အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

မိုးရာသီမှာ ခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ

နွေရာသီလိုမျိုး ပူပြင်းတာလည်းမရှိ၊ ဆောင်းတွင်းလိုမျိုး ခရီးသွားတွေ ပြည့်ကျပ်နေတာမျိုးလည်း မရှိတဲ့အတွက် မိုးရာသီမှာ ခရီးသွားရတာ အင်မတန် စိတ်အေးချမ်းရပါတယ်။ ဒါပေမဲ့လည်း မိုး‌ရေတစိုစိုနဲ့ ခရီးသွားရတာ ဖြစ်တဲ့အပြင် ရောဂါပိုးတွေလည်း များတဲ့ရာသီဆိုတော့ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဂရုစိုက်ရမယ့် အချက်လေးတွေ ရှိပါတယ်။ မိုးရာသီမှာ ခရီးသွားတဲ့အခါ ဒီလိုကျန်းမာရေးပြဿနာတွေကို မျှော်လင့်ထားပါ မိုးရာသီမှာခရီးသွားတဲ့အခါ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်မှ တော်ကာကျမှာပါ။ မဟုတ်ရင် ခုလို ကျန်းမာရေးပြဿနာတွေ ကြုံရမှာ ဖြစ်ပါတယ်။ ရာသီတုပ်ကွေး ဝမ်းပျက်ဝမ်းလျှော အရေပြားပြဿနာ ထိခိုက်ရှနာ အင်းဆက်နဲ့ ပိုးကောင်တွေ ကိုက်တာ စတာတွေပဲ ဖြစ်ပါတယ်။ မိုးရာသီမှာခရီးသွားတဲ့အခါ ဘာတွေဂရုစိုက်သင့်သလဲ မိုးရာသီမှာ ခရီးသွားတဲ့အခါ ကျန်းမာရေးမထိခိုက်ဘဲ ပျော်ရွှင်စရာကောင်းတဲ့ ခရီးစဉ်လေး ဖြစ်ဖို့ဆိုရင် လိုအပ်တဲ့ ဆေးဝါးတွေ ဆောင်ထားပါ သာမန်ဖျားနာကိုက်ခဲအတွက်ကစလို့ ထိခိုက်ရှနာအတွက် လိမ်းဆေးတွေ၊ ပုံမှန်သောက်နေကျ ဆေးဝါးတွေ အကုန်လုံးကို […]

အခြေခံကျန်းမာရေး ကဏ္ဍများကို ပိုမို သိရှိလိုသည်

ကျန်းမာရေး အာမခံ

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

အခြေခံကျန်းမာရေး

ကိုယ်ခံအားကောင်းတယ်ဆိုပြီး ဗီတာမင် C တွေ လွန်လွန်ကဲကဲ မှီဝဲမိတဲ့အခါ

ဗီတာမင် C ဟာ ကိုယ်ခံအားစနစ်ကို အကျိုးပြုတဲ့ အာဟာရဓာတ်တစ်မျိုးဖြစ်ပါတယ်။ ဒါ့အပြင် ဗီတာမင် C က ဝိတ်ကျစေတယ်လို့လည်း လူသိများပါတယ်။ တကယ်တော့ ဗီတာမင် C က သွေးတွင်းထဲက ကိုလက်စထရောကို လျှော့ချပေးတာပါ။ ကိုယ်အလေးချိန်ကို လျှော့ချပေးတာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ဗီတာမင် C ဟာ လူ့ကျန်းမာရေးကို အကျိုးပြုတယ်ဆိုတာကတော့ သေချာပါတယ်။ ဗီတာမင် C ကို မှန်ကန်စွာ မှီဝဲမယ်ဆိုရင် အောက်ပါ အကျိုးကျေးဇူးတွေ ရရှိမှာဖြစ်ပါတယ်။ အသားအရေကို တင်းရင်းစေတာ၊ အရိုးဖွဲ့စည်းတည်ဆောက်မှုကို အားပေးတာ၊ အနာကျက်လွယ်စေတာ၊ ကိုလက်စထရောတွေကို အဆီချေဖျက်တဲ့ သည်းခြေရည်အဖြစ် ပြောင်းလဲပေးတာ၊ စိတ်ကိုပျော်ရွှင်စေတဲ့ ဆီရိုတိုနင် (Serotonin) ပိုထွက်အောင် အားပေးတာ၊ ဓါတ်တိုးဆန့်ကျင်သတ္တိရှိတာ၊ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးတာ၊ နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်ပေးတာ၊ ဆီးချိုရောဂါကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ

နေရောင်ခြည် ဟာ နေ့စဉ်ထိတွေ့နေရတဲ့ သဘာဝတရားရဲ့ လက်ဆောင်တစ်ခုဖြစ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ ကို ဖော်ပြပေးမှာဖြစ်ပါတယ်။ နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ နေရောင်ခြည် မှရသော ကောင်းကျိုးနှင့် ဆိုးကျိုးများ ကတော့ ကောင်းကျိုးများ ကောင်းကျိုးများကတော့ (၁) စိတ်ခံစားမှုကောင်းစေခြင်း နေဟာ သဘာဝကြီးကပေးသော စိတ်ပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းဖြင့် လူတွေကို စွမ်းအင်ပိုမိုရရှိစေပြီး စိတ်ခံစားမှု ပိုမိုကောင်းမွန်စေပါတယ်။ နေရောင်ခြည်ဟာ ဦးနှောက်တွင်းရှိ Serotoninကို ပိုမိုထုတ်လုပ်စေနိုင်တဲ့အတွက် သင့်ကိုပျော်ရွှင်စေဖို့ ကူညီပေးပါတယ်။ (၂) စိတ်ကျရောဂါကို သက်သာစေခြင်း နေရောင်မမြင်ရသော နိုင်ငံတွေရဲ့ ဆောင်းတွင်းဘက်မှာ လူတွေ စိတ်ကျရောဂါအဖြစ်များကြောင်းကို လေ့လာတွေ့ရှိရပါတယ်။ ဒီလို စိတ်ကျရောဂါဖြစ်နေသူတွေကို နေရောင်ခြည်နဲ့ ထိတွေ့စေတဲ့အခါ သူတို့ကြုံတွေ့နေရသော စိတ်ကျခြင်းလက္ခဏာတွေ သက်သာလျော့ပါးလာကြပါတယ်။ (၃) အိပ်စက်ရာတွင် ကူညီပေးခြင်း  နေရောင်နဲ့ ထိတွေ့ခြင်းဖြင့် အိပ်ပျော်စေသော မယ်လတိုနင်ဟော်မုန်းတွေကို ဦးနှောက်ကနေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

အိမ်မြှောင်ဆိုတာ ကျွန်တော်တို့ ငယ်စဉ် ကလေးဘဝကတည်းက ယနေ့အချိန်ထိကို အိမ်နံရံတွေမှာ အမြဲမြင်နေရတတ်တဲ့ တွားသွားသတ္တဝါတစ်မျိုးပါ။ တချို့ကလေးတွေအတွက် အိမ်မြှောင်ဟာ ကြောက်စရာကောင်းတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် လူကြီးတွေအတွက်တော့ သိပ်ပြီး ထူးထူးခြားခြား ဒုက္ခပေးနိုင်လောက်စရာ မရှိဘူးလို့ပဲ မှတ်ချက်ချတတ်ကြပါတယ်။ ဒီနေ့ဆောင်းပါးမှာတော့ လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ် တွေကို ပြောပြပေးချင်ပါတယ်။ လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ် လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ် တွေအကြောင်း လေ့လာလိုက်ရအောင်နော်။ ဘယ်လိုအရာတွေက အိမ်မြှောင်တွေကို ဖိတ်ခေါ်နေတာလဲ။ စားနပ်ရိက္ခာ၊ သောက်ရေ၊ နေစရာအပြည့်အစုံရှိတဲ့ နေအိမ်တိုက်ခန်းတွေဟာ အိမ်မြှောင်တွေအတွက်တော့ ကြယ်ငါးပွင့်ဟိုတယ်လိုပါပဲ။ အိမ်မြှောင်တွေဟာ ပူနွေးပြီးစိုစွတ်တဲ့နေရာတွေကို အလွန်ကြိုက်ပြီး မြန်မာနိုင်ငံအနေအထားအရ ကြည့်မယ်ဆိုရင် နွေရာသီနဲ့ မိုးရာသီမှာ အကောင်ရေပေါက်ဖွားမှု အများဆုံးဖြစ်တယ်။ ရေကို အများအပြားလိုအပ်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ၃ပုံ ၂ပုံဟာ ရေတွေနဲ့ ဖွဲ့စည်းထားတာဖြစ်တယ်။ ဒါ့အပြင် အိမ်မြှောင်တွေရဲ့ အကြိုက်ဆုံးအစားအစာဟာ […]


အခြေခံကျန်းမာရေး

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

ဘယ်သူမဆို ကိုယ်နေထိုင်တဲ့ အိမ်ကို သန့်ရှင်းသပ်ရပ်နေတာမျိုးပဲ မြင်ချင်ကြမယ်ထင်ပါတယ်။ အမှိုက်တွေ၊ ရှုပ်ပွနေတဲ့အရာတွေ၊ ညစ်ပတ်ပေရေနေတာ၊ ဖုန်တက်နေတာတွေက လူတွေရဲ့စိတ်ကို ညစ်ထေးစေတယ်။ စိတ်က ညစ်လာပြီဆိုရင် တစ်နေ့လုံး ဘာပဲလုပ်လုပ် အဆင်ပြေချောမွေ့နေနိုင်မှာမဟုတ်ပါဘူး။ အိမ်သန့်ရှင်းဖို့ မအားတာလား၊ ပျင်းတာလား။ လောကမှာ ၂၄ နာရီ အလုပ်လုပ်နေရတဲ့သူဆိုတာ မရှိပါဘူး။ လူတိုင်းက အလုပ်လုပ်ချိန်တန် လုပ်၊ အစာစားချိန်တန် စား၊ နားချိန်တန် နားဆိုပြီး လုပ်နေရတာပါပဲ။ အဓိက ကိုယ်က သူများတွေထက် အလုပ်ပိုများတယ်ဆိုရင် ကိုယ့်ရဲ့ တစ်နေ့တာ အလုပ်ချိန်၊ အားလပ်ချိန်၊ အနားယူချိန်တွေကို သေချာသတ်မှတ်ထားပြီး ပြည့်ပြည့်ဝဝလုပ်ပါ။ ဆိုလိုချင်တာကတော့ ကိုယ်သတ်မှတ်ထားတဲ့အလုပ်ချိန်မှာ ရှိတဲ့ အလုပ်တွေအကုန်ပြီးပြတ်သွားအောင် အမြန်ရှင်းတာ၊ အားလပ်ချိန်မှာ ကိုယ့်နေအိမ်ပတ်ဝန်းကျင်ကို နာရီဝက်၊ တစ်နာရီလောက် ပေးပြီး သန့်ရှင်းရေးလုပ်၊ ပြီးသွားမှ ကောင်းကောင်းအနားယူပေါ့။ ကိုယ့်ကိုယ်ကိုယ်တောင် အသားအရေလေး […]


အခြေခံကျန်းမာရေး

သိုင်းရွိုက်ဂလင်းခွဲစိတ်ခြင်းအကြောင်း

သိုင်းရွိုက်ဂလင်းဟာ သင့်ရဲ့လည်ပင်းအရှေ့ပိုင်း အသံအိုးရဲ့အောက်မှာ လိပ်ပြာတောင်ပံပုံစံ တည်ရှိပါတယ်။ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းတွေထုတ်လုပ်ပေးပြီး သွေးထဲကနေတဆင့် ကိုယ်ခန္ဓာအနှံ့အပြားက တစ်ရှူးတွေဆီ ရောက်ရှိသွားစေပါတယ်။ သိုင်းရွိုက်ဟော်မုန်းများဟာ ကိုယ်ခန္ဓာရဲ့ ဇီဝဖြစ်ပျက်မှုလုပ်ငန်းစဉ်တွေအတွက် အထောက်အကူပြုပါတယ်။ ကိုယ်ခန္ဓာရဲ့ အင်္ဂါအစိတ်အပိုင်းများကို ပုံမှန်လှုပ်ရှားနိုင်အောင် ထိန်းသိမ်းရာမှာနဲ့ ကိုယ်ခန္ဓာအပူချိန်ကို ထိန်းသိမ်းရာမှာလည်း အရေးပါပါတယ်။ တခါတရံမှာ သိုင်းရွိုက်ဂလင်းကနေ ဟော်မုန်းများကို အလွန်အကျွံ ထုတ်လုပ်တာကြောင့် ပုံမှန်လုပ်ငန်းတာဝန်တွေကနေ ချွတ်ချော်သွားတာမျိုး ဖြစ်တတ်ပါတယ်။ သိုင်းရွိုက်ဂလင်းဟာလည်း ရောင်ရမ်းခြင်း၊ အရည်အိတ်များ အကျိတ်များဖြစ်ခြင်း စတာတွေ ဖြစ်လာတတ်ပါတယ်။ အဆိုပါ အခြေအနေတွေမှာ သိုင်းရွိုက်ဂလင်းကို ခွဲစိတ်ဖယ်ရှားဖို့ လိုအပ်နိုင်ပါတယ်။ သိုင်းရွိုက်ခွဲစိတ်မှုပြုလုပ်သင့်သော အကြောင်းအရင်းများ သိုင်းရွိုက်ခွဲစိတ်ခြင်း အဓိကပြုလုပ်သင့်တဲ့ အကြောင်းအရာကတော့ သိုင်းရွိုက်ဂလင်းထဲမှာ အရည်အိတ်တွေ၊ အကျိတ်တွေ ဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်ပါတယ်။ အကျိတ်အဖုအများစုကတော့ ကင်ဆာကျိတ်မဟုတ်ပေမယ့် တခါတရံမှာတော့ ကင်ဆာဖြစ်နိုင်ခြေ ရှိပါတယ်။ ကင်ဆာဖြစ်နိုင်ခြေမရှိတဲ့ အကျိတ်များဟာလည်း ကြီးထွားလာတဲ့အခါ လည်ချောင်းကို […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ခန္ဓာကိုယ် အပူချိန်ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်များ

ခန္ဓာကိုယ်ရဲ့ အပူချိန် (Body Temperature) ဟာ လူတစ်ယောက်ချင်းစီရဲ့ ကျန်းမာရေး အခြေအနေကို ဖော်ပြပေးနိုင်တယ်လို့ လူသိများပါတယ်။ တကယ်တော့ Body Temperature ဆိုတာဟာ စိတ်ဝင်စားဖွယ်ရာ ကောင်းတဲ့ အရာတစ်ခုပါ။ သူ့မှာ ဒီထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တွေရှိနေပါသေးတယ်။ ဒီဆောင်းပါးမှာတော့ Body Temperature ရဲ့ စိတ်ဝင်စားဖွယ်ရာ အချက်တွေကို ဗဟုသုတအဖြစ် ဖော်ပြပေးသွားမှာပါ။ သာမာန် အပူချိန်ဆိုတာ ဘာလဲ လူတစ်ယောက်ရဲ့ သာမန်အပူချိန်ကို ၉၈.၉ ဒီဂရီ ဖာရင်ဟိုက်လို့ သတ်မှတ်ထားကြောင်း U.S. National Library of Medicine ကဆိုထားပါတယ်။ ၉၇ နဲ့ ၉၉ ဒီဂရီ ဖာရင်ဟိုက်အကြားပမာဏကို ပုံမှန်အပူချိန်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်အပူချိန်ဟာ ရာသီဥတု၊ ပတ်ဝန်းကျင်အပူချိန်နဲ့ အချိန်ကာလတွေပေါ်မှာမူတည်ပြီးလည်း ပြောင်းလဲနေနိုင်တာကိုလည်း မမေ့သင့်ပါဘူး။ ဖျားတယ်ရင် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ပင်ပန်းနွမ်းနယ်နေတာ ကို သက်သာစေဖို့

ခေါင်းထဲကပဲ ကိုက်နေသလိုလို၊ ခြေလက်တွေပဲ ညောင်းကိုက်နေသလိုလို၊ မကြည်မလင်နဲ့ ညီးစီစီဖြစ်နေလို့ နေရထိုင်ရ မသက်မသာဖြစ်နေပြီလား။ ပင်ပန်းနွမ်းနယ်နေတာ တွေ  ခံစားနေရပြီလား။ ဘာကြောင့်မှန်းမသိ အားမရှိသလိုဖြစ်နေရင် ပင်ပန်းနွမ်းနယ်နေတာ ကို သက်သာစေဖို့ နည်းလမ်းလေးတွေ ပြောပြပေးပါမယ်။ ဘာတွေကြောင့် ပင်ပန်းနွမ်းနယ်နေတာ လဲ။ လူတွေမှာ ခံစားရတဲ့ ပင်ပန်းနွမ်းနယ်မှု အတော်များများက စိတ်ဖိစီးတာ၊ အိပ်ရေးမဝတာ၊ အစား မမှန်တာတွေကနေ စလာတာပါ။ ကျန်းမာရေး အခြေအနေ တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပေမယ့် များသောအားဖြင့်ကတော့ အနားယူလိုက်ရင်ကို သက်သာသွားတတ် ကြပါတယ်။ ဒီတော့ ပင်ပန်းနွမ်းနယ်လာပြီဆိုရင် ရေသောက်ပါ တစ်ခါတလေ အရမ်းပင်ပန်းပြီး ခြေကုန်လက်ပမ်းကျလာပြီဆိုရင် ရေတစ်ခွက်သောက်ချလိုက်ပါ။ ခန္ဓာကိုယ်မှာ ရေဓာတ် ခမ်းခြောက်ရင်လည်း လူက ပင်ပန်းနိုင်ပါတယ်။ ဒီတော့ တအား ပင်ပန်းလာရင် ငြိမ်ငြိမ်လေး ထိုင်ပြီး ရေတစ်ခွက်ကို သောက်လိုက်ပါ။ အနားယူပါ ပင်ပန်းလွန်းတာ၊ […]


အခြေခံကျန်းမာရေး

အစားအသောက်တွေကို အရက်ပြန်၊ ဆပ်ပြာရည်တွေ သုံးပြီး ပိုးသတ်မယ့်အစား

ဟဲ့ ...... ဈေးက ပြန်လာပြီလား။ ကိုဗစ် ပါလာဦးမယ်။ ကိုဗစ် ကြောက်တယ်။ ဝယ်လာတဲ့ ပစ္စည်းတွေကို ပိုးသတ်ဆိုလို့ အရက်ပြန်ဗူးကြီး ယူပြီး အားရပါးရ စပရေးဖြန်း ပိုးသတ်နေပြီလား................... မလုပ်ပါဘူး။ ဒါဆို ထပ်မေးချင်တာက ဆပ်ပြာရည်တွေ အားပါတရဖျော်ပြီး ဝယ်လာတဲ့ သစ်သီးတွေ ဟင်းသီးဟင်းရွက်တွေကို စိမ်ပစ်နေတာလား......... ဒါတွေက ပိုးသေစေတယ်ဆိုပေမယ့် အလွန်အကျွံဆိုရင် အဆင်မပြေတာ အမှန်ပါ။ ဒီတော့ အစားအသောက်တွေကို ဘယ်လို စနစ်တကျ ပိုးသတ်ရမလဲဆိုတာ ပြောပြပေးသွားပါမယ်။ အစားအသောက်တွေကို ပိုးသတ်ပေးနိုင်မယ့် သဘာဝစစ်စစ်တွေ အစားအသောက်တွေမှာ ကပ်ညှိလာတဲ့ ပိုးတွေကို ဆားရည် ဆားရည်က ဟင်းသီးဟင်းရွက်တွေမှာ ကပ်ညှိနေတဲ့ ပိုးသတ်ဆေးတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အသီးအရွက်တွေရဲ့ အာဟာရတန်ဖိုး နဲ့ အရသာကိုလည်း မထိခိုက်စေပါဘူး။ ပိုးမွှားတွေကိုလည်း အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အရင်ဆုံး ရေနွေးနွေး ၄ ခွက်စာထဲကို ဆားလက်ဖက်ရည်ဇွန်း […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အသီးအရွက်တွေကို ဆားရည်နဲ့ဆေးကြောပေးပါ။

အသီးအရွက်တွေကို ကြိုက်တယ်။ အစိမ်းစားရတာလည်း သဘောကျတယ်။ ကြော်စား၊ ချက်စားရတာကိုလည်း ကြိုက်တယ်။ ဒါပေမယ့် အသီးအရွက်တွေက မသန့်ဘဲ ပိုးတွေပါလို့ ကျန်းမာရေး ထိခိုက်မှာလည်း စိုးတယ်။ ဒီတော့ အသီးအရွက်တွေကို သန့်စင်အောင် ရေအထပ်ထပ်ဆေးပါတယ်။ ဒီလိုကျတော့လည်း အာဟာရတွေ ပျက်သွားမှာ စိုးတယ်။ ဘာလုပ်လို့ လုပ်ရမယ် မိသဘူး ဆိုတဲ့သူတွေရှိလား။ ဒါဆိုရင်တော့ အသီးအရွက်တွေကို အာဟာရ မပျက်စေဘဲ သန့်ရှင်းစင်ကြယ်အောင် ဘယ်လို ဆေးကြောရမလဲဆိုတာကို ပြောပြပေးပါရစေ။ အသီးအရွက်တွေကို အာဟာရ မပျက်စေဘဲ စင်ကြယ်စေဖို့ အသီးအရွက်တွေကို ဝယ်လာပြီဆိုတာနဲ့ ပိုးသေအောင် စင်ကြယ်အောင်ဆိုပြီး ရေအထပ်ထပ်ဆေးတာ ရှိသလို ဆပ်ပြာရည် သုံးပြီး ဆေး​ကြောတာတွေလည်း ရှိပါတယ်။ တကယ်ကတော့ ဒီနည်းလမ်းတွေက အသီးအရွက်တွေမှာပါတဲ့ အာဟာရတန်ဖိုးကို ပျက်စေနိုင်ပြီး စားလိုက်ရင် အရသာမရှိတာလိုမျိုး ဖြစ်စေနိုင်ပါတယ်။ ဒီတော့ ပင်ကိုယ် အာဟာရနဲ့ အရသာလည်း […]


အခြေခံကျန်းမာရေး

ဆီလီနီယံချို့တဲ့ခြင်းအကြောင်း

ဆီလီနီယံဟာ ကိုယ်ခန္ဓာအတွက် အရေးကြီးတဲ့ သတ္တုဓာတ်တစ်မျိုးဖြစ်ပြီး သိုင်းရွိုက်ဟော်မုန်း ဖြစ်ပေါ်ခြင်း၊ ဒီအန်အေဖွဲ့စည်းခြင်း၊ မျိုးဆက်ပွားလုပ်ငန်းတာဝန်များ လုပ်ဆောင်ခြင်း၊ ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ခြင်း စတာတွေအတွက် အရေးပါပါတယ်။ ကိုယ်ခန္ဓာထဲမှာ ဆီလီနီယံချို့တဲ့လာရင် ကျန်းမာရေးပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ အသီးအနှံတွေမှာ ဆီလီနီယံဓာတ် ဘယ်လောက်ပါဝင်သလဲဆိုတာ သူတို့ကို စိုက်ပျိုးတဲ့ မြေဆီလွှာအရည်အသွေးပေါ်မှာ မူတည်ပါတယ်။ မိုးရေတိုက်စားခြင်း၊ ရေငွေ့ပျံခြင်း၊ pH ပမာဏ ပြောင်းလဲခြင်း စတာတွေဟာ အပင်တွေရဲ့ ဆီလီနီယံပါဝင်မုအပေါ် သက်ရောက်မှု ရှိပါတယ်။ ဒါကြော့်မို့ ကမ္ဘာ့နေရာဒေသအလိုက် ဆီလီနီယံချို့တဲ့မှု အနည်းအများ ကွာခြားတတ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုဟာလည်း အကျိုးသက်ရောက်မှု ဖြစ်စေနိုင်ပါတယ်။ ဆီလီနီယံဟာ ဘာအတွက် အရေးပါသလဲ ဆီလီနီယံဟာ ကိုယ်ခန္ဓာရဲ့ အရေးကြီးလုပ်ငန်းတာဝန်တွေမှာ ပါဝင်ပါတယ်။ ဟော်မုန်းစနစ်၊ ကိုယ်ခံစွမ်းအားစနစ်၊ နှလုံးနဲ့သွေးကြောစနစ် စတာတွေမှာ အဓိကနေရာက ပါဝင်ပါတယ်။ ဟော်မုန်းစနစ်မှာ တစ်ခုအပါအဝင်ဖြစ်တဲ့ […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း