ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

အသက်ကြီးလာတယ်ဆိုတာ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်နဲ့ စိတ်မှာ ဘယ်လိုတွေ ပြောင်းလဲလာသလဲ။ သင့်ကိုယ်သင် ကျန်းမာသန်စွမ်းအောင် ဘယ်လိုနေထိုင်မလဲဆိုတာ သိထားရင် အသက်ကြီးလာမှာကို ကြောက်စရာမလိုပါဘူး။ ဒီနည်းလမ်းတွေကိုတော့ ဒီစာမျက်နှာမှာ လေ့လာနိုင်ပါတယ်။ အသက်ကြီးလာပေမယ့် ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင်နေနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုပါတယ်။

ကျန်းမာရေးဗဟုသုတ

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း

ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ

ဆောင်းရာသီမှာ နေထိုင်မကောင်းဖြစ်တာက လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ကိုယ်ခံအား နည်းနေတဲ့ ကလေးလေးတွေ နဲ့ သက်ကြီးရွယ်အိုတွေမှာ ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နေထိုင်မကောင်းဖြစ်တာက ကိုယ်ခံအားနည်းသူတွေအဖို့မှာ တော်တော်ပြင်းပြင်းထန်ထန် ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အခုတစ်ခေါက်မှာတော့ ဆောင်းရာသီမှာ ကိုယ်ခံအားနည်းနေနိုင်တဲ့ ဘိုးဘိုးဘွားဘွားတို့ ဖျားနာမှု ကင်းအောင် ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ အကြောင်း ပြောပြပေးချင်ပါတယ်။  အသက်ကြီးလာတာနဲ့ အမျှ အရေးပါလာတဲ့ ကိုယ်ခံအား အသက်ကြီးလာတာနဲ့အမျှ ဖျားနာလာပြီဆိုရင် နလန်ထူဖို့ ပိုကြာလာတာကြောင့် အရွယ်ရလာလေလေ ကိုယ်ခံအား ကောင်းဖို့ လိုအပ်လာလေလေပါ။ ကိုယ်ခံအား ကောင်းမှလည်း ကူးစက်ရောဂါတွေ ကူးစက်ခံရမှုကနေ ကာကွယ်နိုင်မှာပါ။ ဒါကြောင့် အသက်ကြီးလာလေလေ ကျန်းမာပျော်ရွှင်ဖို့ ဆိုရင် ကိုယ်ခံအားကောင်းဖို့ လိုအပ်လာလေလေပါ။ ဆောင်းရာသီမှာ ဘိုးဘိုးဘွားဘွားတို့ လိုက်နာသင့်တဲ့ ကိုယ်ခံအားဖြည့် အလေ့အထများ ခုဆက်ပြောမယ့်အချက်တွေကတော့ […]

ကျန်းမာပျော်ရွှင်စွာ အသက်ကြီးခြင်း ကို ရှာဖွေမည်။

ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

လူကြီးသုံးသေးခံ ရွေးချယ်မယ်ဆိုရင် ဘောင်းဘီက အကောင်းဆုံးဆိုတာ ဘာကြောင့်လဲ။

ဇရာထောင်းရင် အကုန်ပြောင်းတယ်တဲ့။ ဟုတ်တယ်နော်။ ရုပ်ရည်သွင်ပြင်၊ ကျန်းမာရေး၊ ကိုယ်ခန္ဓါ ကြံ့ခိုင်မှု အားလုံး အားလုံး လူလတ်ပိုင်းတစ်ယောက်နဲ့မတူတော့ပါဘူး။ ဒီ ဇရာထောင်းလို့ ပြောင်းသွားတဲ့ ကိစ္စတွေမှာ ဘိုးဘိုးဘွားဘွားတိုင်း စိတ်ညစ်ရတဲ့ ကိစ္စတစ်ခုရှိပါတယ်။ ပြင်းထန်တဲ့ရောဂါတော့မဟုတ်ပေမယ့် သူတို့ရဲ့ လူနေမှု ဘဝကို ထိခိုက်စေတဲ့ ဆီးမထိန်းနိုင်တဲ့ ပြဿနာပဲဖြစ်ပါတယ်။ ညညအိပ်ရာထဲမှာ ဆီးသွားမိတာပဲ ဖြစ်ဖြစ် ၊ ဆီးသွားချင်တာနဲ့ ဆီးပေါက်ချမိတာပဲဖြစ်ဖြစ် ဆီးမထိန်းနိုင်တဲ့ ပြဿနာကို အသက်ကြီးလာတဲ့ ဘိုးဘိုးဘွားဘွားတိုင်း ခံစားရလေ့ရှိပါတယ်။ ရောဂါရဲ့ သက်ရောက်မှုကြောင့်ဖြစ်နိုင်သလို အသက်အရွယ်ကြောင့် ကြွက်သားတွေ အားနည်းလာလို့ ဆီးမထိန်းနိုင်တာတွေဖြစ်နိုင်ပါတယ်။ ဘယ်သူကတော့ ဆီးထွက်ကျတာ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်ချင်မလဲနော်။ ရှက်စရာလည်းကောင်းတယ်၊ စိတ်လည်းညစ်ရတယ်လေ။ ပြဿနာရှိရင် ဖြေရှင်းဖို့နည်းလမ်းဆိုတာ ရှိစမြဲဖြစ်တာကြောင့် ဆီးမထိန်းနိုင်လို့ ၊ ဆီးပေါက်ချမိလို့ စိတ်ညစ်နေရတဲ့ လူကြီးတွေအတွက် လူကြီးသုံးသေးခံ တွေ […]


အဖြစ်များသော လူကြီးရောဂါများ

နေပူဒဏ်ကို အဖိုးအဖွားတွေ ကျော်လွှားနိုင်အောင် ကူညီစောင့်ရှောက်ပေးရအောင်

နေပူဒဏ်ကို အဖိုးအဖွားတွေ ကျော်လွှားနိုင်အောင် ကူညီစောင့်ရှောက်ပေးရအောင်လား ....... ဒီလို ရာသီဥတု ပူနေတဲ့ အချိန်မှာ ကျန်းမာရေး ဒေါင်ဒေါင်မြည် နေတဲ့ လူငယ်တွေတောင် မခံနိုင်တာ၊ အသက်ကြီးတဲ့ အိမ်က အဖေအမေ နဲ့ အဖိုးအဖွားတွေဆို ပိုပြီး နွမ်းနယ်ရပါတယ်။ အထူးသဖြင့် အသက် ၆၅ နှစ် အထက် အရွယ်တွေဆို ပိုပြီး ထိခိုက်လွယ်ပါတယ်။ နေပူဒဏ်ကို အဖိုးအဖွားတွေ ကျော်လွှားနိုင်အောင် ကူညီစောင့်ရှောက်ပေးရအောင် လူကြီးတွေဟာ အပူချိန် ရုတ်တရက် ပြောင်းလဲမှုတွေမှာ လူငယ်တွေလို လိုက်မထိန်းညှိနိုင်ဘူး။ သူတို့မှာ အပူဒဏ် အပေါ် ခန္ဓာကိုယ်ရဲ့ တုံ့ပြန်နိုင်စွမ်းကို ပြောင်းလဲစေနိုင်တဲ့ ရောဂါအခံတွေ၊ နာတာရှည် ကျန်းမာရေး ပြဿနာ အခံတွေ ရှိနေတတ်တယ်လေ။ ဒါ့အပြင် သူတို့က ခန္ဓာကိုယ်ရဲ့ အပူချိန် ထိန်းညှိနိုင်စွမ်းကို ပျက်ယွင်းစေနိုင် […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အသက်ရလာပြီဖြစ်တဲ့ မေမေဖေဖေတို့နဲ့ ခရီးအတူသွားရင်အသုံးတည့်မယ့် နည်းလမ်းလေးများ

ငယ်ငယ်က ကိုယ်သွားချင်တဲ့နေရာတိုင်းကိုမေမေဖေဖေတို့ကလိုက်ပို့ပေးတယ်။ အရွယ်ရောက်လာတော့ သူငယ်ချင်းတွေနဲ့အတူသွားကြတာရှိပါတယ်။ ဒီလိုကနေတော်တော်လေးအရွယ်ရလာတော့ မိဘတွေကလည်း အသက်ရလာပြီဖြစ်တဲ့အတွက် သူတို့သွားချင်တဲ့နေရာကို ကိုယ်တွေကတစ်ခါပြန်ပို့ပေးရမယ့်အနေအထားကိုရောက်လာပြီနော်။ ဒါကိုက ဘဝရဲ့ လည်ပတ်မှုပဲမလား။ ဒီလိုမျိုး တစ်ပြန်တလှည့်ကိုယ်ကမေမေဖေဖေတို့သွားချင်တဲ့ရောတွေကို မိသားစုနဲ့အတူတူသွားရောက်လည်ပတ်နိုင်ဖို့ လိုက်ပို့ရတဲ့အခါ အဆင်ပြေတဲ့ ခရီးစဉ်လေးဖြစ်စေဖို့ ဘာတွေပြင်ဆင်ဖို့လိုမလဲ စဉ်းစားရခက်နေမယ်ဆိုရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။ အသက်ရလာပြီဖြစ်တဲ့မေမေဖေဖေတို့နဲ့ခရီးသွားတော့မယ်ဆိုရင် ကျွန်မတို့ မဖြစ်မနေသိထားရမှာက ကျွန်မတို့တွေအရွယ်ရောက်လာလေမေမေဖေဖေတို့ကလည်း အသက်အရွယ်ကြီးရင့်လာလေလေပါ။ ငယ်ရွယ်စဉ်ကလောက် မပေါ့ပါးတော့သလို စိတ်သွားတိုင်းလည်း ကိုယ်မပါကြတော့ပါဘူး။မေမေဖေဖေတို့ကရောဂါကြီးကြီးမားမားခံစားနေရတာမဟုတ်ရင်တောင် အိုမင်းလာကြပြီဆိုတာကိုတော့ သိထားဖို့ လိုပါမယ်။ ဒီတော့မေမေဖေဖေတို့အတွက် အဆင်ပြေဆုံးဖြစ်အောင် ခရီးစဉ်တစ်ခုကို စီစဉ်ပေးတော့မယ်ဆိုရင် ဒီအချက်လေးတွေကိုမေ့ထားလို့မဖြစ်ပါဘူး။ (၁) ခရီးစဉ်ကိုသေချာလေးရွေးချယ်ပါ မသွားခင်ကပြင်ဆင်ရမယ့်အချက်တစ်ခုပေါ့။ အရွယ်ရလာတဲ့မိဘတွေက ခရီးပန်းတဲ့ဒဏ်ကို အရမ်းမခံနိုင်တော့ပါဘူး။ ဒီတော့ အရမ်းဝေးတဲ့ခရီးစဉ်တွေကိုမစီစဉ်ပါနဲ့။ အပန်းမပြေဘဲ ပိုပင်ပန်းသွားနိုင်တာကြောင့်ပါ။ပေါ့ပေါ့ပါးပါးသွားနိုင်မယ့် ခရီးစဉ်ကိုသေချာလေးရွေးချယ်ပေးပါ။ (၂) အဝတ်အစားတွေသေချာလေးရွေးချယ်ပါ သွားရမယ့်နေရာနဲ့လိုက်ဖက်မယ့် အဝတ်အစားအသုံးအဆောင်တွေကိုသေချာလေးရွေးချယ်ပေးပါ။ အပူပိုင်းသွားတဲ့အခါ ချည်သားလက်ရှည်အေးအေးလေးတွေနဲ့ချွေးစုပ်မယ့်အဝတ်အစားမျိုး၊အေးတဲ့နေရာကိုသွားမယ်ဆိုရင်နွေးနွေထွေးထွေးဖြစ်စေမယ့်အဝတ်အထည်မျိုးကိုသေချာလေးရွေးထည့်ပေးပါ။ (၃) အလွယ်တကူစားလို့ရမယ့် အစားအစာလေးတွေထည့်ပါ လူကြီးတွေကလည်း ကလေးလေးတွေလိုပါပဲ။ ခရီးသွားနေရင်း ဗိုက်ဆာတာမျိုးဖြစ်နိုင်ပါတယ်။ ဆီးချိုလိုမျိုးရောဂါတစ်ခုခုခံစားနေရမယ်ဆိုရင်တော့သွေးချိုကျသွားတာမျိုးဖြစ်နိုင်တာကြောင့် […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

အကောင်းဆုံး လူကြီးသုံးသေးခံ ကို ဘယ်အချက်တွေနဲ့ ကြည့်ပြီး ရွေးချယ်ရမလဲ ။ ။

ညညဘက် အိပ်ရာထဲ ဆီးသွားတဲ့ ဖိုးဖိုးဖွားဖွားတွေ၊ ဆီးမထိန်းနိုင်တဲ့ ဖိုးဖိုးဖွားဖွားတွေ အိမ်မှာရှိပါသလား။ အသက်အရွယ်ကြောင့် ဆီးထိန်းကြွက်သားတွေ အားလျော့သွားလို့ ဆီးကိုမထိန်းနိုင်တာ၊ ရောဂါအခံတွေ ကြောင့် ဆီးမထိန်းနိုင်တဲ့ကိစ္စတွေ ပတ်ဝန်းကျင်မှာ ကြားဖူးနေကြကိစ္စတွေပါ။ ဒါဆို ကိုယ့်အိမ်က ဖိုးဖိုးဖွားဖွားတွေမှာ ဒီလို ဆီးမထိန်းနိုင်တဲ့ ပြဿနာရှိနေပြီဆိုရင် သူတို့အတွက် ဘယ်လို ဖြေရှင်းပေးကြမလဲ။ စိတ်မပူပါနဲ့။ ခုနောက်ပိုင်းမှာ ဆီးမထိန်းနိုင်တဲ့ လူကြီးတွေအတွက် ရည်ရွယ်ပြီး ထုတ်ထားတဲ့ လူကြီးသေးခံတွေရှိပါတယ်။ လူကြီးသေးခံဆိုလို့ တချို့က ဝယ်ရမှာ ၊ဝတ်ရမှာ ရှက်တတ်ကြပါတယ်။ ဒါဟာ ရှက်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ဆီးမထိန်းနိုင်လို့ ဆီးထွက်ကျရင်သာ ရှက်စရာနဲ့ စိတ်ညစ်စရာကောင်းတာမို့ ဒါတွေကို ကာကွယ်ပေးတဲ့ လူကြီးသေးခံကို ဝတ်ရမှာ၊ ဝယ်ရမှာ မရှက်သင့်ပါဘူး။ ဝတ်ထားတဲ့အခါမှာလည်း အများထင်သလို ဖုဖုဖောင်းဖောင်းကြီးနဲ့ သိသာနေတာမဟုတ်ဘဲ သက်တောင့်သက်သာနဲ့ […]


သက်ကြီးရွယ်အို အာဟာရ

ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာစေဖို့

အာဟာရပြည့်ဝမှုက သက်ရှိတိုင်းနဲ့ဆိုင်တဲ့ ကိစ္စရပ်တစ်ခုပါနော်။ ကလေးတွေမှ အာဟာရပြည့်ဝဖို့ လိုတာမဟုတ်ပါဘူး။ လူကြီးတွေလည်း အာဟာရပြည့်ဝဖို့ လိုပါမယ်။ များသောအားဖြင့် ဂရုစိုက်မိတတ်ကြတာက ကလေးလေးတွေ အာဟာရပြည့်ဝဖို့ကိုပဲ အာရုံစိုက်နေမိတတ်ကြတာပါ။ တကယ်တော့ မေမေဖေဖေ၊ဖိုးဖိုးဖွားဖွားတို့လည်း အာဟာရပြည့်ဝဖို့ လိုပါမယ်။ ဒါမှလည်း ကျန်းမာပြီး အသက်ရှည်စေမှာပါ။ ချစ်ရတဲ့ ဖေဖေမေမေနဲ့ ဖိုးဖိုးဖွားဖွားတွေ ကျန်းမာစေဖို့ အသက်ရှည်ရှည်နဲ့ပျော်ပျော်ရွှင်ရွှင်နေနိုင်စေဖို့ အာဟာရပြည့်ဝစေရေးအတွက်သေချာလေးဂရုစိုက်ပေးဖို့ပြောပါရစေ။ မဖြစ်မနေ သိထားရမယ့် အချက်တစ်ခုက ကိုယ့်ကမွေးတဲ့ရင်သွေးတွေမှ အရေးကြီးတာမဟုတ်ပါဘူး။ ကိုယ့်ကိုမွေးဖွားစောင့်ရှောက်ပေးခဲ့တဲ့ မေမေဖေဖေဖိုးဖိုးဖွားဖွားတို့ ကျန်းမာအာဟာရပြည့်ဝဖို့ ကလည်း အရေးကြီးပါတယ်နော်။ အရွယ်ရလာတာနဲ့အမျှ အာဟာရလိုအပ်ချက်မြင့်လာသလား အရွယ်ရောက်လာတာနဲ့အမျှ မဖြစ်ချင်ပေမယ့်လည်း အရိုးတွေရဲ့ သိပ်သည်းဆက ကျလာသလို ကြွက်သားတွေလည်း ဆုံးရှုံးစပြုလာပါပြီ။ မလိုအပ်ဘဲ ကြွက်သားနဲ့ အရိုးတွေဆုံးရှုံးမှုက လူကြီးတွေမှာ သွားလာရခက်ခဲစေနိုင်သလို ထိခိုက်ဒဏ်ရာရနိုင်ခြေကိုလည်း ပုံမှန်ထက်ပိုများစေနိုင်ပါတယ်။ ဒါ့အပြင်နောက်တစ်ခုက အရွယ်ရလာတာနဲ့အမျှ လူကြီးတွေက အသားအပါအဝင် အာဟာရရစေနိုင်တဲ့ […]


သက်ကြီးရွယ်အို အာဟာရ

ဖေဖေမေမေတို့အတွက် ကျန်းမာရေးလက်ဆောင်နဲ့ ဂါရဝပြုကြမယ်

ဝါလကင်းလွတ်တဲ့မြန်မာ့သီတင်းကျွတ်ကာလမှာ ချစ်ဖို့ကောင်းတဲ့ ဓလေ့ထုံးတမ်းတစ်ခုက ဘာဖြစ်မလဲ။ ကိုယ်တွေငယ်ငယ်တုန်းကမျှော်ခဲ့ရ၊ပျော်ခဲ့ရတဲ့အချိန်ပါနော်။ ကိုယ့်မိဘတင်မကဆွေမျိုးထဲက သက်ကြီးဝါကြီးတွေကို ချစ်ခင်လေးစားစိတ်နဲ့ ကန်တော့လက်ဆောင်ပေးကြတဲ့ဓလေ့ပါပဲ။ ကိုယ့်အိမ်က လူကြီးတွေကို အမျိုးတွေ လာကန်တော့ကြရင် ကိုယ်တွေမုန့်စားရသလို ကိုယ်တွေက သွားကန်တော့ကြရင် မုန့်ဖိုးတွေရတယ်လေ။ ဆီမီးတွေလင်းထိန်နေတဲ့ ညဘက်တွေမှာဆော့ရတယ်၊ သီတင်းကျွတ်ပွဲဈေးလျှောက်ဖို့ မိဘတွေကိုပူဆာရတာလည်းပျော်စရာ။ ဘာကြောင့်ပဲဆိုဆို လူကြီးမိဘတွေကို ကန်တော့လက်ဆောင်ပေးကြတဲ့ သီတင်းကျွတ်ရဲ့အစဉ်အလာက မိသားစုရဲ့အဓိပ္ပါယ်ပေါ်လွင်စေတဲ့ဓလေ့လေးဖြစ်ပါတယ်။ ကိုယ်တွေကြီးပြင်းလာတဲ့အခါကျတော့ရော ကလေးဘဝကလို ဒီပျော်စရာ၊ ချစ်စရာတွေမရှိတော့ဘူးလား။ပြန်တွေးကြည့်နော်။ ကိုယ်တိုင်ရှာတဲ့ငွေနဲ့ လူကြီးမိဘတွေအတွက် လိုအပ်မယ့်၊ အသုံးဝင်မယ့်ပစ္စည်းတွေဝယ်ပြီး အကောင်းဆုံးဖြည့်ဆည်းကန်တော့ရတာ အရင်ကထက် ပိုပျော်ဖို့ကောင်းမယ်ထင်တာပဲ။ ကလေးတုန်းကလို ကိုယ်မုန့်ဖိုးရဖို့ပဲတွေးမိမှာမဟုတ်ပါဘူး။ ကိုယ့်ကိုအရာရာဂရုစိုက်ဖြည့်ဆည်းပေးခဲ့တဲ့ဖေဖေမေမေတို့အတွက် အကောင်းဆုံးကျန်းမာရေးလက်ဆောင်ကိုပြင်ဆင်ကန်တော့နိုင်တဲ့ ပီတိက ဘာနဲ့မှလဲမရပါဘူး။ အားလုံးမတတ်နိုင်ရင်တောင်မေမေတို့ရဲ့ကျန်းမာရေးအတွက် တစ်စုံတစ်ရာအထောက်အကူပေးမယ့်တစ်ခုခုကို ကန်တော့နိုင်မယ်ဆိုလည်း ဝမ်းသာစရာပါပဲ။ ဘာလေးတွေနဲ့ ကန်တော့ရကောင်းမလဲ တွေးရခက်နေတယ်ဆိုရင် ဒါလေးတွေရှိတယ်ဆိုတဲ့အကြောင်း Hello ဆရာဝန်က မေတ္တာနဲ့ အကြံပေးလိုက်ပါမယ်နော်- အာဟာရဖြည့်စွက်စာ အသက်ကြီးလာတာနဲ့အမျှ အစားစားနိုင်စွမ်းနည်းလာတယ်၊ […]


သက်ကြီးပိုင်းစိတ်ကျန်းမာရေး

အိမ်က ဘိုးဘိုးဘွားဘွားတွေမှာ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ပျောက်ဆုံးခြင်း ရောဂါ တစ်မျိုး ။ ။

Long Term Memory loss ( ကိုယ့်ငယ်စဉ်က အမှတ်တရ တော်တော်များများကို မေ့သွားခြင်း) အတိတ်မေ့တယ်၊ သတိမေ့သွားတယ်။ ကိုယ်နဲ့ အရင်းအနှီးဆုံးသူတွေ၊ နဲ့ ကိုယ့်ငယ်ဘဝကိုတောင် မမှတ်မိတော့တဲ့ ပြဿနာက အယ်ဇိုင်းမား ရောဂါတစ်ခုတည်းရှိတာ မဟုတ်ပါဘူး။ Long term memory loss ကလည်း ဒီပြဿနာတွေကို ဖြစ်စေတဲ့ နောက်ထပ်အကြောင်းအရင်းတစ်ခုပါပဲ။ Long term memory ( ငယ်စဉ်ကာလ တည်းက သိမ်းထားတဲ့ ကာလကြာ မှတ်ဉာဏ်ဆိုတာဘာလဲ) Long term memory ဆိုတာ ငယ်စဉ်တည်းက အဖြစ်အပျက်တော်တော်များများရဲ့ အချက်အလက်တွေကို ဦးနှောက်ရဲ့ တစ်နေရာမှာ သိမ်းဆည်းထားတဲ့ မှတ်ဉာဏ်ဖြစ်ပါတယ်။ ဒီထဲမှာဆို အချက်အလက်တွေ၊ ရင်းနှီးမှုတွေနဲ့ အိမ်ကို ဘယ်လမ်းကပြန်ရမလဲဆိုတာကို မှတ်ထားတဲ့ မှတ်ဉာဏ်တွေပါပါတယ်။ Long term memory loss […]


သက်ကြီးရွယ်အို အာဟာရ

အသက်ကြီးတဲ့သူတွေ အဖြစ်များတဲ့ အသားဓါတ် လိုအပ်ချက်ကို ဘယ်လိုဖြေရှင်းမလဲ

အသားဓါတ် ဆိုတာ ကိုယ်ခန္ဓါ အတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတစ်မျိုး။ ကိုယ်ခန္ဓါကြီးထွားဖို့ ၊ သန်စွမ်းဖို့၊ အရိုးသန်မာဖို့အတွက် ပရိုတင်းဓါတ်တွေက မရှိမဖြစ်ပါ။ ပရိုတင်းဓါတ်ဆိုတာကလည်း တကူးတက လိုက်ရှာနေစရာ မလို။ နေ့စဉ် စားလိုက်တဲ့ အသားတွေကနေ ပရိုတင်းဓါတ်ရနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ amino acid တွေက ခုခံအားေကာင်းအောင်၊ အရိုးသန်မာအောင် ၊ ကြွက်သားတွေ သန်မာကျစ်လစ်အောင် လုပ်ဆောင်ပေးပါတယ်။ အသက်ကြီးတဲ့ သူတွေနဲ့ လူငယ်တွေမှာ စားလိုက်တဲ့ အစားအသောက်တွေထဲက ပရိုတင်းကို စုပ်ယူတာခြင်း မတူပါဘူး။ ဒါကြောင့် ကိုယ်ခန္ဓါ အတွက် လိုအပ်တဲ့ ပရိုတင်း ပမာဏကလည်း အသက်အရွယ်နဲ့ လိုက်ပြီး ကွဲသွားပါတယ်။ ပြီးတော့အသက်ကြီးတဲ့လူတွေက လူငယ်တွေထက် ပရိုတင်းရဖို့ ပိုလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတာကြည့်ရအောင်။ အသက်ကြီးလာရင် ပရိုတင်းတွေ ဘာကြောင့် နည်းလာရတာလဲ။ […]


ရုပ်ပိုင်းဆိုင်ရာ အိုမင်းခြင်း

သက်ကြီးပိုင်းတွေ ကားမောင်းတဲ့အခါ သိသင့်တဲ့အချက်များ

ကျွန်တော်တို့တွေ သက်ကြီးပိုင်းရောက်လာတာနဲ့အမျှ ကားမောင်းရတာလဲ တဖြည်းဖြည်း ခက်ခဲလာနိုင်ပါတယ်။ အသက်ကြီးလာရင် အမြင်အာရုံနဲ့ ရုပ်ပိုင်းဆိုင်ရာ စွမ်းရည်တွေ ကျဆင်းလာတဲ့အလျောက် ကားကို ငယ်ရွယ်စဉ်တုန်းကလောက် ချောချောမွေ့မွေ့ ကောင်းကောင်းမွန်မွန် မောင်းနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီဆောင်းပါးမှာ သက်ကြီးပိုင်းတွေ ကားမောင်းတဲ့အခါ သိသင့်တဲ့အချက်များ အကြောင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ သက်ကြီးပိုင်းတွေ ကားမောင်းတဲ့အခါ သိသင့်တဲ့အချက်များ သက်ကြီးပိုင်းတွေ ကားမောင်းတဲ့အခါ သိသင့်တဲ့အချက်များ ကတော့ ကားမမောင်းသင့်တဲ့ နေရာတွေကို ရှောင်ပါ သက်ကြီးပိုင်းရောက်လာတဲ့အခါ ခန္ဓာကိုယ် တောင့်တင်းသန်မာမှုနဲ့ အလိုက်သင့်လှုပ်ရှားနိုင်မှု အားနည်းလာတာ သဘာဝပါပဲ။ ဒီအကြောင်းကြောင့်ပဲ လမ်းပေါ်မှာ ရုတ်တရက်ကြုံတွေ့ရမယ့် အခြေအနေတွေကို ရင်ဆိုင်ကျော်လွှားဖို့ ခဲယဉ်းသွားတတ်ပါတယ်။ သက်ကြီးပိုင်းတွေအနေနဲ့ အန္တရာယ်ဖြစ်နိုင်မယ့် နေရာတွေမှာ ကားမမောင်းတာ အကောင်းဆုံးပါပဲ။ ဥပမာ အဝေးပြေးလမ်း၊ အရှိန်နဲ့ မောင်းနှင်ရတဲ့လမ်း၊ အကွေ့အကောက်များတဲ့လမ်းတွေမှာ ကားမောင်းနှင်ခြင်းမပြုဘဲ လမ်းဖြောင့်ပြီးကျယ်တဲ့ နေရာတွေမှာသာ […]


အဖြစ်များသော လူကြီးရောဂါများ

လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးပြဿနာကို ဘယ်လိုကူညီဖြေရှင်းကြမလဲ

သင့်အိမ်မှာ သက်ကြီးရွယ်အို အဘိုးအဘွား လူကြီးမိဘတွေ ရှိမယ်ဆိုရင် သူတို့မှာဖြစ်တတ်တဲ့ ကျန်းမာရေးပြဿနာအချို့အကြောင်း တီးမိခေါက်မိပြီး ဖြစ်ပါလိမ့်မယ်။ အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်က ကြွက်သားတွေ အားနည်းလျော့ရဲလာတဲ့အလျောက် ကြွက်သားများနဲ့ ပြုလုပ်တည်ဆောက်ထားတဲ့ ဆီးအိမ်နံရံဟာလည်း အလုပ်လုပ်နိုင်စွမ်း ကျဆင်းလာပြီး ဆီးသွားခြင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာရပါတယ်။ ဒီဆောင်းပါးမှာတော့ လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးပြဿနာကို ဘယ်လိုကူညီဖြေရှင်းကြမလဲ ဆိုတာကို လေ့လာကြည့်ရအောင်။ လူကြီးပိုင်းတွေမှာ ဖြစ်တတ်တဲ့ ဆီးပြဿနာကို ဘယ်လိုကူညီဖြေရှင်းကြမလဲ ဆရာဝန်နဲ့ သွားရောက်ပြသပေးပါ ပထမဦးဆုံး လုပ်သင့်တာကတော့ ဆီးပြဿနာရှိတဲ့ သင့်အဘိုးအဘွား လူကြီးမိဘတွေကို ဆရာဝန်နဲ့ သွားရောက်ပြသခြင်းပါပဲ။ သင့်အနေနဲ့ လူကြီးမှာဖြစ်နေတဲ့ လက္ခဏာတွေကို သိနိုင်ပေမယ့် ဘာကြောင့် ဒီလက္ခဏာတွေ ဖြစ်ရတယ်ဆိုတဲ့ အကြောင်းအရင်းကိုလည်း တိတိကျကျသိဖို့ လိုပါလိမ့်မယ်။ လူကြီးပိုင်းတွေမှာ ဆီးလမ်းကြောင်းပိုးဝင်တတ်သလို ဆီးပြွန်ပတ်ပတ်လည်က ကြွက်သားတွေကို မထိန်းချုပ်နိုင်ဘဲ သူ့အလိုလို ဆီးထွက်ကျတာမျိုးလည်း […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်