အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အချစ်ဟိုမုန်းလေး Oxytocin ရဲ့ အံ့အားသင့်ဖွယ် အစွမ်း ၁၀ ခု

Oxytocin ဆိုရင် အတော်များများက အချစ်ဟိုမုန်းလို့ သိကြပါတယ်။ ချစ်ခြင်းမေတ္တာကိုဖြစ်ပေါ်စေပြီး ဆန့်ကျင်ဘက်လိင်အပေါ် ဆွဲဆောင်နိုင်စွမ်းကိုလည်း ဖြစ်ပေါ်စေတဲ့ ဟိုမုန်းတစ်မျိုးပေါ့။ ကျန်းမာရေးပညာရှင်တွေကတော့ Oxytocin ဟာ ကျား/မ မရွေး ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအပေါ်ပါ ကောင်းကျိုးအထွေထွေသက်ရောက်စေတဲ့ ဟိုမုန်းတစ်မျိုးလို့ ဆိုကြပြန်ပါတယ်။ လူတစ်ယောက်အတွက် အရမ်းကိုအကျိုးပြုတဲ့ ဟိုမုန်းတစ်မျိုးလို့ပဲ ဆိုကြပါစို့။ ဦးနှောက်အတွင်းမှာရှိတဲ့ Hypothalamus ဆိုတဲ့ အစိတ်အပိုင်းကနေ ထွက်ပေါ်လာတဲ့ Oxytocin ဟာ လူ့ရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်နိုင်စွမ်းကြီးမားတဲ့ ဟိုမုန်းတစ်မျိုးပါ။ သွေးတွင်းထဲကို စီးဝင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးစီကို ပြန့်နှံ့ရောက်ရှိနိုင်တာမို့ တစ်ကိုယ်လုံးကို သက်ရောက်နိုင်တာဖြစ်ပါတယ်။ https://hellosayarwon.com/healthy-mind/healthy-relationships/love-beauty-benefits/ အချစ်ဟိုမုန်းလေး Oxytocin ရဲ့ အံ့အားသင့်ဖွယ် အစွမ်း ၁၀ ခု ဒီလိုအရေးပါလှတဲ့ Oxytocin ဟာ အချစ်စိတ်တစ်မျိုးတည်း လူတွေအပေါ် အကျိုးပြုတာမဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်နဲ့ စိတ်ခံစားချက်အပြင် လူနေမှုဘဝအထိကိုပါ အကျိုးပြုပေးတဲ့အချက်တွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သီချင်းနားထောင် ရင်ရမယ့် ကိုယ်စိတ်နှစ်ပါး အကျိုးကျေးဇူးများ

သီချင်းနားထောင် ရတာကို ဝါသနာပါလား၊ ဂီတသံစဉ်တွေကို သဘောကျလား။ ဒါဆိုသင်ဟာ ကျန်းမာတဲ့လူတစ်ယောက်ဖြစ်နိုင်ပါပြီ။ ဂီတသံစဉ်တွေကို နားထောင်တာဟာ သောတအာရုံကို ကြည်နူးချမ်းမြေ့စေရုံသက်သက် မဟုတ်ပါဘူး။ လေ့လာဆန်းစစ်ချက်တွေအရဆိုရင်တော့ တေးသီချင်းနားဆင်မှုဟာ အကြားအာရုံကိုတင်မကပဲ ဦးနှောက်နဲ့ ခန္ဓာကိုယ်တွေကိုပါ အကျိုးရှိစေပါတယ်တဲ့။ တေးသီချင်းတွေကို နားဆင်တဲ့အခါမှာ ဦးနှောက်ကို အကျိုးပြုတဲ့ Dopamine တွေကို ခန္ဓာကိုယ်က ပိုမိုထုတ်လွှတ် ပေးပါတယ်။ အဲဒီ Dopamine တွေဟာ လူ့ရဲ့ စိတ်ကိုရော ခန္ဓာကိုယ်ပါ ရွှင်မြူးစေတဲ့၊ ငြိမ်းချမ်းစေတဲ့ အကျိုးကျေးဇူးကို ရစေပါတယ်။ သာယာငြိမ့်ညောင်းတဲ့ တေးဂီတသံတွေကို ကြာကြာနားဆင်လေလေ ခန္ဓာကိုယ်ငြိမ်းချမ်းမှု ပိုရလေလေလပါတဲ။ Johns Hopkins တက္ကသိုလ်က လေ့လာချက်တွေအရ တေးဂီတလို လူကို တက်ကြွလာစေနိုင်တဲ့ အရာမျိုး သိပ်များများစားစားမရှိလှပါဘူးလို့ဆိုထားပြီး တေးဂီတသံစဉ်တွေကို နားဆင်ခြင်းဖြင့် ဦးနှောက်ကို နုပျိုစေသလို လူကိုလည်း တက်ကြွလန်းဆန်းစေပါတယ်တဲ့။ တကယ်လို့များ ဦးနှောက်ရဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆေးထိုးရင်နာမှာကြောက်သူတွေ အတွက် နည်းလမ်းလေးတွေ

ဖျားနာ နေမကောင်းလို့ ဆေးထိုးတာပဲ ဖြစ်ဖြစ်၊ ကာကွယ်ဆေးလို ဆေးမျိုး ထိုးနှံတာပဲ ဖြစ်ဖြစ်၊ နာတာရှည်ကျန်းမာရေး အခြေအနေတွေ အတွက် ဆေးဝါး ထိုးနှံနေရတာကြောင့်ပဲ ဖြစ်ဖြစ် ဘယ်လို အခြေအနေမျိုး မှာမဆို ဆေးထိုးရင် များသောအားဖြင့် နာကျင်ခံစားရတတ်ပါတယ်။ ဒီလိုမျိုး ဆေးထိုးရင်နာမှာကြောက်သူတွေ အများကြီးပါ။ ခန္ဓာကိုယ်ထဲကို အပ်ကြီးတစ်ချောင်းလုံး ဝင်သွားတာ မနာပဲ နေမလားနော်။ တချို့တွေဆို နာလို့ အော်ကြတယ်၊ မျက်ရည်ကျကြတာလည်း ရှိတယ်။ အွန်လိုင်းပေါ်မှာ ဆိုရင်လည်း ကလေးတွေကို ကာကွယ်ဆေးထိုးချိန် ငိုနေကြ၊ မဲ့ရွဲ့နေကြတာလေးတွေကို Troll လုပ်ကြတာမျိုးတွေ မကြာခဏ မြင်ရတတ်တယ်။ ဘေးကနေ မြင်ရတာ ရီချင်စရာဆိုပေမယ့် တကယ် ခံစားရတဲ့ သူအတွက်တော့ မသက်သာလှပါဘူး။ ဒါကြောင့်လည်း တချို့တွေက ဆေးထိုးရမှာ သိပ်ကြောက်တတ်ကြပါတယ်။ ဆေးထိုးရင်နာမှာကြောက်သူတွေ ဟာ အဓိကအားဖြင့်တော့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သင်ဟာ ဉာဏ်ကြီးရှင် (Genius) တစ်ယောက်ဖြစ်တယ်ဆိုတာကို ပြောပြနေတဲ့ အချက်တွေ

လူတိုင်း ဉာဏ်ရည်ထက်မြက်ချင်ကြပါတယ်။ ပါရမီရှင်တစ်ယောက် ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာရင် အရာရာကို တွေးခေါ်မျှော်မြင်နိုင်စွမ်း မြင့်မားပြီး ထူးချွန်ထက်မြက်သူတစ်ယောက်ဖြစ်လာနိုင်တယ်မဟုတ်လား။ Genius တစ်ယောက်ဖြစ်ဖို့ဆိုတာက မွေးရာပါဗီဇနဲ့ ဉာဏ်ရည်ကြောင့်ဖြစ်နိုင်သလို ကြိုးစားအားထုတ်မှုကြောင့်လည်းဖြစ်နိုင်ပါတယ်။ တချို့သော ဉာဏ်ကြီးရှင်တွေဟာ ထက်မြက်တဲ့ ဉာဏ်ရည်မှာ ကြိုးစားလိုစိတ်နဲ့ စူးစမ်းလေ့လာလိုစိတ်ကို ပေါင်းစပ်အသုံးချပြီး ဉာဏ်ကြီးရှင်ဘဝကို ပိုင်ဆိုင်လာတာပါ။ ဉာဏ်ကောင်းတိုင်းလည်း ဉာဏ်ကြီးရှင်းဖြစ်လာတာမဟုတ်ပါဘူး။ ဉာဏ်ရည်ထက်မြက်မှုကို IQ (intelligence quotient) skill နဲ့ တိုင်းတာကြပါတယ်။ IQ tests တွေဟာ အကျိုးအကြောင်းဆင်ချင်နိုင်စွမ်း၊ မှတ်ဉာဏ်အား၊ ပြဿနာဖြေရှင်းနိုင်စွမ်းတွေကိုပဲ တိုင်းတာနိုင်တာပါ။ ဖန်တီးတွေးခေါ်နိုင်စွမ်း၊ စိတ်ခံစားချက်နဲ့ ကြိုးစားအားထုတ်မှုတွေကို တွက်ချက်မပေးနိုင်ပါဘူး။ ဒါကြောင့် Genius တစ်ယောက်ဖြစ်လာဖို့ ဉာဏ်ရည်ထက်မြက်နေရုံနဲ့မရဘူးလို့ ဆိုကြတာပါ။ ဒီတော့ တခါတလေမှာ ကိုယ့်မှာရှိနေတဲ့ အမူအကျင့်တွေက ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်လာဖို့ လမ်းစဖြစ်နေတတ်ပါတယ်။ ကိုယ့်က လေ့လာတတ်တဲ့ မှတ်ဉာဏ်ကောင်းတဲ့ စူးစမ်းလိုစိတ်ရှိတဲ့ လူငယ်တစ်ယောက်သာဆိုရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Medical Marijuana နဲ့ Recreational Marijuana ဘာတွေကွာခြားသလဲ

လွန်ခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့တုန်းက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက ဆေးခြောက်ကို အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါး အမျိုးအစား စာရင်းကနေ ဖယ်ရှားပေးလိုက်ပါတယ်။ UN Commission on Narcotic Drugs (CND) ရဲ့ အဖွဲဝင်နိင်ငံတွေက မဲခွဲဆုံးဖြတ်ခဲ့ကြတာဖြစ်ပြီးတော့ မဲအရေအတွက် ၁ မဲအသာနဲ့ ဆေးခြောက် (Cannabis) ကို ဒီစာရင်းကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဆေးခြောက်မှာ စွဲလမ်းစေပြီး အန္တရာယ်လည်းရှိတဲ့ Tetrahydrocannabinol (THC) ဆိုတဲ့ ဒြပ်ပေါင်းတစ်မျိုး ပါဝင်ပေမယ့် နည်းမှန်လမ်းမှန်နဲ့ အသုံးချမယ်ဆိုရင် ဆေးဝါးကုသရေးလုပ်ငန်းအတွက် အကျိုးဖြစ်ထွန်းနိုင်တယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ ခုလိုဆုံးဖြတ်ချက်ခဲ့ကြတယ်ဆိုပါတော့။ ကမ္ဘာ့တိုင်းပြည်တစ်ချို့မှာ ဆေးခြောက်ကို တရားဝင်အသုံးပြုခွင့်ပြုတာမျိုးတွေ ရှိလာနေပြီဖြစ်သလို တချို့တိုင်းပြည်တွေမှာဆိုရင်တော့ ဆေးခြောက်ကိုအသုံးချပြီး စီးပွားရှာတာတွေလည်း ရှိလာပါတယ်။ ဒါပေမယ့် တစ်ဖက်မှာလည်း ဆေးခြောက်ကို မူးယစ်ဆေးဝါးအဖြစ် အသုံးပြုမှုတွေဟာ ထိမ်းချုပ်ရခက်ခဲနေဆဲဖြစ်တာမို့ နိုင်ငံအတော်များများမှာ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ပျိုးထောင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း (၁၉)သွယ်

လူတစ်ယောက် လန်းဆန်းတက်ကြွနေတာက စိတ်ရောကိုယ်ပါ ကျန်းမာနေလို့ပါ။ လူအများစုက ခန္ဓာကိုယ်မှာဖြစ်တဲ့ နာမကျန်းမှုတွေနဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို သတိထားတတ်ကြပေမယ့် စိတ်ထဲမှာဖြစ်နေတဲ့ နာမကျန်းမှုကိုတော့ သတိထားမိခဲကြပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာမှ ပြည့်စုံတဲ့ကျန်းမာမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။  တကယ်တော့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှလည်း ရုပ်ပိုင်းဆိုင်ရာကျန်းမာမယ်ဆိုတာကို မေ့ထားလို့ မဖြစ်ပါဘူး။ စိတ်ကျန်းမာရေးကောင်းမှ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ တစ်ခါတလေမှာ ကာယကံရှင်ကိုယ်တိုင်တောင် သေချာမသိနိုင်ဘဲ စိတ်ကျန်းမာရေး ထိခိုက်စေနေတာတွေ အများကြီးပါ။ တိုးတက်လာတဲ့ လူနေမှုစနစ်ကိုအမီလိုက်ရင်း လူတော်တော်များများက စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အများကြီးခံစားနေရတတ်ပါတယ်။ သင်ကိုယ်တိုင်ရော စိတ်ရော ကိုယ်ပါ ကျန်းမာရဲ့လား။ စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ပျိုးထောင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်း (၁၉)သွယ် စိတ်ရောကိုယ်ပါ ကျန်းမာခြင်းကို ပျိုးထောင်ဖို့ ပြီးပြည့်စုံတဲ့ နည်းလမ်းတွေရှိပါတယ်။ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ကိုယ်တိုင် ပျိုးထောင်ယူလိုက်ပါ။ စိတ်ရောကိုယ်ပါ ကျန်းမာပြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရပ်ရှည်အောင် ခွဲစိတ်လို့ရလား။

တိုးတက်လာတဲ့ ဆေးပညာအရ ပိန်တဲ့သူဝအောင်၊ ဝတဲ့သူပိန်အောင် လုပ်နိုင်သလို ပုတဲ့သူကိုလည်း  အရပ်ရှည်အောင် လုပ်နိုင်ပါတယ်။ Limb lengthening surgeryလို့ ခေါ်တဲ့ ခွဲစိတ်နည်းနဲ့ ဆိုရင်တော့ ဒါဟာ မဖြစ်နိုင်စရာ မရှိပါဘူး။ အရပ်ရှည်အောင် ဘယ်သူတွေ ခွဲစိတ်လို့ရသလဲ။ အရပ်ရှည်ချင်တဲ့သူတွေ အရိုးကျိုးပြီး ကောင်းကောင်း ပြန်မဆက်လို့ ခြေထောက်နှစ်ချောင်း မညီတဲ့သူတွေ မွေးရာပါ အရိုးပြဿနာကြောင့် ခြေထောက် မညီတဲ့သူတွေကို ခွဲစိတ်တဲ့ နေရာမှာ သုံးပါတယ်။ အသက်တွေ၊ အရပ်တွေ ကန့်သတ်ချက်ရှိသလား။ အရပ်ရှည်ဖို့ဆိုရင်တော့ ကျန်းမာပြီး ဆေးလိပ်မသောက်တဲ့သူ၊ လူကြီးအရိုးဖြစ်ပြီးသား လူတွေဖြစ်ရပါမယ်။ အရပ်အားဖြင့်တော့ သီးသန့်ကန့်သတ်ထားတာမျိုး မရှိပါဘူး။ လူနာတစ်ယောက်ချင်းစီအပေါ် မူတည်ပါတယ်။ ခြေထောက် နှစ်ဖက် မညီလို့ ခွဲစိတ်မယ်ဆိုရင်တော့ လူကြီးပါ ကလေးပါ ခွဲစိတ်နိုင်ပါတယ်။ ၂၀ကျော်ကစပြီး တချို့နိုင်ငံတွေဆို ၆၀ကျော်ထိ ခွဲစိတ်နေကြတုန်းပါပဲ။ ကလေးတွေကို ခွဲစိတ်မယ်ဆိုရင်တော့ […]


ကျန်းမာရေး သတင်းများ

အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားခံခဲ့ရပြီဖြစ်တဲ့ ဆေးခြောက် (Cannabis)

ဒီကနေ့ခေတ်မှာ အမြင်အယူအဆ အမျိုးမျိုးကြောင့် အငြင်းပွားမှုအကြီးမားဆုံးရှိနေတဲ့အရာတွေထဲမှာ ဆေးခြောက် (Cannabis) ခေါ် မာရီဂွားနား (Marijuana) လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကြိုက်နှစ်သက်သူတွေက ဆေးခြောက်ဟာ ဆေးဘက်ဝင်တဲ့အရာလို့ဆိုကြသလို မနှစ်သက်သူတွေကလည်း ဆေးခြောက်ကို မူးယစ်ဆေးဝါးတစ်မျိုးအဖြစ် သတ်မှတ်ခေါ်ဆိုကြပါတယ်။ ကုလသမဂ္ဂ (UN) ကတော့ ဒီအခြေအနေပေါ် သက်ရောက်မှုရှိစေမယ့် ဆုံးဖြတ်ချက်တစ်ခုကို ၂၀၂၀၊ ဒီဇင်ဘာလ ၂ ရက်နေ့မှာ ချမှတ်လိုက်ပါတယ်။ ဒါကတော့ ဆေးခြောက် (Cannabis) ကို အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးစာရင်းကနေ ဖယ်ရှားလိုက်တာပဲဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ အစည်းအဝေးမှာ UN Commission on Narcotic Drugs (CND) ရဲ့ အဖွဲဝင်နိင်ငံတွေက မဲပေးရွေးချယ်ခဲ့ကြတာဖြစ်ပြီးတော့ မဲအရေအတွက်အရ ဆေးခြောက်(Cannabis) ကို အန္တရာယ်အရှိဆုံး မူးယစ်ဆေးဝါးအမျိုးအစားစာရင်းကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ချက်ချမှတ်နိုင်ခဲ့ပါတယ်။ ဆေးခြောက်မှာ စွဲလမ်းစေတတ်တဲ့ Tetrahydrocannabinol […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ

ကျန်းမာတဲ့ ဆောင်းရာသီကို ပိုင်ဆိုင်နိုင်စေဖို့ ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ လေးကို မျှဝေပေးချင်ပါတယ်။ ဆောင်းရာသီ လို ကာလမျိုးက ပုံမှန်အချိန်ထက် ချမ်းစိမ့်ပြီး ကျန်းမာရေးပြဿနာတွေ ပိုအဖြစ်များတဲ့ ရာသီကာလမျိုးပါ။ အကြောင်းရင်းကို ပြောရမယ်ဆိုရင် ရာသီဥတုအေးလာတဲ့အတွက် လူတွေက လှုပ်လှုပ်ရှားရှားနေထိုင်ရမှာ ပိုပျင်းလာတာ၊ အိမ်ထဲမှာပဲ အောင်းပြီး အပြင်သိပ်မထွက်တော့တာ၊ အဆစ်အမြစ်တွေဟာ အအေးဒဏ်ကြောင့် ပိုကိုက်ခဲလာတာ၊ ကိုယ်ခံအားစနစ် ကျဆင်းတာ၊ အစာစားချင်စိတ် နည်းသွားတာ၊ ရောဂါပိုးမွှားတွေဟာ အအေးဓာတ်ကို ပိုကြိုက်တဲ့အပြင် အေးတဲ့ရာသီမှာ ပိုးကောင်ရေပွားများနိုင်ခြေ ပိုများတာ စတဲ့အချက်တွေကြောင့်ပါပဲ။ ဒီတော့ ကျန်တဲ့အချိန်တွေနဲ့ မတူအောင် ဆောင်းတွင်းကာလမျိုးမှာ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို ရာသီဥတု၊ အချိန်အခါနဲ့ လိုက်လျောညီထွေ ဖြစ်အောင် ပြောင်းလဲနေထိုင်သင့်ပါတယ်။ ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ ဆောင်းရာသီ အတွက် အကောင်းဆုံး စားသောက်နေထိုင်မှုပုံစံ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်များ နဲ့ ဘေးထွက်ဆိုးကျိုး

ဗီတာမင် ဆိုတဲ့သက်စောင့်ဓာတ်တွေဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတွေပါ။   သို့သော် သတ်မှတ်ထားတဲ့ ပမာဏအတိုင်းသာ သောက်သုံးမှီဝဲသင့်ပါတယ်။ “တန်ဆေးလွန်ဘေး” ဆိုတဲ့ အတိုင်း ပမာဏကျော်လွန်သောက်သုံးမိပါက အဆိပ်သာဖြစ်လာမှာပါ။ ဗီတာမင်မှာ ရေမှာ ပျော်ဝင်တဲ့ ဗီတာမင်များ နဲ့ အဆီမှာ ပျော်ဝင်တဲ့ ဗီတာမင်များဆိုပြီး နှစ်ခုရှိပါတယ်။ နှစ်ခုလုံးက ရှိသင့်တဲ့ ပမာဏထက် ကျော်သွားရင် ဘေးဖြစ်တတ်ပါတယ်။ တန်ဆေးလွန်ဘေး ဗီတာမင်ဘေး ဒီဘက်ခေတ်မှာ ကိုယ်ခံအားကောင်းချင်ဇောနဲ့ ဗီတာမင်တွေ သောက်သုံးလာကြတာကိုတွေ့ရပါတယ်။ အချို့ကလည်း သတ်မှတ်ပမာဏအတိုင်း  စနစ်တကျ သောက်သော်လည်း တချို့မှာတော့ ပိုလျှံစွာ သောက်သုံးနေကြပြန်ပါတယ်။ ဒါကြောင့် သောက်သုံးသင့်တဲ့ဗီတာမင်ပမာဏနဲ့ လွန်ကဲရင် ဖြစ်လာမယ့် ဆိုးကျိုးတွေကို တွဲဖက်တင်ပြလိုက်ရပါတယ်။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ကိုမေးမြန်းပြီးမှ မှီဝဲတာ အကောင်းဆုံးပါပဲ ဆိုတာ ဦးစွာအကြံပေးချင်ပါတယ်။ ဗီတာမင်အမျိုးအစား ၂ မျိုး ရေမှာပျော်ဝင်တဲ့ဗီတာမင်များ ဗီတာမင် ဘီများနဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း