backup og meta

ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ

ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ

လူတိုင်းဗိုက်အောင့်ဖူးကြပြီး ဗိုက်အောင့်စေတဲ့အကြောင်းရင်းတွေလည်း အများကြီးရှိပါတယ်။ ဒါပေမယ့် ဗိုက်အောင့်ခြင်းအများစုဟာ အန္တရာယ်ထူးထူးခြားခြားမရှိဘဲ ဘယ်လိုမျိုးထိထိရောက်ရောက်ကုသရမလဲဆိုတာသိရင် အလျင်အမြန်ပျောက်ကင်းသွားမှာပါ။ ဒီလိုထိရောက်စွာကုသပေးနိုင်တဲ့ နည်းလမ်းလေးတွေဟာလည်း သင့်မီးဖိုချောင်ထဲမှာတင်ရှိနေပါတယ်။ အောက်မှာ မျှဝေပေးချင်တာကတော့ ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ ပဲ ဖြစ်ပါတယ်။

ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ

ဗိုက်အောင့်တာ သက်သာပျောက်ကင်းစေတဲ့ သဘာဝနည်းလမ်းများ ကတော့

  • ချင်း

ဟိုးအဘိုးအဘွားတွေလက်ထက်ကတည်းကစပြီး ချင်းဟာ စွယ်စုံရအိမ်သုံးဆေးဝါး ဖြစ်ခဲ့တာကို သိကြပါလိမ့်မယ်။ နာကျင်တာကအစပြုလို့ ပျို့အန်မအီမသာဖြစ်တာတွေအထိ ချင်းကို အသုံးပြုနိုင်ပါတယ်။ ချင်းဟာ ဗိုက်အောင့်ခြင်းအတွက် အင်မတန်အကျိုးရှိတဲ့ သဘာဝဆေးနည်းတလက်ဖြစ်ကြောင်းကို မကြာသေးမီက ပြုလုပ်ခဲ့တဲ့သုတေသနလေ့လာချက်တွေအရ သိရှိခဲ့ရပါတယ်။

ချင်းဟာ ရောင်ရမ်းတာတွေကို သက်သာစေတဲ့သတ္တိရှိတဲ့အပြင် အစာကြေစေပြီး ဗိုက်အောင့်တာကိုလည်း သက်သာစေပါတယ်။ ဗိုက်အောင့်တဲ့အခါ ချင်းနဲ့ ပြုလုပ်ထားတဲ့သကြားလုံးလေးတွေ စားနိုင်သလို ဂျင်းပြုတ်ရည်သောက်တာ ဒါမှမဟုတ် လက်ဖက်ရည်နဲ့ရောနှပ်ပြီး သောက်လို့လည်း ရပါတယ်။

  • ပူဒီနာ (ပူစီနံ)

ပူဒီနာမှာ menthol ဓာတ်ပါဝင်ပြီး  menthol ဟာခံတွင်းအနံ့ကောင်းစေရုံသာမက သဘာဝအကိုက်အခဲပျောက်ဆေးတမျိုးလည်း ဖြစ်ပါတယ်။ ပူဒီနာကို ပျို့အန်ခြင်းနဲ့ ဗိုက်အောင့်ခြင်းတို့အတွက် တွင်ကျယ်စွာ အသုံးပြုလေ့ရှိကြပါတယ်။

ချင်းနည်းတူ ပူဒီနာကိုလည်းပုံစံအမျိုးမျိုးနဲ့အသုံးပြုနိုင်ပါတယ်။ ပူဒီနာအရွက်ခပ်ထားတဲ့ ရေနွေးကြမ်းပူပူလေးလုပ်သောက်လို့ရသလို သင်ကြိုက်နှစ်သက်ရာဟင်းလျာတွေထဲမှာလည်း ထည့်သွင်းချက်ပြုတ်နိုင်ပါသေးတယ်။ ဒါမှမဟုတ် ပူဒီနာအရွက်ကလေးကို အသာအယာဝါးစားနေရင်ကို အံ့ဩလောက်တဲ့ အာနိသင်တွေကိုရရှိနိုင်မှာ ဖြစ်ပါတယ်။

ပူဒီနာဟာအစာကြေစေသလို အစာစားချင်စိတ်ကိုလည်း ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ဓမ္မတာလာစဉ်နာကျင်ကိုက်ခဲမှုတွေအတွက်လည်း ပူဒီနာဟာဆေးစွမ်းတလက် ဖြစ်ပါတယ်။

  • သံပုရာရည်နွေးနွေးလေး

ရေနွေးထည့်ထားတဲ့ မက်ခွက်ထဲကို သံပုရာသီးတခြမ်းညှစ်ထည့်ပါ (သကြားနည်းနည်းလည်းထည့်ပါ)။ ဒါဆိုရင် ဗိုက်အောင့်ခြင်းကို သက်သာပျောက်ကင်းစေမယ့် အကောင်းဆုံးသော ဖျော်ရည်တခွက်ကို ရရှိပါပြီ။ သတိထားရမယ့်အချက်က သံပုရာသီး ဒါမှမဟုတ် သကြားအလွန်အကျွံမထည့်မိဖို့ပဲ ဖြစ်ပါတယ်။

သံပုရာရည်သောက်ရင် ဗိုက်အောင့်တာပိုဆိုးတတ်တဲ့ သူတွေကတော့ ဒီနည်းကိုရှောင်သင့်ပါတယ်။

  • ပန်းသီးရှာလကာရည် 

ရှာလကာရည်ထဲမှာ ပါဝင်တဲ့အက်ဆစ်ဟာ သင့်အူလမ်းကြောင်းကို ရှင်းလင်းပေးနိုင်တဲ့အတွက် မကောင်းတဲ့ဘက်တီးရီးယားတွေကို ခန္ဓာကိုယ်ထဲကဖယ်ရှားပေးပြီး အကျိုးပြုဘက်တီးရီးယားတွေကို ဆက်လက်ရှင်သန်နေစေပါတယ်။

ဗိုက်အောင့်တာ သက်သာစေဖို့ ပန်းသီးရှာလကာရည်ကို ရေနဲ့ ပျားရည် ဆတူရောစပ်ပြီး ဖြည်းဖြည်းချင်းသောက်နိုင်ပါတယ်။

BRAT (ငှက်ပျောသီး၊ ဆန်၊ ပန်းသီအနှစ်နဲ့ ပေါင်မုန့်မီးကင်) နဲ့ CRAP (ချယ်ရီသီး၊ စပျစ်ခြောက်၊ မန်မွန်သီးနဲ့ ဆီးသီးခြောက်)

အထက်ဖော်ပြပါ အစားအစာတွဲဖက်မှုဟာ ဝမ်းလျှောပြီး ဗိုက်အောင့်နေသူတွေအတွက် အသင့်တော်ဆုံးအတွဲအဖက် ဖြစ်ပါတယ်။

BRAT မှာပါဝင်တဲ့ အစားအစာတွေအားလုံးဟာ သင့်အစာအိမ်ကို ထိခိုက်စေမယ့် ဆား ဒါမှမဟုတ် ငရုတ်သီးအစပ်တွေ လုံးဝမပါဝင်ပါဘူး။ အရသာလည်း သိပ်မပြင်းလှတဲ့ အတွဲအဖက်တွေဟာ သင်နေထိုင်မကောင်းဖြစ်နေတဲ့အချိန်မှာ စားပေးနိုင်တဲ့ အစားအစာတွေဖြစ်ပါတယ်။ ဒါပေမယ့် တခြားအစားအစာတွေကိုလည်း စားဖို့လိုအပ်ပါသေးတယ်။

ပုံမှန်ထမင်းစားမယ့် အချိန်မှာ BRAT ကိုစားနိုင်ပြီး ထမင်းတနပ်နဲ့ တနပ်ကြားအချိန်တွေမှာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သွားရည်စာအဖြစ် CRAP ကိုစားနိုင်ပါတယ်။

အမျှင်ဓာတ်အနည်းငယ်သာ ပါဝင်တဲ့အစားအစာတွေ ဖြစ်တဲ့အတွက် ဗိုက်အောင့်တာ၊ ပျို့အန်မအီမသာဖြစ်တာနဲ့ ဝမ်းလျှောတာတွေကို သက်သာစေပါတယ်။ လေထတာ၊ ဝမ်းချုပ်တာ၊ မအီမသာဖြစ်တာ၊ ပျို့အန်တာ ဒါမှမဟုတ် အစာမကြေတာတွေဖြစ်နေရင် အဆိုပါအစားအစာတွေကို စားပေးခြင်းအားဖြင့်သက်သာရာရစေပါလိမ့်မယ်။

ဒါပေမယ့် အာဟာရချို့တဲ့မှုတွေ ဖြစ်မလာစေဖို့ ရက်ပိုင်းလောက်ပဲ စားသင့်ပါတယ်။

ဗိုက်အောင့်တဲ့အခါ သဘာဝနည်းလမ်းတွေနဲ့ ဖြေရှင်းနိုင်တယ်ဆိုပေမယ့် ပိုပိုဆိုးလာတယ်။ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.healthline.com/health/digestive-health/natural- upset-stomach- remedies
http://www.rd.com/health/conditions/9-natural- upset-stomach- remedies/
http://everydayroots.com/stomach-ache- remedies

ယခုပုံစံ

12/10/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း ပေါင်းသောင်းခြောက်ထောင်

လေထိုး လေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 12/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement