backup og meta

ချစ်ရတဲ့ မေမေဖေဖေတို့ကို ကျန်းမာရေးလက်ဆောင်ပေးလို့ရတယ်ဆိုတာ မေ့နေတာလား


Aye Thi Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တန်ဆောင်တိုင်ဂါရဝပြုလက်ဆောင်လို့ပြောလိုက်ရင် လူတိုင်းလိုလိုပြေးမြင်တာက စားစရာတွေနဲ့ အဝတ်အစား အသုံးအဆောင်တွေပါ။ စားကောင်းတာတွေနဲ့ ဝတ်ကောင်းစားလှတွေက ချစ်ခြင်းမေတ္တာကိုဖော်ထုတ်တဲ့အရာတွေလို့ အများက လက်ခံယူဆထားပုံရပါတယ်။ တကယ်တော့ ချစ်ခြင်းမေတ္တာကိုဖော်ပြတဲ့အခါ စားကောင်းသောက်ဖွယ်တွေနဲ့ အသုံးအဆောင်တွေအပြင် ကျန်းမာရေးစောင့်ရှောက်မှုကလည်း အထိရောက်ဆုံးဖော်ပြနိုင်မှာပါ။

    ကိုယ်ချစ်ရတဲ့သူတွေကို ကျန်းကျန်းမာမာအသက်ရှည်ရှည်နေစေချင်တဲ့ဆန္ဒလူတိုင်းမှာရှိမှာပါ။ ဒီဆန္ဒကိုပြည့်မြောက်စေဖို့က အစားအသောက်နဲ့ အသုံးအဆောင်တွေနဲ့တင် မလုံလောက်ပါဘူး။ ကျန်းမာရေးစောင့်ရှောက်မှုပါလုပ်ပေးဖို့လိုဦးမှာပါ။ ဒါဆိုတန်ဆောင်တိုင်ကာလမှာ ချစ်ရတဲ့သူတွေကို ဂါရဝပြူဖို့ စဉ်းစားရခက်နေတယ်ဆိုရင်တော့ ဒီဆောင်းပါးလေးကနေ လမ်းညွှန်ပါရစေ။

    တန်ဆောင်တိုင်အတွက် ကျန်းမာရေးဂါရဝ….

    သီတင်းကျွတ်တုန်းက မကန်တော့ရသေးလို့ဖြစ်ဖြစ် သီတင်းကျွတ်မှာ ကန်တော့ပြီးပေမယ့် တန်ဆောင်တိုင်မှာ မှတ်မှတ်ရရလက်ဆောင်ပေးချင်လို့ဖြစ်ဖြစ်မေမေဖေဖေတို့အပါအဝင် ချစ်ခင်ရသူတွေကို မတူတဲ့လက်ဆောင်တစ်ခုခုပေးချင်တယ်ဆိုရင် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ အသုံးအဆောင်တွေပြင်ဆင်ပေးလို့ရပါတယ်။

    ကျန်းမာရေးဆိုတဲ့နေရာမှာ အစာအာဟာရအပြင် ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းတွေပါပေးလို့ရတာပါ။ ကိုယ်ကန်တော့မယ့်သူက ဆီးချိုရှိနေယ်ဆိုရင်သွေးချိုတိုင်းစက်၊သွေးပေါင်ချိန်စက်အပြင် ဆီးချိုရှိသူတွေအတွက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ဖြည့်စွက်အာဟာရတွေကိုပါ ကန်တော့လို့ရပါသေးတယ်။ ဒါဆိုရင် အသင့်တော်ဆုံးကဘာများဖြစ်မလဲ ကိုယ်တိုင်လေးရွေးချယ်ကြည့်နော်။

    ဆေးဝါး

    ရောဂါတစ်ခုခုရှိမှ မဟုတ်ဘဲနေအိမ်တိုင်းမှာဆောင်ထားသင့်တဲ့ဆေးဝါးလေးတွေရှိပါတယ်။ လူကြီးတွေရှိနေတဲ့နေအိမ်တွေမှာဆိုရင်ဆေးဝါးတွေကမဖြစ်မနေလိုအပ်မှာပါ။

    အာဟာရ

    အသက်အရွယ်ကြီးရင့်လာတဲ့လူကြီးမိဘတွေမှာ အာဟာရလိုအပ်ချက်ပိုများနိုင်သလို ကိုယ်ခံအားကလည်းနည်းလာကြပါပြီ။ ဒီလိုအခြေအနေမှာ ကိုယ်ခံအားနည်းတာကြောင့်ရောဂါတွေထပ်တိုးခံစားရတာမျိုးမဖြစ်စေဖို့အတွက် လိုအပ်တဲ့ အာဟာရတွေကိုဖြည့်တင်းပေးနိုင်မှာပါ။

    • ဖြည့်စွက်အာဟာရ
    • အခွံမာသီး
    • အစေ့အဆန်
    • သစ်သီး
    • စားစရာ (ကွတ်ကီး၊ပေါင်မုန့်၊ ကိတ်မုန့် စတာတွေပါ)
    • သောက်စရာတွေ (ကော်ဖီမှုန့်၊ လက်ဖက်ရည်၊ လက်ဖက်ခြောက်၊ အချိုသိပ်မများတဲ့ အချိုရည်တွေ) ကိုလည်းကန်တော့လို့ရပါတယ်။

    ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်း

    ငယ်ငယ်တုန်းက သိပ်မသိသာပေမယ့် အသက်ကြီးလာတဲ့အခါ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ဆောင်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဆေးခန်းကိုနေ့တိုင်းသွားဖို့က မဖြစ်နိုင်ပါဘူး။ ဒီတော့သွေးချိုတိုင်းတာလောက်၊သွေးပေါင်ချိန်တာလောက်၊ပေါင်ချိန်တာလောက်ကိုနေအိမ်မှာပဲလုပ်နိုင်မယ်ဆိုရင် အဆင်ပြေတာပေါ့။ ဒီတော့ ကိုယ်ချစ်ရတဲ့ ဖိုးဖိုးဖွားဖွားကစလို့ဖေဖေမေမေတို့အပါအဝင် ချစ်ခင်ရတဲ့လူကြီးမိဘတွေကို တန်ဆောင်တိုင်မှာ သူမတူတဲ့ ဂါရဝအနေနဲ့

    • သွေးချိုဆီးချိုရှိနေမယ်ဆိုရင်သွေးချိုတိုင်းစက်
    • သွေးတိုးရှိနေမယ်ဆိုရင်သွေးပေါင်ချိန်စက်
    • ကိုယ်အလေးချိန်တိုးလာလားကျသွားလား သိနိုင်စေဖို့ပေါင်ချိန်စက်
    • ကြွက်သားတွေနာကျင်ကိုက်ခဲတဲ့အခါ အလွယ်တကူ အသုံးပြုနိုင်စေဖို့ လျှပ်စစ်ရေနွေးအိတ်
    • အဖျားတိုင်းနိုင်စေဖို့ ဒစ်ဂျစ်တယ် အဖျားတိုင်းတံ
    • ဒူးစွပ် အပါအဝင် အခြားသီးသန့်လိုအပ်မယ့်ကျန်းမာရေးအသုံးအဆောင်တွေကို ဝယ်ပေးလို့ရပါတယ်။

    အချစ်ရဆုံးသူတွေကို ကျန်းမာရေးလက်ဆောင်ပေးတယ်ဆိုတာက သက်ဆုံးတိုင်တူတူနေချင်တယ်ဆိုတဲ့သဘောဖြစ်သလို ချစ်ခြင်းမေတ္တာကို အလေးအနက်ဖော်ပြရာလည်းရောက်ပါတယ်။ ဒါကြောင့် တန်ဆောင်တိုင်မှာ ချစ်ခင်ရသူတွေကို ကျန်းမာရေးစောင့်ရှောက်မှုပစ္စည်းလေးတွေ လက်ဆောင်ပေးလို့ ချစ်ခြင်းမေတ္တာကိုဖော်ပြလိုက်ပါ။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 14/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement