THC ဟာ ကင်ဆာဖြစ်ပေါ်စေတဲ့ အကျိတ်တွေကို ကြီးထွားနှုန်းမြန်ဆန်အောင် တွန်းအားပေးကြောင်း အမေရိကန် ကင်ဆာ သုတေသနအသင်း (American Association for Cancer Research – AACR) က ဆိုထားပါတယ်။
ဒါ့အပြင် ဆေးခြောက်ကို ရေရှည်စွဲပြီး အသုံးပြုမယ်ဆိုရင် အဆုတ်ပျက်စီးတာ၊ နှလုံးရောဂါ၊ ဦးနှောက်နဲ့သက်ဆိုင်တဲ့ရောဂါတွေ၊ နာတာရှည်နာကျင်မှုဝေဒနာတွေ၊ အဆိပ်သင့်မှု၊ စွဲလမ်းမှုနဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတွေကိုလည်း ခံစားရနိုင်တယ်လို့ အမေရိကန် CDC ကလည်း သတိပေးထားပါတယ်။
ကမ္ဘာပေါ်က တိုင်းပြည်တစ်ချို့မှာ မာရီယာနာကို အသုံးပြုခွင့်ပြုနေပြီဆိုတာမှန်ပေမယ့် THC ကို ထိန်းချုပ်ကန့်သတ်ထားပြီး အဓိကအားဖြင့် ဆေးဝါးအဖြစ်သာ အသုံးပြုခွင့်ပြုနေတာဖြစ်ပါတယ်။
ခုချိန်အထိ ဆေးခြောက်ဟာ စွဲလမ်းစေတတ်တဲ့ မူးယစ်ဆေးဝါး ဟုတ်မဟုတ်၊ လူ့ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြင်းရှိမရှိ၊ လူတွေ လွတ်လွတ်လပ်လပ် အသုံးပြုခွင့် ပြုဖို့ သင့်မသင့် စတာတွေကို ငြင်းခုန်နေကြဆဲအရာတွေ ဖြစ်ပါတယ်။
ဆေးခြောက်ကို မူးယစ်ဆေးအနေနဲ့ပဲမြင်မြင် ဆေးဝါးဓာတ်စာအနေနဲ့ပဲ အသုံးပြုပြု ၎င်းအရာဟာ လက်ခံမှု၊ လက်မခံမှုတွေကြားက အငြင်းပွားဖွယ်ရာ ပစ္စည်းတစ်ခုအနေနဲ့ ဆက်လက်ရှိနေဆဲဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ သက်သေပြချက်တွေဟာလည်း အများအပြားထွက်ပေါ်နေဆဲဖြစ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။