ဒါတင်လားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ ဝမ်းချုပ်တာကကလည်း ကိုယ်ခံအားပြဿနာရှိနေတယ်ဆိုတာကို ပြသနေတဲ့ လက္ခဏာတစ်ခုပါ။ ဝမ်းပြဿနာ ဖြစ်နေတာက ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်နိုင်သလို အခြားသော ကျန်းမာရေး ပြဿနာတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မျက်လုံးခြောက်တာ
ကိုယ်ခံအားက ခန္ဓာကိုယ်တွင်းကို ရောဂါတွေ ဝင်ရောက်တာမျိုး မရှိအောင် ကာကွယ်ပေးရမယ့်အစား ကိုယ်ခံအားက ပြန်ခုခံတိုက်ခိုက်နေတဲ့ အခြေအနေကို ကြုံရတဲ့အခါမျိုးမှာ အဆစ်တွေရောင်ရမ်းနာကျင်တာ၊ ဖောတာရောင်တာတွေကို ခံစားရနိုင်သလို မျက်လုံးခြောက်တာ၊ အမြင်အာရုံ ပြဿနာတွေကို ခံစားတာမျိုးတွေကိုပါ ကြုံရနိုင်ပါတယ်။ မျက်ဝတ်တွေ ပုံမှန် မဟုတ်ဘဲ အရမ်းထွက်နေမယ်။ မျက်လုံးတွေ နီနေမယ်၊ ငိုတဲ့အခါ
မျက်ရည် မထွက်ဘဲ ဖြစ်နေမယ်ဆိုရင် ကိုယ်ခံအားစနစ်ကို အားဖြည့်ပေးပါ။
အရမ်းကို ပင်ပန်းနေတယ်လို့ ခံစားနေရပြီလား။ နေကောင်းနေပေမယ့်လည်း အအေးမိ ထားသလို၊ တုပ်ကွေး ဖြစ်ထားသလို ခံစားနေရတယ်။ အချိန်တိုင်းလိုလို ပင်ပန်းနေမယ်။ အရိုးတွေ၊ ကြွက်သားတွေက အမြဲလိုလို နာကျင်နေမယ်ဆိုရင် သေချာတာက ကိုယ်ခံအားက တပ်ကူတောင်းနေတာပါ။ ပြည့်ပြည့်ဝဝ အနားယူပြီး ကိုယ်ခံအားကို အားဖြည့်ပေးလိုက်ပါ။
အဖျား ငွေ့ငွေ့လေးရှိနေမယ် ခန္ဓာကိုယ်အပူချိန်က ရှိသင့်တာထက် ပိုနေမယ် ဆိုရင် ကိုယ်ခံအားစနစ်က တစ်ခုခုကို တုံ့ပြန်တိုက်ထုတ် နေတာပါ။ ကိုယ်တွင်းမှာ ရောဂါပိုး တစ်မျိုးမျိုး ကူးစက်ခံထားရတာ သေချာနေပါပြီ။
ခေါင်းကိုက်မယ်
ခေါင်းကိုက်တာက သွေးတိုးတာကြောင့် ဖြစ်နိုင်သလို ရာသီဥတု အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ကိုယ်ခံအား ပြဿနာရှိနေတာပါပဲ။
အင်ပြင်တွေဖြစ်မယ်
အရေပြားက ခန္ဓာကိုယ်ရဲ့ ရှေ့တန်းတိုက်စစ်ပါ။ ဓာတ်မတည့်တဲ့ အရာတွေကို ထိတွေ့မိတာ၊ စားမိတာမျိုး၊ သောက်မိတာမျိုးဖြစ်တဲ့အခါမှာ ပထမအဆင့် တုံ့ပြန်မှုအနေနဲ့ အရေပြားပေါ်မှာ အနီရောင် အဖုအပိမ့်တွေထွက်လာပြီး စတုံ့ပြန်ပါတယ်။ ကိုယ်ခံအားက တိုက်ပွဲဆင်နွှဲနေပြီ ဆိုတာကို အချက်ပြတာပေါ့။
အရေပြားမှာ ယားယံမယ်၊ ခြောက်သွေ့မယ်၊ နီရဲနေမယ်။ ရောင်ရမ်းနေမယ်။ နာကျင်မှုနဲ့အတူ တော်တော်နဲ့ ပျောက်မသွားဘဲ ဖြစ်နေမယ်ဆိုရင် ကိုယ်ခံအားကို အားဖြည့်ဖို့ လိုနေပါပြီ။
အဆစ်တွေက တဆစ်ဆစ်နဲ့ နာမယ်။ တောင့်တင်းနေမယ်။ ရောင်ရမ်းနေမယ် ဒါကတစ်နေရာတည်း မဟုတ်ဘဲ အဆစ်တိုင်းလိုလိုမှာ ဖြစ်နေမယ် မနက်ခင်းဆို ပိုပြင်းထန်မယ် ဆိုရင်တော့ ကိုယ်ခံအားက တစ်ခုခု ပြဿနာ ရှိနေတာပါ။
ဆံပင်တွေ အထွေးလိုက် ကျွတ်မယ်
ဆံပင်တွေက အထွေးလိုက်၊ အကွက်လိုက်တွေ ကျွတ်မယ်။ ဆံပင်တင် မဟုတ်ဘဲ ခန္ဓာကိုယ် နေရာအနှံ့က အမွှေးတွေပါ ကျွတ်နေပြီဆိုရင်တော့ အရေပြားလေးဖက်နာ လိုမျိုး ကျန်းမာရေး ပြဿနာတစ်ရပ်ရပ်ကို ခံစားနေရပါပြီ။
ဒါတွေအပြင်
- ထပ်ခါထပ်ခါဖျားနာတာ၊
- အဖျားတာရှည်တာ၊
- နေရောင်ဒဏ်ကြောင့် အရေပြား ထိခိုက်လွယ်တာ၊
- ခြေလက်တွေ ထုံကျဉ်နေတာ
- အစားအသောက်တွေ မျိုချရခက်တာ
- အရေပြားမှာ အဖြူရောင်အကွက်တွေ ဖြစ်တာ
- အကြောင်းအရင်း အတိအကျမရှိဘဲ ကိုယ်အလေးချိန် ကျသွားတာ
- မျက်လုံး ဒါမှမဟုတ် အရေပြားမှာ အဝါရောင်သန်းနေတာမျိုးတွေဖြစ်မယ်ဆိုရင် ကိုယ်ခံအားကို အားဖြည့်ဖို့ လိုနေပါပြီ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။