backup og meta

သိုင်းရွိုက်ဂလင်း တစ်ခုခုဖြစ်ရင် ဘယ်လိုထိခိုက်လာနိုင်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သိုင်းရွိုက်ဂလင်း တစ်ခုခုဖြစ်ရင် ဘယ်လိုထိခိုက်လာနိုင်သလဲ

    သိုင်းရွိုက်ဂလင်း က သင့်ခန္ဓာကိုယ်မှာ ကယ်လိုရီဘယ်လောက်လောင်ကျွမ်းသွားသလဲ၊ ဦးနှောက်၊နှလုံး၊အသည်းနဲ့တခြား ကိုယ်တွင်းအစိတ်အပိုင်းတွေရဲ့လှုပ်ရှားမှုအနှေးအမြန်ကို ထိန်းချုပ်ပြီး ဇီဝကမ္မဖြစ်စဉ်ကို မှန်ကန်စေမယ့်ဟော်မုန်းတွေထုတ်ပေးပါတယ်။

    အသံအိုးနဲ့ ညှပ်ရိုးကြားမှာရှိပြီး လက်မအရွယ်အစားလောက်တောင်မရှိတဲ့ ဒီဂလင်းလေးကပဲ သင့်ရဲ့စိတ်ခံစားချက်ကျန်းမာရေးကအစ အမျိုးသမီးရာသီသွေးကျန်းမာရေး၊ အရိုးကျန်းမာရေးတွေအထိ အရာရာတိုင်းမှာ အရေးပါတဲ့နေရာကပါဝင်နေတာဖြစ်ပါတယ်။

    သိုင်းရွိုက်ကြောင့် ခန္ဓာကိုယ်မှာ ဘယ်လို သက်ရောက်နိုင်သလဲ

    သိုင်းရွိုက်ပြဿနာရှိနေတဲ့အခါ ဖြစ်လာနိုင်တဲ့ လက္ခဏာတွေက –

    • ဝမ်းနည်းစိတ်၊ စိတ်ဓါတ်ကျခြင်း
    • ဝမ်းချုပ်ခြင်း
    • အအိပ်များလွန်းခြင်း
    • ပင်ပန်းနွမ်းနယ်နေခြင်း
    • ရာသီမမှန်ဖြစ်ခြင်း
    • သားသမီးရဖို့ခက်ခြင်း
    • ဆံပင်ကျွတ်ခြင်း၊
    • အသားအရေခြောက်သွေ့ခြင်း
    • ရုတ်တရက် ကိုယ်အလေးချိန်တက်ခြင်း
    • လိင်စိတ်ဆန္ဒလျော့ခြင်း
    • ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ တောင့်တင်းခြင်း
    • ရင်တလှပ်လှပ်ခုန်ခြင်း
    • အာရုံဝေဝါးခြင်း
    • သွေးတိုးခြင်း
    • ခံတွင်းပျက်လာခြင်း
    • လည်ပင်း သို့မဟုတ် ဇက်ကြောမှာ နေရအဆင်မပြေခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

    နှလုံး 

    သိုင်းရွိုက်ဟော်မုန်းက သွေးကြောနံရံတွေရဲ့ကြွက်သားတွေကိုဖြေလျှော့ပေးပြီး သွေးလည်ပတ်မှုကိုထိန်းချုပ်ကာ နှလုံးခုန်နှုန်းကိုလွှမ်းမိုးနိုင်ပါတယ်။

    သန္ဓေအောင်နိုင်စွမ်း 

    သိုင်းရွိုက်ဟော်မုန်းတွေက အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းကိုလည်း သက်ရောက်မှုပေးနိုင်ပါတယ်။ဟော်မုန်းတွေ ကမောက်ကမဖြစ်ရင် မျိုးဥကြွေခြင်းနဲ့ဓမ္မတာလာချိန်တွေ မမှန်တော့ဘဲဖြစ်တတ်ပါတယ်။

    အရိုး 

    အသက်ကြီးသူတွေမှာအရိုးကျိုးတဲ့နှုန်းက သိုင်းရွိုက်ဟော်မုန်းတွေနဲ့လည်း သက်ဆိုင်နေပါတယ်။ ဒီနှုန်းကမြန်လာရင် အရိုးတွေ အလိုလိုပြန်ဖြည့်တင်းနိုင်စွမ်းထက် ပျက်စီးမှုနှုန်းပိုမြန်စေပြီး အရိုးပွရောဂါဖြစ်စေနိုင်ပါတယ်။

    ကိုယ်အလေးချိန်

    သိုင်းရွိုက်က သင့်ရဲ့ဇီဝကမ္မဖြစ်စဉ် (ကယ်လိုရီလောင်ကျွမ်းမှု ဘယ်လောက်မြန်သလဲ)ကို ထိန်းချုပ်နိုင်တာကြောင့် သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်း (hyperthyroidism) ဟာ ကိုယ်အလေးချိန်ကျဆင်းခြင်းနဲ့ သက်ဆိုင်ပြီး သိုင်းရွိုက်ဟော်မုန်းနည်းပါးခြင်း (hypothyroidism ) ကတော့ ကိုယ်အလေးချိန်တိုးခြင်းနဲ့ဆိုင်ပါတယ်။

    ဦးနှောက်

    သိုင်းရွိုက်ဂလင်းသေးနေရင် မေ့တတ်မယ်၊အာရုံစူးစိုက်ရခက်မယ်၊ စိတ်ဓာတ်ကျမယ်။ ဒါပေမယ့် ဒီအချက်တွေကို ဟော်မုန်းကုထုံးနဲ့ ကုသနိုင်ပါတယ်။

    အရေပြား

    သိုင်းရွိုက်လုပ်ဆောင်ချက်နည်းနေရင် ခန္ဓာကိုယ်က အရေပြားဆဲလ်တွေ အသစ်ဖြစ်ပေါ်မှု၊အစားထိုးမှုတွေကို ပုံမှန်နှုန်းနဲ့ မလုပ်တော့ပါဘူး။ ဆဲလ်တွေ အစားထိုးမလဲတော့ဘဲ စုပုံလာရင် အသားအရေမွဲခြောက်လာနိုင်ပါတယ်။(ဆံပင်နဲ့လက်သည်း ရှည်တဲ့နှုန်းလည်းနှေးစေပါတယ်)

    သိုင်းရွိုက်ပြဿနာတွေက အမျိုးသားတွေမှာထက် အမျိုးသမီးတွေက ၈ ဆပိုအဖြစ်များတယ် လို့ဆိုပါတယ်။ အဓိကကတော့ အက်စထရိုဂျင်ဟော်မုန်းကြောင့်ဖြစ်တယ်လို့ သုတေသီတွေက ပြောပါတယ်။ hypo- နဲ့ hyperthyroidism နှစ်မျိုးလုံးဟာ autoimmuneရောဂါတွေဖြစ်ပြီး ဒီရောဂါတွေက မိန်းကလေးတွေမှာ ပိုဖြစ်လေ့ရှိပါတယ်။

    သိုင်းရွိုက်တစ်ရှူးထဲမှာ ကင်ဆာဆဲလ်တွေကြီးထွားလာရင် သိုင်းရွိုက်ကင်ဆာဖြစ်စေနိုင်တယ်။ တချို့မှာ လည်ပင်းမှာရောင်နေတာ၊ ဘုကြီးဖြစ်နေတာဖြစ်ပြီး အသံအက်တာ နဲ့ မျိုချရခက်ခဲတာတွေဖြစ်စေနိုင်ပါတယ်။

    သိုင်းရွိုက်ကျန်းမာအောင် ဘယ်လိုလုပ်ရမလဲ

  • သိုင်းရွိုက်ဟော်မုန်းထုတ်လုပ်မှုအတွက် အရေးပါတဲ့ အိုင်အိုဒင်းဓာတ်ကို အစားအစာကနေရအောင်လုပ်ပါ။ စားပွဲတင်ဆားမှာ အိုင်အိုဒင်းပါတယ်ဆိုပေမယ့် သင်က အငန်မစားသူဖြစ်ရင်တောင် ငါး၊နို့ထွက်ပစ္စည်း၊ကြက်ဥ၊နဲ့ပြုပြင်ထားတဲ့ပြောင်းနှံတွေလို အစားအစာတွေကနေ အလုံအလောက်ရရှိနိုင်ပါတယ်။
  • triclosan ကိုရှောင်ပါ။ ဆပ်ပြာတချို့မှာပါတဲ့ ဘက်တီးရီးယားသေစေတဲ့ဓါတ်တစ်မျိုးဖြစ်တဲ့ triclosan က သိုင်းရွိုက်ဟော်မုန်းတွေနဲ့ တည်ဆောက်ပုံချင်း ဆင်တူပါတယ်။ လေ့လာမှုတွေအရ triclosan ဟာ ဟော်မုန်းတွေကိုလျော့နည်းစေတယ်လို့ သိရပါတယ်။
  • မကပ်တဲ့ဒယ်အိုးတွေကိုမသုံးပါနဲ့။ အပေါ်ယံအလွှာဟာ သိုင်းရွိုက်ရောဂါဖြစ်ပွားမှုနဲ့ ဆက်နွှယ်နေတဲ့ perfluorochemicalsတွေနဲ့လုပ်ထားတာဖြစ်နိုင်ပါတယ်။
  • အိုင်အိုဒင်း၊ ဇင့်၊ ဆီလီနီယမ်၊ ဗီတာမင်ဒီနဲ့ ဗီတာမင်ဘီအုပ်စုတို့ကိုပြည့်ဝအောင် စားသုံးပါ။
  • စိတ်ဖိစီးမှုတွေကိုဖြေရှင်းပြီးအေဒရီနယ်ဂလင်းကို အားဖြည့်ပါ။ အေဒရီနယ်ဂလင်းတွေနဲ့ သိုင်းရွိုက်တို့က လုပ်ဆောင်ချက်ချင်း အပြန်အလှန်အကျိုးပြုပါတယ်။
  • ညအိပ်ချိန် ၈ နာရီမှ ၁၀ နာရီ ခန့်ရှိပါစေ။
  • ဖလူအိုရိုက်၊ဘရိုမိုက်နဲ့ ကလိုရင်းတို့ပါဝင်တဲ့အစားအစာတွေစားပါ။
  • Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement