ရေခဲရေသောက်ခြင်းကြောင့် ဘာတွေဖြစ်လာနိုင်သလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇန်နဝါရီ 6, 2021 . 3 mins read
Share now

နွေရာသီမှာ ရေအေးအေးလေး သောက်လိုက်ရတာက တော်တော်ကို စိတ်ချမ်းသာစရာ ကောင်းလှပါတယ်။ စက္ကန့်ပိုင်းအတွင်း အပူတွေကို လျော့ကျသွားစေပါတယ်။ ဒါပေမယ့် ရေခဲရေက ခန္ဓာကိုယ်ကို ဘယ်လောက်ထိ ထိခိုက်မှုတွေဖြစ်သွားစေလဲဆိုတာကိုတော့ တော်တော်များများက တွေးမိမယ်တောင်မထင်ပါဘူး။ရေခဲရေကို သောက်လိုက်တဲ့အခါ အစာချေလမ်းကြောင်းကို ထိခိုက်စေပါတယ်။ သွေးကြောတွေကို ကျုံ့စေနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း အားနည်းစေနိုင်ပြီး အစာမကြေတာမျိုးကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးထိခိုက်နိုင်မှုကို လျှော့ချပေးနိုင်ပါတယ်။

ဒီတစ်ခေါက်မှာတော့ ရေခဲရေကြိုက်နှစ်သက်သူတွေအတွက် သတိထားဆင်ခြင်နိုင်စရာအကြောင်းအရာတွေကို လက်လှမ်းမီသမျှ စုစည်းမျှဝေပေးလိုက်ပါတယ်။

  • အဆီပိုတွေ ဖြစ်စေနိုင်ခြင်း

ကိုယ်အလေးချိန်ကျချင်ရင် ရေခဲရေသောက်ပေးပါ။ ရေခဲရေက ခန္ဓာကိုယ်ကို လုပ်ငန်းဆောင်တာတွေ ပိုမိုလုပ်ဆောင်ရစေပြီး ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေတယ်ဆိုတဲ့ပြောကြားနေမှုတွေက တကယ်တော့မမှန်ပါဘူး။ တကယ်တော့ ခန္ဓာကိုယ်ထဲမှာ အပူချိန်လျော့ကျသွားတဲ့အခါ အဆီတွေကို စုသွားစေပြီးချေဖျက်ဖို့ ပိုခက်ခဲသွားစေပါတယ်။ အစာချေလမ်းကြောင်းထဲမှာ စားသုံးတဲ့အဆီတွေကို ခဲသွားစေတာကြောင့် အစာချေဖျက်မှုကို ပိုမိုခက်ခဲသွားစေပါတယ်။

  • ဝမ်းချုပ်စေနိုင်ခြင်း

အခန်းအပူချိန်မှာ ထားရှိထားတဲ့ရေကို သောက်သုံးပေးတာက အစာချေစနစ်ရဲ့ လုပ်ငန်းစဉ်ကို အထောက်အကူပြုတယ်ဆိုပေမယ့် ရေခဲရေကို သောက်သုံးတာကတော့ ဝမ်းချုပ်စေနိုင်ပါတယ်။ ရေခဲရေက စားလိုက်တဲ့အစားအစာတွေကို ခဲသွားစေပြီး ချေဖျက်ရ ခက်ခဲစေသလို အူတွေအနေနဲ့ ချေဖျက်လိုက်တဲ့အစာတွေကို ရောက်ရှိသင့်တဲ့နေရာကို ရောက်အောင်မပို့ဆောင်နိုင်တဲ့အခါ ဝမ်းချုပ်တာကိုဖြစ်ပေါ်စေနိုင်ပါတယ်။

  • ရေဓာတ်ဖြည့်တင်းမှုမှာ အဟန့်အတားဖြစ်စေနိုင်ခြင်း

ရေခဲရေသောက်လိုက်တဲ့ အခါ ခန္ဓာကိုယ်ရဲ့ရေဓာတ်စုပ်ယူမှုကို ပုံမှန်ထက်နှေးကွေးသွားစေပါတယ်။ ခန္ဓာကိုယ်ကရေခဲရေကို အပူချိန်တိုးလာအောင်အရင်လုပ်ဆောင်ပြီးမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ရေဓာတ်အဖြစ်ပြောင်းလဲရတာဖြစ်တာကြောင့်ဖြစ်ပါတယ်။ အပြေးသမားတွေအနေနဲ့ ရေခဲရေသောက်တာမျိုးကို လုံးဝရှောင်ရှားသင့်ပါတယ်။ရေခဲရေက ခန္ဓာကိုယ်ရေဓာတ်ကိုထိန်းသိမ်းရာမှာ ပုံမှန်ထက် ပိုမိုနှေးကွေးစေနိုင်တာကြောင့် ခန္ဓာကိုယ်ရဲ့ရေဓာတ်ကို ချက်ချင်းမဖြည့်တင်းပေးနိုင်တဲ့ အခါ ဇီဝတွင်းလုပ်ငန်းစဉ်တွေနှေးကွေးသွားတာမျိုးခံစားရနိုင်ပါတယ်။

  • စွမ်းအင်ဆုတ်ယုတ်စေနိုင်ခြင်း

ရေခဲရေသောက်သုံးတာက လန်းဆန်းသွားတယ်လို့ခံစားရနိုင်ပေမယ့် ဒါက ခဏတာပဲဖြစ်ပါတယ်။ ရေရှည်မှာတော့ အားအင်ကုန်ခမ်းတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့အခါ ခန္ဓာကိုယ်ကရေကို ပျမ်းမျှအနွေးဓာတ်ရရှိအောင်လုပ်ဆောင်ဖို့ ပုံမှန်ထက် စွမ်းအင်ကိုပိုသုံးလိုက်ရတာကြောင့် ခန္ဓာကိုယ်ထဲမှာ အားအင်ဆုတ်ယုတ်သလို ခံစားလာရနိုင်ပါတယ်။

  • အစာချေစနစ်ကို ကမောက်ကမဖြစ်စေနိုင်ခြင်း

ရေခဲရေသောက်တာက အစာအိမ်ထဲမှာ မအီမသာဖြစ်တာ၊ ဗိုက်နာတာ၊လေထတာနဲ့ မအီမသာဖြစ်တာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေရဲ့ အအေးဓာတ်က ရောင်ရမ်းမှုကို လျော့ပါးသက်သာစေနိုင်တယ်ဆိုပေမယ့် ဆိုးကျိုးတစ်ရပ်က ရေခဲရေဟာ အစာအိမ်ထဲရောက်ရှိသွားတဲ့အခါ အစာအိမ်ရဲ့ အစာချေဖျက်မှုလုပ်ငန်းစဉ်တွေကို ပိုမိုခက်ခဲသွားစေနိုင်တာပဲဖြစ်ပါတယ်။

  • နှလုံးခုန်နှုန်း နှေးစေနိုင်ခြင်း

ရေခဲရေသောက်တာက ရုတ်တရက် နှလုံးခုန်နှုန်းကျဆင်းတာမျိုးဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေကို သောက်ချလိုက်တဲ့အခါ လည်ပင်းနောက်ဘက်ပိုင်းမှာရှိတဲ့vagus nerve ကို ထိခိုက်တာမျိုးတွေဖြစ်ပေါ်စေနိုင်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့ အခါနှလုံးခုန်နှုန်းကနှေးသွားပြီး ခန္ဓာကိုယ်က နောက်တစ်ကြိမ် ပုံမှန်အပူချိန်ကိုပြန်မရောက်မချင်း နှလုံးခုန်နှုန်းမူမမှန်တာက ဆက်လက်ဖြစ်ပေါ်နေပါတယ်။

  • လည်ချောင်းနာခြင်း

အေးမြတဲ့ ဆောင်းမနက်ခင်းက နှာစေးတာနဲ့ နှာခေါင်းပိတ်တာတွေကိုဖြစ်စေသလိုမျိုး ရေခဲရေကလည်း ခန္ဓာကိုယ်ကို အလားတူ အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ခန္ဓာကိုယ်က ချွဲတွေကိုအေးမြတဲ့လေတွေနဲ့ အရည်တွေကို ချေဖျက်ရာမှာ အနွေးဓာတ်ရရှိစေဖို့အတွက် သဘာဝအစိုဓာတ်ထိန်းတဲ့အရာအနေနဲ့ အသုံးပြုတာဖြစ်ပါတယ်။ ရေခဲရေသောက်ချလိုက်တဲ့အခါမှာတော့ ခန္ဓာကိုယ်ကို မလိုအပ်ဘဲတုံ့ပြန်မှုဖြစ်စေတာကြောင့် ချွဲတွေကို လေပြွန်တွေထဲမှာ ပိတ်ဆို့စုပုံမှုတွေဖြစ်စေရာကနေ လည်ချောင်းနာတာတွေ ကိုခံစားရတာဖြစ်ပါတယ်။

  • ခေါင်းကိုက်စေနိုင်ခြင်း

ရေခဲမုန့်စားတဲ့အခါ အေးလွန်းတာကြောင့် ခေါင်းကိုက်တာကို ခံစားဖူးမယ်ထင်ပါတယ်။ ရေခဲရေကလည်း ရေခဲမုန့်လိုပဲ ခေါင်းကိုက်တာကို ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ ရေခဲရေရဲ့ အအေးဓာတ်ကကျောရိုးထဲက အာရုံခံ နာဗ်ကြောတွေထဲရောက်ရှိသွားပြီး ဦးနှောက်ကို ချက်ချင်း အချက်ပြပေးပို့မှု လုပ်ဆာင်လိုက်တဲ့အခါ ခေါင်းကိုက်တာကို ခံစားရတာဖြစ်ပါတယ်။

ရေနွေးသောက်တာကနေ ဘာအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

အစားစားပြီးတဲ့အခါမှာ ရေခဲရေအစားရေနွေး ဒါမှမဟုတ် အခန်းအပူချိန်အတိုင်းထားထားတဲ့ရေကို သောက်သုံးတာက ကျန်းမာရေးအတွက် ပိုမိုသင့်တော်ပါတယ်။ ရေနွေး (သို့) အခန်းအပူချိန်မှာထားထားတဲ့ရေကို သောက်သုံးပေးခြင်းကြောင့်ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကိုလည်းဖော်ပြပေးလိုက်ပါတယ်။

  • အစာခြေစနစ်ကို ပိုမိုမြန်ဆန်စေပြီးရေဓာတ်တိုးစေနိုင်ခြင်း
  • သဘာဝ အစာချြေအင်ဇိုင်းတွေကို လှုံ့ဆော်ပေးနိုင်တာကြောင့် အစာခြေစနစ်ကို တိုးတက်ကောင်းမွန်စေနိုင်ခြင်း
  • အစာတွေကို ပုံမှန်ထက် ပိုမိုလွယ်ကူစွာ ချေဖျက်စေနိုင်ခြင်း
  • အူမကြီးလှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေနိုင်ခြင်း
  • သွေးသန့်စေပြီး အရေပြား၊ ကျောက်ကပ်နဲ့ သွေးဖြူဥဆဲလ်စနစ်တွေကနေတဆင့် အဆိပ်အတောက်တွေထုတ်လွှတ်ပေးတဲ့ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းစဉ်ကို တိုးတက်ကောင်းမွန်စေပါတယ်။

ရေနွေး (သို့) အခန်းအပူချိန်မှာထားရှိထားတဲ့ရေကိုသောက်သုံးပေးတာက အစာခြေစနစ်ကို သိသိသာသာတိုးတက်ကောင်းမွန်လာစေမှာဖြစ်သလို အစားစားနေချိန်မှာရောအစာစားပြီးချိန်မှာပါ ခန္ဓာကိုယ်ကိုနေထိုင်ရကောင်းမွန်နေစေမှာဖြစ်ပါတယ်။ အချိုစားချင်စိတ်ကိုလည်းလျှော့ချပေးနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ညအိပ်ညနေ လေဝင်လေထွက်ကောင်းအောင် ဘာဝတ်ကြမလဲ

ညအိပ် လေဝင်လေထွက် အိပ်စက်အနားယူ မြန်မာနိုင်ငံ အဝတ်အစား အမျိုးသား လိင်အင်္ဂါ မိန်းမကိုယ် ခြောက်သွေ့ ယားယံ အနံ့ဆိုး အတွင်းခံ ဘောင်းဘီ ရေနွေး ဘရာစီယာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

Skincare နဲ့ ပတ်သက်တဲ့ အယူအဆ အလွဲတွေ

Skincare ကို ဝါသနာပါကြတဲ့ ပျိုမေတွေကြား ဘာက အမှန်၊ ဘာကအမှား ပြောရခက်တဲ့ တချို့ အယူအဆလေးတွေ ရှိနေတတ်ပါတယ်။ စကင်းကဲအကြောင်း သိကောင်းစရာ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

နှုတ်ခမ်းပါးလေးတွေ ခြောက်သွေ့အက်ကွဲတဲ့အခါ

အက်ကွဲနေတဲ့ နှုတ်ခမ်းတွေဟာ ဆဲလ်သေတွေနဲ့ ကာကွယ်နေတာကြောင့် နှုတ်ခမ်းနီအဆီ ဆိုးလိုက်တဲ့ အခါအတွင်းအလွှာကိုမရောက်ဘဲ လိုအပ်တဲ့ပြုပြင်မှုမရနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

ခေါင်းကိုက်နေရင် ဘာတွေ သောက်မလဲ။

ခေါင်းကိုက်လိုက်တာ။ ဘာမှကို အာရုံစိုက် မရဘူးဆိုပြီး စိတ်ညစ်နေပြီလား။ သောက်စရာလေးတွေကို သောက်ပြီး ခေါင်းကိုက်တာကို ခပ်ဝေးဝေး မောင်းထုတ်လိုက်ကြစို့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

အန္တရာယ်အလွန်များတဲ့ သွေးတွင်းအောက်ဆီဂျင်မလုံလောက်ခြင်းပြဿနာ

အန္တရာယ်အလွန်များတဲ့ သွေးတွင်းအောက်ဆီဂျင်မလုံလောက်ခြင်းပြဿနာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 27, 2020 . 2 mins read
သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

သွားပိုးဝင်ရာမှ ကိုယ်ခန္ဓာအခြားနေရာများသို့ ပျံ့နှံ့ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 12, 2020 . 2 mins read
ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ကိုယ်ဝန်ဆောင်ချိန် ခေါင်းကိုက်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 5, 2020 . 2 mins read
ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ပိုတက်ဆီယမ်၏ အကျိုးကျေးဇူးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 1, 2020 . 2 mins read