အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ ဝမ်းချုပ်တာကစလို့ ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-that-can-cause-diarrhoea/ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ ရေသောက်နည်းလို့  ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲက အညစ်အကြေးတွေ အဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ […]

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) ကဘာလဲ။ ချက်တစ်ဝိုက်အူကျွံခြင်းသည် ဝမ်းဗိုက်ကြွက်သားများရှိ ချက်အပေါက်အတွင်းသို့ အူအစိတ်အပိုင်း ထိုးဝင်လာခြင်းဖြစ်သည်။ ချက်တစ်ဝိုက်အူကျွံခြင်းသည် အဖြစ်များပြီး ပုံမှန်အားဖြင့် အန္တရာယ်မရှိပါ။ မွေးကင်းစမှတစ်နှစ်သားများတွင် အဖြစ်မျာသော်လည်း အရွယ်ရောက်ပြီးသူများတွင်လည်း ဖြစ်နိုင်ပါသည်။ မွေးကင်းစမှတစ်နှစ်သားများတွင် ချက်တစ်ဝိုက်အူကျွံခြင်းသည် အထူးသဖြင့် မွေးကင်းစ ငိုရာမှ ချက်စူထွက်လာပြီး ကျွံခြင်းဖြစ်သည်။ ချက်တစ်ဝိုက်အူကျွံခြင်းသည် ချက်တစ်ဝိုက်တွင် မနာကျင်သော အဖုအနေဖြင့် ပေါ်လာပါသည်။ ရယ်ခြင်း ချောင်းဆိုးခြင်း ငိုခြင်း ဝမ်းညှစ်ခြင်း စသည့်အချိန်များတွင် ပိုဖောင်းလာပြီး လှဲလိုက်လျှင် စိတ်လျော့လိုက်လျှင် လျော့သွားတတ်ပါသည်။ ဖြစ်ရပ်အများအပြားတွင် ချက်တစ်ဝိုက်အူကျွံခြင်း ပြန်ဝင်သွားပြီး ကလေးတစ်နှစ်မပြည့်ခင် ကြွက်သားများ ပြန်ပိတ်သွားတတ်၏။ ချက်တစ်ဝိုက်အူကျွံခြင်းသည် လူကြီးများတွင်လဲ ဖြစ်ပွားနိုင်သည်။ ကုသမှုမခံယူပါက အချိန်ကြာသည်နှင့် ပိုဆိုးလာနိုင်၏။ Umbilical Hernia (ချက်တစ်ဝိုက်အူကျွံခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ချက်တစ်ဝိုက်အူကျွံခြင်းသည် အသက်အရွယ်မရွေးဖြစ်နိုင်သည်။ ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို လျှော့ချခြင်းအားဖြင့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Esophagitis (အစာရေမျိုပြွန်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophagitis (အစာရေမျိုပြွန်ရောင်ခြင်း ) ကဘာလဲ။ အစာရေမျိုပြွန်ရောင်ခြင်းသည် အစာရေမျိုပြွန်ရှိ နံရံများ ရောင်ခြင်းဖြစ်ပြီး အစာရေမျိုပြွန်ဆိုသည်မှာ အစာများကို လည်ချောင်းမှ အစာအိမ်ဆီပို့ပေးသော ပြွန်ဖြစ်ပါသည်။ မကုသပဲထားပါက ဒီအခြေအနေသည် မအီမသာဖြစ်လာနိုင်ပြီး မျိုရခက်ခြင်း၊ အနာဖြစ်ခြင်းနှင့် အစာရေမျိုပြွန်အမာရွတ်ထင်ခြင်းများ ဖြစ်စေနိုင်ပါသည်။ နာကျင်ခြင်း၊ မျိုရခက်ခြင်းတို့အပြင် တစ်ခါတစ်ရံ ရင်ဘတ်အောင့်ခြင်းလည်း ဖြစ်စေနိုင်ပါသည်။ တစ်ချို့တွင် ဘာရပ်အစာရေမျိုပြွန်ရောဂါ ဖြစ်လာနိုင်ပြီး အစာရေမျိုပြွန်ကင်ဆာ ဖြစ်နိုင်ချေမြင့်စေသည့် အချက်တစ်ချက်ဖြစ်၏။ Esophagitis (အစာရေမျိုပြွန်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အစာရေမျိုပြွန်ရောင်ခြင်းကို အရွယ်ရောက်ပြီးသူများတွင် တွေ့ရများပြိး ကလေးများတွင် သိပ်မဖြစ်တတ်ပါ။ အဖြစ်များဆုံးသော အစာရေမျိုပြွန်ရောင်ခြင်းအမျိုးအစားမှာ အစာခြေရန် ပြန်တက်ခြင်း (GERD) နှင့်ဆက်စပ်သော အမျိုးအစားဖြစ်သည်။ အစာခြေရည်ပြန်တက်ခြင်းလက္ခဏာများသည် လစဉ် လူဦးရေ၏ ၃၃-၄၄% ခန့် ဖြစ်ပွားနေပြီး ၇-၁၀% သည် နေ့စဉ် လက္ခဏာများကို ခံစားနေရပါသည်။ သို့သော် ရောဂါဖြစ်ပွားနိုင်သောအချက်အလက်များကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Peritonitis (ဝမ်းတွင်းမြှေးရောင်ခြင်း)

Peritonitis ဆိုတာဘာလဲ။ Peritonitis ဟာ ဝမ်းတွင်းမြှေးရောင်ခြင်း ဖြစ်ပါတယ်။ Peritoneum ဟာ ဝမ်းဗိုက်နဲ့ ကိုယ်အင်္ဂါတွေကို ခွဲခြားထားတဲ့ ပါးလွှာတဲ့ အမျှင်တစ်ခုဖြစ်ပါတယ်။ Peritoneum ဟာ ဝမ်းဗိုက်ပိုင်းမှာရှိတဲ့ ကိုယ်အင်္ဂါတွေကို ထောက်ပံ့ပေးပြီး အာရုံကြော၊ သွေးကြော၊ ပြန်ရည်ကြောတွေကို အင်္ဂါတွေကို ဖြတ်သန်းသွားဖို့ ခွင့်ပြုတဲ့ အရာတစ်ခုဖြစ်ပါတယ်။ Peritoneum ပေါက်သွားခြင်း (သို့) အခြားကျန်းမာရေး အခြေအနေတွေက Peritonitis ကို ဖြစ်စေပါတယ်။   Peritonitis ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Peritonitis ဟာ အဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ ရောဂါလက္ခဏာများ။ Peritonitis ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။ Peritonitis ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဗိုက်နာခြင်း လေပွခြင်း၊ ဗိုက်တင်းခြင်း အဖျားတက်ခြင်း ပျို့အန်ခြင်း အစာစားချင်စိတ်မရှိခြင်း ဝမ်းလျှောခြင်း ဆီးနည်းခြင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Rectal Prolapse (စအိုအူနံရံကျွံခြင်း)

Rectal prolapse ဆိုတာဘာလဲ။ Rectal prolapse ကို complete rectal prolapse (external rectal prolapse) လို့ ခေါ်ပြီး စအိုနံရံတွေဟာ ကျွံကျကာ စအိုပေါက်ကနေထွက်လာပြီး ကိုယ်ခန္ဓါပြင်ပမှာ မြင်နိုင်တဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ Rectal prolapse ဟာ လက္ခဏာ မပြပဲဖြစ်နိုင်ပေမယ့် သူ့သဘာဝပေါ်မူတည်ပြီး အကျိအချွဲထွက်ခြင်း၊ စအိုမှ သွေးဆင်းခြင်း၊ ဝမ်းမထိန်းနိုင်ခြင်းနဲ့ ဝမ်းပိတ်ခြင်း လက္ခဏာတွေရှိတတ်ပါတယ်။   Rectal prolapse ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ Rectal prolapse ဟာ အသက်ကြီးတဲ့ အမျိုးသမီးတွေမှာ ပိုအဖြစ်များပြီး အမျိုးသားရော အမျိုးသမီးပါ အသက်မရွယ်မရွေးဖြစ်နိုင်ပါတယ်။ သူဟာ အသက်အန္တရာယ် ရှိတဲ့ အခြေအနေတစ်ခု မဟုတ်ပေမယ့် မကုသရင် လက္ခဏာ ဆိုးရွားနိုင်ပါတယ်။ External Rectal prolapse အတော်များများကို ခွဲစိတ်ကုသခြင်းဖြင့် အောင်မြင်အောင် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Stomach Polyps (အစာအိမ်တွင်းအသားပိုပေါက်ခြင်း)

Stomach polyps(အစာအိမ်တွင် အသားပိုပေါက်ခြင်း) ဆိုတာဘာလဲ။ Stomach polyps တွေဟာ အစာအိမ် polyps တွေဖြစ်ပြီး အစာအိမ်အတွင်းပိုင်းနံရံက ဖြစ်လာတဲ့ အသားပိုတွေဖြစ်ပါတယ်။ ဒီ polyps တွေဟာ ရှားပါးပြီး ဒုက္ခပေးတဲ့ လက္ခဏာတွေကို မဖြစ်စေနိုင်ပါဘူး။ Stomach polyps တွေဟာ များသောအားဖြင့် ဆရာဝန်က အခြားအကြောင်းရင်းအတွက် စစ်ဆေးချိန်မှာမှ တွေ့ရှိတတ်ပါတယ်။ Stomach polyps အများစုဟာ များသောအားဖြင့် ကင်ဆာဖြစ်စေခြင်း မရှိပါဘူး။ ဒါပေမယ့် အချို့ကတော့ နောက်ပိုင်းမှာ ကင်ဆာဖြစ်နိုင်ခြေကို မြင့်မားစေနိုင်ပါတယ်။ ရှိတဲ့ Stomach polyps အမျိုးအစားပေါ်မူတည်ပြီး ကုသမှုမှာ အသားပိုကို ဖယ်ရှားခြင်းနဲ့ ပြောင်းလဲမှု တွေကို စောင့်ကြည့်ခြင်းတွေ ပါဝင်ပါတယ်။   Stomach polyps (အစာအိမ်တွင် အသားပိုပေါက်ခြင်း) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။ အမေရိကမှာ အစာအိမ်အူလမ်းကြောင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Anal Fissure (စအိုကွဲခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anal Fissure (စအိုကွဲခြင်း) ကဘာလဲ။ စအိုကွဲခြင်းဆိုသည်မှာ အစာဟောင်းအိမ်၏အောက်ပိုင်းရှိ အပေါ်ယံလွှာတွင် အနည်းငယ်ပြဲသွားသောကြောင့် ဝမ်းသွားလျှင်နာကျင်ပြီး သွေးထွက်လာခြင်းဖြစ်သည်။ ရေတိုဖြစ်လျှင် ကွဲရုံသာဖြစ်ပြီး ရေရှည်တွင်မူ ကွဲနေသောနေရာမှ အသားပိုထွက်လာပြီး အတွင်းလိပ်ခေါင်းနှင့် အပြင်လိပ်ခေါင်းဖြစ်ခြင်းတို့ဖြစ်လာနိုင်သည်။ စအိုကွဲခြင်းသည် ပြင်းထန်သောကျန်းမာရေးပြသနာမဟုတ်ပါ။ ရေတိုတွင်ဖြစ်သော စအိုကွဲနာများသည် ၄ ပတ်မှ ၆ ပတ်အတွင်း ပျောက်သွားတတ်ကြသည်။ အများစုသော စအိုကွဲနာများသည် အမျှင်ဓါတ်ကြွယ်ဝသောအစာများစားခြင်း၊ ဆေးရည်ထိုင်ခြင်းတို့ဖြင့်ကောင်းသွားကြသည်။ သို့သော် ၈ ပတ်မှ ၁၂ပတ်ကြာသည်အထိ အနာမကျက်ပါက ရေရှည်ဖြစ်သော စအိုကွဲနာဟုသတ်မှတ်ရမည်ဖြစ်ပြီး ဆေးသောက်ခြင်း၊ ခွဲစိတ်ကုသခြင်းတို့ပြုလုပ်မှသာ ပြန်မဖြစ်ရန်နှင့် ဘေးပတ်လည်ရှိကြွက်သားများပျက်စီးခြင်းတို့ကိုလည်းကာကွယ်နိုင်ပါသည်။ Anal Fissure (စအိုကွဲခြင်း) က ဘယ်လောက်အဖြစ်များသလဲ စအိုကွဲခြင်းသညအလွန်အတွေ့ရများပါသည်။ အထူးသဖြင့် ၁ နှစ်အောက်ကလေးများတွင် အဖြစ်များသည်။ သို့သော် အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော် ၎င်းကို ဖြစ်စေသောအကြောင်းများကို သေချာစွာသိလျှင် ကာကွယ်နိုင်သောကြောင့် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်သည်။ လက္ခဏာများAnal Fissure […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Ileus (အူမလှုပ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Ileus (အူမလှုပ်ခြင်း) ကဘာလဲ။ အူမလှုပ်ခြင်းသည် အစာအိမ်နှင့်အူလမ်းကြောင်းတွင် လှုပ်ရှားမှုလျော့ကျသွားပြီး အစာများ ပိတ်ခြင်း စုပုံလာခြင်းကို ဖြစ်ပေါ်စေသည့် ရောဂါကိုခေါ်ပါသည်။ အူမလှုပ်ခြင်းသည် အူပိတ်ခြင်းကို ဖြစ်ပေါ်စေသည်။ ဆိုလိုသည်မှာ အစာများ၊ လေများ သို့ အရည်များ အူတစ်လျှောက်မစီးဆင်းနိုင်တော့ခြင်းမျိုး ဖြစ်စေခြင်းပင်။ အူမလှုပ်ခြင်းအား ဖြစ်ပေါ်စေသည့် အကြောင်းရင်းများစွာရှိသော်လည်း ခွဲစိတ်ကုသပြီးနောက်ဖြစ်တတ်သည့် ဘေးထွက်ဆိုးကျိုးသည် အူမလှုပ်ခြင်းကိုဖြစ်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။ သို့သော် လူများသည် အူထဲ၌ အစာများစုပုံလာခြင်းကို မသိနိုင်သောကြောင့် တောက်လျှောက်ဆက်စားမိနေပါမည်။ ထိုကြောင့် အူပိတ်သည့်နေရာကို အစာများ တွန်းတွန်းပိုသလိုဖြစ်သွား၏။ ကုသမှုမခံယူပါက အူမလှုပ်ခြင်းမှ အူပေါက်ခြင်း သို့ အူပြဲခြင်းတို့ ဖြစ်ပေါ်စေနိုင်သည်။ ထိုသို့ဖြစ်လျှင် အူထဲမှအစာများ (၎င်းတို့တွင် ဘက်တီးရီးယားပေါများစွာပါ၏) ခန္ဓါကိုယ်အခေါင်းထဲသို့ စီးဝင်သွားပါလိမ့်မည်။ ဒီကနေမှ လူသေသည်အထိဖြစ်နိုင်၏။ အူမလှုပ်ခြင်း ဖြစ်လာပါက တတ်နိုင်သလောက်မြန်မြန် ကုသမှုကို ခံယူရမည်။ အူမလှုပ်ခြင်းမှ ပြင်းထန်ပြီးအသက်အန္တရာယ်ရှိသော အခြေအနေများကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ

လူတိုင်းဗိုက်အောင့်ဖူးကြပြီး ဗိုက်အောင့်စေတဲ့အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဗိုက်အောင့်ခြင်းအများစုဟာ အန္တရာယ်ထူးထူးခြားခြားမရှိဘဲ ဘယ်လိုမျိုးထိထိရောက်ရောက်ကုသရမလဲဆိုတာသိရင် အလျင်အမြန်ပျောက်ကင်းသွားမှာပါ။ ဒီလိုထိရောက်စွာကုသပေးနိုင်တဲ့ နည်းလမ်းလေးတွေဟာလည်း သင့်မီးဖိုချောင်ထဲမှာတင်ရှိနေပါတယ်။ အောက်မှာ မျှဝေပေးချင်တာကတော့ ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ ပဲ ဖြစ်ပါတယ်။ ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ ကတော့ ချင်း ဟိုးအဘိုးအဘွားတွေလက်ထက်ကတည်းကစပြီး ချင်းဟာ စွယ်စုံရအိမ်သုံးဆေးဝါး ဖြစ်ခဲ့တာကို သိကြပါလိမ့်မယ်။ နာကျင်တာကအစပြုလို့ ပျို့အန်မအီမသာဖြစ်တာတွေအထိ ချင်းကို အသုံးပြုနိုင်ပါတယ်။ ချင်းဟာ ဗိုက်အောင့်ခြင်းအတွက် အင်မတန်အကျိုးရှိတဲ့ သဘာဝဆေးနည်းတလက်ဖြစ်ကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့သုတေသနလေ့လာချက်တွေအရ သိရှိခဲ့ရပါတယ်။ ချင်းဟာ ရောင်ရမ်းတာတွေကို သက်သာစေတဲ့သတ္တိရှိတဲ့အပြင် အစာကြေစေပြီး ဗိုက်အောင့်တာကိုလည်း သက်သာစေပါတယ်။ ဗိုက်အောင့်တဲ့အခါ ချင်းနဲ့ ပြုလုပ်ထားတဲ့သကြားလုံးလေးတွေ စားနိုင်သလို ဂျင်းပြုတ်ရည်သောက်တာ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ရောနှပ်ပြီး သောက်လို့လည်း ရပါတယ်။ https://hellosayarwon.com/digestive-health/other-digestive-health-issues/causes-of-abdominal-pain/ ပူဒီနာ (ပူစီနံ) ပူဒီနာမှာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Hiccups (ကြို့ထိုးခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hiccups (ကြို့ထိုးခြင်း) ကဘာလဲ။ သင့်ရင်ဘတ်ပိုင်းနဲ့ ဝမ်းဗိုက်ပိုင်းကို ခြားပေးထားတဲ့ ရင်ဝမ်းခြား ကြွက်သားကြီး အလိုလျောက် ညှစ်နေတာကို ကြို့ထိုးတယ်လို့ ခေါ်ပြီး ဒီရင်ဝမ်းခြားကြွက်သားဟာ အသက်ရှုတာကို ထိန်းချုပ်တဲ့နေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။ ဒါကြောင့် ကြို့ထိုးတာဟာ သင့်ကို နေရထိုင်ရခက်စေပေမယ့် ထူးထူးခြားခြား နောက်ဆက်တွဲ ပြဿနာ ဘာမှမရှိပါဘူး။   Hiccups (ကြို့ထိုးခြင်း) က ဘယ်လောက်အဖြစ်များသလဲ။ ကြို့ထိုးတာဟာ အရမ်းအဖြစ်များပြီး လူတိုင်းနီးနီးဟာ တခါလောက်တော့ ကြို့ထိုးဖူးကြမှာ ဖြစ်ပါတယ်။ ကြို့ထိုးတာဟာ ကလေးငယ်တွေအပါအဝင် အသက်အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။ လက္ခဏာများHiccups (ကြို့ထိုးခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ။ ကြို့ထိုးတဲ့အခါ ထွက်လာတဲ့အသံလေးဟာ တခုတည်းသော လက္ခဏာပဲ ဖြစ်ပါတယ်။ ရင်ဝမ်းခြားကြွက်သားညှစ်လို့ တုန်သွားတဲ့အခါ သင့်ရဲ့ အသံကြိုးတွေကို သွားလှုပ်လိုက်သလို ဖြစ်သွားတာမို့ “အစ်”ခနဲ အသံလေးထွက်လာတာဖြစ်ပြီး ဒါဟာ ကြို့ထိုးတာရဲ့ အမှတ်သင်္ကေတပဲ ဖြစ်ပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ပျို့တက်ခြင်းကို ဘယ်လိုထိန်းချုပ်မလဲ

ပျို့တက်ခြင်းကိုဘယ်လိုထိန်းချုပ်မလဲ   ပျို့တက်ခြင်းနှင့် အော့အန်ခြင်းသည် ဓါတုကုထုံး၏ အဖြစ် အများဆုံးဘေးထွက်ဆိုးကျိုးများ ဖြစ်သည်။ ပျို့တက် ခြင်းသည် အလွန် မနှစ်မြို့ဖွယ်ကောင်းပြီးအော့အန်လိုသောခံစားမှုကိုပေးသည်။ သို့သော်လည်းဓါတုကုထုံးအတွင်းလူတိုင်းအော့အန်ခြင်းနှင့် ပျို့တက်ခြင်းကိုမခံစားရပါ။ သို့ သော် ဓါတုကုထုံးသုံးမည်ဟုစဉ်းစားပါကဓါတုကုထုံးနှင့် ဆက်စပ်သောပျို့တက်ခြင်းကိုလျော့နည်းရန် ကာကွယ်ရန် ကောင်းစွာ ကြိုတင်ပြင်ဆင်သင့်သည်။   အစာစားမှု နည်းလမ်းများ အစာနည်းနည်းစားပါ။ နေ့တစ်လျှောက် အစာများများစားခြင်းထက် နည်းနည်းစားခြင်းသည် မူးဝေခြင်းအတွက် ပိုကောင်းသည်။ အလွန်ဆာလောင်သည်အထိစောင့်ခြင်းကိုရှောင်ပါ။ အချိန်မှန် အစာစားသင့်ပြီးအစာစားခြင်းကိုမကျော်ပါနှင့်။ အရည် များများသောက်ပါ။ အစာစားသကဲ့သို့ နေ့ တစ်လျှောက် အရည်များများသောက်ခြင်းထက် အရည် နည်းနည်းစီသောက်ခြင်းသည် အထောက် အကူဖြစ်သည်။ တစ်နေ့တွင် အနည်းငယ် အရည် နှစ်ကွတ် (တစ်ကွတ်= တစ်ဂါလံ၏ လေးပုံတစ်ပုံ) သောက်ပါကပိုကောင်းပါသည်။ ရေသို့မဟုတ် သစ်သီးဖျော်ရည် ပါဝင်နိုင်သည်။ အရည်မပါသောကောက်ပဲသီးနှံ အခြောက်၊ ပေါင်မုန့်ကင် စသည်တို့ကိုနံနက်ပိုင်းတွင် စားပါ။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်