backup og meta

ပိုတက်စီယမ်လွန်ကဲ ခြင်းရဲ့ အန္တရာယ် သတိပြုပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပိုတက်စီယမ်လွန်ကဲ ခြင်းရဲ့ အန္တရာယ် သတိပြုပါ

    ပိုတက်စီယမ် ဆိုတာ ဦးနှောက် ၊ နှလုံး နဲ့ ကြွက်သား တို့ အပါအဝင် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်း အတော်များများကို အကျိုးပြုတဲ့ သတ္တုဓာတ်ပါ ။

    ဒါပေမယ့် ဘယ်ဓာတ်မဆို ခန္ဓာကိုယ်က လိုအပ်တဲ့ ပမာဏ အတိုင်းအတာကို ရရှိမှ ရသင့်တဲ့ အကျိုးကျေးဇူးကို ရနိုင်မှာပါ ။ မလုံလောက်ရင်လည်း အဆင်မပြေ၊ လွန်ကဲရင်လည်း ဘေးဖြစ်နိုင်တာ အသေအချာ ပါပဲ။

    ပိုတက်စီယမ်လွန်ကဲ ခြင်း

    ပုံမှန်အားဖြင့် ပိုလျှံတဲ့ ပမာဏတွေကို ကျောက်ကပ်က စွန့်ထုတ်ပေးပြီး ပိုတက်စီယမ် ပမာဏကို ထိန်းညှိပေးတာပါ ။ ဒါပေမယ့် အကြောင်းရင်း တစ်ခုခုကြောင့် သွေးတွင်းမှာ ပိုတက်စီယမ်လွန်ကဲတဲ့အခါ hyperkalemia ဆိုတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ် ။

    ဘယ်လောက် အန္တရာယ်များသလဲ

    Hyperkalemia အခြေအနေဟာ အန္တရာယ်ရှိတဲ့ နှလုံးခုန်စည်းချက် ပြောင်းလဲမှုတွေ ဖြစ်စေနိုင်တဲ့ အကြောင်းရင်း တစ်ခု ပါ။ ပိုတက်စီယမ်လွန်ကဲ ခြင်းကြောင့် နှလုံးရဲ့ အောက်ဘက် အစိတ်အပိုင်းတွေကို နှလုံးခုန်စည်းချက် မြန်စေနိုင်တယ်။

    အန္တရာယ်ရှိတဲ့ အဆင့်ထိ ပိုတက်စီယမ်လွန်ကဲ မှုကို မဖြေရှင်းနိုင်ဘဲ ကြာလာရင် နှလုံးခုန်ရပ်ပြီး အသက်ဆုံးရှုံးရတဲ့ အဆင့်ထိ ရောက်နိုင်ပါတယ်။

    ပိုတက်စီယမ်လွန်ကဲ စေတတ်တဲ့ အကြောင်းရင်း –

    ပိုတက်စီယမ်လွန်ကဲ စေတတ်တဲ့ ဖြစ်နိုင်ခြေ အကြောင်းရင်းတွေ အများကြီးရှိပါတယ် –

    (၁) ကျောက်ကပ် ပျက်စီးခြင်း

    ကျောက်ကပ် ပျက်စီးခြင်း ဟာ ပိုတက်စီယမ်လွန်ကဲ ခြင်းရဲ့ အဖြစ်များဆုံး အကြောင်းရင်းတစ်ခုပါ။ ကျောက်ကပ် က ကောင်းကောင်း အလုပ်မလုပ်တော့တဲ့အခါ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ ပိုတက်စီယမ်တွေကို မဖယ်ရှားနိုင်တော့ဘဲ စုပုံ သွားစေနိုင်ပါတယ်။

    (၂) တခြား ကျန်းမာရေး အကြောင်းရင်းများ

    ကိုယ့်ရဲ့ ရောဂါအခံ၊ ကျန်းမာရေး ပြဿနာအခံ တစ်ခုခုကြောင့်လည်း ပိုတက်စီယမ်လွန်ကဲစေနိုင်ပါတယ် –

    (၃) ဆေးဝါး

    သောက်သုံးနေတဲ့ ဆေးဝါးတွေ ကြောင့်လည်း ပိုတက်စီယမ်ပမာဏ ကို လိုအပ်တာထက် လွန်ကဲစေနိုင်ပါတယ်။ ဥပမာ – ကင်ဆာကုထုံး ဆေးဝါးတချို့။

    (၄) အားဆေး

    ပိုတက်စီယမ် ပါတဲ့ အားဆေးတွေ ပိုသောက်မိရင်လည်း ပိုတက်စီယမ်လွန်ကဲစေတတ်ပါတယ်။ ဥပမာ ဖြည့်စွက်အားဆေး၊ အရိုးအားဆေး၊ အာရုံကြောအားဆေး စသည်ဖြင့် ဆရာဝန်မညွှန်ဘဲ အားဆေးမျိုးစုံ သောက်နေတာမျိုးမှာ ပိုတက်စီယမ် အခါခါ ထပ်ပါနေတာတွေ ရှိနိုင်ပါတယ်။

    (၅) အယ်လ်ကိုဟော သို့မဟုတ် မူးယစ်ဆေး

    အရက်သောက် တာ များတာ ဒါမှမဟုတ် မူးယစ်ဆေး သုံးတာ ကြောင့် ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။ ဒီသက်ရောက်မှုကြောင့် ကြွက်သားဆဲလ် တွေကနေ ပိုတက်စီယမ် တွေ အများကြီး သွေးထဲ ထုတ်လွှတ်ပေးပါတော့တယ်။

    (၆) ထိခိုက်မှု ဒဏ်ဖြစ်ခြင်း

    ထိခိုက်မှု ဒဏ်ဖြစ်ခြင်း အမျိုးအစား တချို့ကြောင့် လည်း ပိုတက်စီယမ် ပမာဏ ကို မြင့်တက်စေနိုင်ပါတယ်။

    မီးလောင်မှု ဒါမှမဟုတ် ယာဉ်တိုက်မှု ဒဏ်ရာတွေမှာ ကြွက်သားဆဲလ်တွေ အများစုကို ထိခိုက်တာကြောင့် ဒီအာနိသင် ဖြစ်လာနိုင်ပါတယ်။

    ပိုတက်စီယမ်လွန်ကဲ ရင် ဘာ လက္ခဏာ သိသာမလဲ

    လက္ခဏာ ပြတာကတော့ သွေးထဲက ပိုတက်စီယမ် ပမာဏ ကို မူတည်ပြီး ကွာခြားနိုင်ပေမယ့် တချို့မှာ လက္ခဏာ မပြတာလည်း ရှိတတ်ပါတယ်။ ဒါပေမယ့် အများအားဖြင့် သွေးထဲ ပိုတက်စီယမ် ပမာဏ များနေပြီ ဆိုရင်  –

    • ပင်ပန်းနွမ်းနယ်နေမယ်
    • အားနည်းနေမယ်
    • မအီမသာ ဖြစ်မယ်၊
    • ပျို့အန်မယ်
    • အသက်ရှူရခက်မယ်
    • ရင်ဘတ်အောင့်မယ်
    • ရင်တလှပ်လှပ် တုန်မယ်
    • နှလုံးမမှန်ဖြစ်မယ် စတဲ့ လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 17/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement