အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်းမာရဲ့လား.......

နေ့တိုင်းလှုပ်ရှားသွားလာနေနိုင်တာနဲ့ပဲ ကျန်းမာနေပြီလို့ မဆိုသာပါဘူး။ ဘဝမှာ အောင်မြင်ပျော်ရွှင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကျန်းမာဖို့လိုပါမယ်။ ဒီတော့ ကိုယ်တိုင်ကရော ကျန်းမာရဲ့လား။ ကျန်းမာရေးကို ဘယ်လောက်ထိဂရုစိုက်မိလဲ.... ကဲစတွေးနေပြီလား...တွေးနေတာကြာတယ်။ ဒီဆောင်းပါးလေးဖတ်ရင်းအတူတူ ကျန်းမာရဲ့လား ဆိုတာ ဆန်းစစ်ကြည့်လိုက်ရအောင်။ ကျန်းမာရဲ့လား............. ကျန်းမာတယ်ဆိုတာ လှုပ်ရှားသွားလာနိုင်တာကို မဆိုလိုပါဘူး။ ကျန်းမာသူတစ်ဦးဟာ အခုပြောတဲ့အချက်လေးတွေနဲ့ ကိုက်ညီဖို့လိုပါမယ်။ သွေးပေါင်ချိန် ကျန်းမာတယ်ဆိုတဲ့နေရာမှာ သွေးတိုးရောဂါရှိနေလို့မဖြစ်သလိုသွေးပေါင်ကျနေလို့လည်းမဖြစ်ပြန်ပါဘူး။ ရှိသင့်တဲ့ ပုံမှန် သွေးပေါင်ချိန်အနေအထားမှာရှိဖို့လိုပါမယ်။ ကျန်းမာသူတစ်ယောက်အနေနဲ့ သွေးပေါင်ချိန်က အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိဖို့လိုပါမယ်။ ဒီအခြေအနေကမှ နှလုံးခုန်နှုန်းကိုမှန်စေမှာဖြစ်သလို ခန္ဓာကိုယ်အနှံ့က ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှု အကောင်းဆုံးဖြစ်မှာပါ။ သွေးပေါင်ချိန်က တစ်ယောက်နဲ့တစ်ယောက်မှာ အမြဲအတိအကျတော့ မတူနိုင်ပါဘူး။ ဒါပေမယ့် အရမ်းများနေတာမျိုး အရမ်းနည်းနေတာမျိုးကတော့ အဆင်မပြေပါဘူး။ နှလုံးခုန်နှုန်း ရှင်သန်မှုလက္ခဏာတစ်ရပ်ဖြစ်တဲ့ နှလုံးလေးက မြန်မြန်ခုန်နေလို့ မဖြစ်သလို ခပ်နှေးနှေးလေး ခုန်နေပြန်ရင်လည်း မကောင်းပါဘူး။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်မိနစ်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သဘာဝတရား နဲ့ထိတွေ့ပါ….

သဘာဝတရား နဲ့ထိတွေ့ပါ…................ တစ်နေ့တာမှာ တိုးတက်လာတဲ့ ခေတ်ကိုအမှီလိုက်ဖို့ နိုးတာနဲ့ အလုပ်ခွင်ဝင်ဖို့ပြင်တယ်။ ပြီးရင် တစ်နေကုန်အလုပ်တွေလုပ်တယ်။ ညမိုးချုပ်မှ အိမ်ပြန်တယ်။ မိသားစုကို အချိန်ပေးတယ်။ ဒီလိုနဲ့ တစ်နေ့တာကို ကုန်ဆုံးနေသူက ခပ်များများပါ။ ဒီလိုနဲ့ ခရီးမထွက်ဖြစ်သလို ပတ်ဝန်းကျင်မှာ လှလှပပဖူးပွင့်နေတဲ့ ပန်းလေးတွေ စိမ်းစိုနေတဲ့အပင်လေးတွေကိုတောင် မကြည့်မိဘူးဟုတ်။ ဒါက ကောင်းတဲ့ကိစ္စတော့မဟုတ်ပါဘူး။ လူတိုင်းဟာ စိတ်အပန်းဖြေတဲ့အနေနဲ့ ပတ်ဝန်းကျင်ကို ထိတွေ့ဖို့လိုပါမယ်။ သဘာဝပတ်ဝန်းကျင်က ဖြတ်သွားရုံနဲ့ ထိတွေ့တာမဟုတ်ပါဘူး…. သဘာဝတရားကြီးကတော့ရှိနေမှာပါ။ ဒါပေမယ့် ဒီလိုစိမ်းစိုနေတဲ့အပင်တွေ၊ လှလှပပဖူးပွင့်နေတဲ့ ပန်းလေးတွေ၊ ကြည်လင်ပြာလဲ့နေတဲ့ ကောင်းကင်ကြီးကို ကိုယ်တိုင်က မကြည့်မိရင်တော့ သဘာဝတရားကြီးနဲ့ ထိတွေ့မှုမရှိဘူးလို့ပဲ ဆိုပါရစေနော်။ သဘာဝတရားက သူ့ဘေးကဖြတ်သွားရုံနဲ့ ထိတွေ့မိဖို့မဖြစ်နိုင်ပါဘူး။ လေနုညှင်းလေးတွေက မျက်နှာကို ထိခတ်တိုက်ခတ်တာကြောင့်တော့ ထိတွေ့မိနိုင်တာပေါ့။ သဘာဝတရား က လူတိုင်းကို ထွေးပွေ့ပေးထားပါတယ် သဘာဝတရားကို ခံစားဖို့ အခကြေးငွေအများကြီးသုံးစွဲဖို့မလိုအပ်ပါဘူး။ မနက်ခင်းလမ်းသွားတဲ့အခါ၊ […]


အခြေခံကျန်းမာရေး

ကိုယ်ခံအား အပေါ် သက်ရောက်နေတဲ့အချက်တစ်ခု

ရာသီတုပ်ကွေး ဆိုတိုင်းလည်း မဖြစ်ပါဘူး။ရောဂါပိုးတော်တော်များများကလည်း ကိုယ့်မှာ မဖြစ်ပါဘူးဆိုတာက တကယ်တော့ ကိုယ်ခံအား ကောင်းနေလို့ပါ။ လူတစ်ယောက်နေ့ရက်တိုင်းမှာ လုပ်ဆောင်ရမယ့် ကိစ္စတိုင်းကို အကောင်းဆုံးလုပ်ဆောင်နိုင်နေတာကောင်းမွန်တဲ့ ကိုယ်ခံအားစနစ်ကိုပိုင်ဆိုင်ထားတာကြောင့်ပါ။ ဒီတစ်ခေါက်တော့ ငယ်ငယ်ကဆိုဖျားတယ်ဆိုတာသိပ်မရှိဘူး။ အခုအရွယ်ရလာမှပဲ ခဏခဏဖျားနေတယ်ဆိုတဲ့သူတွေအတွက် သိထားသင့်တဲ့အချက်လေးတစ်ခုကိုပြောပြပေးချင်တာပါ။ ကိုယ်ခံအားစနစ်အပေါ် သက်ရောက်နေတဲ့အချက်တစ်ခု အသက်အရွယ်ပြောင်းလဲလာမှုက ကိုယ်ခံအားစနစ်အပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ငယ်စဉ်ခါမှာ ကိုယ်ခံအား က အပြည့်အဝမဖွံ့ဖြိုးသေးသလို အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာလည်း ကိုယ်ခံအားစနစ်ကတဖြည်းဖြည်းချင်းအားနည်းလာပါတယ်။ လူတစ်ယောက်ဟာ အသက် တစ်နှစ်ကြီးလာတိုင်း ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းက တဖြည်းဖြည်နဲ့ကျလာပါတယ်။ ဒီလိုအခြေအနေမှာရောဂါတွေကို ခံစားရနိုင်စွမ်းက သက်လတ်ပိုင်းအရွယ်လောက် မကောင်းတော့တာအမှန်ပါ။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ်ခံအားစနစ် အားနည်းလာတာ ဘာကြောင့်လဲ.......... အသက်အရွယ်ကြီးလာလေလေ ကိုယ်ခံအားစနစ်က လုပ်ဆောင်နိုင်စွမ်းနည်းလာလေလေပါ။ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ခံအားနည်းလာတာက ဒီအချက်တွေကြောင့်လည်း ပါပါတယ်။ အသက်အရွယ်ကြောင့် ကိုယ်ခံအားတုံ့ပြန်မှုအားနည်းလာတာကြောင့်ပါ။ ဒီအခြေအနေကပဲ သင့်ကို မကြာခဏဖျားနာမှြုဖစ်စေတာပါ။ ဒါကြောင့် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးအပါအဝင် လိုအပ်တဲ့ ကာကွယ်ဆေးတွေကိုထိုးထားဖို့လိုပါမယ်။ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မော့တာလျှော့ကြစို့

မော့တာလျှော့ကြစို့ ............ အရက်ကို နည်းနည်း စသောက်ရင်း စွဲမှန်း မသိ စွဲနေပြီလား။ နေ့တိုင်း မမော့ရ မနေနိုင် ဖြစ်နေပြီလား။ ဒါဆို ရေရှည်မှာ ကျန်းမာရေး ထိခိုက်လာဖို့ သေချာနေပြီနော်။ ဘယ်လို နည်းလမ်းလေးတွေနဲ့ အရက်ကို ထိန်းထိန်းသိမ်းသိမ်း သောက်ရမလဲ ဆိုတာ ဆက်လေ့လာ ကြည့်လိုက်ပါအုံး။ မော့တာလျှော့ကြစို့ မော့တာလျှော့ကြစို့ လို့ ပြောရတာက ဘယ်အစားအသောက် မဆို တန်ဆေး လွန်ဘေး ချည်းဘဲ မဟုတ်လား။ အရက် သောက်တာလည်း ဒီလိုပဲလေ၊ နည်းနည်း သောက်ရင်တော့ ဘာမှ မသိသာပေမဲ့ သောက်ရင်း သောက်ရင်း များလာတော့ ရေရှည်မှာ အသည်း ကစပြီး တစ်ကိုယ်လုံး ဒုက္ခရောက်တော့တာပေါ့။ ဒါ့ကြောင့် အရက်ကို စည်းကမ်း ရှိရှိ သောက်ဖြစ်အောင် ဒီအချက်လေးတွေ အတိုင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဦးနှောက်အိုမသွားစေဖို့ ခုတည်းက လုပ်ဆောင်သင့်တဲ့အရာ (၁၁) ခု

ဦးနှောက်အိုမသွားစေဖို့ ခုတည်းက လုပ်ဆောင်သင့်တဲ့အရာ တွေကို သိပြီးပြီလား ..... ဦးနှောက်က မမှတ်နိုင်တော့ပါဘူး၊ အသက်ကရလာပြီ လို့တွေးပြီး မစခင်က လက်လျှော့လိုက်တဲ့အရာတွေများတယ်နော်။ အသက်ကြီးပေမယ့် ကျန်းမာထက်မြက်နေဆဲ မပျက်စီးသေးတဲ့သူတွေမှ အများကြီးပါ။ လူငယ်တွေထက်တောင် အလုပ်လုပ်နိုင်၊လေ့လာသင်ယူနိုင်တဲ့ လူကြီးပိုင်းတွေ ဦးဆောင်နေတာအများကြီးရှိပါတယ်။ သူတို့ကျတော့ရော ဆုတောင်းကောင်းခဲ့တာလို့ပြောမှာလား။ ကံကောင်းတာကြောင့်ချည်းပဲမဟုတ်ပါဘူးနော်။ သူတို့က ခန္ဓာကိုယ်ကျန်းမာရေး၊ ဦးနှောက်ကျန်းမာရေးကို ကိုယ်တွေထက်ပိုပြီး ဂရုစိုက်ကြတယ်ဆိုတာလေး ထည့်ပြောပါဦး။ မကြာသေးခင်ကCell: Stem Cell ဂျာနယ်မှာဖော်ပြခဲ့တဲ့ သုတေသနအသစ်ကတော့ အာရုံကြောဆဲလ်လေးတွေက အသက် ၄၀၊၅၀ မက ၉၀ ကျော်အထိတောင် မှတ်ဉာဏ်သိမ်းဆည်းတဲ့ဦးနှောက်အပိုင်းမှာ လုပ်ဆောင်ချက်တွေဆက်လက်ရှိနေဆဲပဲလို့ ဆိုပါတယ်။ "ဦးနှောက်အတွက်အကျိုးပြုတဲ့အမူအကျင့်တွေကို ပုံမှန်လုပ်ဆောင်လေ အသက်ကြီးလာတဲ့အခါ ဒါမှမဟုတ် ရောဂါဝေဒနာတွေရှိလာတဲ့အခါ ဦးနှောက်ရဲ့ခံနိုင်ရည်ပိုကောင်းလေပါပဲ" လို့University of British Columbia မှ သုတေသီ ပါမောက္ခ Teresa […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကျန်နေတဲ့ အစားအစာတွေ ဘေးကင်းအောင် ဘယ်လိုပြန်နွှေးကြမလဲ

ပြန်နွှေးမစားသင့်တဲ့အစားအစာတွေ ဘာတွေ အကြောင်းရေးထားတဲ့ဆောင်းပါးတွေဖတ်ပြီး ခေါင်းထဲ ဘာကိုအရင်တွေးမယ်ထင်လဲ။ ပရိသတ်ကြီး အယောက် ၁၀၀ ရဲ့အဖြေက.... ကျန်နေတဲ့ အစားအသောက်တွေ အကုန်လွှင့်ပစ်ရမှာလား။ မကုန်တာနဲ့လွှင့်ပစ်ရမယ်လို့ မဆိုလိုပါဘူးနော်။ အကြွင်းအကျန်တွေကို အပူပြန်ပေးလိုက်ရင် အာဟာရအာနိသင်ပြောင်းလဲသွားနိုင်တဲ့၊ဘေးထွက်ဆိုးကျိုးတွေရှိလာနိုင်တဲ့ အစားအစာတွေရှိပေမယ့် မကုန်သင့်တာမကုန်အောင် လုပ်လို့ရတဲ့နည်းတွေလည်းရှိပါတယ်။ နည်းလမ်းမှန်မှန် စီမံသိမ်းဆည်းမယ်ဆိုရင် အလဟဿလည်းမဖြစ်၊ အာဟာရလည်းမလျော့၊ဘေးလည်းမဖြစ်အောင် ခဲတစ်လုံးနဲ့ ငှက်သုံးကောင်လောက်ပစ်လို့ရပါတယ်။ အစားအသောက်ကို လုံလောက်တဲ့အပူချိန်နဲ့ ကြာချိန်မပေးဘဲ ချက်ပြုတ်တာ(ကျက်အောင်မချက်တာပေါ့)၊ မသင့်တော်တဲ့အပူချိန်မှာ သိမ်းဆည်းထားရှိတာက အစားအစာကနေ ရောဂါပိုးတွေပေါက်ဖွားစေတဲ့အဓိကအကြောင်းရင်းနှစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ကျန်းမာသန့်ရှင်းတဲ့ အစားအသောက်တွေ စီမံနိုင်မယ့်၊ အလေအလွင့်နည်းစေမယ့် နည်းလမ်းလေးတွေ အကြံပြုလိုက်ပါတယ်။ ချက်ပြုတ်တဲ့အခါ မကုန်လို့ကျန်နေတဲ့ အစားအစာကိုဘေးကင်းစွာပြန်စားသုံးချင်ရင် စစချင်းချက်ပြုတ်တဲ့အချိန်တည်းကသေချာချက်ဖို့ပါ။ အထူးသဖြင့် အနီရောင်ရှိတဲ့အသားတွေ (အမဲသား၊ဝက်သား)ကို အပူချိန်ပြင်းပြင်းနဲ့ချက်ပြုတ်ရပါမယ်။ Steak အသားပြားပဲဖြစ်ဖြစ်၊ကြော်တာဖြစ်ဖြစ် မကျက်တကျက်ဆို အန္တရာယ်များပါတယ်။ ကျန်နေရင် ပိုဆိုးတာပေါ့။ ဒီအသားတွေမှာ ပါတဲ့ သန်ကောင်ဥလိုမျိုး ကပ်ပါးပိုးတွေက မကျက်တကျက်အသားမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မှိုတက်တာမှန်သမျှ အန္တရာယ်ပါ

ကြက်သွန်နီ အခွံနား ကပ်ပါလာတတ်တဲ့ မှိုမည်းမည်းလေးတွေ သတိထားမိလား။ မှိုတက်တာက အဖြူ၊ အစိမ်း၊ အမည်း စတဲ့ ရောင်စုံမှိုတွေနဲ့ တွေ့ရနိုင်ပါတယ်။ အစားအသောက်မှာပဲဖြစ်ဖြစ်၊ အသုံးအဆောင်နဲ့ အိမ်တွင်း တစ်နေရာမှာပဲဖြစ်ဖြစ် ဘာမှိုမဆို မှိုတက်တာမှန်သမျှ အန္တရာယ်ပါ ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။ မှိုတက်တာမှန်သမျှ အန္တရာယ်ပါ အစားအစာတင် မကပါဘူး၊ အမှိုက်တွေစုနေတာ၊ မစိုတစို မခြောက်တခြောက် အရာဝတ္ထုတွေ အိမ်ထဲမှာ ရှိနေရင်(အိမ်သန့်ရှင်းရေးပုံမှန်မလုပ်ရင်) အောက်သိုးသိုး မှိုနံ့တွေရနေမှာ သတိထားမိမှာပေါ့။ မြင်ရတာ မမြင်ရတာ ထား။ အဲဒီ မှိုက ထွက်တဲ့ အမှုန်တွေက အဆုတ်ထဲရောက်တဲ့အခါ နာတာရှည်အဆုတ်ရောဂါ ဖြစ်စေနိုင်တယ်၊ ဒါမှမဟုတ် ကိုယ်ခံအားစနစ်ကို အားနည်းစေလို့ တခြား ရောဂါပိုးတွေ ကူးစက်ခံရလွယ်စေနိုင်ပါတယ်။ မှိုကို ထိမိတာ၊ ရှူမိတာနဲ့ ဓာတ်မတည့်တတ်သူ မဟုတ်ရင်တောင် သာမန်လူတွေမှာ မျက်စိ၊ […]


ကျန်းမာရေး သတင်းများ

မိန်းကလေးတွေရဲ့ဦးနှောက်က ယောကျာ်းလေးတွေထက် ပိုအရွယ်တင်ကြောင်း တွေ့ရှိ

မိန်းမဉာဏ်နဲ့ လာမယှဉ်နဲ့၊ မိန်းကလေးဆိုတာ အိမ်မှုကိစ္စပဲလုပ်ရုံ၊ ယောက်ျားလေးတွေက ပိုဆုံးဖြတ်နိုင်တယ်၊ ဦးဆောင်နိုင်တယ်ဆိုတဲ့ရှေးစကားတွေက အခုခေတ်မှာ ရယ်စရာဖြစ်လို့နေပါပြီနော်။ ကျား၊မ မခွဲခြားဘဲ ရင်ပေါင်တန်းနိုင်တဲ့ခေတ်မှာ ကိစ္စအတော်များများကို တန်းတူလုပ်နိုင်တယ်ဆိုပေမယ့် တချို့အရာတွေမှာတော့ ကပ်သပ်မငြင်းသင့်ဘူးပေါ့။ ဒါပေမယ့် အသင်းအဖွဲ့တွေနဲ့ လုပ်ဆောင်ရတဲ့လုပ်ငန်းခွင်တွေ၊ အဖွဲ့အစည်းတွေ၊နေရာအတော်များများမှာတော့ ဘယ်သူကသာတယ် ယှဉ်နေဖို့မသင့်ပါဘူး။ ယှဉ်နေဖို့မသင့်ပေမယ့်လည်း သုတေသနတစ်ခုမှာတော့ မိန်းကလေးတွေက သာနေပြန်ပါရော။ အသက်ကြီးလာလည်း မိန်းကလေးတွေရဲ့ ဦးနှောက်က ကြီးရင့်မှုပိုနှေးတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ပျမ်းမျှအားဖြင့် မိန်းကလေးတွေရဲ့ဦးနှောက်က သက်တူရွယ်တူယောကျ်ားလေးတွေရဲ့ဦးနှောက်ထက် ၃ နှစ်စာလောက် ပိုနုပျိုပါတယ်တဲ့။ "မိန်းကလေးတွေက အသက်အရွယ်တူယောကျ်ားလေးတွေနဲ့ယှဉ်ရင် ဉာဏ်ရည်စစ်ဆေးလေ့လာမှု တွေမှာ ရလဒ်ပိုကောင်းတာကို တွေ့ရတယ်” လို့ ဝါရှင်တန်ဆေးတက္ကသိုလ်မှ သုတေသီ Dr. Manu Goyal ကပြောပါတယ်။ လူသားတွေရဲ့ဦးနှောက်မှာ အသက်ကြီးလာတာနဲ့အမျှ ဖွဲ့စည်းပုံနဲ့ လုပ်ဆောင်ချက်တွေ ဘယ်လိုပြောင်းလဲလာသလဲဆိုတာကို သိပ္ပံပညာရှင်တွေက လေ့လာခဲ့တာပါ။ ပြောင်းလဲမှုတစ်ခုမှာဆိုရင် ဦးနှောက်က သူ့ရဲ့စွမ်းဆောင်ရည်ကို အားဖြည့်နိုင်ဖို့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား

အချို့ အလေ့အထတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ် ထင်လို့ လုပ်မိနေပေမယ့် ကျန်းမာရေးအတွက် အထောက်အကူ မပြုတဲ့အပြင် ဆိုးကျိုး သက်ရောက်မှုတွေတောင် ရှိစေနေပါသေးတယ်။ ဘယ်လို အလေ့အထတွေလဲ၊ ကိုယ်တိုင်မှာရော ရှိနေလား ဆန်းစစ်ကြည့်လိုက်ပါဦး။ အထူးသဖြင့် လူသိများတဲ့ ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား ဆိုတာကိုပေါ့။ ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား ဒီအလေ့အထတွေက ကျန်းမာရေးကို တကယ်ပဲအကျိုးပြုရဲ့လား ဆိုတာကို ဆန်းစစ်ကြည့်လိုက် ရအောင်နော်။ မနက်စာကို အများကြီး စားခြင်း မနက်စာကို စားတာက တစ်နေ့တာ အစမှာ ခွန်အား ပြည့်စေပါတယ်။ ဒါပေမဲ့ များများ စားကို စားရမယ်တော့ မဟုတ်ပါဘူး။ အစာတွေအများကြီး စားတာက ခန္ဓာကိုယ်ကို ဝန်ပိစေပြီး အစာခြေစနစ်ကို ထိခိုက်စေနိုင် ပါတယ်။ ကိုယ်ဝမ်းနဲ့ သင့်ရုံ စားပါ။ အာဟာရ ပြည့်ပြီး အဆာခံနိုင်တာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခရီးသွားရင် ဘာဆေးတွေဆောင်သွားကြမလဲ

ပွင့်လင်းရာသီလည်း ရောက်ပြီ။ ရုံးတွေကျောင်းတွေကလည်းပိတ်ပြီ ဆိုတော့ အားလုံး ခရီးသွားဖို့ ပြင်ဆင်နေကြပြီ ထင်ပါတယ်နော်။ ခရီးမသွားခင်၊ ဒါမှမဟုတ် သွားနေရင်း ဖျားနာတာတွေဖြစ်ပြီး မပျော်လိုက်ရတာတွေမဖြစ်စေဖို့ ခရီးသွားရာသီမှာဖြစ်တတ်တဲ့ ရောဂါလေးတွေနဲ့အတူ ဆောင်သွားသင့်တဲ့ဆေးတွေကိုပါ ဖော်ပြပေးလိုက်ပါတယ်။ ကဲ ...... ခရီးသွားရင် ဘာဆေးတွေဆောင်သွားကြမလဲ ဆိုတာကို ကြည့်လိုက်ရအောင်နော်။ ခရီးသွားရင် ဘာဆေးတွေဆောင်သွားကြမလဲ ၁။ ရာသီအကူးအပြောင်းကြောင့် ဖျားနာတာတွေ။ ဒါကြောင့် ခရီးသွားရင် သွားမယ့်နေရာနဲ့ သင့်တော်တဲ့ အနွေးထည်၊ အင်္ကျီတို့ကို ယူသွားပါ။ အဖျားကျဆေး၊ အကိုက်အခဲပျောက်ဆေး၊ ပါရာစီတမော၊ အအေးမိတာကြောင့်ဖြစ်တဲ့ နှာချေ နှာမွှန် ပျောက်ဆေး တို့လည်းဆောင်သွားပါ။ ဒါတွေဟာ အိမ်သုံးဆေးဝါးတွေပဲဖြစ်တဲ့အတွက် ဆေးဆိုင်မှာလည်း အလွယ်တကူ ဝယ်လို့ရပါတယ်နော်။ ၂။ ကားမူးတတ်တဲ့သူတွေအတွက်။ ကားစီးရင် ကားမူးတတ်တဲ့သူတွေအတွက်လည်း dimenhydranite ပါဝင်တဲ့ ကားမူးပျောက်ဆေးကို ကားပေါ်မတက်ခင်တည်းက ကြိုသောက်ထားသင့်ပါတယ်။ ၃။ အစားအသောက်မတည့်၊ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်းတွေအတွက် အားလုံးက ခရီးသွားရင်း ဒေသစာတွေက […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း