စအိုဖြင့် လိင်ဆက်ဆံခြင်းနှင့် HIV ကူးစက်နှုန်း မြင့်မားလာခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဩဂုတ် 6, 2020 . 3 mins read
Share now

အကာအကွယ်မပါဘဲ လိင်ဆက်ဆံခြင်းဟာ HIV ပိုးအပြင် တခြားလိင်ကတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်ပွားဖို့ အခွင့်အလမ်းပိုများစေတယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ အဓိကအားဖြင့် ရောဂါပိုးရှိသူရဲ့ သုက်ရည်၊ သွေး၊ မိန်းမကိုယ်မှ အရည်တွေဟာ သွေးကြောထဲသို့ တစ်နည်းနည်းနဲ့ ဝင်ရောက်သွားတဲ့အခါမှာ စတင်ကူးစက်သွားပါပြီ။ ဒါကြောင့် လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို မဖြစ်မနေ သုံးဖို့ အရေးကြီးပါတယ်။

လိင်ဆက်ဆံခြင်းလို့ ဆိုရာမှာ

၁။ ထိုးသွင်းဆက်ဆံမှုမရှိဘဲလက်၊ ပါးစပ်ဖြင့် လိင်တံ၊ ယောနိ၊ စအိုကို လှုံ့ဆော်ခြင်း (Masturbation, Oral Sex)

၂။ လိင်တံဖြင့် မိန်းမကိုယ်ကို ထိုးသွင်းဆက်ဆံမှု ပြုခြင်း (Vaginal Sex)

၃။ လိင်တံဖြင့် စအိုဝသို့ ထိုးသွင်းဆက်ဆံခြင်း (Anal Sex) ကို ဆိုလိုပါတယ်။

ထိုးသွင်းဆက်ဆံမှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ အကာအကွယ်မသုံးဘူးဆိုရင် မလိုလားအပ်တဲ့ ကိုယ်ဝန်တွေ ရလာနိုင်တယ်။ HIV အပြင် တခြားသော လိင်မှတစ်ဆင့် ရောဂါတွေ ကူးစက်လာနိုင်ပါတယ်။ သုတေသီတို့ လေ့လာချက်အရ လိင်ဆက်ဆံခြင်းနည်းလမ်း ၃မျိုးမှာ လိင်တံဖြင့် စအိုဝသို့ ထိုးသွင်းဆက်ဆံခြင်းနည်းလမ်းဟာ HIV ပိုးကူးစက်နိုင်ခြေ အမြင့်ဆုံးနဲ့ အန္တရာယ်အရှိဆုံးနည်းလမ်း ဖြစ်တယ်လို့ သိရှိရပါတယ်။

ဘာကြောင့် စအိုဝဖြင့် လိင်ဆက်ဆံခြင်းဟာ အန္တရာယ်များတာလဲ။

မိန်းမကိုယ် (ယောနိ) လိုမဟုတ်ဘဲ စအိုမှာ သဘာဝချောဆီ မထွက်ပါဘူး။ ဒီအခါမှာ ထိုးသွင်းဆက်ဆံသူရော၊ ဆက်ဆံခံရသူမှာပါ သေချာသတိထားဖို့ လိုအပ်ပါတယ်။

အထူးသဖြင့် စအိုဝအတွင်းသား တစ်သျှူးတွေဟာ အလွန်နူးညံ့တဲ့အတွက် ကွဲလွယ်၊ ပွန်းရှပြီး ထိခိုက်ဖို့ အရမ်းလွယ်ကူပါတယ်။ အနည်းငယ်လေး ထိခိုက်ပွန်းပဲ့သွားတာနဲ့တင် HIV ပိုးဟာ သွေးကြောထဲကို တိုက်ရိုက်ဝင်ရောက်သွားနိုင်ပြီး ရောဂါပိုးကူးစက်ခံရနိုင်ပါတယ်။ ဒါ့အပြင် စအိုဝမှာ သွေးယိုစိမ့်မှု ရှိနေတဲ့အတွက် လိင်တံမှာ ပွန်းပဲ့ဒဏ်ရာ ရှိနေရင်၊ သို့မဟုတ် သွေးထွက်နေတဲ့ စအိုဝကို ပါးစပ်၊ လျှာဖြင့် လှုံ့ဆော်မိတဲ့အခါ ရောဂါပိုးအလွယ်တကူ ကူးစက်ဝင်ရောက်လာဖို့ လမ်းခင်းလိုက်သလို ဖြစ်သွားပါတယ်။

ပွန်းပဲ့ထိခိုက်မှု မရှိသည့်တိုင်အောင် စအိုဝအတွင်းသား တစ်သျှူးတွေမှာ အပေါက်ငယ်လေးတွေ အများအပြားရှိတဲ့အတွက် လိင်ပိုင်းဆိုင်ရာခံစားမှုကို ပိုကောင်းစေနိုင်သလို ရောဂါကူးစက်နှုန်းလည်း ရှိနေပါတယ်။

လိင်ဆက်ဆံနေစဉ် အကာအကွယ် အသုံးမပြုတဲ့အခါ လိင်တံမှတစ်ဆင့် ကနဦးသုက်ရည်ကြည်၊ သုက်ရည်ဟာ စအိုဝတစ်သျှူးတွေနဲ့ အမြဲထိတွေ့နေရတဲ့အတွက် ပိုးကူးစက်ဖို့ အခွင့်အလမ်းပိုများပါတယ်။ သုက်ရည်ထဲမှာ HIV ပိုးကောင်ရေ များရင် များသလို ကူးစက်ခံရဖို့ ရာခိုင်နှုန်းဟာ မြင့်တက်လာနိုင်ပါတယ်။

ဘယ်လိုလူတွေမှာ ကူးစက်နိုင်ခြေ ပိုများနိုင်လဲ။

စအိုဝဖြင့် လိင်ဆက်ဆံခြင်းမှာ

  • လိင်ကွဲနှင့် ဆက်ဆံသော အမျိုးသားတွေ (Heterosexual)
  • လိင်တူချင်း ဆက်ဆံသော အမျိုးသားတွေ (Homosexual)
  • လိင်တူ၊ လိင်ကွဲ ၂မျိုးလုံး ဆက်ဆံသော အမျိုးသားတွေ (Bisexual)
  • ထိုးသွင်းဆက်ဆံခံရသူ (အမျိုးသား၊ အမျိုးသမီး) (Receptive Partner) အကုန်လုံးမှာ HIV ပိုး ကူးစက်နိုင်ခြေ ရှိပါတယ်။

အထူးသဖြင့် နည်းလမ်းတစ်မျိုးထက်ပိုအသုံးပြုပြီး လိင်ဆက်ဆံတာ၊ လိင်ဆက်ဆံဖော် များလွန်းတာ၊ အကာအကွယ်ကို လုံးဝအသုံးမပြုတာ၊ လိင်ဆက်ဆံတဲ့အခါ ချောဆီမသုံးတာ၊ မူးယစ်ဆေးဝါး သုံးစွဲတဲ့အခါ၊ လိင်တံထိပ်အရေပြား ဖုံးနေတဲ့ အမျိုးသားတွေမှာ ပိုပြီး ထိခိုက်ပွန်းပဲ့မိဖို့ လွယ်ကူတာကြောင့် ကူးစက်နိုင်ခြေ ပိုများပါတယ်။

အကာအကွယ် (ကွန်ဒုံး) မပါဝင်ဘဲ စအိုဝဖြင့် လိင်ဆက်ဆံခြင်းပြုတဲ့အခါ ပျမ်းမျှအားဖြင့်

ထိုးသွင်းဆက်ဆံတာနဲ့ အပြုခံတာ ၂မျိုးလုံး လုပ်တဲ့ အမျိုးသားတွေ = ၃၉.၉ ရာခိုင်နှုန်းအထိ

ထိုးသွင်းဆက်ဆံတဲ့ အမျိုးသားတွေ = ၂၁.၇ ရာခိုင်နှုန်း

ထိုးသွင်းဆက်ဆံခံရသူ (အမျိုးသား၊ အမျိုးသမီး) တွေ = ၄၀.၄ ရာခိုင်နှုန်းအထိ ကူးစက်နိုင်ခြေရှိပါတယ်။

စအိုဝဖြင့် ထိုးသွင်းဆက်ဆံခြင်းမှ ရောဂါပိုးကူးစက်နိုင်ခြေ လျှော့ချနိုင်မယ့် နည်းလမ်းများ

၁။ အကာအကွယ် အသုံးပြုခြင်း

ကွန်ဒုံးကို မှန်ကန်တဲ့နည်းစနစ်နဲ့ အသုံးပြုတဲ့အခါ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို အထိရောက်ဆုံး တားဆီးပေးနိုင်ပါတယ်။ ဒါကြောင့် ကွန်ဒုံးဝယ်ရမှာ မရှက်ပါနဲ့။ နည်းစနစ်မှန်နဲ့ အသုံးပြုပါ။ ရက်လွန်နေတဲ့ ကွန်ဒုံးတွေကို အသုံးပြုတာ၊ ကွန်ဒုံး ၂ထပ် စွပ်တာမျိုး လုံးဝမလုပ်ပါနဲ့။ ကိုယ့်ရဲ့ လိင်ဆက်ဆံဖော်က ကွန်ဒုံးအသုံးမပြုချင်ကြောင်း ပြောလာခဲ့ရင် ကျန်းမာရေးနဲ့ ဖြစ်လာနိုင်တဲ့ အန္တရာယ်အကြောင်း ပြောပြပြီး ကွန်ဒုံးအသုံးပြုဖို့ သေချာဖျောင်းဖျပါ။

၂။ ချောဆီ အသုံးပြုခြင်း

ယောနိနဲ့ မတူဘဲ စအိုမှ သဘာဝချောဆီ ထွက်မလာတဲ့အတွက် ပေါက်ပြဲထိခိုက်ဖို့ လွယ်ကူပါတယ်။ စအိုဝဖြင့် လိင်ဆက်ဆံခြင်းပြုတော့မယ်ဆိုရင် ချောဆီ အသုံးပြုဖို့ လိုအပ်ပါတယ်။ ရေဓါတ်ကို အခြေခံပြီး ပြုလုပ်ထားတဲ့ ချောဆီတွေကို သုံးပေးနိုင်ရင် ပိုကောင်းပါတယ်။ ထိုးသွင်းဆက်ဆံခြင်း မပြုလုပ်ခင် ကွန်ဒုံးကို ထောင်မတ်နေတဲ့ လိင်တံပေါ် အရင်စွတ်ပါ။ ပြီးသွားမှ ကွန်ဒုံးပေါ်မှာ ချောဆီကို လိုအပ်သလောက် သုတ်လိမ်းထားပါ။ စအိုပတ်လည်မှာလည်း ချောဆီ များများ သုတ်လိမ်းပေးဖို့ အရေးကြီးပါတယ်။

၃။ အရက်သေစာ၊ မူးယစ်ဆေးဝါး မသုံးပါနဲ့

လိင်မဆက်ဆံခင်မှာ ရဲဆေးအနေနဲ့ အရက်လေး နည်းနည်းမော့တတ်တာ ယောက်ျားလေးတော်တော်များများ လုပ်တတ်တဲ့ အကျင့်တစ်ခုပါ။ အရက်ကို လိုတာထက် ပိုသောက်ပြီး မူးသွားတဲ့အခါ အသိစိတ်ကို သေချာထိန်းချုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအခါ အန္တရာယ်များတဲ့ လိင်ဆက်ဆံမှုမျိုးတွေ၊ ကြမ်းတမ်းစွာ လိင်ဆက်ဆံတာမျိုး ပြုလုပ်နိုင်ပါတယ်။ မူးယစ်ဆေးဝါးတွေဆိုတာလည်း အသိအာရုံကို ထွေပြားစေတဲ့အပြင် သွေးကြောတွေကို ကျယ်သွားစေတဲ့အတွက် ရောဂါပိုးဟာ ကိုယ်ခန္ဓါထဲ ဝင်ရောက်ဖို့ ပိုမိုလွယ်ကူသွားနိုင်ပါတယ်။

၄။ HIV ပိုးရှိတဲ့သူတွေ ART ဆေးကို သောက်ပေးသင့်ပါတယ်။

လက်ရှိအချိန်ထိ HIV ပိုးကို အမြစ်ပြတ်ဖယ်ရှားပြီး ပျောက်ကင်းသွားစေတဲ့ ဆေးဝါးများ ပေါ်ထွက်လာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် ART ဆေး (Antiretroviral Therapy) ကို ပုံမှန်သောက်ပေးမယ်ဆိုရင် သွေးနဲ့ ကိုယ်တွင်းအရည်ထဲမှာ ရှိနေတဲ့ HIV ပိုး (Viral Load) တွေကို လျော့နည်းစေပြီး ဆက်လက်မျိုးမပွားအောင် ထိန်းထားပေးနိုင်တယ်။ ကိုယ်ခံအားစနစ်ထဲမှာ ရှိနေတဲ့ CD4 ဆဲလ်တွေကို ပုံမှန်ထုတ်လုပ်လာနိုင်တဲ့အတွက် ကျန်းမာရေးကို ကောင်းစေပြီး ရောဂါတွေ အလွယ်တကူမဖြစ်စေဖို့ ကာကွယ်ပေးနိုင်တယ်။ ကိုယ့်ဆီမှာ ရောဂါပိုးရှိရင်လည်း တခြားသူဆီကို မကူးစက်နိုင်စေဖို့ ထိန်းပေးပါတယ်။

အန္တရာယ်ရှိတဲ့ အပြုအမူမျိုး ပြုခဲ့မိရင် ဘာဆက်လုပ်ကြမလဲ။

HIV ပိုးရှိနေတဲ့ သူနဲ့ ဆက်ဆံလိုက်မိပြီလို့ စိတ်ထဲမှာ သံသယရှိနေတာ၊ အကာအကွယ်မပါဘဲ လိင်ဆက်ဆံခဲ့တယ်ဆိုရင် PEP ဆေး (Post-exposure Prophylaxis) တွေကို သောက်ပေးလို့ ရပါတယ်။ ဒီဆေးဟာ ၂၈ရက်တိတိ မပျက်မကွက် သောက်ရတဲ့ ဆေးဖြစ်ပြီး အန္တရာယ်ရှိတဲ့ အပြုအမူတွေ ဖြစ်ပြီး ၁နာရီမှ ၇၂ နာရီအတွင်း စောစောသောက်ပေးနိုင်ရင် ကူးစက်ဖို့ အခွင့်အလမ်းကို နည်းသွားစေနိုင်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ

အကာအကွယ်မပါဘဲ အတူတူနေမိပြီးရင် ဘယ်အချိန်မှာ ဘာတွေစစ်ဆေးရမလဲ အသည်းရောင် အသားဝါ Bပိုး HIV ပိုး ဆီးပူညောင်းကျ ရေယုန် ဓာတ်ခွဲခန်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

HIV ပိုး သင့်မှာရှိနေနိုင်လား။ ပုံမှန်သွေးစစ်ဖို့တော့ လိုမယ်နော်

HIV ဆိုတာ ကိုယ်ခံအားစနစ်ကို အဓိကပစ်မှတ်ထားတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးဖြစ်ပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
HIV/AIDS, ကျန်းမာရေးစင်တာ ဇွန် 13, 2019 . 3 mins read

လိင်အပျော်အပါးလိုက်စားသူတိုင်း သိထားသင့်တဲ့ PrEP နဲ့ PEP ဆေး

PrEP နဲ့ PEP ဆေးတွေဟာ HIV ပိုး ကူးစက်ခံရခြင်း လျော့နည်းစေဖို့ ကာကွယ်ပေးတဲ့ ဆေးတွေ ဖြစ်ပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
HIV/AIDS, ကျန်းမာရေးစင်တာ ဇွန် 12, 2019 . 2 mins read

HIV ပိုးကူးစက်ခံရခြင်းနှင့် လူတွေသိထားတဲ့ မဟာအလွဲများ

HIV ပိုးနဲ့ ပတ်သက်ပြီး လက်ရှိအချိန်ထိပါ လူတွေ မှားယွင်းစွာသိထားတဲ့ အလွဲတွေ အများကြီးရှိပါတယ်။ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
HIV/AIDS, ကျန်းမာရေးစင်တာ ဇွန် 12, 2019 . 2 mins read

သင့်အတွက် ရွေးချယ်ထားသည်

လိင်ဆက်ဆံမှုတစ်ခုအတွက်ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

လိင်ဆက်ဆံမှုတစ်ခုအတွက်ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ကျွန်မဖျောက်ဖျက်ပစ်ခဲ့တဲ့ မိဘအမွေ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 1, 2020 . 3 mins read
လိင်ပညာပေး နဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။

လိင်ပညာပေး နဲ့ ပတ်သတ်ပြီး သင်သိထားတာတွေ မှန်ရဲ့လား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇွန် 1, 2020 . 3 mins read
လိင်တူဆက်ဆံတဲ့ အမျိုးသားတိုင်း သိထားသင့်တဲ့ PrEP ဆေး

လိင်တူဆက်ဆံတဲ့ အမျိုးသားတိုင်း သိထားသင့်တဲ့ PrEP ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် မေ 31, 2020 . 2 mins read