အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

သွေးတွင်းအောက်ဆီဂျင်ဓာတ်တိုင်းတာမှုနည်းလမ်းများ

ကျွန်တော်တို့တွေ အသက်ရှူလိုက်တိုင်းအဆုတ်ထဲကိုအောက်ဆီဂျင်ဓာတ်တွေရောက်ရှိပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေ ထွက်သွားတာကို လူတိုင်းလိုသိရှိပြီးသားဖြစ်မှာပါ။ သွေးထဲမှာဒီ ဓာတ် (၂) မျိုးမညီမမျှဖြစ်နေရင်ကျန်းမာရေးအရနောက်ဆက်တွဲပြဿနာတွေဝင်လာနိုင်ပါတယ်။ ဒါကြောင့်အခုတစ်ခေါက် မှာသွေးတွင်းအောက်ဆီဂျင်ဓာတ်ပမာဏကို တိုင်းတာပေးနိုင်တဲ့စမ်းသပ်မှုတွေအကြောင်း ပြောပြပေးချင်ပါတယ်။ အခုပြောမယ့်စမ်းသပ်မှုတွေထဲက တချို့စမ်းသပ်မှုတွေက အောက်ဆီဂျင်ဓာတ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် အပြင် အက်စစ်နဲ့အယ်လ်ကာလီဓာတ် (pH) ကိုပါတိုင်းတာပေးနိုင်ပါတယ်။ အက်စစ်နဲ့ အယ်လ်ကာလီဓာတ် တွေသာမန်ထက်များနေရင် (ဒါမှမဟုတ်) နည်းနေရင် အဆုတ်နဲ့ကျောက်ကပ်ကိုထိခိုက်စေပါတယ်။ ၁ - Pulse oximetry (လက်ထိပ်ညှပ်သွေးတွင်းအောက်ဆီဂျင်တိုင်းတာစက်) သွေးကြောတွင်းအောက်ဆီဂျင်ဓာတ်ကို လက်ချောင်းထိပ်မှာတင်ညှပ်ပြီးတိုင်းတာနိုင်တဲ့စက်အသေးစားလေး တွေဖြစ်ပါတယ်။ SPO2 စက်လို့လည်းခေါ်ဆိုပါတယ်။ ဒီစက်တွေရဲ့ကောင်းတဲ့အချက်က ရိုးရှင်းပြီးအသုံးပြုရ လွယ်ကူတယ်၊ ကိုယ့်ဖာသာအိမ်မှာတင်အလွယ်တကူတိုင်းတာနိုင်တယ်၊ သွေးဖောက်စရာမလိုအပ်လို့ နာကျင်မှုမရှိသလို အချိန်တိုအတွင်းအဖြေရရှိနိုင်တာတွေပဲဖြစ်တယ်။ အားနည်းချက်ကတော့ တိကျမှု အားနည်းတယ်၊ လက်ထိပ်မှာညှပ်တိုင်းတာဖြစ်လို့ လက်သည်းဆိုးထားတာတွေ၊ လက်သည်းအတု တပ်ထားတာတွေရှိရင် အဖြေလွဲမှားနိုင်ပါတယ်။ ၂ - Blood gas test (သွေးတွင်းဓာတ်ငွေ့ပမာဏစစ်ဆေးမှု) ပိုမိုတိကျတဲ့စစ်ဆေးမှုဖြစ်ပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကာကွယ်ဆေး နဲ့ပတ်သက်ပြီး အမှတ်မှားနေတဲ့အယူအဆများ

(ကာကွယ်ဆေးထိုးဖို့ကြောက်နေသူတွေ၊ ကာကွယ်ဆေးထိုးဖို့မလိုအပ်ဖူးလို့ ထင်နေသူတွေ ဖတ်ကြည့်သင့် တယ်နော်) ကူးစက်ရောဂါ တွေကို ကာကွယ်တဲ့နေရာမှာ ကာကွယ်ဆေးတွေက အဓိကအကျဆုံးနေရာက ပါဝင်နေပါတယ်။ ကာကွယ်ဆေးကြောင့် နှစ်တိုင်းလူသန်းနဲ့ချီအသက်ရှင်ခွင့်ရနေပေမယ့် ဒီဆေးတွေကို မလိုအပ်ဖူးလို့ ယူဆသူတွေ ရှိနေဆဲပါပဲ။ ဒါ့ကြောင့် အခုတစ်ခေါက်မှာ ကာကွယ်ဆေး နဲ့ ပတ်သက်ပြီး မှားယွင်းနေတဲ့အယူအဆတွေကို ရှင်းပြပေးချင်ပါတယ်။ တစ်ကိုယ်ရေသန့်ရှင်းမှု ပိုအားကောင်းလာတာကြောင့် ကာကွယ်ဆေး မပေါ်ခင်ကတည်းကရောဂါတွေ ပျောက်ကင်းကုန်ပြီ ကာကွယ်ဆေးကို ဆန့်ကျင်တဲ့သူတွေအတွက် ဒီလိုစကားမျိုးတွေက သဘောကျစရာပါပဲ။ ဟိုးအရင်ကထက် လူနေမှုစနစ်အများကြီးတိုးတက်လာ၊ သန့်ရှင်းလာလို့ ကာကွယ်ဆေးထိုးပြီး ရောဂါတွေကာကွယ်စရာမလိုတော့ဘူးလို့ထင်ရင် မှားသွားပါလိမ့်မယ်။ တိုးတက်ပြီး အသန့်ကြိုက်လှပါတယ်ဆိုတဲ့ နိုင်ငံ ၂ နိုင်ငံရဲ့အဖြစ်အပျက်နဲ့ပဲ သက်သေပြပါမယ်။ ဗြိတိန်နိုင်ငံနဲ့ ဆွီဒင်နိုင်ငံမှာ (၁၉၇၄)ခုနှစ်တဝိုက်က ကာကွယ်ဆေးမထိုးချင်လို့ ဆန္ဒပြမှုတွေကြောင့် ကြက်ညှာချောင်းဆိုးရောဂါကာကွယ်ဆေးထိုးနှံမှု ရပ်တန့်ခဲ့ဖူးပါတယ်။ နောက်၄-၅နှစ်အကြာမှာတော့ ၂ နိုင်ငံလုံးမှာကြက်ညှာချောင်းဆိုး ဖြစ်ပွားသူ သိန်း၊သောင်းချီခဲ့ပြီး လူရာနဲ့ချီ သေဆုံးခဲ့ပါတယ်။ […]


အခြေခံကျန်းမာရေး

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

မြန်မာနိုင်ငံရဲ့ ရာသီဥတုဟာ ဆောင်းရာသီအချိန်ကာလတွေကလွဲပြီး အချိန်အတော်များများဟာ ပူပြင်းတာကြောင့် ညဘက်အိပ်တဲ့အခါ ပန်ကာကိုအများအပြား အသုံးပြုကြတာကို တွေ့ရပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ညဘက် လေအေးလေးရအောင် အနီးနားမှာ ပန်ကာလေးဖွင့်ပြီး အိပ်လေ့ရှိတဲ့သူတွေအတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးလေးတွေနဲ့ ပန်ကာဖွင့်ပြီး အိပ်မယ့်အစား အေးအေးချမ်းချမ်းအိပ်နိုင်အောင် အခြားလုပ်ဆောင်နိုင်မယ့် နည်းလမ်းတချို့ကို ဝေမျှပေးသွားချင်ပါတယ်။ ညဘက်ပန်ကာလေခံပြီး အိပ်တဲ့အခါ ၁။ နှာစေး၊ နှာပိတ်စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာတွေကို ဖြစ်စေပါတယ်။ ပန်ကာကလာတဲ့လေဟာ သင့်ရဲ့ ပါးစပ်၊ နှာခေါင်းနဲ့ လည်ချောင်းတွေတစ်လျှောက်မှာ ရှိတဲ့ အရေပြားကို ခြောက်သွေ့စေပါတယ်။ အဲဒီလို အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ခြောက်သွေ့သွားတဲ့အတွက် mucus လို့ခေါ်တဲ့ အချွဲတွေထွက်လာပြီး နှာပိတ်၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဟောက်ခြင်း စတဲ့ပြသနာတွေကို ဖြစ်လာစေပါတယ်။ ပန်ကာဖွင့်အိပ်ပြီး ဒီလိုပြသနာတွေ ဖြစ်လာပြီဆိုရင်တော့ အခန်းထဲမှာ humidifier လေးကိုပါ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ.........

ယဉ်ပါးတယ်ဆိုတဲ့ စကားလုံးက ပုံမှန်အားဖြင့် ကောင်းတဲ့ သဘောဆောင်ပေမယ့် ဆေးယဉ်ပါး တယ်ဆိုတာကတော့ ကောင်းတဲ့သဘော မဆောင်ပါဘူး။ အခုနောက်ပိုင်း ရောဂါတွေက များသလို  ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာတွေကလည်း အတော်လေး များလာပါတယ်။ ဒီလို ကြောက်စရာကောင်းတဲ့ ကျန်းမာရေးပြဿနာထဲမှာ ဆေးယဉ်ပါး တာကလည်း တစ်ခု အပါအဝင်ပေါ့။ ယဉ်ပါးမှုက ကောင်းပေမယ့် ဆေးယဉ်ပါးတာက အသက်အန္တရာယ်ရှိစေနိုင်တဲ့ ကိစ္စတစ်ရပ်ပါ။ ဆေးယဉ်ပါး တယ်ဆိုတာက ဆေးမတိုးတော့တာပါ။ ဆေးမတိုးတော့တဲ့အခါ ရောဂါဖြစ်လာခဲ့ရင် ဘယ်လိုလိုပဲ ကုကု ပျောက်မှာ မဟုတ်တော့ဘဲ နောက်ဆုံးမှာ အသက်ဆုံးရှုံးတာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒီတော့ ဆေးယဉ်ပါး တာကို ကြိုတင် သိရှိ ကာကွယ်နိုင်စေဖို့ ဆောင်းပါးလေးထဲကနေတဆင့် ပြောပြပေးလိုက်ပါရစေ။ ဘာတွေကများ ဆေးယဉ်ပါးမှုကို ဖြစ်စေတာလဲ......... ပဋိဇီဝဆေးယဉ်ပါးမှုက ဘက်တီးရီးယားတွေ။ ဗိုင်းရပ်စ်တွေက ဆေးတွေကို ခံနိုင်ရည်ရှိလာပြီး နောက်ဆုံးမှာ ကုသပျောက်ကင်းဖို့ ခက်ခဲလာတာပါ။ […]


အခြေခံကျန်းမာရေး

ကာကွယ်ဆေး တွေအတွက် သိုလှောင်အပူချိန်က ဘယ်လောက်ထိအရေးကြီးသလဲ။

ကာကွယ်ဆေးတွေက သိပ်ကို အစွမ်းထက်ပြီး ရောဂါတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးကလည်း မရှိသလောက် နည်းပါတယ်။ ဒီလို ဖြစ်အောင်လည်း ငွေအား၊ လူအားတွေ အများကြီးသုံးပြီး အချိန်ကုန်ခံပြီး တီထွင်ထားရတာပါ။ ကာကွယ်ဆေးမှာ ထိရောက်မှုရှိဖို့နဲ့ ဘေးထွက်ဆိုးကျိုးနည်းဖို့လိုမျိုးပဲ နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ရှိပါသေးတယ်။ ဒါကတော့ သိမ်းဆည်းပုံပါ။ ကာကွယ်ဆေးတွေမှာ သိမ်းဆည်းရမယ့် အပူချိန်ဆိုတာ ရှိပါတယ်။ ဒါကို မလိုက်နာရင် နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။ ကာကွယ်ဆေးတွေကို သိုလှောင်ရမယ့် အပူချိန်အတိုင်း မသိမ်းဆည်းဘူးဆိုရင် ကာကွယ်ဆေးတွေကို သူ့အပူချိန်နဲ့ သူ မသိမ်းဘူးဆိုရင် ပျက်စီးတတ်ပါတယ်။ ဆေးထိုးပေမယ့် အာနိသင်မရတာမျိုး၊ ဆေးမအောင်တာမျိုးပေါ့။ လူနာမှာ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမျိုးလည်း ရှိပါတယ်။ ဒီအခါ လူနာက သိမ်းဆည်းပုံကြောင့်လို့ မသိဘဲ ကာကွယ်ဆေးကြောင့် ထင်သွားတတ်ပါတယ်။ နောက်လူတွေကပါ အထင်လွဲပြီး ကာကွယ်ဆေးထိုးရခက်ကုန်ပါတယ်။ ဆေးအာနိသင်မရတဲ့အခါကျတော့ ဆေးတွေ ပြန်ထိုးရတာ၊ […]


အခြေခံကျန်းမာရေး

ဆေးယဉ်ပါးမှုပြဿနာ အဖြေရှာကြမယ်(သို့မဟုတ်) ကိုယ်ချစ်ရတဲ့ ကမ္ဘာကြီးကို ကိုယ့်လက်နဲ့ အဆုံးမသတ်မိပါစေနဲ့

တစ်နှစ်ထက်တစ်နှစ် ကမ္ဘာမှာ တိုးတက်မှုတွေ အများကြီးဖြစ်လာသလို ရောဂါဆန်းတွေလည်း တိုးလာတယ်နော်။ ဒါက သဘာဝအလျောက် ဖြစ်လာတာ မဟုတ်ပါဘူး။ လူတွေကိုယ်တိုင် ဖန်တီးလိုက်တဲ့ ကြမ္မာပါ။ အခုခေတ်မှာ ကြုံတွေ့နေရတဲ့ အကြီးမားဆုံး ကျန်းမာရေး စိန်ခေါ်မှုတွေထဲက တစ်ခုက ဆေးယဉ်ပါးလာတဲ့ ပြဿနာပါ။ စစ်တမ်းတွေအရ နှစ်စဉ် လူဦးရေ ၂ သန်းကျော် ၃ သန်းနီးပါးလောက် ဆေးယဉ်ပါးမှုပြဿနာနဲ့ ရင်ဆိုင်နေရပြီး သောင်းဂဏန်းလောက် သေဆုံးနေပါတယ်။ ဒါကြောင့် လောလောဆယ်မှာ အရေးတကြီး အာရုံစိုက် လုပ်ဆောင်ရမယ့် ကျန်းမာရေးပြဿနာက ဆေးယဉ်ပါးမှု ပြဿနာပါ။ ဆေးယဉ်ပါးတယ်ဆိုတာ ဘာလဲ........... ဆေးယဉ်ပါးတယ်ဆိုတာကို မပြောခင် ပိုးသတ်ဆေးဆိုတာ ဘာလဲဆိုတာကို အရင်ပြောပြမယ်နော်။ ပိုးသတ်ဆေး ဆိုတာ ပိုးသတ်ဆေးဆိုတာ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေ၊ မှိုပိုးတွေ နဲ့ ကပ်ပါးပိုးတွေ လူတွေ၊ တိရစ္ဆာန်တွေ၊ အပင်တွေဆီကို ကူးစက်မှုကို ကာကွယ်ဖို့၊ […]


ဆေးပညာကုထုံးနှင့် ခွဲစိတ်ကုသမှုများ

ပလတ်စတစ်ဆာဂျရီတွင် ကြုံတွေ့နိုင်သော နောက်ဆက်တွဲပြဿနာများ

ပလတ်စတစ်ဆာဂျရီ ဆိုတာကတော့ ပြင်ပရုပ်ပုံသဏ္ဌာန်နဲ့ အလှအပရေးရာနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ ခွဲစိတ်ကုသမှုတွေ ဖြစ်ပါတယ်။ ရင်သားခွဲစိတ်မှုကနေ မျက်အိတ်ခွဲစိတ်ကုသမှုနဲ့ ပတ်သက်တဲ့အထိ မျိုးစုံဖြစ်နိုင်ပါတယ်။ ခွဲစိတ်မှုဖြစ်တာကြောင့် ဘေးထွက်ဆိုးကျိုးနဲ့ နောက်ဆက်တွဲပြဿနာ အနည်းနဲ့အများ ဆိုသလို ရှိပါတယ်။ ယခုဆက်လက်ဖော်ပြမှာကတော့ ပလတ်စတစ်ဆာဂျရီ ပြုလုပ်ခြင်းတွေမှာ တွေ့ရများတဲ့ နောက်ဆက်တွဲပြဿနာများပဲ ဖြစ်ပါတယ်။ ကဲ .... ပလတ်စတစ်ဆာဂျရီတွင် ကြုံတွေ့နိုင်သော နောက်ဆက်တွဲပြဿနာများ အကြောင်း လေ့လာလိုက်ရအောင်နော်။ ပလတ်စတစ်ဆာဂျရီတွင် ကြုံတွေ့နိုင်သော နောက်ဆက်တွဲပြဿနာများ ပလတ်စတစ်ဆာဂျရီတွင် ကြုံတွေ့နိုင်သော နောက်ဆက်တွဲပြဿနာများ ကတော့ သွေးလုံး (Hematoma) ဖြစ်ပေါ်ခြင်း ခွဲစိတ်မှုပြီးချိန်မှာ သွေးများတနေရာရာမှာ စုဝေးပြီး သွေးခြည်ဥသလို ဖြစ်တတ်ပါတယ်။ နာကျင်ကိုက်ခဲမှုလည်း ရှိတတ်ပါတယ်။ ရင်သားပြုပြင် ခွဲစိတ်ကုသမှုများအနက် ၁ ရာခိုင်နှုန်းခန့်မှာ ဖြစ်ပေါ်တတ်ပါတယ်။ မျက်နှာပြုပြင် ခွဲစိတ်ချိန်မှာလည်း တွေ့ရတတ်ပါတယ်။ အမျိုးသားများမှာ ပိုပြီး ဖြစ်နိုင်ခြေ […]


အခြေခံကျန်းမာရေး

ကလေးရေကူးကန်တွေက ဘာကြောင့်ပိုညစ်ပတ်တာလဲ

ငယ်ငယ်တုန်းက ရေသွားကူးမယ်လို့ ပြောလိုက်ရင် လူကြီးတွေက “သွားမကူးနဲ့၊ ရေမသန့်ဘူး၊ ယားနာတွေ ဝဲတွေ ပေါက်လိမ့်မယ်” ဆိုပြီး အပြင်းအထန်တားကြတာ မှတ်မိကြမယ်ထင်ပါတယ်။ တကယ်လည်း ကိုယ်အသက်ကြီးလာတဲ့အချိန် ရေကူးသင်တဲ့အခါမှာ သူတို့တွေပြောတဲ့စကားက မှန်သင့်သလောက်မှန်တာကို လက်တွေ့ သိမြင်ခဲ့ရပါတယ်။ ဒါဆို ဘာလို့ ကလေးရေကူးကန်တွေက ပိုညစ်ပတ်တာလဲ။ ဟိုတယ်တွေ၊ အများသုံးရေကူးကန်တွေမှာ ကလေးနဲ့ လူကြီးဆိုပြီး မခွဲထားပါဘူး။ တချို့ရေကူးကန်တွေမှာတော့ ရေကန်အနက်ပေါ် မူတည်ပြီး ခွဲထားတာမျိုးတွေ ရှိပါတယ်။ ဘာကြောင့် ကလေးရေကူးကန်တွေ၊ ကလေးတွေ ရေကူးနေတဲ့ ကန်ထဲကရေတွေက ပိုညစ်ပတ်တာလဲလို့ ပြောရတာလဲဆိုရင် ရေကူးကန်မှာ စောင့်ထိန်းရမယ့် ကျင့်ဝတ်များကို သေချာမသိခြင်း ရေမကူးခင်မှာ ရေချိုးသန့်စင်ခြင်းများ မပြုလုပ်ခြင်း ခြေထောက်ထဲမှာ သဲတွေ၊ ရွှံ့နွံ့တွေ၊ မြေမှုန့်တွေနဲ့ ပေပွနေခြင်း အနာတွေဖြစ်နေလျက်နဲ့ ရေကန်ထဲဆင်းတာ အနာပေါ် ကပ်ထားတဲ့ ပလာစတာတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ

ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ အကြောင်း ဘာတွေများ သိထားသလဲ။ မျှဝေကြရအောင်လေ။ ကိုယ်ခံအားစနစ်ဆိုတာ ဘာလဲ။ ရောဂါပိုးမွှားများကို ပြင်ပကနေ ခန္ဓာကိုယ်ထဲ အလွယ်တကူဝင်မလာနိုင်အောင် ထိန်းချုပ်ပေးနိုင်တဲ့၊ ကိုယ်ခန္ဓာထဲမှာ ရောဂါပိုးတွေကို တိုက်ထုတ်ပေးနိုင်ဖို့နှင့် ရောဂါပိုးများ မျိုးပွားခြင်းကို နှေးကွေးစေဖို့ ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် လူတစ်ယောက် ကျန်းမာပြီး အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ ကိုယ်ခံအားစနစ်ကောင်းမွန်ခြင်းသည် အလွန်အရေးပါတယ်လို့ ဆိုနိုင်ပါတယ်။ ကိုယ်ခံအားစနစ်ကို ဘာတွေက မြှင့်တင်ပေးနိုင်လဲ။ တစ်နေ့တာအတွက် လိုအပ်တဲ့ အာဟာရဓာတ်များကို စုံလင်စွာရရှိခြင်း အိပ်ချိန်ပြည့်ဝခြင်း လေ့ကျင့်ခန်းလုပ်ခြင်း ကျန်းမာရေးကို ထိခိုက်စေမယ့် အမူအကျင့်များကို ရှောင်ရှားခြင်း စတဲ့အချက်များဖြင့် ကိုယ်ခံအားကောင်းအောင် မြှင့်တင်ပေးနိုင်ပါတယ်။ ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ ကိုယ်ခံအားစနစ်နဲ့ ပတ်သက်တဲ့ ယုံတမ်းစကားများ က  ဘာများဖြစ်မလဲ။ ၁။ အားဆေးတွေ များများသောက်ရင် ကိုယ်ခံအားပိုကောင်းနိုင်တယ်။ အရာရာတိုင်းမှာ တန်ဆေး၊ လွန်ဘေးဆိုတဲ့ စကားက သက်ရောက်မှုရှိပါတယ်။ […]


အခြေခံကျန်းမာရေး

သွေးတွင်း အောက်ဆီဂျင်နည်းနေပြီဆိုတာသိသာစေမယ့် လက္ခဏာများ

အသက်ရှူ ကျပ်ရင်းက အသက်ဆုံးသွားတဲ့အထိပဲ။ ကိုဗစ်ကြောင့်  မောတယ်၊ အသက်ရှူ ကျပ်လာတယ်၊ သွေးတွင်းအောက်ဆီဂျင်က ထိုးကျသွားတယ်ဆိုတဲ့ စကား အခုတလော တော်တော်လေး ကြားရတယ်နော်။ သွေးတွင်းအောက်ဆီဂျင် ကျတာက အ​ကြောင်းမဲ့ ရုတ်တရက် ဖြစ်တာမျိုး မဟုတ်ပါဘူး။ သွေးတွင်းအောက်ဆီဂျင် ကျနေပြီဆိုတာကို သိသာတဲ့ လက္ခဏာလေးတွေ ရှိပါတယ်။ သွေးတွင်းအောက်ဆီဂျင် ဘာကြောင့် ကျရတာလဲ......... သွေးတွင်း အောက်ဆီဂျင် ကျတယ်ဆိုတာက သွေးထဲမှာ ရှိသင့်တဲ့ အောက်ဆီဂျင် ပမာဏရဲ့ အောက်ကို ရောက်နေတာပါ။ သွေးတွင်း အောက်ဆီဂျင် ပမာဏ ကျဆင်းရတာက အခုလောလောဆယ်မှာ ကိုဗစ်ကြောင့် အဖြစ်များပေမယ့် ဒီအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ် လေထဲမှာ အောက်ဆီဂျင် လုံလောက်မှု မရှိတာ အဆုတ်က လေတွေကို ရှူသွင်းတာ၊ ဆဲလ်နဲ့ တစ်ရှူးတွေဆီ အောက်ဆီဂျင် ပေးပို့တာကို မလုပ်ဆောင်နိုင်တာ သွေးကြောတွေက […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း