အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

အဖျားတာရှည်ခြင်း ရဲ့ ဖြစ်နိုင်ခြေအကြောင်းရင်းတွေ

နေလို့မကောင်းဘူး၊ မကောင်းဘူးနဲ့ တငွေ့ငွေ့ဖြစ်နေတဲ့ အဖျားတာရှည်ခြင်း မျိုး ဖြစ်ဖူးကြမှာပါ။ ခန္ဓာကိုယ်က နွေးစပ်စပ်နဲ့ နေလို့သာမကောင်းတာ ကိုယ်အပူကြီးတာလည်းမဟုတ်၊ အိပ်ရာထဲလဲနေတာလည်းမဟုတ်၊ ဒါပေမယ့် ပျောက်လည်းမပျောက်ဘူး။ ပုံမှန်ကိုယ်အပူချိန်ဖြစ်တဲ့ 98.6°F ထက်ကျော်ပြီး အဖျား 100.4°F ဝန်းကျင်ရှိနေတာ ၂၄ နာရီထက် ကျော်နေတာကို တငွေ့ငွေ့အဖျားရှိနေတာလို့ သတ်မှတ်ပါတယ်။ တစ်ခါတလေ 102.2°F လောက်လည်း ရှိနေနိုင်ပါတယ်။ ရက်နဲ့ သီတင်းပတ်နဲ့ချီပြီး အဖျားရှိနေရင်တော့ ဆရာဝန်ပြပြီး အဖျားတာရှည်ခြင်း ရဲ့အကြောင်းရင်းကို ရှာဖွေဖို့ အရေးကြီးပါတယ်။ အဖျားတာရှည်ခြင်း ဘာတွေကြောင့် ဖြစ်နိုင်လဲ အဖျားတာရှည်စေတဲ့ အကြောင်းရင်းတွေက အများကြီးရှိပါတယ်။ အအေးမိတာလိုမျိုး ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ ရောဂါတွေကြောင့် အဖြစ်များဆုံးဆိုပေမယ့် တခြားအကြောင်းရင်းတွေလည်း ရှိပါသေးတယ်။ အသက်ရှူလမ်းကြောင်းပိုးဝင်တာ ရောဂါပိုးကို ခန္ဓာကိုယ်က ခုခံတိုက်ထုတ်တဲ့အခါ ကိုယ်အပူချိန်မြင့်လာပါတယ်။ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ နမိုးနီးယားနဲ့ လေပြွန်ရောင်ခြင်းတို့ကလည်း အဖျားငွေ့ငွေ့ရှိစေတဲ့ အသက်ရှူလမ်းကြောင်းပိုးဝင်ခြင်းတွေ ဖြစ်ပါတယ်။ ရက်သီတင်းပတ်ချီအောင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မှို အစားမှားလို့ အဆိပ်သင့်ကြသူများ

မှို ရဲ့ နူးညံ့ပြီး ချိုတဲ့အရသာက လူကိုစွဲလမ်းစေပါတယ်။ ကောက်ရိုးမှို၊ အပ်မှိုတို့ကို သိပ်ကြိုက်ကြသလို နိုင်ငံခြားဖြစ်မှိုအမျိုးအစားတွေကိုလည်း စျေးကြီးပေး ဝယ်စားတတ်တာပဲ ကြည့်။ ဒါတွေအားလုံးက စားလို့ရတဲ့ မှိုအမျိုးအစားတွေမို့ ဘေးကင်းပါတယ်။ ဒါပေမဲ့လည်း နှစ်တိုင်း မိုးရာသီ မှိုပေါချိန်ရောက်ရင် မှို အစားမှားလို့ ဒုက္ခရောက်သူတွေ ရှိနေပါသေးတယ်။ ဒါကြောင့် အိမ်နားတဝိုက်မှာ ပေါက်တာဖြစ်ဖြစ်၊ ခရီးသွားရင်းလမ်းမှာတွေ့တာဖြစ်ဖြစ်၊ တောထဲမှာတွေ့တာဖြစ်ဖြစ် ကိုယ်မသိတဲ့ မှိုအမျိုးအစားတွေကို ရမ်းသမ်းမစားလိုက်ဖို့ အရေးကြီးပါတယ်။ အဆိပ်အတောက်ရှိလို့ မစားသင့်တဲ့ မှိုတွေကို စားလိုက်မိတယ်ဆို ဒုက္ခရောက်ရပါလိမ့်မယ်။ ဒါ့ကြောင့် မှိုဟင်းတစ်ခွက်ကလည်း ကိုယ့်အတွက် နောက်ဆုံးထမင်းတစ်နပ် ဖြစ်သွားနိုင်တယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးကြတာပါ။ မှို အစားမှားလို့ အဆိပ်သင့်ကြသူများ အဆိပ်အတောက်ရှိတဲ့ မှိုတွေကို စားမိရင် ဖြစ်လာနိုင်တဲ့အဆိပ်သင့်ခြင်းက အဆင့်သုံးဆင့်ရှိပါတယ်။ စားပြီး ၂၄ နာရီအတွင်း ဗိုက်အောင့်ဗိုက်နာတာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လေယာဉ်အကြာကြီး စီးဖို့အတွက် ဒါတွေကို ပြင်ဆင်ထားပါ

နွေဦးနဲ့ ဆောင်းဦးရာသီတွေက ဝေးလံတဲ့ နိုင်ငံတွေကို အလည်အပတ်ခရီးသွားဖို့ အကောင်းဆုံးအချိန်ပဲနော်။ အကယ်လို့ ကိုယ်က အိမ်နီးချင်းနိုင်ငံတွေမဟုတ်ဘဲ အနောက်နိုင်ငံတွေလို မိုင်ပေါင်းထောင်ချီဝေးတဲ့ နေရာတွေကို သွားလည်မှာဆိုရင်တော့ လေယာဉ်စီးတဲ့အချိန်က ပုံမှန်ထက် တော်တော်ကြာနိုင်တယ်နော်။ ဒါကြောင့် လေယာဉ်အကြာကြီး စီးရတော့မယ့် ခရီးသည်တွေ ခရီးစဉ်တစ်လျှောက်လုံး သက်သောင့်သက်သာဖြစ်စေဖို့ ပြင်ဆင်ထားသင့်တဲ့ အချက်တွေကို ခုဆောင်းပါးမှာ ဖတ်ကြည့်ရအောင်။ လေယာဉ်အကြာကြီး စီးဖို့အတွက် ဒါတွေကို ပြင်ဆင်ထားပါ ၁။ ဝတ်မယ့်အဝတ်အစားတွေကို သေချာရွေးပါ။ ကိုယ်က နာရီအကြာကြီး လေယာဉ်စီးရမယ်ဆိုရင် အဝတ်လဲဖို့ အခြေအနေက ပေးတော့မှာ မဟုတ်ပါဘူး။ ဒီတော့ ဝတ်ထားတဲ့အဝတ်က ကိုယ့်အတွက် ပူနေခြင်း၊ အိုက်နေခြင်း၊ ကျပ်ထုတ်နေခြင်း မရှိဘဲ သက်သောင့်သက်သာဖြစ်နေဖို့ အရေးကြီးပါတယ်။ ဒီတော့ ပေါ့ပေါ့ပါးပါး ချည်သားအကျီတွေ၊ ဒူးဖုံးဘောင်းဘီ၊ စကပ်ရှည်တွေကို ဝတ်ဆင်ပါ။ ဂျင်းဘောင်းဘီအကျပ်တွေကို တတ်နိုင်သလောက်ရှောင်ပါ။ လက်ဝတ်ရတနာတွေကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အိမ်မွေးတိရစ္ဆာန်မှတဆင့် ကူးစက်တတ်သော ရောဂါများ

ကိုယ်ချစ်လို့ မွေးမြူထားတဲ့ အိမ်မွေးသတ္တဝါလေးတွေဟာ ဆိုးရွားတဲ့ ကျန်းမာရေးပြဿနာတွေကို ယူဆောင်လာတတ်တယ်ဆိုတာကို သင်သိပါသလား? Zoonotic illnesses လို့ ခေါ်တဲ့ တိရစ္ဆာန်ကနေတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဟာ တောရိုင်းတိရစ္တာန်တွေဆီကနေသာမက အိမ်မွေးသတ္တဝါလေးတွေဆီကနေတဆင့်လည်း ရောက်လာတတ်ပါတယ်။ များသောအားဖြင့် အိမ်မွေးသတ္တဝါလေးတွေဆီက ကူးစက်တဲ့ရောဂါတွေဟာ ကိုယ်ခံအားစနစ်နဲ့ အဓိကအားဖြင့်သက်ဆိုင်လေ့ရှိပြီးတော့ တချို့သောရောဂါတွေဟာ ပြင်းထန်တတ်တာမို့ အထူးဂရုပြုစောင့်ရှောက်ပေးဖို့ လိုအပ်လေ့ရှိပါတယ်။ အိမ်မွေး တိရိစ္ဆာန်တွေကနေ ကူးစက်နိုင်တဲ့ ရောဂါတွေဆိုတာ ဘယ်လို ရောဂါမျိုးတွေလဲ။ ခွေးရူးပြန်ရောဂါ ခွေးရူးပြန်ရောဂါ (Rabies) ဟာ အိမ်မွေးခွေး၊ လမ်းဘေးခွေးမရွေးပဲ ရောဂါပိုးရှိတဲ့ ခွေးအကိုက်ခံရရုံနဲ့ ကူးစက်နိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ အဆိုပါ ပိုးကို သယ်ဆောင်ထားတဲ့ ခွေးမျိုး ကိုက်တာခံခဲ့ရပြီး အချိန်မီ ကာကွယ်ဆေးမထိုးနိုင်ခဲ့ဘူးဆိုရင် ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်ပျက်ဆီးပြီး သေဆုံးတဲ့အထိ ကြုံရနိုင်ပါတယ်။ တစ်ခုသိထားရမှာက အဆိုပါရောဂါဟာ ခွေးတွေမှာသာမက ကြောင်တွေမှာလည်း […]


အခြေခံကျန်းမာရေး

ခွေးရူးရောဂါ အကြောင်း သင်သိသင့်သမျှ

ခွေးရူးရောဂါ ဆိုတာ ဖြစ်သူ၁၀၀မှာ ၉၉ယောက်သေတဲ့အထိ ပြင်းထန်ပါတယ်။ ဒါပေမယ့် ကံကောင်းတာက သူက ကာကွယ်ဆေးရှိပါတယ်။ သူက ခွေးရူးရောဂါ ပိုး (rabies virus)ရှိတဲ့ တိရစ္ဆာန်ရဲ့ ကိုက်တာ၊ ကုတ်တာ ခံရရင်ကူးပါတယ်။ တောရိုင်းတိရစ္ဆာန်တွေထဲမှာဆိုရင် လင်းနို့၊ ရှဉ့်၊ မြေခွေးစတဲ့ အကောင်တွေက ခွေးရူးပိုးကို သယ်ဆောင်ထားကြတာပါ။ လူနဲ့အနေနီးတဲ့ တိရစ္ဆာန်တွေထဲမှာဆိုရင် ခွေး၊ကြောင်၊ နွား၊ ဆိတ်စတဲ့ အကောင်တွေပါ။ ဒီထဲမှာ ခွေးကတစ်ဆင့်ကူးတာအများဆုံးပါ။ ဒါကြောင့်လည်း ခွေးရူးရောဂါ လို့ခေါ်တာပါ။ သေနှုန်း၉၉ရာခိုင်နှုန်းရှိတဲ့ ဒီ ခွေးရူးရောဂါ က ဘယ်လောက်ဆိုးလဲဆိုတာ ဆက်ကြည့်ရအောင်။ ဘယ်လိုကူးတာလဲ။ ဒီမှာ ကူးနိုင်တဲ့နည်းလမ်း၊ ရှားရှားပါးပါးကူးနိုင်တဲ့နည်းလမ်း၊ မကူးနိုင်တဲ့နည်းလမ်းဆိုပြီးခွဲပြောသွားပါမယ်။ ကူးနိုင်တဲ့နည်းလမ်း အဓိကကူးနိုင်တဲ့နည်းလမ်းကတော့ ကိုယ့်ရဲ့ ပေါက်ပြဲနေတဲ့အနာ ဒါမှမဟုတ် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်နဲ့ ရောဂါပိုးပါတဲ့ တံတွေးတိုက်ရိုက်ထိမိရင် ကူးနိုင်ပါတယ်။ ဒါကြောင့် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အမွှေးတိုင် ကပေးတဲ့ ကျန်းမာရေးဆိုးကျိုး

နေအိမ်ထဲမှာ အနံ့ကောင်းအောင်ဆိုပြီးပဲဖြစ်ဖြစ်၊ ယုံကြည်မှုအရ ပူဇော်တဲ့အနေနဲ့ပဲဖြစ်ဖြစ် အမွှေးတိုင် ထွန်းတတ်ကြတယ်နော်။  ဒါက မြန်မာနိုင်ငံတစ်နိုင်ငံတည်းမှာမှ မဟုတ်ပါဘူး။ ဘာသာတရား ယုံကြည်မှုအရ အမွှေးတိုင်ထွန်းတာက အာရှနိုင်ငံတော်တော်များများမှာ လုပ်လေ့လုပ်ထရှိတဲ့ အစဉ်အလာတစ်ခုပါ။ ဒီလိုမျိုး အမွှေးတိုင် ထွန်းတာက ကျန်းမာရေးအပေါ်မှာရော ဘယ်လိုမျိုးသက်ရောက်မှုတွေရှိနေနိုင်လဲ........... အမွှေးတိုင် ကပေးတဲ့ ကျန်းမာရေးဆိုးကျိုး တွေက ဘာတွေ ဖြစ်မလဲဆိုတာကို လေ့လာလိုက်ပါဦးနော်။ အမွှေးတိုင် ကပေးတဲ့ ကျန်းမာရေးဆိုးကျိုး အမွှေးတိုင် ထွန်းတာက အနံ့လေးမွှေးပေမယ့် လေထုညစ်ညမ်းစေမှုနဲ့အတူ ကျန်းမာရေးကို တော်တော်လေး ထိခိုက်စေနိုင်ပါတယ်။ ဒီတော့ အနံ့မွှေးမွှေးလေးဖြစ်တဲ့ အမွှေးတိုင်က ကျန်းမာရေးအပေါ်မှာ အခုလို သက်ရောက်မှုရှိနိုင်ပါတယ်။ ဆဲလ်တွေကို အဆိပ်အတောက်ဖြစ်စေနိုင်တယ် အမွှေးတိုင်ကို ထွန်းလိုက်ချိန်မှာ ထွက်လာတဲ့ မီးခိုးငွေ့က လေထုကို ညစ်ညမ်းစေပြီး အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို ထုတ်လွှတ်ပေးပါတယ်။ ဒီအငွေ့တွေက ဆဲလ်တွေကို ပြင်းပြင်းထန်ထန် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။ ဒီလိုဆဲလ်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ယောက်ျားတွေရဲ့ ဂျီစပေါ့ ဘယ်နေရာမှာရှိလဲ

ဂျီ စပေါ့ (G-Spot) ဆိုတာ မိန်းကလေးတွေမှာတင်မကဘဲ ယောက်ျားလေးတွေမှာလည်း ရှိပါတယ်။ ယောက်ျားလေးတွေမှာ ရှိတဲ့ ဂျီစပေါ့ကိုတော့ ပီ စပေါ့ (P-Spot, လိင်တံ Penis ရဲ့ အတိုကောက် P) လို့လည်း ခေါ်ကြပါတယ်။ ယောက်ျားတွေရဲ့ ဂျီစပေါ့ က မိန်းကလေးတွေထက် ပိုရှာရလွယ်သလို နှိုးဆွရတာလည်း ပိုလွယ်တယ်လို့တော့ ဆိုကြပါတယ်။ ဒါပေမယ့် တချို့ယောက်ျားလေးတွေက သူတို့ရဲ့ ဂျီစပေါ့ကို နှိုးဆွတဲ့အခါ ဘယ်လိုခံစားမှုမျိုးမှ မရရှိဘူးလို့လည်း ပြောပါတယ်။ မိန်းကလေးတွေမှာဖြစ်စေ၊ ယောက်ျားလေးတွေမှာဖြစ်စေ ဂျီစပေါ့ကို နှိုးဆွပေးခြင်းရဲ့ အားသာချက်က သုက်လွှတ်ပြီးမြောက်မှု လျင်မြန်စေဖို့၊ လိင်စိတ်ဆန္ဒ အထွတ်အထိပ်ကို ရောက်သွားတဲ့အခါ အားရကျေနပ်ဖွယ် ခံစားချက်မျိုး ပေးစွမ်းနိုင်ပါတယ်။ အမျိုးသားတွေမှာဆိုရင် ဂျီစပေါ့ထိပြီး သုက်လွှတ်လိုက်တဲ့အခါ သုက်ရည်ထဲမှာ ပါသွားတဲ့ သုက်ပိုးကောင်တွေကို အပြင်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

မူးယစ်ဆေးတွေ လူ့ခန္ဓာကိုယ်ထဲမှာ အချိန် ဘယ်လောက်ကြာကြာ ရှိနေနိုင်သလဲ

မူးယစ်ဆေးဝါး ဆိုဟာ ဘယ်ပုံစံ ဘယ်အမျိုးအစားမဆို လူတွေကို အကျိုးမပြုတဲ့ အရာတွေဖြစ်ပါတယ်။ သုံးစွဲသူတွေအတွက် ဘေးထွက်ဆိုးကျိုးတွေ၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ထိခိုက်နစ်နာမှုတွေသာ ချန်ရစ်ထားခဲ့လေ့ရှိပါတယ်။ ဒါပေမယ့်လည်း မူးယစ်ဆေးဝါး သုံးစွဲမှုဟာ ကမ္ဘာပေါ်မှာ ထိန်းချုပ်ရခက်ခဲတဲ့ ပြဿနာတစ်ခုဖြစ်နေဆဲပါ။ မူးယစ်ဆေးဝါးကြောင့် ထိခိုက်နစ်နာမှုတွေ ဆုံးရှုံးမှုတွေကို နေ့စဉ်နဲ့အမျှ ကြားသိနေကြရပါတယ်။ လူတစ်ယောက်ဟာ မူးယစ်ဆေးဝါး တစ်မျိုးမျိုးကို တစ်ကြိမ်တစ်ခါလောက်ပဲ စမ်းသပ်သုံးစွဲလိုက်ရင်တောင်မှ အချိန်အတော်ကြာအောင် ခန္ဓာကိုယ်ထဲမှာ တည်ရှိနေနိုင်ပြီး လူကို ဒုက္ခပေးဖို့ စောင့်ဆိုင်းနေတတ်ပါတယ်။ ပမာဏများပြားလာချိန်တွေမှာတော့ လူတွေကို ဒုက္ခအများအပြားပေးဖို့အတွက်ဖြစ်ပါတယ်။ မူးယစ်ဆေးတွေ လူ့ခန္ဓာကိုယ်ထဲမှာ အချိန် ဘယ်လောက်ကြာကြာ ရှိနေနိုင်သလဲ လူတစ်ယောက် သုံးစွဲလိုက်တဲ့ မူးယစ်ဆေးဝါးတွေဟာ အမျိုးအစားအလိုက် သင့်ခန္ဓာကိုယ်ထဲက ဆီး (ကျင်ငယ်ရည်) ၊ သွေးနဲ့ ဆံပင်တွေထဲမှာ ရှိနေနိုင်ပြီး အချိန် ဘယ်လောက်ကြာကြာရှိနေနိုင်ပြီး သင့်ကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စမတ်ဖုန်းလှလှ ရောဂါထူထူ

လူတိုင်းကိုင်တွယ် အသုံးပြုနေကြတဲ့ စမတ်ဖုန်းလှလှလေးတွေဟာ ကျန်းမာရေးထိခိုက်နိုင်တယ်လို့ လူတိုင်းနီးပါးသိလာကြပြီဖြစ်ပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်က ပညာရှင်တွေကလည်း ဒီအချက်ကို မကြာခန သတိပေးနေကြပါတယ်။ ဒါပေမယ့် အဆိုပါ သတိပေးချက်တွေကို လိုက်နာနိုင်စွမ်းကတော့ နည်းပါးလွန်းလှပြီး လူတိုင်းနီးပါးဟာ စမတ်ဖုန်းတွေကို ဂရုတစိုက်သုံးစွဲကြခြင်းမရှိကြသေးပါဘူး။ ကျန်းမာရေးထိခိုက်နိုင်တယ်ဆိုတာကို သိရှိထားကြပေမယ့် ဘယ်လိုရောဂါတွေဖြစ်ပွားနိုင်တယ်ဆိုတာကိုလည်း တိတိပပ သိရှိထားကြခြင်းမရှိကြတာများပါတယ်။ စမတ်ဖုန်းလို အီလက်ထရွန်နစ်ထုတ်ကုန်တွေဟာ ရောဂါဘယပေါင်းများစွာကို လူတွေဆီယူဆောင်လာနိုင်ပါတယ်။ အခန့်မသင့်လို့ ကိုယ့်မှာမဖြစ်သေးပေမယ့် အကြောင်းတိုက်ဆိုင်လာရင် ရောဂါဝေဒနာတွေ ကြုံတွေ့လာရနိုင်ပါတယ်။ ဒါကြောင့် စမတ်ဖုန်းတွေဟာ လူတွေကို ဘယ်လိုရောဂါဝေဒနာမျိုးတွေ ဖြစ်ပွားစေနိုင်သလဲဆိုတာကို ပြောပြချင်ပါတယ်။ ကူးစက်နိုင်သော ရောဂါပိုးမွှားများ စမတ်ဖုန်းတွေမှာ ကပ်ညိနေတဲ့ ရောဂါပိုးမွှားတွေဟာ အလွန်အန္တရာယ်များပြားကြောင်း သတိပေးမှုတွေရှိနေပါတယ်။ စမတ်ဖုန်း မျက်နှာပြင်တွေမှာ လေထုထဲက ပိုးမွှားတွေသာမက ကိုယ့်ရဲ့လက်၊ ကိုယ်သယ်ဆောင်သွားရာ အိမ်သာ၊ မော်တော်ကား၊ ထမင်းစားခန်း၊ ရုံး၊ စားသောက်ဆိုင်နဲ့ ဘယ်နေရာကမဆို ကပ်ညိလာတဲ့ ပိုးမွှားပေါင်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အလုပ်များတဲ့ ကိုကို မမတွေ ကျန်းမာလှပစေမယ့် ရိုးရှင်းတဲ့ နည်းလမ်း ၅ သွယ်

အလုပ်တွေအရမ်းများနေလို့ ပင်ပန်းနေတဲ့အခါ ဘာလေ့ကျင့်ခန်းမှ မလုပ်ချင်တော့တာ သဘာဝပဲ။ တနေကုန် လုံးလည်း ကွန်ပျူတာရှေ့မှာ နာရီနဲ့ချီထိုင်နေရမယ်။ အိမ်ပြန်ရောက်ချိန် ဗိုက်ကလည်း ဆာနေတော့ အစားတွေ အများကြီးစားမိမယ်။ စားပြီးရင် အိပ်ရာထဲတန်းဝင်ပြီး အိပ်လိုက်မယ်။ မနက်မိုးလင်းရင် ရုံးပြန်သွားမယ်။ နေ့စဉ်ဘဝဟာ ဒီလိုပဲ လည်ပတ်နေတော့မှာလား ကိုကို မမတွေ ရေ ...... ဒီလိုသာဆိုရင် ကိုကို မမတွေ အနေနဲ့ ကိုယ်အလေးချိန် တိုးလာမယ်။ ခန္ဓာကိုယ်အနှံ့ အဆီပိုတွေများလာမယ်။ မကိတ်သင့်တဲ့နေရာတွေ ကိတ်လာမယ်။ ပေါင်တံတွေ လက်မောင်းတွေ တုတ်လာမယ်။ စိတ်ညစ်လာရမယ်။ လှချင်ပချင်တဲ့ မမတွေဆိုရင်လည်း ကိုယ့်ရုပ်ကိုယ် မှန်ထဲမကြည့်ချင်တော့ဘူး။ ကြည့်ရဆိုးနေမလား တွေးပူနေရပြီလေ။ ဖက်တီးကြီးဖြစ်နေပြီလား။ ချစ်သူက ငြိုငြင်နေပြီလား။ ဟိုဟိုဒီဒီလျှောက်တွေးမိတော့မယ်။ အလုပ်ကလည်းများ၊ ကိုယ်ကလည်း စိတ်ဖိစီးနဲ့ နေရတာ မပျော်မရွှင်ဖြစ်လာတော့ ကျန်းမာရေးပါထိခိုက်လာနိုင်တယ်။ အလုပ်များတဲ့ ကိုကို […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း