backup og meta

ကျန်းမာရဲ့လား.......

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရဲ့လား.......

    နေ့တိုင်းလှုပ်ရှားသွားလာနေနိုင်တာနဲ့ပဲ ကျန်းမာနေပြီလို့ မဆိုသာပါဘူး။ ဘဝမှာ အောင်မြင်ပျော်ရွှင်သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ကျန်းမာဖို့လိုပါမယ်။ ဒီတော့ ကိုယ်တိုင်ကရော ကျန်းမာရဲ့လား။ ကျန်းမာရေးကို ဘယ်လောက်ထိဂရုစိုက်မိလဲ…. ကဲစတွေးနေပြီလား…တွေးနေတာကြာတယ်။ ဒီဆောင်းပါးလေးဖတ်ရင်းအတူတူ ကျန်းမာရဲ့လား ဆိုတာ ဆန်းစစ်ကြည့်လိုက်ရအောင်။

    ကျန်းမာရဲ့လား………….

    ကျန်းမာတယ်ဆိုတာ လှုပ်ရှားသွားလာနိုင်တာကို မဆိုလိုပါဘူး။ ကျန်းမာသူတစ်ဦးဟာ အခုပြောတဲ့အချက်လေးတွေနဲ့ ကိုက်ညီဖို့လိုပါမယ်။

    သွေးပေါင်ချိန်

    ကျန်းမာတယ်ဆိုတဲ့နေရာမှာ သွေးတိုးရောဂါရှိနေလို့မဖြစ်သလိုသွေးပေါင်ကျနေလို့လည်းမဖြစ်ပြန်ပါဘူး။ ရှိသင့်တဲ့ ပုံမှန် သွေးပေါင်ချိန်အနေအထားမှာရှိဖို့လိုပါမယ်။ ကျန်းမာသူတစ်ယောက်အနေနဲ့ သွေးပေါင်ချိန်က အပေါ်သွေး ၁၂၀၊ အောက်သွေး ၈၀ ရှိဖို့လိုပါမယ်။ ဒီအခြေအနေကမှ နှလုံးခုန်နှုန်းကိုမှန်စေမှာဖြစ်သလို ခန္ဓာကိုယ်အနှံ့က ကိုယ်အင်္ဂါအစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှု အကောင်းဆုံးဖြစ်မှာပါ။ သွေးပေါင်ချိန်က တစ်ယောက်နဲ့တစ်ယောက်မှာ အမြဲအတိအကျတော့ မတူနိုင်ပါဘူး။ ဒါပေမယ့် အရမ်းများနေတာမျိုး အရမ်းနည်းနေတာမျိုးကတော့ အဆင်မပြေပါဘူး။

    နှလုံးခုန်နှုန်း

    ရှင်သန်မှုလက္ခဏာတစ်ရပ်ဖြစ်တဲ့ နှလုံးလေးက မြန်မြန်ခုန်နေလို့ မဖြစ်သလို ခပ်နှေးနှေးလေး ခုန်နေပြန်ရင်လည်း မကောင်းပါဘူး။ လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်မိနစ်ကို နှလုံးခုန်နှုန်း ၆၀ ကနေ ၁၀၀ အထိရှိသင့်ပါတယ်။ ဒါကြောင့် နှလုံးလေးက စည်းချက်မှန်မှန်နဲ့ ပုံမှန်ခုန်နေရဲ့လားဆိုတာကိုလည်း သတိထားစေချင်ပါတယ်။

    ခန္ဓာကိုယ် အပူချိန်

    ခန္ဓာကိုယ်အပူချိန်က သင့်ကျန်းမာရေးကို ဖော်ပြနေတဲ့ လက္ခဏာတစ်ရပ်ပါ။  လှုပ်ရှားပြေးလွှားထားတဲ့အချိန်မှာ ခန္ဓာကိုယ်အပူချိန်ကမြင့်တက်နိုင်တယ်ဆိုပေမယ့် ပုံမှန်ကတော့ ခန္ဓာကိုယ် အပူချိန်က ၉၈.၆ ဒီဂရီ ဖာရင်ဟိုက် (၃၇ ဒီဂရီဆဲလ်စီးရပ်စ်) ရှိရပါမယ်။ ခန္ဓာကိုယ်အပူချိန်ပြောင်းလဲနေတာက ဖျားနာနေတာ ဒါမှမဟုတ် ခန္ဓာကိုယ်မှာ ရောဂါတစ်ခုခုခံစားနေရတယ်ဆိုတဲ့ လက္ခဏာပါ။

    အသက်ရှူနှုန်း

    အသက်ရှူမှုတိုင်းမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အောက်ဆီဂျင်တွေကို ရှုသွင်းပေးသလို မလိုအပ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို ခန္ဓာကိုယ်ပြင်ပကို စွန့်ထုတ်ပေးပါတယ်။ အရမ်းကြောက်တဲ့အခါမျိုးမှာ အသက်ရှူဖို့ မေ့နေတတ်ကြပါတယ်။ ကျန်းမာတဲ့ အရွယ်ရောက်သူတစ်ယောက်အနေနဲ့ တစ်မိနစ်မှာ အသက်ရှုနှုန်းက ၁၂ ကနေ ၁၆ ကြိမ်လောက်အထိရှိရပါမယ်။

    သတိထားရမယ့် လက္ခဏာတွေကဘာတွေလဲ…….

    နေ့တိုင်းတော့ ပုံမှန်လှုပ်ရှားသွားလာနိုင်တယ်ဆိုပေမယ့် ဒီအချက်တွေရှိရင်တော့ သတိထားဖို့လိုနေပါပြီ။ တကယ်လို့

    • ညအိပ်တဲ့အခါ ချွေးစေးတွေထွက်မယ်
    • ခန္ဓာကိုယ်က ရှိသင့်တဲ့ ကိုယ်အပူချိန်ထက်ပိုများနေတတ်တယ်
    • လေ့ကျင့်ခန်းလုပ်တဲ့အခါ ခန္ဓာကိုယ်က အရမ်းနာကျင်နေမယ်
    • အကြောင်းအရင်းမရှိဘဲ ကိုယ်အလေးချိန်တွေကျနေမယ်
    • အနာတော်တော်နဲ့ မကျက်တာမျိုးဖြစ်နေမယ်
    • တစ်ခုခုလုပ်တိုင်း အရမ်းပင်ပန်းနေမယ်
    • အိပ်မပျော်တဲ့ ညတွေများနေမယ်
    • ထိခိုက်မိတိုင်း တော်တော်နဲ့ သွေးမတိတ်တာမျိုးဖြစ်နေမယ်
    • အရိုးအဆစ်တွေက အမြဲလိုလိုနာကျင်နေမယ်
    • အာရုံစူးစိုက်ရခက်နေမယ်
    • မကြာခဏဆိုသလို ဖျားနာနေမယ်
    • ဝမ်းချုပ်မယ်
    • လျှာတွေဖြူနေမယ်
    • အသားတွေခြောက်နေမယ်
    • ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက်များနေမယ် ဆိုရင် ကျန်းမာရေးစစ်ဆေးမှုလုပ်ကြည့်ဖို့ ပြောပါရစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement