်ရင် ချစ်တင်းမနှောခင် ခုအစားအစာတွေကို မှီဝဲကြည့်ဖို့ လိုအပ်ပါလိမ့်မယ်

ရေးသားသူ Ye Zon Aung

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

အစားအသောက်ကနေ  ပိုးကူးစက်ပြီး အစာအဆိပ်သင့်တာက အဖြစ်များပါတယ်။ ဝယ်ယူတာကစပြီး စားတာအထိ သန့်သန့်ရှင်းရှင်း လုပ်မယ်ဆိုရင် ပိုးကူးစက်မှုကို လျှော့ချနိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

မိန်းမကိုယ်မှာပေါက်တဲ့ ဝက်ခြံ သက်သာစေဖို့

မိန်းမကိုယ်မှာ ဝက်ခြံပေါက်တာက လေဒီလေးတွေအတွက် အတော်လေး ခံရခက်တဲ့ ကိစ္စတစ်ခုပါ။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကလေးထိန်း ပြီး ဝိတ်ချမလား

မိခင်တစ်ယောက်ဟာ သာမန် ပေါ့ပေါ့ပါးပါး ကလေးထိန်း တဲ့ လုပ်ငန်းဆောင်တာတွေကြောင့် တစ်နေ့ကို ကယ်လိုရီ ၁၄၄-၂၀၀ ဝန်းကျင်လောက် လောင်ကျွမ်းနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကြောက်ရွံ့နေတာတွေ ကို သက်သာစေဖို့

ကြောက်ရွံ့နေတာတွေ ကို သက်သာစေမယ့် အစားအသောက်များ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
eat for sleep debt

ညအိပ်ရေးပျက် လို့ စိတ်ပန်းလူပန်းဖြစ်နေရင် ဒါတွေစားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 11, 2021 . 2 mins read