ကိုယ်ခံအားစနစ်အပေါ် သက်ရောက်နေတဲ့အချက်တစ်ခု
အသက်အရွယ်ပြောင်းလဲလာမှုက ကိုယ်ခံအားစနစ်အပေါ်မှာတော်တော်လေးသက်ရောက်မှုရှိပါတယ်။ ငယ်စဉ်ခါမှာ ကိုယ်ခံအား က အပြည့်အဝမဖွံ့ဖြိုးသေးသလို အသက်အရွယ်ကြီးရင့်လာတဲ့အခါမှာလည်း ကိုယ်ခံအားစနစ်ကတဖြည်းဖြည်းချင်းအားနည်းလာပါတယ်။ လူတစ်ယောက်ဟာ အသက် တစ်နှစ်ကြီးလာတိုင်း ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်နိုင်စွမ်းက တဖြည်းဖြည်နဲ့ကျလာပါတယ်။ ဒီလိုအခြေအနေမှာရောဂါတွေကို ခံစားရနိုင်စွမ်းက သက်လတ်ပိုင်းအရွယ်လောက် မကောင်းတော့တာအမှန်ပါ။
အသက်အရွယ်ကြီးရင့်လာတဲ့အခါ ကိုယ်ခံအားစနစ် အားနည်းလာတာ ဘာကြောင့်လဲ……….
အသက်အရွယ်ကြီးလာလေလေ ကိုယ်ခံအားစနစ်က လုပ်ဆောင်နိုင်စွမ်းနည်းလာလေလေပါ။ အသက်အရွယ်ရလာတာနဲ့အမျှ ကိုယ်ခံအားနည်းလာတာက ဒီအချက်တွေကြောင့်လည်း ပါပါတယ်။
- အသက်အရွယ်ကြောင့် ကိုယ်ခံအားတုံ့ပြန်မှုအားနည်းလာတာကြောင့်ပါ။ ဒီအခြေအနေကပဲ သင့်ကို မကြာခဏဖျားနာမှြုဖစ်စေတာပါ။ ဒါကြောင့် နှစ်စဉ် တုပ်ကွေးကာကွယ်ဆေးအပါအဝင် လိုအပ်တဲ့ ကာကွယ်ဆေးတွေကိုထိုးထားဖို့လိုပါမယ်။
- ကိုယ်ခံအားစနစ်ကမောက်မကဖြစ်တဲ့အခြေအနေကြောင့် ကိုယ်ခံအားနည်းလာရတာပါ။ ဒါကတော့ ကိုယ်ခံအားက ခန္ဓါကိုယ်ကကျန်းမာတဲ့တစ်ရှုးတွေကို မှားယွင်းပြီး ဖျက်ဆီးမိတာကြောင့်ဖြစ်လာတဲ့ရောဂါအခြေအနေတစ်ခုပါ။
- ကိုယ်တွင်းမှာ လိုအပ်တဲ့ အာဟာရဓါတ်တွေနည်းလာတာကြောင့်လည်း ကိုယ်ခံအားနည်းလာနိုင်ပါတယ်။ အသက်အရွယ်ရလာတဲ့အခါ အစားအသောက်ကို သိပ်မစားတော့တာကြောင့် လိုအပ်တဲ့အာဟာရကို ခန္ဓါကိုယ်ကပြည့်ဝစွာ မရရှိတာကြောင့်လည်း ကိုယ်ခံအားနည်းလာရတာပါ။
- ပြည့်ဝတဲ့အိပ်စက်ချိန်မရှိတာကလည်း ကိုယ်ခံအားနည်းစေနိုင်တဲ့အချက်တစ်ခုပါ။ အသက်အရွယ်ရလာတဲ့သူတွေက တဖြည်းဖြည်းချင်းနဲ့ အအိပ်နည်းလာကြပါတယ်။
- ကိုယ်လက်လှုပ်ရှားမှုအားနည်းလာတာကလည်း ကိုယ်ခံအားနည်းစေတဲ့အချက်တစ်ခုပါ။ အရွယ်ရလာတာနဲ့အမျှ ခန္ဓါကိုယ်လှုပ်ရှားမှုအားနည်းလာကြပါတယ်။ ဒီအခြေအနေကပဲ ကိုယ်ခံအားနည်းလာတာကို ကာကွယ်ပေးနိုင်စွမ်းကျသွားရတာပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။