အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကမ္ဘာ့ကပ်ရောဂါ (Pandemic) ဆိုတာဘာလဲ၊ ကူးစက်ရောဂါအဆင့်တွေဘယ်လိုခွဲခြားလဲ

ဒီဇင်ဘာလက စတင်ဖြစ်ပွားခဲ့ပြီး အခုချိန်မှာကမ္ဘာ့နိုင်ငံပေါင်း ၁၉၉ နိုင်ငံအထိ ပျံ့နှံ့သွားပြီဖြစ်တဲ့ COVID-19 ရောဂါကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ကမ္ဘာ့ကပ်ရောဂါ (pandemic) အဆင့်အဖြစ်ကြေညာလိုက်ပါပြီ။ ရောဂါ တစ်ခု ကူးစက်ပျံ့နှံ့မှုအခြေအနေပေါ် တွက်ဆပြီး ရောဂါကူးစက်မှုကိုအဆင့်ဆင့်ခွဲခြားထားပြီး ကမ္ဘာ့ကပ်ရောဂါ (pandemic) အဆင့်ကတော့ အမြင့်ဆုံးဖြစ်ပါတယ်။ ရောဂါဖြစ်ပွားနှုန်း၊ ကူးစက်နှုန်း၊ ပြင်းထန်မှု စတဲ့အချက်များစွာအပေါ်မူတည်သုံးသပ်ပြီး ရောဂါဖြစ်ပွားမှုကို အဆင့် အမျိုးမျိုးခွဲခြားနိုင်ပါတယ်၊ ဒီအဆင့်တွေကတော့ Sporadic – ဒီအုပ်စုထဲကရောဂါတွေက တစ်ခါတစ်လေမှ ဖြစ်ပွားပြီး သိပ်လည်းမပြင်းထန်ပါဘူး။ Cluster – ဒေသတစ်ခု၊ နေရာတစ်ခုက လူဦးရေအများစုမှာ ဖြစ်ပွားတဲ့ရောဂါမျိုးပါ၊ ဥပမာပြောရရင် ဒုတိယကမ္ဘာစစ်က ဂျပန်နိုင်ငံမှာ အနုမြူဗုံးကျဲခံခဲ့ရတဲ့  မြို့နဲ့အနီးတဝိုက်မှာနေထိုင်သူတွေ စစ်ပြီးကာလမှာ ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းမြင့်တက်လာတဲ့အခြေအနေမျိုး ဖြစ်ပါတယ်။ Endemic – နေရာဒေသတစ်ခုမှာ ပုံမှန်ဖြစ်ပွားနေတဲ့ ရောဂါတွေဖြစ်ပါတယ်။ Hyperendemic – endemic ထက်ဖြစ်ပွားမှုနှုန်းပိုများတဲ့ရောဂါတွေပါ၊ ဥပမာဆိုရင် တစ်ကမ္ဘာလုံးမှာ […]


အခြေခံကျန်းမာရေး

အိမ်မွေးတိရစ္ဆာန် လေးတွေကို မွေးတဲ့အခါ ဘယ်လိုမျိုးမှန်ကန်အောင်မွေးသင့်သလဲ

ခွေး၊ ကြောင် အစရှိတဲ့အိမ်မွေးသတ္တဝါလေးတွေကို မွေးထားခြင်းဟာ ကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေရနိုင်ပါတယ်။ သူတို့လေးနဲ့ အတူတူလမ်းလျှောက်မယ်၊ အပြင်ထွက်မယ်၊ ဆော့ ကစားမယ်၊ လေ့ကျင့်ခန်းတွေလုပ်မယ်စတဲ့ အကျင့်ကောင်းတွေကြောင့် သင့်ရဲ့သွေးပေါင်ချိန်ကို လျော့ကျစေမယ်၊ သွေးပေါင်ချိန် ထိန်းညှိပြီးသားဖြစ်စေမယ်။ ကိုလက်စထရောပမာဏလျော့ကျစေမယ် အထီးကျန်မှုတွေပျောက်ဆုံးမယ် ကိုယ်လက်လှုပ်ရှားမှုအားကစားတွေများများလုပ်လာနိုင်မယ် စတဲ့အကျိုးကျေးဇူးတွေရ နိုင်ပါတယ်။ ဒါပေမဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဟာအန္တရာယ်များလှတဲ့ ပိုးမွှားတွေကို သယ်ဆောင်ထားနိုင်ပါတယ်။ ကျန်းမာမယ်လို့ထင်ရတဲ့အကောင်လေးတွေမှာတောင် ရောဂါပိုးမွှားတွေရှိနိုင်ပါတယ်။ အောက်ဖော်ပြပါ နည်းလမ်းတွေကတော့ သင့်ရဲ့အိမ်မွေး တိရစ္ဆာန်လေးတွေကို မွေးရင်း သင်ရောသင့်မိသားစုပါ အန္တရာယ်ကင်းကင်း ကျန်းကျန်း မာမာနေနိုင်စေမယ့် နည်းလမ်းကောင်းလေးတွေပါ။ မှန်ကန် တဲ့အိမ်မွေးတိရစ္ဆာန်တွေကိုရွေးချယ်ပါ။               ။သင်နဲ့သင့်မိသားစုအတွက်သင့်တော်မယ့် အကောင်ကိုပဲရွေးမွေးပါ။ မမွေးခင်မှာအောက်ဖော်ပြပါမေးခွန်းလေးတွေကို ကိုယ့်ကိုယ်ကို ပြန်မေး ဖို့လိုအပ်ပါလိမ့်မယ်။ ဒီအိမ်မွေးတိရစ္ဆာန်လေးရဲ့သက်တမ်းကဘယ်လောက်ရှိလဲ သူကိုဘာကျွေးမှာလဲ။ သူဘာအစားအစာတွေစားတတ်လဲ သူ့အတွက်ဘယ်လိုလေ့ကျင့်ခန်းတွေ လိုအပ်သလဲ အရွယ်ရောက်လာတဲ့အခါ ဖြစ်လာမယ့် သူရဲ့ အကြီးဆုံးအရွယ်အစား […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အပူဒဏ် အန္တရာယ် ကာကွယ်ပါ

ဒီရက်ပိုင်းမှာ ရာသီဥတု တော်တော်ပူလာတာကို သတိပြုမိမှာပါ။ အထူးသဖြင့် နေလယ်နေခင်းအချိန်တွေက နေပူထဲထွက်ဖို့ မဝံ့ရဲအောင်ပါပဲ။ စာရေးသူလို သန်သန်မာမာ လူငယ်တစ်ယောက်တောင် နေပူဒဏ်ကို ကြာကြာမခံနိုင်တဲ့အတွက် နေပူထဲမှာ သွားလာနေရတဲ့ စာဖတ်ပရိတ်သတ်အတွက် အပူဒဏ် အန္တရာယ် တွေကို သတိပြုမူစေနိုင်ဖို့‌ ဒီဆောင်းပါးကို ရည်ရွယ်ပါတယ် ။ အပူဒဏ် အန္တရာယ် ကို ဘာကြောင့် ကာကွယ်ဖို့ လိုတာလဲ။ အကြောင်းကတော့ အပူဒဏ်ကြောင့် အန္တရာယ်ရှိတဲ့  ကြွက်တက်ခြင်း ၊ မောပန်းနွမ်းနယ်ခြင်း ၊ ‌အပူကြောင့် သတိလစ်ခြင်း တွေဖြစ်တတ်ပါတယ် ။ အထူးသဖြင့် မြန်မာနွေက ပိုမိုပူပြင်းတတ်တဲ့အတွက်  သက်ကြီးရွယ်အို ၊ ကလေးသူငယ်များအဝလွန်သူများနဲ့ အရက်သောက်တဲ့လူတွေကို ပိုမို ဂရုစိုက်ဖို့ လိုအပ်ပါတယ် ။ အပူဒဏ်ကြောင့် မောပန်းနွမ်းနယ်ခြင်းရဲ့ လက္ခဏာတွေက ကြွက်တက်ခြင်း မူးဝေခြင်း အသက်ရှူမြန်ခြင်း၊ နှလုံးခုန်နှုန်း […]


အခြေခံကျန်းမာရေး

ဗီတာမင်စီ အကြောင်း သင်ဘယ်လောက်သိလဲ။

ဗီတာမင်စီ ဆိုတာ ဒီခေတ်မှာ တော်တော်များများ သိလာကြပါပြီ။ ငါ stressတွေ ပိနေတယ်ဟယ်။ ဗီတာမင်စီလေးသောက်ဦးမှပါ အစ အသားဖြူဖို့ ဗီတာမင်စီထိုးတဲ့အထိ အသုံးပြုလာကြပါပြီ။ သင်ဗီတာမင်စီနဲ့ ပတ်သတ်ပြီး သင်ဘာသိထားသလဲ။ သူ့ရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေက ဘာလဲဆိုတာ ဆက်ကြည့်ရအောင်။ ဗီတာမင်စီ ဆိုတာ ဘာလဲ။ ဗီတာမင်စီ ဆိုတာ ရေမှာ ပျော်ဝင်နိုင်တဲ့ ဗီတာမင်အမျိုးအစားပဲ ဖြစ်ပါတယ်။ အလွယ်ပြောရရင် ချဉ်တဲ့ အသီးအရွက်တွေကနေ အများဆုံးရပါတယ်။ ဥပမာ သံပုရာသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ငရုတ်ပွ။ ခန္ဓာကိုယ်က မထုတ်နိုင်တဲ့ အတွက် ပြင်ပက အစားအစာတွေကိုပဲ မှီခိုရတာပါ။ တစ်နေ့တာ လိုအပ်ချက်ကတော့ အရွယ်ရောက်ပြီးသား အမျိုးသမီး တစ်ယောက်အတွက် 75mgနဲ့ အမျိုးသားအတွက်ကတော့ 90mgပဲ ဖြစ်ပါတယ်။ ဗီတာမင်စီရဲ့ ကောင်းကျိုးများ ပါးစပ်ပြော ကောင်းကျိုးတွေ အများကြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ဘာကွာသလဲ

ဒီ နှစ်ကောင်စလုံးက လူတွေကိုကူးစက်ရောဂါဖြစ်စေနိုင်စွမ်းရှိပါတယ်။ အဓိက ကွာတဲ့အချက်က ဘက်တီးရီးယားပိုးတွေကို ပိုးသတ်ဆေးတွေသောက်ပြီး နှိမ်နင်းနိုင်ပေမဲ့ ဗိုင်းရပ်စ်ပိုးတွေကို ဒီလိုသတ်ပစ်လို့မရပါဘူး။ နောက်ပြီး ဗိုင်းရပ်စ်နဲ့ ဘက်တီးရီယားတွေမှာ တခြားကွာခြားချက်တွေလည်းရှိပါသေးတယ်။ ပထမဦးဆုံးပြောရရင် သူတို့ နှစ်ကောင်က တည်ဆောက်ပုံကစပြီး ကွဲပြားပါတယ်။ ဘက်တီးရီးယားတွေက ဆဲလ်တစ်လုံးတည်းပါတဲ့၊ မျက်စိနဲ့မမြင်နိုင်တဲ့အဏုဇီဝပိုးကောင်တွေဖြစ်ပြီး မျိုးစိတ်အတော်များများမှာ အပြင်ဖက်အခွံလွှာအမာတစ်ခုနဲ့ဖုံးအုပ်ထားပါတယ်။ ဘက်တီးရီးယားတွေက ဘယ်သူ့ကိုမှမမှီခိုဘဲ အသက်ရှင်နိုင်သလို မျိုးလည်းပွားနိုင်ပါတယ်၊ နောက်ပြီး  ပတ်ဝန်းကျင်မျိုးစုံမှာလည်း နေထိုင်နိုင်ပါသေးတယ်။ တချို့ဘက်တီးရီးယားမျိုးစိတ်တွေဆို အရမ်းပူ၊ အရမ်းအေးတဲ့နေရာတွေမှာတောင် ရှင်သန်နိုင်တာတွေ့ရပါတယ်။ နေတဲ့နေရာစုံတဲ့အတွက် နေရာမျိုးစုံမှာတွေ့နိုင်ပါတယ်။ ကျွန်တော်တို့လူသားတွေရဲ့ အူလမ်းကြောင်းထဲမှာလည်း ဘက်တီးရီးယားတွေရှိသလို နေ့စဉ်ကိုင်တွယ်အသုံးပြုနေတဲ့ တကိုယ်ရည်ပစ္စည်းတွေပေါ်မှာလည်း ရှိတာပါပဲ။ ဒါပေမဲ့ ကံကောင်းတာတစ်ခုက ဘက်တီးရီးယားမျိုးစိတ်၊ မျိုးကွဲတွေအများကြီးရှိပေမဲ့ အတော်များများက လူတွေကို အန္တရာယ်မပေးနိုင်ပါဘူး။ တချို့ဆို အကျိုးတောင်ပြုပါသေးတယ်၊ အခုဈေးကွက်ထဲမှာရောင်းနေတဲ့ ဒိန်ချဉ်တချို့နဲ့ သောက်ဆေးတွေမှာပါဝင်တဲ့ probiotic ဆိုတာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စတီးရွိုက် ရဲ့ဘေးထွက်ဆိုးကျိုးများ

စတီးရွိုက် ကို လူတိုင်းနီးပါး ကြားဖူးကြမှာပါ။ စပ်ဆေးထဲမှာ ပါတဲ့ဆေး၊ ဖောတဲ့ဆေးလို့ လူသိများပါတယ်။ ဘာဆေးမှန်းသာ မသိတာ ဒီဆေးသောက်လိုက်ရင် ပေါ့ပါးနေတာပဲ။ ညောင်းတာ ကိုက်တာလည်း မရှိတော့ဘူးလို့ ပြောကြပါတယ်။ ဒါပေမယ့် ဒီဆေးက တကယ်ပဲ ဒီလိုသောက်ရတာ ဟုတ်ရဲ့လား။ သေချာ မသုံးတတ်ရင် သေနိုင်လောက်တဲ့ အန္တရာယ်ရှိတယ်ဆိုတာ သိရော သိကြရဲ့လား။ စတီးရွိုက် တွေဘယ်လိုအလုပ်လုပ်လဲ။ စတီးရွိုက်က ကျောက်ကပ်အပေါ်မှာ ရှိနေတဲ့ အယ်ဒရီနယ်ဂလင်းကနေ ထုတ်တဲ့ ဟော်မုန်းတွေနဲ့ ဆင်တူပါတယ်။ ခန္ဓာကိုယ်က ထုတ်နိုင်တဲ့ ပမာဏထက်ပိုပြီး သောက်မိရင် ရောင်ရမ်းတာကို ထိန်းချုပ်နိုင်ပါတယ်။ ဒါကြောင့် ပန်းနာရင်ကြပ်တို့ အဆစ်ရောင်ရောဂါတို့မှာ သုံးတာပါ။ ပြီးတော့ ခုခံအားကိုလည်း ကျစေတဲ့အတွက် ခုခံအားကမောက်ကမဖြစ်တဲ့ ရောဂါတွေမှာလည်း သုံးနိုင်ပါတယ်။ စတီးရွိုက် ရဲ့ဘေးထွက်ဆိုးကျိုးတွေက ဘာတွေလဲ။ စတီးရွိုက်ကို သောက်ဆေးအနေနဲ့ရော၊ ရှူဆေး၊ လိမ်းဆေး၊ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နွေရောက်တဲ့အခါ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာ (၅) ခု

နွေရောက်ပြီလေ… မိုးလေကင်းတဲ့ ပွင့်လင်းရာသီ ရောက်လာခဲ့ပြီဆိုပေမယ့် ခရီးသွားမယ်၊၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်မယ်ပေါ့။ ။ ဒါပေမယ့် အခုထိတော့ covid ကို စိုးရိမ်နေရဆဲပါ။  ဒါကြောင့်  COVID-19 ကို ကာကွယ်တာက ကောင်းပါတယ်။ ဒါပေမယ့် နွေရာသီမှာ ပုံမှန်ကို အဖြစ်များလေ့ရှိတဲ့ ကျန်းမာရေးပြဿနာတွေ ကိုလည်း မေ့မထားသင့်ပါဘူး။ ဒီတော့ နွေရောက်တဲ့အခါ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာ တွေက ဘာတွေဖြစ်မလဲဆိုတာကို ပြောပြပေးချင်ပါတယ်။ နွေရောက်တဲ့အခါ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာ (၅) ခု နွေရောက်တဲ့အခါ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာ တွေကတော့ (၁) အပူလျှပ်နိုင်တယ် အပူလျှပ်ခြင်းက အပူချိန်ပြင်းတဲ့ နွေရာသီမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာတစ်ခုပါ။ ပုံမှန်မဟုတ်ဘဲ ခန္ဓာကိုယ်အပူချိန် လွန်ကဲတဲ့အခါ ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း နဲ့ အဖျားတက်ခြင်း တို့လို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သီချင်းများနှင့်လူ သို့မဟုတ် ဂီတကုထုံး

မင်္ဂလာပါ ။Hello ဆရာဝန် စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ တေးသီချင်းတွေနဲ့ သင့်ကျန်းမာရေး ဘယ်လိုဆက်စပ်နေလဲ ဆိုတာကို ဆွေးနွေးပေးသွားမှာပါ ။ တေးဂီတမှာ သတ်မှတ်ချက်တွေ မရှိပါဘူး ။ လူတိုင်းလူတိုင်းမှာ မိမိကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစား ရှိမှာပါ ။ ဂီတနဲ့ တေးသီချင်းတွေမှာ ကိုယ့်ကို စိတ်ရောလူပါ ပျော်ရွှင်နိုင်တဲ့ အစွမ်းရှိတာကို လူတိုင်း သိမှာပါ ။ ကိုယ်နှစ်သက်တဲ့ သီချင်းတစ်ပုဒ် သံစဉ်တစ်ပိုဒ် bass ဂီတာသံလေးတစ်ချက်က စိတ်ညစ်နေရင်တောင်မှ သီချင်းထဲ နစ်မြောသွားစေနိုင်တဲ့ စွမ်းအင်ရှိပါတယ် ။ နိုင်ငံတကာမှာတော့ ဂီတကုထုံးကို စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအတွက် အသုံးပြုတဲ့နည်းလမ်းတစ်မျိုး အဖြစ် အသုံးပြုကြပါတယ် ။ စာရေးသူကိုယ်တိုင်လည်း စိတ်ဓါတ်ကျနေတဲ့အချိန်မှာ Eminemရဲ့ Lose Yourself သီချင်းကို နားထောင်ပြီး စိတ်ခွန်အားပြန်မွေးပါတယ် […]


အခြေခံကျန်းမာရေး

ခန္ဓာကိုယ်ထဲမှာ ဘာ ကျောက် တွေ တည်နိုင်လဲ

ကျောက်ကပ်ကျောက်တည်တာ၊ ဆီးကျောက်တည်တာတော့ ကြားဖူးနေကျပါပဲ။ ကိုယ်မထင်ထားတဲ့ တခြားဘယ်အစိတ်အပိုင်းတွေမှာ ကျောက်တည်နိုင်လဲဆိုတာ ဆက်ပြီးဖတ်ကြည့်ပါဦး။ (၁) ကျောက်ကပ် ဆီးလမ်းကြောင်းမှာ ကယ်လ်စီယမ် အပါအဝင် သတ္တုဓာတ်တွေစုလာတဲ့အခါကျောက်တည်လာပါတယ်။ ကျောက်ကပ်ကျောက်တည်ရင် တင်ပါး နဲ့ နံရိုးနားတဝိုက် ခါးနာမယ်။ ဆီးသွားမရအောင် ပိတ်ဆို့နိုင်လောက်အောင် အရွယ်အစားကြီးရင်ပေါ့။ ဆီး သွားရင် သွေး သို့မဟုတ်ကျောက်လေးတွေပါလာနိုင်တယ်။ ကျောက်က သေးရင် ဆီးထဲမှာ သူ့အလိုလို ပါလာတတ်ပေမယ့် ကြီးရင်တော့ ခွဲစိတ်ဖယ်ရှားရနိုင်ပါတယ်။ (၂) လည်ချောင်း အာသီးဆိုတာ ရောဂါပိုးမွှားတွေကို စစ်ထုတ်ဖယ်ရှားဖို့ ကူညီပေးတဲ့ လည်ချောင်း အနောက်ဘက်က တစ်ရှူးအစု နှစ်ခု ဖြစ်ပါတယ်။ အစားအစာတွေ၊ အရေပြားဆဲလ်သေတွေ၊ တခြားအစအနတွေ အဲဒီမှာ ကပ်ကျန်နေနိုင်ပြီး tonsilloliths လို့ ခေါ်တဲ့ ကျောက်တွေ ဖြစ်လာတတ်ပါတယ်။ ဒါဆို လည်ချောင်းနာတယ်၊ ခံတွင်းနံ့ဆိုးတယ်၊ အာသီးရောင်တယ် ဆိုတဲ့ လက္ခဏာတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စာလုပ်နေချိန် အိပ်မငိုက်စေမယ့် နည်းလမ်းကောင်းတွေ ရှိတယ်နော်

ဘာလိုလိုနဲ့ မတ်လထဲတောင် ဝင်လာပြီနော်။ ဒီအချိန်ဆိုရင် တက္ကသိုလ်ဝင်တန်း ကျောင်းသားတွေလည်း စာမေးပွဲ စနေလောက်ပြီ၊ တက္ကသိုလ် ကျောင်းသားတွေ ဆိုရင်လည်း ပထမနှစ်ဝက် ဖြေနေရလောက်ပြီ၊ အငယ်တန်း ကျောင်းသားတွေကျတော့လည်း တစ်နှစ်စာ စာမေးပွဲကြီး ပြီးလို့ နောက်နှစ်အတွက် သင်ရမယ့် စာတွေကို ကြိုပြီး ကျက်မှတ်နေလောက်ပါပြီ။ ဒီလိုအချိန်မျိုးမှာ ကျောင်းသားတွေအတွက် စာကောင်းကောင်း ကျက်မှတ်လို့ ရမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။ ၁။ အနေအထား ပြောင်းပြီး စာကျက်ပါ။ ဦးနှောက်ရဲ့ သဘာဝက ငြိမ်ငြိမ်လေး ထိုင်နေရင် ထိုင်းမှိုင်းပြီး လေးလံလာတယ်၊ ပျင်းပြီး အိပ်ချင်လာစေပါတယ်။ ဒါကြောင့် အမြဲတမ်း ထိုင်ပြီး စာကျက်တာထက် မတ်တပ်ရပ် ကျက်တာ၊ လမ်းလျှောက်တာမျိုး လုပ်ပေးပါ။ အဲ့လိုမဟုတ်ဘဲ နာရီဝက်လောက် ထိုင်ကျက်ပြီး ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာ၊ အကြောလျှော့တာမျိုး […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း