အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ဗီတာမင် D ချို့တဲ့ခြင်းကို ဘယ်လိုသိနိုင်လဲ

ဗီတာမင် D ဟာ ကိုယ်ခန္ဓာရဲ့စနစ်အတော်များများကို အကျိုးသက်ရောက်မှုရှိတဲ့ အရေးကြီးတဲ့ ဗီတာမင်တစ်မျိုး ဖြစ်ပါတယ်။ တခြားဗီတာမင်တွေနဲ့ မတူတာက ဗီတာမင် D ဟာ ဟော်မုန်းကဲ့သို့ အလုပ်လုပ်နိုင်ပြီး ကိုယ်ခန္ဓာရဲ့ ဆဲလ်တစ်ခုချင်းစီမှာ သူ့အတွက် လက်ခံတဲ့နေရာ တစ်ခုစီရှိပါတယ်။ ကျွန်တော်တို့အရေပြားဟာ နေရောင်နဲ့ထိတွေ့ချိန်မှာ ကိုလက်စထရောကနေဗီတာမင် D ကို ထုတ်လုပ်နိုင်ပါတယ်။ အဆီဓာတ်များတဲ့ငါးနဲ့ အားဖြည့်ထားတဲ့ နို့ထွက်ပစ္စည်းတွေမှာ တွေ့နိုင်ပါတယ်။ တစ်နေ့တာ စားသုံးသင့်တဲ့ ဗီတာမင် D ပမာဏကတော့ ၄၀၀ မှ ၈၀၀ IU ဖြစ်ပါတယ်။ ဗီတာမင် D ချို့တဲ့ခြင်းဟာလည်း တွေ့ရများတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာ ဗီတာမင် D ချို့တဲ့သူပေါင်း တစ်ဘီလီယံခန့်ရှိတယ်လို့ သိရပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ သုတေသနအရ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ပြီး နောက်နေ့ခေါင်းကိုက်တာ အမြန်သက်သာစေဖို့

ဒီဘက်ခေတ်မှာ လူကြီးလူငယ်မရွေး အရက်နဲ့တော့ မကင်းကြတော့ပါဘူး။ လူမှုရေးအရရော အသက်ငယ်သေးတဲ့အတွက် ကိုယ့်အပေါင်းအသင်းနဲ့အတူ ပျော်ဖို့ ရွှင်ဖို့အတွက် စားပွဲဝိုင်းလေးမှာ အရက်ကလေးပါမှ မြိန်တတ်ကြတာကိုး။ အဲ့လိုသောက်ချင်သလို သောက်ပြီး နောက်နေ့ဆိုရင် အလူးအလဲခံရမယ့် ဒုက္ခကတော့ အရက်သောက်ပြီး နောက်နေ့ခေါင်းကိုက်တာ ပါပဲ။ သောက်တဲ့ပမာဏနဲ့ လူပေါ်မူတည်ပြီး ဝေဒနာပြင်းထန်မှုက ကွာသွားနိုင်တယ်ဆိုပေမယ့် လူအများစုအနေနဲ့တော့ ဒီပြဿနာကို မလွဲမသွေ ကြုံကြရတတ်ပါတယ်။ အရက်နာကျတဲ့ ဝေဒနာဟာ အရမ်းအဆိုးရွားကြီး မဟုတ်တဲ့တိုင်အောင် ခံစားရတဲ့သူအတွက် မသက်သာသလို ဘေးလူအမြင်မှာလည်း သိပ်ကိုကြည့်ရဆိုးပြီး ကဲ့ရဲ့ချင်စရာဖြစ်နေတတ်ပါတယ်။ ညကလည်း အိပ်တာနောက်ကျတော့ မျက်တွင်းကညို၊ အသားက မွဲခြောက်ခြောက်၊ လူကို ကြည့်ရင်လည်း အားမရှိဘဲ နုံးခွေနေသလို၊ အိပ်ချင်နေသလို၊ အစားကလည်း မစားနိုင်၊ ရေလည်း မသောက်နိုင်၊ အဆိုးဆုံးကတော့ မူးဝေအော့အန်ပြီး ခေါင်းကိုက်တဲ့ ပြဿနာပါပဲ။ ဒီဆောင်းပါးမှာတော့ အရက်သောက်ပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဦးနှောက်ဖွံ့ဖြိုးအောင် ဗီဒီယိုဂိမ်းဆော့ပါ

ဗီဒီယိုဂိမ်းတွေဟာ လူကြိုက်အများဆုံး ဖျော်ဖြေရေးနည်းလမ်းတွေထဲက တစ်ခုအဖြစ် လူသိများပါတယ်။ ကမ္ဘာတစ်လွှားက ဗီဒီယိုဂိမ်းဝါသနာရှင်တွေဟာ တစ်ပတ်ကို နာရီပေါင်း ၃ ဘီလီယံကျော်လောက်အထိ သူတို့ရဲ့  အချိန်တွေကို ဗီဒီယိုဂိမ်းတွေနဲ့  အသုံးချအပန်းဖြေနေကြပါတယ်။ စာရင်းဇယား လေ့လာချက်တွေအရ အမေရိကန်တစ်နိုင်ငံတည်းမှာတင် လူဦးရေ သန်း ၁၅၀ လောက်က ဗီဒီယိုဂိမ်းဆော့ကြပါတယ်။ ဒါက သူတို့တိုင်းပြည် လူဦးရေရဲ့ ၄၇% နီးပါးပမာဏဖြစ်ပါတယ်။ သူတို့ဟာ တစ်ရက်မှာ ဂိမ်းဆော့ချိန် ၃ နာရီခန့် ပျမ်းမျှဆော့ကြပါတယ်တဲ့။ ပျမ်းမျှအသက်ကတော့ ၃၅ နှစ်ဖြစ်ပါတယ်။ ၇၂% သော ဂိမ်းဆော့သူတွေဟာ အသက် ၁၈  နှစ်နဲ့အထက် လူငယ်တွေဖြစ်ကြပါတယ်။ ၇၁% လောက်က ကလေးတွေဖြစ်ပြီးတော့ ၂၉% ကတော့ မိဘတွေကိုယ်တိုင်ဖြစ်ပါတယ်။ ဆိုလိုချင်တာက  ဗီဒီယိုဂိမ်းတွေဟာ ကလေးတွေနဲ့ လူငယ်တွေအပေါ်မှာ လွှမ်းမိုးနိုင်စွမ်း ပိုများတယ်ဆိုတဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူ့ဘဝသက်တမ်း ရှည်ကြာစေဖို့ ပြုပြင်ပြောင်းလဲသင့်တဲ့ အရာတွေ

ရခဲလှတဲ့ လူ့ဘဝဆိုတာလည်း တကယ်တမ်းပြန်တွက်ကြည့်ရင် တိုတိုလေးပဲနော်။ လူတော်တော်များများက မွေးကတည်းက သေရမယ့်ရက်ဆိုတာ ပါလာတာချည်းပဲလို့ ပြောတတ်ကြပေမယ့် တကယ်တမ်းက ကိုယ်နေထိုင်တဲ့ လူ့ဘဝသက်တမ်း ရှည်မလား၊ တိုမလားဆိုတာ ကိုယ့်ရဲ့ တစ်နေ့တာ နေထိုင်စားသောက်မှုပုံစံတွေပေါ် အများကြီးမူတည်ပါတယ်။ အလွယ်ပြောရမယ်ဆိုရင် ကျန်းမာအောင် စားရင် ကျန်းကျန်းမာမာဖြစ်မယ်၊ အာဟာရမဖြစ်တဲ့ အစားအစာတွေပဲ စားနေရင် ရောဂါတွေ တစ်မျိုးပြီးတစ်မျိုး ဖြစ်မယ်၊ မြန်မြန်အသက်တိုနိုင်တယ်ပေါ့။ လူတိုင်းနီးပါးကတော့ အသက်ရှည်ရှည်နဲ့ နေချင်ကြတာပဲမလား။ ကိုယ်ချစ်တဲ့မိသားစု၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့လည်း မခွဲချင်ကြဘူး၊ မရောက်ဖူးသေးတဲ့ နေရာတွေကို သွားလည်ချင်တယ်၊ မစားဖူးသေးတဲ့ အစားအစာတွေကိုလည်း စားကြည့်ချင်တယ်၊ ကိုယ်ချစ်ရတဲ့သူတွေနဲ့ တိုင်းပြည်အပေါ်လည်း အများကြီး အကျိုးပြုရဦးမယ် အစရှိသဖြင့်ပေါ့။ ခုဆောင်းပါးမှာတော့ အသက်ရှည်ရှည်နေချင်တဲ့သူတိုင်း ပြုပြင်ပြောင်းလဲသင့်တဲ့ နေထိုင်မှုပုံစံ၊ အစာအာဟာရတွေအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဘာတွေကို ပြောင်းလဲကြမလဲ။ နှစ်သစ်ကို ရောက်လာပြီဆိုတော့ အကောင်းဆုံးတကာ့ အကောင်းဆုံးတွေကိုပဲ […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်ဂလင်း တစ်ခုခုဖြစ်ရင် ဘယ်လိုထိခိုက်လာနိုင်သလဲ

သိုင်းရွိုက်ဂလင်း က သင့်ခန္ဓာကိုယ်မှာ ကယ်လိုရီဘယ်လောက်လောင်ကျွမ်းသွားသလဲ၊ ဦးနှောက်၊နှလုံး၊အသည်းနဲ့တခြား ကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့လှုပ်ရှားမှုအနှေးအမြန်ကို ထိန်းချုပ်ပြီး ဇီဝကမ္မဖြစ်စဉ်ကို မှန်ကန်စေမယ့်ဟော်မုန်းတွေထုတ်ပေးပါတယ်။ အသံအိုးနဲ့ ညှပ်ရိုးကြားမှာရှိပြီး လက်မအရွယ်အစားလောက်တောင်မရှိတဲ့ ဒီဂလင်းလေးကပဲ သင့်ရဲ့စိတ်ခံစားချက်ကျန်းမာရေးကအစ အမျိုးသမီးရာသီသွေးကျန်းမာရေး၊ အရိုးကျန်းမာရေးတွေအထိ အရာရာတိုင်းမှာ အရေးပါတဲ့နေရာကပါဝင်နေတာဖြစ်ပါတယ်။ သိုင်းရွိုက်ကြောင့် ခန္ဓာကိုယ်မှာ ဘယ်လို သက်ရောက်နိုင်သလဲ သိုင်းရွိုက်ပြဿနာရှိနေတဲ့အခါ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေက - ဝမ်းနည်းစိတ်၊ စိတ်ဓါတ်ကျခြင်း ဝမ်းချုပ်ခြင်း အအိပ်များလွန်းခြင်း ပင်ပန်းနွမ်းနယ်နေခြင်း ရာသီမမှန်ဖြစ်ခြင်း သားသမီးရဖို့ခက်ခြင်း ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း ရုတ်တရက် ကိုယ်အလေးချိန်တက်ခြင်း လိင်စိတ်ဆန္ဒလျော့ခြင်း ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း ရင်တလှပ်လှပ်ခုန်ခြင်း အာရုံဝေဝါးခြင်း သွေးတိုးခြင်း ခံတွင်းပျက်လာခြင်း လည်ပင်း သို့မဟုတ် ဇက်ကြောမှာ နေရအဆင်မပြေခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။ နှလုံး  သိုင်းရွိုက်ဟော်မုန်းက သွေးကြောနံရံတွေရဲ့ကြွက်သားတွေကိုဖြေလျှော့ပေးပြီး သွေးလည်ပတ်မှုကိုထိန်းချုပ်ကာ နှလုံးခုန်နှုန်းကိုလွှမ်းမိုးနိုင်ပါတယ်။ သန္ဓေအောင်နိုင်စွမ်း  သိုင်းရွိုက်ဟော်မုန်းတွေက အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းကိုလည်း သက်ရောက်မှုပေးနိုင်ပါတယ်။ဟော်မုန်းတွေ ကမောက်ကမဖြစ်ရင် မျိုးဥကြွေခြင်းနဲ့ဓမ္မတာလာချိန်တွေ မမှန်တော့ဘဲဖြစ်တတ်ပါတယ်။ အရိုး  အသက်ကြီးသူတွေမှာအရိုးကျိုးတဲ့နှုန်းက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား

ဒီခေတ်မှာ လျှပ်စစ်သံလိုက်လှိုင်း ပမာဏဟာ ကျွန်တော်တို့ အဘိုးအဘွားတွေခေတ်ကထက် အဆ ၁၀၀ လောက်ပိုများလာနေပါတယ်။ အကြောင်းကတော့ မိုဘိုင်းဆက်သွယ်ရေး တာဝါတိုင်တွေနဲ့ မိုက်ခရိုဝေ့ဗ် အန်တင်နာတွေကြောင့်ပါပဲ။ ဒီလို တာဝါတိုင်တွေနဲ့ သူတို့က ထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်း တွေကြောင့် လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သလားဆိုတဲ့ မေးခွန်းက လူအတော်များများစိတ်ဝင်စားကြတဲ့ မေးခွန်းတစ်ခုဖြစ်ပါတယ်။ ဒါဆိုရင် မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား ဆိုတာလေး ကြည့်လိုက်ရအောင်နော်။ မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား မိုဘိုင်းဖုန်းတာဝါတွေဟာ လူတွေကို ကျန်းမာရေး ထိခိုက်စေသလား ဆိုတော့ လျှပ်စစ်သံလိုက်လှိုင်း တွေဟာ လူတွေကို သာမက ငှက်တွေ၊ ပျားပိတုန်းတွေနဲ့ တချို့သော တိရိစ္ဆာန်ငယ်လေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ အထူးသဖြင့် လူ့ဇီဝကမ္မ လုပ်ငန်းစဉ်ကို နှောင့်ယှက်နိုင်ပြီးတော့ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှု […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာပျော်ရွှင်တဲ့ ဘဝပိုင်ဆိုင်ဖို့

ကျန်းမာမှုက ပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါတယ်။ ကျန်းမာရေးက ကောင်းနေစဉ်မှာ သတိမထားမိပေမယ့် ကျန်းမာရေးမကောင်းတဲ့အခါ အဖိုးအခက ကြီးမားသလို စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲရတယ်ဆိုတာကို သတိထားမိနိုင်ပါတယ်။ ဒီတော့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အရင်ဆုံးက ကျန်းမာဖိုပလိုပါလိမ့်မယ်။ ဒီတော့ ကျန်းမာစေဖို့ အလေ့အထလေးတွေကို မွေးမြူဖို့က မဖြစ်မနေလိုအပ်လာပြီလေ။ ကျန်းမာတဲ့အလေ့အထဆိုတာက ဘာတွေလဲ........ နေ့စဉ်လုပ်မိနေတဲ့ အလေ့အထတွေထဲမှာ ကျန်းမာတဲ့ အလေ့အထတွေရှိသလို ကျန်းမာရေးနဲ့ မညီညွတ်တဲ့အလေ့အထတွေလည်းရှိပါတယ်။ ဒီတော့ ကျန်းမာစွာ နေထိုင်တတ်သူတစ်ယောက်ဖြစ်စေဖို့ ဘယ်လိုအလေ့အထတွေကို မွေး​မြူသင့်လဲဆိုတာကို တူတူကြည့်လိုက်ရအောင်လား။ တစ်နေ့ကို ၃ နပ်စားဖြစ်အောင်စားပါ - မနက်စာ၊ နေ့လယ်စာ၊ ညနေစာကိုတော့ မဖြစ်မနေစားဖြစ်အောင်စားပါ။ အဆာပြေစားစရာတွေကိုတော့ မစားဘဲနေလို့ရပါတယ်။ ညစာကိုတော့ နည်းနည်း (ဗိုက်ပြည့်တယ်ဆိုရုံလောက်ပဲ) စားပါ။ ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ - နေ့စဉ်စားသုံးမှုက အာဟာရပြည့်ပြီး ကျန်းမာဖို့ အရေးကြီးပါတယ်။ ဒီ​တော့ အစားအစာတွေကို ရွေးချယ်စားသုံးတဲ့အခါ […]


ကျန်းမာရေး သတင်းများ

ရာသီဥတုပြောင်းလဲမှု ကြောင့် ရောဂါပိုးပါတဲ့ခြင်တွေပိုပြန့်ပွားလာနိုင်တယ်

ရာသီဥတုပြောင်းလဲမှု ကြောင့် ရောဂါပိုးပါတဲ့ခြင်တွေပိုပြန့်ပွားလာနိုင်တယ် ဇီကာ၊ ဆင်ခြေထောက်၊ ဂျပန်ဦးနှောက်အမြှေးရောင်၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေး၊ ချီကန်ဂူညာ (ဆင်တုပ်ကွေး) တို့က ကြောက်ဖို့ကောင်းတယ်ထင်ပါသလား။ ဒါဆို ခြင်ကိုက်မခံပါနဲ့၊ ခြင်မရှိအောင် ကြိုးစားရှင်းလင်းပါ၊ ကြိုတင်ကာကွယ်ပါ။ ကမ္ဘာကြီးပူနွေးမှုကြောင့် နောက်လာမယ့် နှစ် ၅၀ အတွင်းမှာ ရောဂါပိုးသယ်ဆောင်လာတဲ့ ခြင်တွေဆီကနေ ကူးစက်ပျံ့နှံ့ခံရသူ ကမ္ဘာ့လူဦးရေ ၁ ဘီလျံအထိ ရှိလာနိုင်တယ်လို့ သုတေသနက သတိပေးထားပါတယ်။ ရောဂါပိုးသယ်ဆောင်မှုအများဆုံးခြင်မျိုးစိတ်နှစ်ခုဖြစ်တဲ့ Aedes aegypti နဲ့ Aedes albopictus တို့က သွေးလွန်တုပ်ကွေး၊ ဇီကာနဲ့ ဆင်တုပ်ကွေး တို့လို ဗိုင်းရပ်စ်တွေကို သယ်ဆောင်ပျံ့နှံ့စေတာဖြစ်ပါတယ်။ ကမ္ဘာအနှံ့မှာ တစ်လထက်တစ်လပြောင်းလဲလာတဲ့ အပူချိန်ကြောင့် ဆယ်စုနှစ်တွေအတွင်း ဒီခြင်တွေမှာ ဘယ်လိုပြောင်းလဲမှုရှိလာမလဲ သုတေသီတွေက လေ့လာခဲ့ကြပါတယ်။ “ ကိန်းဂဏန်းအတိအကျထွက်ဖို့ မလွယ်ပေမယ့် တစ်ချိန်ချိန်တော့ ဒါပြဿနာဖြစ်လာမယ်ဆိုတာ သိပါတယ်။ ကြောက်စရာကောင်းတဲ့ အတိုင်းအတာပါပဲ။ “ လို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်ကြောင့် သေဆုံးသူဦးရေ ၂ဆခန့်တိုးလာတာ သင်သိပြီးပြီလား

လေ့လာတွေ့ရှိချက်တွေအရ ၁၉၉၉ ခုနှစ်ကနေ စတင်ပြီး အရက်ကြောင့် လူသေဆုံးမှု အရေအတွက်ဟာ ၂ဆခန့်မြင့်တက်လာတယ်လို့ ပညာရှင်တွေက ဆိုထားကြပါတယ်။ သေဆုံးသူတွေကို စစ်တမ်းကောက်ကြည့်တဲ့အခါ အသက် ၁၆ နှစ်နဲ့ အထက် လူငယ်တွေအပြင် လူလတ်ပိုင်းအရွယ်တွေ အလွန်များတာကိုလည်း တွေ့ရှိရပါတယ်။ တကယ်တော့ လူတွေရဲ့ ကျန်းမာရေးကို ဆိုးရွားစွာ ဒုက္ခပေးနေတဲ့ ရန်သူတွေထဲမှာ အရက်သည်လည်း ထိပ်ဆုံးကပါပဲ။ ဆေးဖြစ် ဝါးဖြစ် မှီဝဲလို့ရပေမယ့် တကယ်တမ်းမှာတော့ လိုတာထက်ပိုတဲ့ ပမာဏတွေကို အလွန်အကျွံသောက်နေကြပါတယ်။ အရက်သောက်သုံးတဲ့ အမျိုးသားဦးရေဟာ အရင်ကရော အခုရော များတယ်လို့ ဆိုလို့ရတဲ့ ပမာဏမှာပဲ ရှိနေသေးပေမယ့် အရက်အလွန်အကျွံသောက်တဲ့ အမျိုးသမီးဦးရေကတော့ ၂၀၁၇ - ၁၈ ကြားမှာ သိသိသာသာ ပိုများလာပါပြီ။ အဓိက အရက်သောက်တဲ့အခါ အသည်းအဆီဖုံးမယ်၊ အသည်းရဲ့ လုပ်ဆောင်မှုအားတွေ ကျဆင်းပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခြေနင်းတော် ရွှေဖိနပ်ကြောင့် ခြေထောက်မထိခိုက်စေဖို့ဆိုရင်

ဖိနပ်တို့ အဝတ်အစားတို့ ခန္တာကိုယ်ပေါ်မှာ ဆင်မြန်းရတဲ့အရာတွေဟာ ယျေဘုယျအားဖြင့် အဆင်တန်ဆာတစ်ခုအဖြစ် ရှုမြင်ခြင်းခံရတတ်ပါတယ်။ အထူးသဖြင့် ဖိနပ်ပေါ့။ ဒါပေမယ့် မှန်ကန်သင့်လျော်တဲ့ ဖိနပ်ကို စီးပေးခြင်းဟာ  မိမိရဲ့ခြေထောက်ကို သက်သောင့်သက်သာဖြစ်စေသလို ခန္တာကိုယ်အပေါ် မလိုလားအပ်တဲ့ ထိခိုက်မှုတွေဖြစ်မလာအောင်လည်း ကာကွယ်ရာ ရောက်တယ်ဆိုတာမျိုးကိုတော့ သိတဲ့သူနည်းပါးပါတယ်။ ခြေထောက်မထိခိုက်စေဖို့ဆိုရင် ဖိနပ်မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ လိုအပ်တာပေါ့။ ဖိနပ်ဆိုတာဟာ ခြေထောက်အတွက် ကူရှင်ထိုင်ခုံတစ်ခုလိုပါပဲ။ ခန္တာကိုယ်ဟာ အနေအထားမှန်ကန်တဲ့ ထိုင်ခုံမျိုးမှာ သက်သောင့်သက်သာ ထိုင်ပြီးနားဖို့ လိုအပ်သလို ခြေထောက်ဟာလည်း သူ့ကို ကောင်းကောင်း ပံ့ပိုးပေးနိုင်တဲ့ ဖိနပ်မျိုး စီးထားဖို့ လိုပါတယ်။ ဒါမှ ခြေထောက်လည်း သက်သောင့်သက်သာဖြစ်မှာဖြစ်ပြီး ခြေလှမ်းတိုင်းကို စိတ်အေးအေးချမ်းချမ်းနဲ့ လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။   ကိုယ့်အတွက် သက်သောင့်သက်သာရှိစေမယ့် ဖိနပ်ဆိုတာ ဘယ်လိုမျိုးလဲ နူနူးညံ့ရမယ် - ဖိနပ်အလယ်သားဟာ ဖိနပ်တစ်ခုမှာ အရေးအပါဆုံးအစိတ်အပိုင်းဖြစ်ပါတယ်။ သူဟာ ခန္တာကိုယ် […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း