ကျန်းမာမှုက ပျော်ရွှင်မှုကိုပေးစွမ်းနိုင်ပါတယ်။ ကျန်းမာရေးက ကောင်းနေစဉ်မှာ သတိမထားမိပေမယ့် ကျန်းမာရေးမကောင်းတဲ့အခါ အဖိုးအခက ကြီးမားသလို စိတ်ရောကိုယ်ပါ ပင်ပန်းဆင်းရဲရတယ်ဆိုတာကို သတိထားမိနိုင်ပါတယ်။ ဒီတော့ ပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုရင် အရင်ဆုံးက ကျန်းမာဖိုပလိုပါလိမ့်မယ်။ ဒီတော့ ကျန်းမာစေဖို့ အလေ့အထလေးတွေကို မွေးမြူဖို့က မဖြစ်မနေလိုအပ်လာပြီလေ။