backup og meta

ဘက်တီးရီးယားကာကွယ်ပေးတဲ့ လူကြီးသုံးသေးခံတွေကို ဘာကြောင့်အသုံးပြုသင့်တာလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘက်တီးရီးယားကာကွယ်ပေးတဲ့ လူကြီးသုံးသေးခံတွေကို ဘာကြောင့်အသုံးပြုသင့်တာလဲ။

    ဆီးထွက်ကျတယ်ဆိုတာ ကလေးဘဝတုန်းကတော့ သိပ်ပြဿနာမရှိပေမဲ့ အသက်ကြီးလာရင် တော်တော်လေးကို စိတ်ညစ်ဖို့ ကောင်းတဲ့ ပြဿနာတစ်ခုပါ။ အသက်ကြီးလာလို့၊ ကိုယ်ဝန်ရင့်လာလို့၊ ရောဂါတစ်ခုခုရှိလို့ ဆီးမနိုင်တာဖြစ်နိုင်သလို ကာလကြာရှည်အိပ်ရာထဲလဲနေရတဲ့အတွက် ကိုယ်တိုင်မသွားနိုင်တာကြောင့် ဆီးတွေ ဝမ်းတွေ အိပ်ရာထဲတင်ဖြေရှင်းနေရတဲ့ ပြဿနာတွေလည်းရှိနိုင်ပါတယ်။ ဒီလိုဆီးမနိုင်တဲ့ပြဿနာ ဆီးဝမ်းတွေ အိပ်ရာထဲမှာပဲ ဖြေရှင်းရတဲ့ပြဿနာတွေက ခံစားရတဲ့သူအတွက် ဒုက္ခများသလို ပြုစုစောင့်ရှောက်ပေးရတဲ့သူတွေအတွက်လည်း မသက်သာပါဘူး။

    ဘယ်လိုလူတွေမှာ ဆီးမထိန်းနိုင်တဲ့ ပြဿနာ အဖြစ်များလဲ။

    ၁။ စိတ်ဖိစီးမှု များတဲ့သူတွေ၊ အဝလွန်သူတွေ

    ၂။ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ပိတ်ဆို့ခြင်း၊ ဆီးနှင့် ပတ်သက်တဲ့ ရောဂါတစ်ခုခု ရှိနေတာ

    ၃။ ဆီးကျိတ်ကြီးနေတဲ့ အမျိုးသားတွေ၊ ဆီးကျိတ်ကင်ဆာ ဝေဒနာရှင်တွေ

    ၄။ ဆီးချိုရောဂါဦးနှောက်အာရုံကြောရောဂါ၊ ပါကင်ဆန်ရောဂါ ရှိနေသူတွေ

    ၅။ ကိုယ်ဝန်ဆောင်မိခင်တွေ ကိုယ်ဝန်ဆောင်နေစဉ်၊ မီးဖွားပြီးခါစချိန်

    ၆။ သွေးဆုံးပြီးအမျိုးသမီးတွေနဲ့ သားအိမ်ထုတ် ခွဲစိတ်ထားတဲ့ အမျိုးသမီးတွေ

    ၇။ ဆေးလိပ်အလွန်အကျွံသောက်တဲ့သူတွေ

    ၈။ နာတာရှည်ရောဂါရှိတဲ့သူတွေ၊ ကျောက်ကပ်မကောင်းတဲ့သူတွေ

    ၉။ အသက်အရွယ်ကြောင့် ဆီးမနိုင်တော့တာ

    ၁၀။ အိပ်ယာထဲ လဲနေတဲ့ လူကြီးတွေ၊ လေဖြတ်နေတဲ့သူတွေ အိမ်သာကို ထသွားထလာလုပ်ဖို့ ခက်တာကြောင့် ဆီး၊ ဝမ်း မထိန်းနိုင်ဘဲ ထွက်ကျတတ်ပါတယ်။

    ဆီးယိုထွက်တဲ့အခါ အဝတ်အစားတွေ အနံ့စွဲပြီး မှိုဘက်တီးရီးယားပိုးတွေ စွဲကပ်မယ်။ လူကြီးမိဘတွေကို ပြုစုနေရတဲ့သူတွေအတွက်လည်း သန့်ရှင်းရေးလုပ်ရတာ ပိုပြီး ခက်ခဲနိုင်တယ်။ ခရီးသွားနေတဲ့အချိန်မှာ ဆိုရင်လည်း ကိုယ့်အဝတ်အစားက ဆီး၊ ဝမ်းနံ့ နံနေတော့ ကိုယ်အပြင် တခြားသူတွေအတွက်ပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဆီးမထိန်းနိုင်တဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် ဆေးကုသမှုတွေလုပ်ဆောင်ရမှာဖြစ်ပေမယ့် လတ်တလောမှာ ဆီးပူလောင်ဝမ်းပူလောင်ပြီး အရေပြားပြဿနာတွေဖြစ်တာ၊ အနံ့ဆိုးတွေဖြစ်တာ၊ ပြုစုပေးရတဲ့သူအတွက် မသက်မသာနဲ့ ဝန်ထုပ်ဝန်ပိုးဖြစ်ရတာတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းကတော့ ပိုးသတ်ထားတဲ့ လူကြီးသုံးသေးခံ ဝတ်ဆင်ဖို့ပါ။

    လူကြီးသုံးသေးခံ ဝတ်ရခြင်းရဲ့ ကောင်းကျိုးတွေ

    ၁။ လူကြီး၊ လူငယ် မရွေး ဆီးမထိန်းနိုင်တဲ့ ဝေဒနာ ခံစားနေရတယ်ဆိုတာ၊ ဆီးထသွားရဖို့ အခက်အခဲရှိနေတာ၊ ခရီးသွားနေတဲ့အချိန် ရုတ်တရက် အပေါ့အပါးသွားချင်လာလို့ ကားရပ်လို့ မရတဲ့အခါမှာ လူကြီးသုံးသေးခံ ဝတ်ဆင်ခြင်းခြင်းအားဖြင့် ကိုယ်တိုင်လည်း သက်တောင့်သက်သာရှိ တခြားလူတွေကိုလည်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေဘဲ ဖြေရှင်းနိုင်ပါတယ်။

    ၂။ လေဖြတ်နေတဲ့သူတွေ၊ ခြေထောက်မသန်တဲ့သူတွေအစရှိသဖြင့် အိပ်ရာကို အဖော်လုပ်နေရသူတွေအနေနဲ့လည်း ဆီးသွားချင်ရင် အိမ်သာကို ထသွား၊ ထလာ လုပ်စရာမလိုဘဲ အလွယ်တကူ အပေါ့အပါး သွားလို့ အဆင်ပြေစေတယ်။ အဝတ်အစားတွေ ပေကျံနေမှာ၊ ကွက်ပြီး ယိုစိမ့်နေတာ၊ အနံ့အသက်စွဲမှာ ပူစရာမလိုပါဘူး။ ပြုစုပေးရတဲ့သူတွေအတွက်လည်း ဆီးတွေဝမ်းတွေပေကျံနေတဲ့အဝတ်အစားတွေကို လဲလှယ်ပေးရတာ၊ ဆီးဝမ်း အနံ့ဆိုးတွေနဲ့ ပြုစုပေးနေရတာမျိုးမရှိတော့ဘူးပေါ့။

    ၃။ ကိုယ်ဝန်ရင့်လာတာနဲ့အမျှ ဆီးသွားစိတ်လာလို့ ကိုယ်ဝန်ကြီး တကားကားနဲ့ မကြာခဏအိမ်သာသွားနေရတာ မလွယ်ကူတဲ့ ကိုယ်ဝန်ဆောင်တွေလည်း အသုံးပြုနိုင်ပါတယ်။

    ၄။ ဝတ်ရပြုရအလုပ်မရှုပ်တဲ့ ဘောင်းဘီအမျိုးအစားကို အသုံးပြုမယ်ဆိုရင် လွယ်ကူသက်တောင့်သက်သာရှိပြီး လဲရပြုရတာလည်းအရမ်းလွယ်ကူပါတယ်။

    လူကြီးသုံးသေးခံရွေးချယ်မယ်ဆိုရင် ဘက်တီးရီးယားကာကွယ်ပေးတဲ့သေးခံကို ဘာလို့ ရွေးချယ်သင့်တာလဲ။

    သေးခံအမျိုးအစားတွေအများကြီးထဲကမှ ဘက်တီးရီးယားကာကွယ်ပေးတဲ့သေးခံကို ရွေးချယ်သင့်တဲ့အကြောင်းရင်းတွေက

    • ဆီးစိုနေတဲ့ သေးခံအဝတ်ကို အကြာကြီးဝတ်ထားလို့ အရေပြားဆီးပူလောင်တာမျိုး မဖြစ်စေပါဘူး။
    • ဘက်တီးရီးယားကာကွယ်ပေးနိုင်တဲ့အာနိသင်ကြောင့် သေးခံအဝတ်မှာ ကျန်ခဲ့တဲ့ ဘက်တီးရီးယားပိုးမွှားတွေကို သေစေပြီး အနံ့အသက် ကင်းစေတယ်။ အရေပြားပြဿနာတွေမဖြစ်လာအောင် ကာကွယ်ပေးတယ်။
    • ယိုစိမ့်တာမျိုး၊ အဝတ်အစားတွေ ကွက်နေတာမျိုး ဖြစ်မှာလည်း စိုးရိမ်စရာမလိုပါဘူး။ အတွင်းခံလိုမဟုတ်ဘဲ ဝတ်ထားတဲ့အခါမှာ လူကြီးတွေအတွက် သက်တောင့်သက်သာ ဖြစ်စေတယ်။

    သေးခံအမျိုးအစားတွေက ဆီးတွေဝမ်းတွေကို စုပ်ယူထားပေးတာမှန်ပေမယ့် ဘက်တီးရီးယားကာကွယ်ပေးတဲ့အမျိုးအစားကတော့ ဘက်တီးရီးယားတွေကြောင့်ဖြစ်တဲ့အနံ့အသက်ဆိုးတွေ မဖြစ်ပေါ်စေတာနဲ့ အရေပြားပြဿနာတွေကို ကာကွယ်တာတွေမှာ ပိုကောင်းပါတယ်။

    ဘက်တီးရီးယားကာကွယ်ပေးတဲ့ လူကြီးသုံးသေးခံတွေက အမြဲအိမ်သာထတက်ဖို့ အဆင်မပြေတဲ့ ရောဂါရှင်တွေ၊ လူနာကို ပြုစုစောင့်ရှောက်နေတဲ့ မိသားစုဝင်တွေအတွက်လည်း အလုပ်ရှုပ်သက်သာပြီး သန့်ရှင်းရေးလုပ်ဖို့ လွယ်ကူချောမွေ့စေပါတယ်။ နူးညံ့တဲ့ချည်သားနဲ့ပြုလုပ်ထားတဲ့သေးခံတွေဆိုရင် လေဝင်လေထွက်ကောင်းစေတယ်။ သက်တောင့်သက်သာဖြစ်စေနိုင်ပါတယ်။ သေးခံက ခန္ဓါကိုယ်နဲ့ ကွက်တိဖြစ်နေမယ်ဆိုရင် ပေါင်ပွန်းခြင်း၊ ဆီးပူလောင်ခြင်း၊ အရေပြားပွန်းပဲ့ခြင်း မဖြစ်စေနိုင်ဘူး။ ယိုစိမ့်တာ ပေကျံတာမျိုးတွေလည်းမဖြစ်နိုင်ဘူး။ အရေးအကြီးဆုံးအချက်တစ်ခုကတော့ သေးခံမှာ Anti-bacterial အလွှာပါဝင်နေဖို့ပါ။ ဒီလိုပါဝင်နေမှုက အညစ်အကြေးမှာ ပါနေတဲ့ ဘက်တီးရီးယားတွေကို ကာကွယ်ပေးနိုင်ပြီး အနံ့အသက်ဆိုးတွေကိုပါ ထိရောက်စွာ လျှော့ချပေးနိုင်မှာပါ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement