အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မကူးစက်နိုင်တဲ့ ရောဂါများအကြောင်း

WHO အဆိုအရဆိုရင် မကူးစက်နိုင်တဲ့ ရောဂါ (Non communicable diseases, NCD) တွေကြောင့် တစ်နှစ်ကို လူပေါင်း ၃၈သန်းလောက် သေဆုံးနေပါတယ်။ ဒီထဲမှ ၁၆သန်းလောက်က အရွယ်မတိုင်ခင် သေဆုံးနေပါတယ်။ ဒီဂဏန်းက ရှေ့ကိုလည်း ဆက်တက်ဖို့ ရှိပါသေးတယ်။ အရင်ကတော့ NCDကို သူဌေးရောဂါလို့ ခေါ်ကြပါတယ်။ စားကောင်း သောက်ကောင်း စားပြီး အဆီယစ်တဲ့ သူဌေးတွေမှာပဲ ဖြစ်တယ်ပေါ့။ ခုကတော့ လူတွေက အရင်လိုမဟုတ်ဘူး။ အသင့်စား အစားအစာတွေလည်း စားလာကြတယ်။ တစ်နေကုန်ထိုင်ပြီးလည်း  အလုပ်လုပ်ရတယ်။ လေ့ကျင့်ခန်း လုပ်ဖို့လည်း အချိန်မရှိကြတော့ဘူး။ ဒါကြောင့် တဖြည်းဖြည်း အဝလွန်ပြီး ရောဂါတွေ ဝင်လာပါတော့တယ်။ အရင်က ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာပဲ တွေ့ရပေမယ့် ခုကတော့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပါ တွေ့နေရပါပြီ။ ပိုဆိုးတာက […]


ရောဂါလက္ခဏာများ

ကိုယ်ခံအားကို အားဖြည့်ဖို့ လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာ

လူတစ်ယောက်ကို ကျန်းမာစေဖို့ ဘာကများ ထောက်ပံ့ထားတာလဲ....... ကိုယ်ခံအားစနစ်ပါ။ ကိုယ်ခံအားစနစ်က နေ့ရက်တိုင်းမှာ ကျန်းမာပျော်ရွှင်စွာ ဖြတ်သန်းနိုင်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးထားတဲ့ အရာပါ။ ဒီတော့ ကိုယ်ခံအားကောင်းဖို့က တကယ်ကို လိုအပ်တာဆိုတာ ထွေထွေထူးထူး ပြောနေစရာတောင် မလိုအောင်ပါ။ ဒီတစ်ခေါက်တော့ ကိုယ်ခံအားက သူ့အတွက် အကူအညီလိုအပ်တဲ့အခါ ဘယ်လိုအချက်ပြတတ်လဲ... ဆိုတာကို နည်းနည်းလောက် ပြောပြပေးပါရစေလား....... ကိုယ်ခံအား ဆိုတာ ကိုယ်ခံအားဆိုတာ ခန္ဓာကိုယ်အတွက် ခံတပ်တစ်ခုပါ။ ကိုယ်တွင်းကို ရောဂါတွေမဝင်ရောက်လာစေဖို့ အကောင်းဆုံး အားဖြည့်ပေးပါတယ်။ ဒီတော့ ကျန်းမာနေစေဖို့ဆိုရင် ကိုယ်ခံအားဆိုတဲ့ ခံတပ်ကြီး တောင့်တင်းနေဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ကိုယ်ခံအားကို အားဖြည့်ဖို့ လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာတွေက ဘာတွေဖြစ်မလဲ........... ကိုယ်ခံအားကောင်းမှ သက်ရှည်ကျန်းမာမှာပါ။ တကယ်လို့ ဒီလက္ခဏာတွေထဲက တစ်မျိုးမျိုး ဒါမှမဟုတ် တစ်မျိုးနဲ့အထက် ခံစားနေရပြီဆိုရင် ကိုယ်ခံအားကို ပြန်လည် […]


အခြေခံကျန်းမာရေး

ပိုတက်စီယမ်လွန်ကဲ ခြင်းရဲ့ အန္တရာယ် သတိပြုပါ

ပိုတက်စီယမ် ဆိုတာ ဦးနှောက် ၊ နှလုံး နဲ့ ကြွက်သား တို့ အပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အတော်များများကို အကျိုးပြုတဲ့ သတ္တုဓာတ်ပါ ။ ဒါပေမယ့် ဘယ်ဓာတ်မဆို ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏ အတိုင်းအတာကို ရရှိမှ ရသင့်တဲ့ အကျိုးကျေးဇူးကို ရနိုင်မှာပါ ။ မလုံလောက်ရင်လည်း အဆင်မပြေ၊ လွန်ကဲရင်လည်း ဘေးဖြစ်နိုင်တာ အသေအချာ ပါပဲ။ ပိုတက်စီယမ်လွန်ကဲ ခြင်း ပုံမှန်အားဖြင့် ပိုလျှံတဲ့ ပမာဏတွေကို ကျောက်ကပ်က စွန့်ထုတ်ပေးပြီး ပိုတက်စီယမ် ပမာဏကို ထိန်းညှိပေးတာပါ ။ ဒါပေမယ့် အကြောင်းရင်း တစ်ခုခုကြောင့် သွေးတွင်းမှာ ပိုတက်စီယမ်လွန်ကဲတဲ့အခါ hyperkalemia ဆိုတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ် ။ ဘယ်လောက် အန္တရာယ်များသလဲ Hyperkalemia အခြေအနေဟာ အန္တရာယ်ရှိတဲ့ နှလုံးခုန်စည်းချက် ပြောင်းလဲမှုတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသက် ၃၀ လူလတ်ပိုင်းအရွယ်မှာ ကောင်းသောပြောင်းလဲခြင်းတွေ စတင်ပါ

အသက် ၂၀ ပြီးလို့ အသက် ၃၀ ထဲကို ဝင်လာပြီ။ ကိုယ်ဟာ လုပ်ငန်းခွင်မှာရော၊ နယ်ပယ်တစ်ခုမှာပါ ထိုက်သင့်တဲ့ အရည်အချင်းတွေ၊ လုပ်သက်တွေနဲ့ နာမည်ကောင်းတွေ ရသလောက် ဖြစ်နေပြီ။ ကိုယ့်ဘဝအတွက်လည်း အောင်မြင်မှုလမ်းစပေါ် ရောက်နေပြီလို့ ဆိုနိုင်တဲ့ အရွယ်ပါ။ ဒီလိုအရွယ်မှာလည်း ကိုယ့်အသက် ၂၀ တုန်းကလိုပဲ ဆက်ပြီး ကြိုးစားဖို့ လိုတဲ့အပြင် ဘဝနေထိုင်မှုပုံစံတွေကိုပါ နည်းနည်း ပြောင်းလဲဖို့ လိုလာပါတယ်။ အသက် ၃၀ လူလတ်ပိုင်းအရွယ်မှာ ကောင်းသောပြောင်းလဲခြင်းတွေ စတင်ဖို့ လိုလာပါပြီ။ အဓိကကတော့ စိတ်နဲ့ ခန္ဓာ ကျန်းမာရေးပေါ့ဗျာ။ ဘာကြောင့်လဲဆိုတော့ ဒီလိုအရွယ်ဟာ ငယ်ရွယ်နုပျိုမှုတွေ ကျဆင်းလာသလို ကိုယ့်ရဲ့ မိသားစုဘဝလေးကို စတင်အကောင်အထည် ဖော်ရမယ့် အချိန်ရောက်နေလို့ပါပဲ။ ဒီအချိန်မှာမှ ကိုယ့်ကျန်းမာရေးကို ဂရုမစိုက်ရင်တော့ ရောဂါတွေ ရဖို့လွယ်နိုင်သလို […]



အခြေခံကျန်းမာရေး

DHA နဲ့ ကျန်းမာရေး

နေ့စဉ် စားသုံးလိုက်တဲ့ အစားအစာတိုင်းမှာ အာဟာရဓာတ်တွေ များစွာ ပါဝင်နေသလို အာဟာရ တစ်ခုချင်းစီတိုင်းက ခန္ဓာကိုယ်ကို များစွာ အကျိုးပြုနေပါတယ်။ ဒီတစ်ခေါက်တော့ ဦးနှောက် နဲ့ အမြင်အာရုံ ကျန်းမာရေး ကစလို့ ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာစေဖို့အတွက် အရေးပါတဲ့ DHA  က ခန္ဓာကိုယ် အတွက် ဘယ်လို အကျိုးပြုလဲ ဆိုတာကို ပြောပြပေးပါရစေ။ DHA ဆိုတာ ဘာလဲ.......... DHA ကို Docosahexaenoic acid လို့ ခေါ်ကြပြီး omega-3 fatty acid တစ်မျိုးပါ။ omega-3 fat ကDHA အပြင် omega-3 fat eicosapentaenoic acid (EPA) ဆိုတာလည်းရှိပါတယ်။ အဆီများတဲ့ ငါးတွေအထူးသဖြင့် ဆယ်လ်မွန် နဲ့ တူနာတို့မှာ အတွေ့ရများပါတယ်။ ခန္ဓာကိုယ်က […]


အခြေခံကျန်းမာရေး

ဓာတ်တိုးဆန့်ကျင်ပစ္စည်း တွေကခန္ဓာကိုယ်အတွက် ဘာလုပ်ပေးလဲ

ဓာတ်တိုးဆန့်ကျင်ပစ္စည်း (Antioxidants)ဆိုတဲ့ စကားလုံးက ဒီဘက်ခေတ်မှာ မစိမ်းတော့ပါဘူး။ နုပျိုချင်ရင် Antioxidantသောက်၊ ကင်ဆာကာကွယ်ချင်ရင် Antioxidantသောက် စသဖြင့် အမျိုးမျိုးကြော်ငြာနေကြပါတယ်။ ဒီတော့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဆိုတာဘာလဲ။ ဘယ်လိုအလုပ်လုပ်သလဲ။ ခန္ဓာကိုယ်အတွက် ဘာကောင်းကျိုးရှိသလဲဆိုတာ ဆက်ပြီးလေ့လာကြည့်ရအောင်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း ဆိုတာဘာလဲ။ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အကြောင်းမပြောခင် ဓာတ်တိုးတယ်ဆိုတာ ဘာလဲဆိုတာအရင်ပြောပြပါ့မယ်။ ခန္ဓာကိုယ်ထဲမှာ ဓာတ်တိုးရင် ဆဲလ်ရဲ့မျက်နှာပြင်၊ ဒီအန်အေ စတာတွေပျက်စီးပါတယ်။ ကိုယ်ထဲမှာ ဓာတ်တိုးပစ္စည်းတွေကို ဖျက်စီးဖို့ သဘာဝစနစ်ကြီးတစ်ခုက ရှိပြီးသားပါ။ ဒါပေမယ့် ဓာတ်တိုးပစ္စည်းတွေ များလာတဲ့အခါ ခန္ဓာကိုယ်က မရှင်းထုတ်နိုင်တဲ့အတွက် စုပုံလာပြီး ရောဂါတွေဖြစ်လာပါတယ်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းဆိုတာ ဒီပစ္စည်းတွေကို ဖျက်ဆီးနိုင်တဲ့ မော်လီကျူးတွေပါ။ အစားအစာတွေ အထူးသဖြင့် အသီးအရွက်တွေမှာ အများဆုံးတွေ့ရပါတယ်။ ဗီတာမင်တွေ (အထူးသဖြင့် ဗီတာမင် အေနဲ့ အီး)၊ သတ္တုဓာတ် (ကော့ပါး၊ ဇင့်နဲ့ ဆီလီနီယမ်)ကလည်း […]


ရောဂါလက္ခဏာများ

ဗီတာမင် စီ အားနည်းနေတာ သိသာတဲ့ လက္ခဏာ (၇) ခု

ချိုချဉ်ဖန်ခါး အစားတွေစုံအောင်စားတိုင်း အာဟာရမပြည့်ပါဘူးနော်။ ခန္ဓာကိုယ်က မရှိမဖြစ်လိုအပ်တဲ့ဓာတ်တွေကို လုံလောက်တဲ့ပမာဏနဲ့ ညီညီမျှမျှ ရရှိနိုင်မှ ဖြစ်မှာပါ။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအများကြီးထဲကမှ ဗီတာမင် စီ အကြောင်း သင်ဘယ်လောက်သိထားပြီးပြီလဲ။ ဟိုရောဂါ၊ ဒီရောဂါတွေကူးစက်ခံရမှာ စိုးရိမ်နေကြတဲ့ ခုလိုချိန်မျိုးမှာ ကိုယ်ခံအားစနစ်အတွက် အရေးကြီးတဲ့ ဗီတာမင် စီကို ကိုယ့်မှာ အလုံအလောက်ရရှိနေရဲ့လားဆိုတာ သိထားဖို့လိုပါတယ်။ လုံလောက်ပြီလား အရွယ်ရောက်ပြီးသား (ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်မဟုတ်တဲ့) အမျိုးသမီးတစ်ယောက်က တစ်နေ့ကို ဗီတာမင်စီ ၇၅ မီလီဂရမ် ၊ အမျိုးသားတွေက ၉၀ မီလီဂရမ် လိုအပ်ပါတယ်။ ဗီတာမင် စီကို ခန္ဓာကိုယ်က ကြာရှည်ထိန်းသိမ်းမထားနိုင်တာကြောင့် အစားအသောက်ကနေ နေ့တိုင်းရရှိဖို့ လိုအပ်ပါတယ်။ ဗီတာမင် စီ ဘယ်သူတွေမှာ ချို့တဲ့နိုင်လဲ ဗီတာမင်စီ ချို့တဲ့မှု ဖြစ်နိုင်ခြေအများဆုံးသူတွေကတော့ အစားရွေးသူတွေ၊ ကျန်းမာရေးနဲ့ညီအောင် မစားသူတွေ၊ ကျောက်ကပ်ဆေးနေရသူတွေ၊ အရက်သောက်တာများသူတွေနဲ့ ဆေးလိပ်သောက်သူတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အစိုဓာတ်ထိန်းစက် နဲ့ ကျန်းမာရေး

အရင်ကတော့ အစိုဓာတ်ထိန်းစက် လို့ ပြောလိုက်ရင် ဘာလဲလို့ပြန်မေးမယ့်သူက ခပ်များများရယ်။ အခုနောက်ပိုင်းတော့ ကိုရီးယားကားတွေကြည့်ရင်း ရေနွေးငွေ့လေးတွေထွက်လာတတ်တဲ့ အစိုဓာတ်ထိန်းစက်လေးကို ရင်းနှီးလာကြပါပြီ။ အခုတစ်ခေါက် ဒီအစိုဓာတ်လေးက အလှအပအတွက်ပဲလား ကျန်းမာရေးအတွက်ရောဘယ်လိုများ အသုံးဝင်လဲဆိုတာကို ကြည့်လိုက်ရအောင်လား။ အစိုဓာတ်ထိန်းစက် ဆိုတာ အစိုဓာတ်ထိန်းစက် ဆိုတာက ရေနွေးငွေ့ပေးတဲ့ စက်ကလေးပါ။ စက်ထဲကို ရေနဲ့ အမွှေးဆီတစ်ခုခုထည့်ထားပြီး ပလပ်ထိုးလိုက်ရုံနဲ့ ရေနွေးငွေ့လေးတွေထွက်လာစေပြီး ပတ်ဝန်းကျင်ကို အစိုဓာတ်ရရှိအောင် လုပ်ပေးတဲ့စက်တစ်မျိုးပေါ့။ ခြောက်သွေ့မှုတွေကို သက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းစက်ကို အသားအရေခြောက်သွေ့တာ၊ နှာခေါင်းခြောက်တာ၊ လည်ချောင်းခြောက်တာ နဲ့ နှုတ်ခမ်းခြောက်တာတွေအတွက် အသုံးပြုလို့ရသလို ဖျားနာတာနဲ့ တုပ်ကွေးဖြစ်တဲ့အခါ လက္ခဏာတွေသက်သာစေဖို့လည်း အသုံးပြုပေးလို့ရပါတယ်။ အစိုဓာတ်ထိန်းစက် နဲ့ ကျန်းမာရေး အစိုဓာတ်ထိန်းစက်က အလှအပအတွက်တင်မကပါဘူး။ ကျန်းမာရေးအတွက်ပါ တော်တော်လေးအထောက်အပံ့ပေးနိုင်ပါတယ်။ ဘယ်လိုတွေများ အထောက်အပံ့ပေးလဲဆိုတော့ အသားအရေတွေခြောက်သွေ့နေတာကို သက်သာစေဖို့ အစိုဓာတ်ထိန်းစက်လေးကို နေထိုင်ရာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အစိုဓာတ်ထိန်းစက် ကပေးတဲ့ ကျန်းမာရေး

ရေနွေးငွေ့လေးတွေ ထွက်နေတဲ့ အစိုဓာတ်ထိန်းစက်က အသားအရေကို ထိန်းသိမ်းပေးရုံတင်လားဆိုတော့ မဟုတ်ပါဘူး။ ကျန်းမာရေးအတွက် အများကြီး အထောက်အကူပေးပါတယ်။ အခုနောက်ပိုင်းကျန်းမာရေးအတွက် အသုံးပြုသင့်တဲ့ အိမ်တွင်းကုထုံးနည်းတွေထဲမှာ အစိုဓာတ်ထိန်းစက်ကလည်း တစ်ခုအပါအဝင်လိုတောင် ဖြစ်လာပါပြီ။ ဒီတော့အသုံးများလာတဲ့ အစိုဓာတ်ထိန်းစက်လေးက ကျန်းမာရေးအတွက် ဘယ်လိုအကျိုးကျေးဇူးတွေများ ပေးလို့လဲလို့ မေးစရာရှိမယ်ထင်ပါတယ်။ ဒီမေးခွန်းလေးအတွက် အဖြေကတော့............... အစိုဓာတ်ထိန်းစက် ဆိုတာဘာလဲ........ အစိုဓာတ်ထိန်းစက်ဆိုတာက ရေနွေးငွေ့ပေးတဲ့ စက်ကလေးပါ။ စက်ထဲကို ရေနဲ့ အမွှေးဆီတစ်ခုခုထည့်ထားပြီး ပလပ်ထိုးလိုက်ရုံနဲ့ ရေနွေးငွေ့လေးတွေထွက်လာစေပြီး ပတ်ဝန်းကျင်ကို အစိုဓာတ်ရရှိအောင် လုပ်ပေးတဲ့စက်တစ်မျိုးပေါ့။ ခြောက်သွေ့မှုတွေကို သက်သာစေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်းစက်ကို အသားအရေခြောက်သွေ့တာ၊ နှာခေါင်းခြောက်တာ၊ လည်ချောင်းခြောက်တာ နဲ့ နှုတ်ခမ်းခြောက်တာတွေအတွက် အသုံးပြုလို့ရသလို ဖျားနာတာ နဲ့ တုပ်ကွေးဖြစ်တာတွေအတွက်လည်းအသုံးပြုပေးလို့ရပါတယ်။ အစိုဓာတ်ထိန်းစက်ကလေးရဲ့ ကျန်းမာရေးအာနိသင်တွေက ဘာတွေများလဲ............. အစိုဓာတ်ထိန်းစက်လေးက ကျန်းမာရေးအတွက်ရော အလှအပအတွက်ပါ အကျိုးကျေးဇူးများပါတယ်။ အစိုဓာတ်ထိန်းစက်လေးက ပေးတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း