အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက်

နေ့စဉ်ကြုံတွေ့ရတဲ့ အလုပ်ပင်ပန်းတဲ့ဒဏ်၊ စိတ်ဖိစီးမှုဒဏ်တွေကြောင့် ပင်ပန်းပြီး ပြိုလဲနေချင်ပြီလား။ နေ့ရက်တိုင်းကို ကြိုးစားပြီး ရှေ့ဆက်ဖို့ဆိုရင် စိတ်ရော ကိုယ်ပါ ကျန်းမာနေဖို့ လိုပါတယ်။ ကိုယ်ရော စိတ်ပါ ပင်ပန်းလွယ်တဲ့ ခုလိုကာလမှာ ကျန်းကျန်းမာမာနဲ့ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် အလွယ်ကူဆုံး နည်းလမ်း (၉)ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။ နေ့စဉ်ဘဝမှာ အားအင်ပြည့်ဝစေမယ့် နည်းလမ်း (၉)ချက် (၁) စိတ်ဖိစီးမှု လျှော့ချပါ။ စိတ်ဖိစီးမှုတွေက ခန္ဓာကိုယ်ကို ထင်ထားတာထက် အားအင်ကုန်ခမ်းစေပါတယ်။ စိတ်ဖိစီးလာပြီဆိုရင် ရင်းနှီးရသူတွေကို ရင်ဖွင့်တာ၊ ဝါသနာတူသူတွေနဲ့ အချိန်ဖြုန်းတာက စိတ်ဖိစီးမှုကို လျော့ပါးစေနိုင်ပါတယ်။ တရားထိုင်တာ၊ ယောဂကျင့်တာ စတာတွေကလည်း စိတ်ဖိစီးမှု နည်းစေဖို့ နည်းလမ်းကောင်းတွေပဲ ဖြစ်ပါတယ်။ (၂) အလွန်အကျူး အလုပ်လုပ်တာကို လျှော့ချပါ။  အားအင်ကုန်ခမ်းပြီး ပင်ပန်းစေရတဲ့ နောက်ထပ် အချက်ကတော့ အလုပ်အလွန်အကျွံ လုပ်တာပါ။ လုပ်ငန်းတွေရော၊ မိသားစုအရေးကိစ္စတွေရော၊ သာရေးနာရေးတွေရော […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သီချင်းများနှင့်လူ သို့မဟုတ် ဂီတကုထုံး

မင်္ဂလာပါ ။Hello ဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ တေးသီချင်းတွေနဲ့ သင့်ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ ဆိုတာကို ဆွေးနွေးပေးသွားမှာပါ ။ တေးဂီတမှာ သတ်မှတ်ချက်တွေ မရှိပါဘူး ။ လူတိုင်းလူတိုင်းမှာ မိမိကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစား ရှိမှာပါ ။ ဂီတနဲ့ တေးသီချင်းတွေမှာ ကိုယ့်ကို စိတ်ရောလူပါ ပျော်ရွှင်နိုင်တဲ့ အစွမ်းရှိတာကို လူတိုင်း သိမှာပါ ။ ကိုယ်နှစ်သက်တဲ့ သီချင်းတစ်ပုဒ် သံစဉ်တစ်ပိုဒ် bass ဂီတာသံလေးတစ်ချက်က စိတ်ညစ်နေရင်တောင်မှ သီချင်းထဲ နစ်မြောသွားစေနိုင်တဲ့ စွမ်းအင်ရှိပါတယ် ။ နိုင်ငံတကာမှာတော့ ဂီတကုထုံးကို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအတွက် အသုံးပြုတဲ့နည်းလမ်းတစ်မျိုး အဖြစ် အသုံးပြုကြပါတယ် ။ စာရေးသူကိုယ်တိုင်လည်း စိတ်ဓါတ်ကျနေတဲ့အချိန်မှာ Eminemရဲ့ Lose Yourself သီချင်းကို နားထောင်ပြီး စိတ်ခွန်အားပြန်မွေးပါတယ် […]


အခြေခံကျန်းမာရေး

ခန္ဓာကိုယ်ထဲမှာ ဘာ ကျောက် တွေ တည်နိုင်လဲ

ကျောက်ကပ်ကျောက်တည်တာ၊ ဆီးကျောက်တည်တာတော့ ကြားဖူးနေကျပါပဲ။ ကိုယ်မထင်ထားတဲ့ တခြားဘယ်အစိတ်အပိုင်းတွေမှာ ကျောက်တည်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။ (၁) ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကယ်လ်စီယမ် အပါအဝင် သတ္တုဓာတ်တွေစုလာတဲ့အခါကျောက်တည်လာပါတယ်။ ကျောက်ကပ်ကျောက်တည်ရင် တင်ပါး နဲ့ နံရိုးနားတဝိုက် ခါးနာမယ်။ ဆီးသွားမရအောင် ပိတ်ဆို့နိုင်လောက်အောင် အရွယ်အစားကြီးရင်ပေါ့။ ဆီး သွားရင် သွေး သို့မဟုတ်ကျောက်လေးတွေပါလာနိုင်တယ်။ ကျောက်က သေးရင် ဆီးထဲမှာ သူ့အလိုလို ပါလာတတ်ပေမယ့် ကြီးရင်တော့ ခွဲစိတ်ဖယ်ရှားရနိုင်ပါတယ်။ (၂) လည်ချောင်း အာသီးဆိုတာ ရောဂါပိုးမွှားတွေကို စစ်ထုတ်ဖယ်ရှားဖို့ ကူညီပေးတဲ့ လည်ချောင်း အနောက်ဘက်က တစ်ရှူးအစု နှစ်ခု ဖြစ်ပါတယ်။ အစားအစာတွေ၊ အရေပြားဆဲလ်သေတွေ၊ တခြားအစအနတွေ အဲဒီမှာ ကပ်ကျန်နေနိုင်ပြီး tonsilloliths လို့ ခေါ်တဲ့ ကျောက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါဆို လည်ချောင်းနာတယ်၊ ခံတွင်းနံ့ဆိုးတယ်၊ အာသီးရောင်တယ် ဆိုတဲ့ လက္ခဏာတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စာလုပ်နေချိန် အိပ်မငိုက်စေမယ့် နည်းလမ်းကောင်းတွေ ရှိတယ်နော်

ဘာလိုလိုနဲ့ မတ်လထဲတောင် ဝင်လာပြီနော်။ ဒီအချိန်ဆိုရင် တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေလည်း စာမေးပွဲ စနေလောက်ပြီ၊ တက္ကသိုလ် ကျောင်းသားတွေ ဆိုရင်လည်း ပထမနှစ်ဝက် ဖြေနေရလောက်ပြီ၊ အငယ်တန်း ကျောင်းသားတွေကျတော့လည်း တစ်နှစ်စာ စာမေးပွဲကြီး ပြီးလို့ နောက်နှစ်အတွက် သင်ရမယ့် စာတွေကို ကြိုပြီး ကျက်မှတ်နေလောက်ပါပြီ။ ဒီလိုအချိန်မျိုးမှာ ကျောင်းသားတွေအတွက် စာကောင်းကောင်း ကျက်မှတ်လို့ ရမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။ ၁။ အနေအထား ပြောင်းပြီး စာကျက်ပါ။ ဦးနှောက်ရဲ့ သဘာဝက ငြိမ်ငြိမ်လေး ထိုင်နေရင် ထိုင်းမှိုင်းပြီး လေးလံလာတယ်၊ ပျင်းပြီး အိပ်ချင်လာစေပါတယ်။ ဒါကြောင့် အမြဲတမ်း ထိုင်ပြီး စာကျက်တာထက် မတ်တပ်ရပ် ကျက်တာ၊ လမ်းလျှောက်တာမျိုး လုပ်ပေးပါ။ အဲ့လိုမဟုတ်ဘဲ နာရီဝက်လောက် ထိုင်ကျက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ အကြောလျှော့တာမျိုး […]


အခြေခံကျန်းမာရေး

မျက်ဝန်းကတဆင့် သိနိုင်တဲ့ ကျန်းမာရေး လက္ခဏာ (၉) မျိုး

မျက်ဝန်း ထဲက အဓိပ္ပါယ် ဘာညာနဲ့ ကဗျာဆန်တဲ့တင်စားမှုတွေကြားဖူးကြမှာပေါ့။ အခုပြောမယ့် မျက်ဝန်းထဲက သင်္ကေတတွေကတော့ ကဗျာမဆန်လောက်ပါဘူး။ ကိုယ့်မှာရောဂါတစ်ခုခုဖြစ်နေပြီဆိုတာ မျက်ဝန်းကတဆင့်ဖော်ပြလာတဲ့ လက္ခဏာ တွေအကြောင်းမို့လို့ပါ။ ဒီလက္ခဏာတွေ ကိုယ့်မျက်ဝန်းမှာဖြစ်နေပြီဆို ဘာကြောင့်ဖြစ်တာလဲသိရှိပြီး ကြိုတင်သတိထားနိုင်ဖို့၊စောစောကုသနိုင်ဖို့ဆောင်းပါးလေးက ကူညီပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။ ဘယ်လိုလက္ခဏာတွေဖြစ်မလဲ ကြည့်ရအောင် – မျက်စိနီတာ ဒေါသအရမ်းထွက်တဲ့အခါ ဒါမှမဟုတ် ရောဂါပိုးဝင်တဲ့အခါ မျက်လုံးထဲကသွေးကြောမျှင်လေးတွေကပြန့်ကားလာ၊ပေါက်သွားနိုင်ပါတယ်။ ဒါက အဖြစ်များကြပြီး ကုသစရာမလိုဘဲပြန်ကောင်းသွားတတ်ပါတယ်။ ထိခိုက်မှု၊ရေတိမ်၊ ကွဲရှ၊ခြစ်မိ၊ မျက်ကြည်လွှာမှာဖြစ်တဲ့အနာကြောင့်ဆိုရင်တော့ ပိုပြင်းထန်နိုင်လို့ သတိထားသင့်ပါတယ်။ မျက်စိနီရဲနေတာ တစ်ရက်၊နှစ်ရက်နဲ့မသက်သာဘူးဆိုရင်တော့ ဆရာဝန်အမြန်ပြသင့်ပါတယ်။ မျက်စိကျိန်းစပ်နေတာ အသုံးပြုတာများလို့ မျက်စိညောင်းလာတာကြောင့် ဒါမှမဟုတ် ဖုန်မှုန့်တွေ မီးခိုးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။blepharitis လို့ခေါ်တဲ့ မျက်ခွံရောင်ရမ်းမှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ blepharitis ဆိုတာ ဘက်တီးရီးယားပိုးဝင်လို့ မျက်ခွံမှာ အဖတ်အဖတ်လေးတွေလန်ပြီးရောင်ရမ်းစေတဲ့ရောဂါပါ။ မျက်လုံးက မျက်ရည်အလုံအလောက်မထုတ်ပေးနိုင်တာကြောင့်ဖြစ်ပါတယ်။ ပိုဆိုးလာရင်တော့ မျက်ကြည်လွှာရောင်ရမ်းမှုဖြစ်လာနိုင်ပါတယ်။ မျက်ဝတ်တွေထွက်နေတာ မျက်ဝတ်တွေ/မျက်ချေးတွေက မနက်အိပ်ရာထချိန်မှာ နည်းနည်းထွက်တာ ပုံမှန်ပါပဲ။ ဒါပေမယ့် ပုံမှန်မဟုတ်ဘဲ မျက်ဝတ်က […]


အခြေခံကျန်းမာရေး

ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေက ဘာတွေများလဲ.....

ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ်ဆိုတဲ့ စကားအတိုင်း ရောဂါတိုင်းက ကာကွယ်လို့မရတာ မဟုတ်ပါဘူး။ ရောဂါတိုင်းကို ကာကွယ်လို့မရပေမယ့် အချို့သောရောဂါတွေကိုတော့ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရပါတယ်။ ဒါတွေက ဘာတွေများဖြစ်မလဲ တူတူကြည့်ပြီး ကာကွယ်လိုက်ရအောင်လား........... ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ရောဂါတွေက ဘာတွေများလဲ.............. ရောဂါ တော်တော်များများကို မခံစားရစေဖို့ဆိုရင် ကြိုတင်ပြီး ကာကွယ်ဆေး ထိုးနှံထားလို့ ရပါတယ်။ ကာကွယ်ဆေးထိုးပြီး ကာကွယ်လို့ရတဲ့ ရောဂါတွေက ရေကျောက်  အဖုအပိမ့်တွေဟာ စဖြစ်ကာစမှာ အနီရောင် အဖုသေးသေးလေးတွေဖြစ်ပြီး ဝက်ခြံ ဒါမှမဟုတ် အင်းဆက်ကိုက်ခံရတဲ့အရာလေးတွေနဲ့ ခပ်ဆင်ဆင်ပါ။ ဒီလိုအခြေအနေနဲ့ ၂ ရက်ကနေ ၄ ရက်လောက်အထိကြာနိုင်ပါတယ်။ ဒီလိုကနေမှာ အရည်ကြည်ဖုလေးစဖြစ်လာပါလိမ့်မယ်။ ဒီအရည်ကြည်ဖုတွေပေါက်သွားတဲ့အခါမှာ အနာလေးတွေလို စဖြစ်လာပါလိမ့်မယ်။ ဒီလိုကနေ အနာတွေဖြစ်လာပြီး ခြောက်သွားတဲ့အခါ အညိုရောင် အနာဖေးတွေ ဖြစ်လာပါလိမ့်မယ်။ ကိုယ်ခံအားနည်းတဲ့သူတွေမှာ ပိုပြင်းထန်နိုင်ပါတယ်။ ဒီပြဿနာကို ကာကွယ်ဖို့ဆိုရင် ကြိုတင်ပြီး ကာကွယ်ဆေးထိုးထားလို့ရပါတယ်။ ဝက်သက် ခန္ဓာကိုယ်မှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဒစ်ဂျစ်တယ် ခေတ်ရဲ့ ကျန်းမာရေး ဆိုးကျိုးများ

ဒစ်ဂျစ်တယ် အသုံးအဆောင်ပစ္စည်းတွေနဲ့ မကင်းနိုင်တဲ့ ဒီဘက်ခေတ်မှာ သူတို့ဆီက ကောင်းကျိုးရော ၊ ဆိုးကျိုးရော မတောင်းဆိုဘဲ ရနေမှာပါ။ နေရာတကာ အသုံးဝင်လှတဲ့ ဒီအသုံးအဆောင်ပစ္စည်းတွေ မရှိတဲ့ အိမ်၊ ဒစ်ဂျစ်တယ်ပစ္စည်း မရှိတဲ့ ရုံးခန်းရယ်လို့ မရှိပါဘူး။ ဒီပစ္စည်းတွေက သိပ်အကျိုးပြု သလို လူ့ကျန်းမာရေးအတွက် သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ (၁) မျက်စိ ထိခိုက်မယ် အီလက်ထရောနစ်ပစ္စည်းတချို့ကြောင့် ဖြစ်လာစေတဲ့ အဖြစ်များဆုံး ဆိုးကျိုးတစ်ခုပါ။ တီဗီဖန်သားပြင် သို့မဟုတ် လပ်တော့ နဲ့ မျက်နှာပြင်ကျယ်တဲ့ မိုဘိုင်းဖုန်းတွေကို တစ်နာရီ၊ နှစ်နာရီလောက်ကြာအောင် ကြည့်နေရင်ပဲ မျက်သားခြောက်လာတာ၊ မျက်စိယားယံတာ၊ မျက်ကွင်းညိုတာ၊ စတာတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ကွန်ပျူတာရှေ့မှာ အချိန်အတိုင်းအတာတစ်ခုအထိ ကျောက်ချနေရပြီဆိုရင်တော့ သင့်မှာ ကွန်ပျူတာမျက်စိရောဂါ (မျက်စိညောင်းခြင်း၊ မျက်စိနီရဲခြင်း၊ စပ်ခြင်း၊ အမြင်အာရုံ မှုန်ဝါးခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း) ရှိနေလောက်ပါတယ်။ မျက်စိကျန်းမာရေးကို ကာကွယ်ထိန်းသိမ်းနိုင်ဖို့အတွက် […]


ရောဂါလက္ခဏာများ

ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ

ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ ..... အဖြေရှာကြည့်ရအောင်နော်။ ဗိုက်ဆာတယ်ဆိုတာက ခန္ဓာကိုယ်ထဲကို လောင်စာဖြည့်တင်းဖို့ လိုအပ်နေပြီဆိုတာကို အချက်ပြတာဖြစ်ပါတယ်။ ဦးနှောက်နဲ့ အစာအိမ်တို့က ဒီခံစားချက်ဖြစ်ပေါ်လာအောင် ပူးပေါင်း ဖန်တီးတာပါ။ တကယ်လို့ သင့်မှာ အစာအစားချင်စိတ် မရှိဘဲ ဘယ်လို အစားအစာမျိုးတွေကိုမှ စိတ်ဝင်စားမှုမပြသဘူးဆိုရင်တော့ ခန္ဓာကိုယ်တွင်းမှာ တစ်စုံတစ်ရာ မှားယွင်းမှုရှိနေပါပြီ။ အခြေအနေအမျိုးမျိုးကြောင့် အစာစားချင်စိတ် ပျောက်ဆုံးတာမျိုးဖြစ်နေနိုင်ပြီးတော့ အထူးသဖြင့်တော့ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကြောင့်ဖြစ်တာများပါတယ်။ အစာစားချင်စိတ်လျော့ကျတာဟာ ကိုယ်တွင်းက ဗီတာမင်ဓာတ်တွေ၊ သက်စောင့်ဓာတ်တွေ လျော့ကျလာတာနဲ့ သက်ဆိုင်လေ့ရှိပါတယ်။ အစာစားချင်စိတ် ပျောက်ဆုံးနေစေတဲ့ အကြောင်းပြချက် အမျိုးမျိုးထဲမှာမှ အဓိက ဖြစ်စေတဲ့ အချက် ၅ ချက်ရှိပါတယ်။ ဘာလို့ အစာစားချင်စိတ် မရှိဖြစ်နေတာလဲ အစာစားချင်စိတ်ကို ပျောက်ဆုံးနေစေတဲ့ အချက် ၅ ချက် အဖျား၊ တုပ်ကွေးနဲ့ ကူးစက်ရောဂါများ ဖျားချိန်၊ နာချိန်တွေမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ယစ်ရွှေရည် ကို ဘယ်လို မှီဝဲကြမလဲ

သောက်တတ်စားတတ် ပျော်တတ်ပါးတတ်သူတွေ ဝိုင်းဖွဲ့ကြလို့ ရေချိန်လေး ကိုက်လာရင် အချင်းချင်း အသင်းအပင်းတွေကြား ပြောနေကြစကားလေးရှိတယ်။ “သားကြီး တော်တော့၊ ဒီနေ့တော့ မင်းသောက်တာ အတော်များနေပြီ” ဆိုတာမျိုးပေါ့။ အဲ့တော့ တစ်ဖက်လူက သောက်တာ ရပ်သွားသလား။ နိုးပါ။ အဲ့လိုနဲ့ မိုးလင်းကြရတာပါပဲ။ ဒါကလည်း ယစ်ရွှေရည် နှစ်ခြိုက်သူတွေရဲ့ အလေ့အထလေး တစ်ခုပေါ့။ ယစ်ရွှေရည်ကို ဘယ်လို မှီဝဲကြမလဲ အရွယ်ရောက်ပြီးသူ အတော်များများဟာ အရက်ကို အနည်းအကျဉ်းလောက်တော့ သောက်ဖြစ်တတ်ကြတယ်။ အထူးသဖြင့် အမျိုးသားတွေပေါ့။ ဘယ်လိုပမာဏကို များနေပြီလို့ ဆိုမလဲ။ ဘယ်လိုပမာဏမျိုး နေ့စဉ် သောက်လို့ရနိုင်မလဲ။ တစ်ပတ်ကို ဘယ်လောက် ပမာဏမျိုးသောက်လို့ရသလဲ။ အရက်ကို ကျန်းမာရေးနဲ့ ညီညွတ်အောင် သောက်သုံးလို့ရနိုင်မလား။ ဒီမေးခွန်းတွေဟာ ယျေဘုယျဆန်တဲ့ မေးခွန်းတွေပါ။ ဒါပေမယ့် ဒီမေးခွန်းတွေရဲ့ အဖြေတွေကိုတော့ ယစ်ရွှေရည် ကိုမှ နှစ်သက်ကြတဲ့ […]


အခြေခံကျန်းမာရေး

လျှပ်စစ်ဓာတ်သုံး၍ နာကျင်မှု သက်သာအောင် ပြုလုပ်ခြင်း (TENS)

ခုခေတ်မှာ နည်းပညာတွေ တိုးတက်လာတာကြောင့် နာကျင်မှုကို အံတုဖို့ နည်းလမ်းတွေ အများကြီး ရှိနေပါပြီ။ အရင်တုန်းက နာကျင်မှု သက်သာအောင် ဆေးထိုး၊ ဆေးသောက်၊ ရေနွေးကပ်၊ ရေခဲအုံ လုပ်ရာကနေ ခု လျှပ်စစ်ဓာတ်သုံးပြီး နာကျင်မှု သက်သာအောင် လုပ်နိုင်ကြပါပြီ။ လျှပ်စစ်ဓာတ်ဆိုလို့ မလန့်သွားပါနဲ့။ လူမထိခိုက်အောင် ဗို့အားနည်းနည်းပဲ သုံးထားတာပါ။ ဒါကို Transcutaneous electrical nerve stimulation (TENS) "အရေပြား မှတစ်ဆင့် လျှပ်စစ်ဓာတ်သုံး၍ အာရုံကြော လှုံ့ဆော်နည်း" လို့ ခေါ်ပါတယ်။ ဒီစက်သေးသေးလေးက အာရုံကြောတွေနားကို လျှပ်စစ်ဓာတ်လွှတ်ပြီး နာကျင်မှုကို မခံစားရအောင် ပိတ်လိုက်တာပါ။ TENS က ဘယ်လို အလုပ်လုပ်လဲ။ TENS က လျှပ်စစ်ဓာတ်သုံးပြီး နာကျင်မှု သက်သာအောင် လုပ်တာပါ။ ဘတ်ထရီနဲ့ အားသွင်းရတဲ့ စက်ဖြစ်ပြီး […]


အခြေခံကျန်းမာရေး

ဗီတာမင် လွန်ကဲခြင်း ရဲ့ အန္တရာယ် သတိထားဖွယ်

ဗီတာမင် နဲ့သတ္တုဓာတ်တွေ ဆိုတာ ကျန်းမာရေးအတွက် မရှိမဖြစ် အရေးပါတဲ့ ဓာတ်တွေလို့ သိထားကြပြီးသားပါ။ အားဆေးတွေ အပြင် ဖြည့်စွက်စာတွေဆိုလည်း ဗီတာမင် တွေပါတယ်၊ ဘာအတွက်ကောင်းတယ်ဆို သောက်လိုက်ကြတာပဲ။ ဘက်စုံကျန်းမာရေးအတွက် ကောင်းတယ်ဆိုပြီး သိပ်အားကိုးကြတယ် မဟုတ်လား။ ဒါပေမယ့် တန်ရင်ဆေး၊ လွန်ရင်ဘေး ဆိုတဲ့ စကားပုံအတိုင်းပဲ။ လိုအပ်တဲ့ ပမာဏလောက်ဆို အကျိုးကျေးဇူးများလှပေမယ့် လွန်ကဲသွားရင် အန္တရာယ်များတဲ့ အဆိပ်အတောက်တွေ ဖြစ်သွားနိုင်တာလည်း ဒီဗီတာမင်တွေပဲ ဆိုတာ မမေ့ပါနဲ့။ ဘယ်လို ဘေးဖြစ်နိုင်တာလဲ ၊ ဘာ အန္တရာယ်တွေ ရှိနိုင်လဲ အားဆေးတွေ သောက်တယ်( ဆရာဝန်ညွှန်တာရော၊ ဘေးအိမ်ကလူတွေ သောက်ကြတဲ့ ဒါမှမဟုတ် ကောင်းတယ်ညွှန်းကြတဲ့ အားဆေးတွေရော အစုံသောက်တယ်)။ တီဗီက ကြော်ငြာတဲ့ ဗီတာမင်အပြည့်နဲ့ ဖြည့်စွက်စာတွေ သောက်တယ်။ အဲဒီမှာတင် ခန္ဓာကိုယ်က အမှန်တကယ်လိုအပ်တဲ့ ပမာဏထက် လွန်ကဲတဲ့ […]

ad iconကြော်ငြာ
အမေးများသောမေးခွန်းများ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း