အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ ဝမ်းချုပ်တာကစလို့ ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-that-can-cause-diarrhoea/ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ ရေသောက်နည်းလို့  ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲက အညစ်အကြေးတွေ အဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ […]

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Stomach Ache (ဗိုက်အောင့်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Stomach Ache (ဗိုက်အောင့်ခြင်း) ကဘာလဲ။ ဝမ်းဗိုက်ဘယ်နေရာ အစိတ်အပိုင်းမှာပဲနာနာ ဗိုက်အောင့်တယ်လို့ ခေါ်ပါတယ်။ Stomach Ache (ဗိုက်အောင့်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ လူတိုင်းနီးပါး ဗိုက်အောင့်ဖူးကြပါတယ်။ မိန်းကလေးတွေမှာ ပိုတွေ့ရတတ်ပြီး အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ ဖြစ်စေနိုင်တဲ့အကြောင်းရင်းတွေကို ရှောင်ရှားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ အသေးစိတ်သိလိုတယ်ဆိုရင်တော့ ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။ လက္ခဏာများStomach Ache (ဗိုက်အောင့်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ • ဆီးသွားသည့်အခါ နာခြင်း၊ ဆီးခဏခဏသွားခြင်း • ဗိုက်ကိုထိမိသည့်အခါ နာခြင်း • အော့အန်ခြင်း • နာရီတော်တော်ကြာအောင့်ခြင်း • ရေငတ်ခြင်း • ဖျားခြင်းတို့ဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာ မပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ အောက်ဖော်ပြပါအချက်တွေထဲက တစ်ခုခုရှိခဲ့မယ်ဆိုရင် သွားပြသင့်ပါတယ်။ • သွေးအန်ခြင်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Amebiasis (အမီးဘားပိုးကြောင့် ဝမ်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Amebiasis (အမီးဘားပိုးကြောင့် ဝမ်းကိုက်ခြင်း) ကဘာလဲ။ • Amebiasis ဆိုသည်မှာ အူးအတွင်း၌ protozoan Entamoeba histolytica, or E. histolytica ဆိုသော ကပ်ပါးပိုးများ ကူးဆက်ခံရမှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။ Amebiasis ရှိသောလူအများစုသည် ထင်းရှားသည်လက္ခဏာများကိုမခံစားရပဲ တစ်ချို့တွင်မူ ဝမ်းသွားခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်အောင့်ခြင်းများ ခံစားရတတ်၏။ • အူမကြီးသည် ကပ်ပါးပိုးများအတွက် အကြိုက်နေရာဖြစ်သည်။ အထူးသဖြင့် သန့်ရှင်းမရှိသည့်နေရာမျိုး ကူးစက်ခံထားရသည့်လူများ၏မစင်များနှင့်ထိတွေ့နေရသည့်နေရာမျိုးတွင် ရေမှတဆင့် ကူးဆက်လာနိုင်ပါသည်။ မစင်ကို မြေသြဇာအဖြစ်သုံးစိုက်ထားသော အသီးအရွက်များမှလဲ ကူးစက်နိုင်သည်။ လက်ညစ်ပတ်များမှလဲ တခြားသူများကိုကူးစက်နိုင်သည်။ • ကမ္ဘာ့လူဦးရေ၏ ၁၀% ခန့်သည် အမီးဘားပိုးကူးစက်ခံရပြီ အထူးသဖြင့် မက္ကစီကို၊ အိန္ဒိယ၊ အမေရိကအလည်ပိုင်း၊ မြောက်အမေရိက၊ အာဖရိကနှင့် အာရှမှအပူပိုင်းဒေသများတွင် ပိုတွေ့ရပါသည်။ စက်မှုနိုင်ငံများတွင် Amebiasis ကို ထိုရောဂါရှိသောဒေသမှ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Celiac Disease (ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ) ကဘာလဲ။ ဂလူတန် ဓါတ်မတည့် အူလမ်းကြောင်း ရောဂါ (celiac disease) ဆိုတာဟာ ဂျုံ ၊ ဘာလီ စသော အစားအသောက်တို့တွင် ပါဝင်သော ပရိုတင်းတမျိုးဖြစ်တဲ့ ဂလူတန် (gluten) နဲ့ မတည့်တဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ တကယ်လို့ သင့်မှာ ဂလူတန် ဓါတ်မတည့် အူသိမ် ရောဂါ ရှိနေမယ်ဆိုရင် ဂလူတန် (gluten) စားတိုင်းမှာ သင့်ရဲ့ အူသိမ်က တုန့်ပြန်တိုက်ထုတ်မှာ ဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်တာ ကြာလာရင် အူသိမ်ရဲ့ အတွင်းသားနံရံတွေ ထိခိုက်ပျက်စီးလာပြီး အာဟာရဓါတ်တွေကို ကောင်းကောင်း စုပ်ယူနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီလိုမျိုး အူမှာ ထိခိုက်ဒါဏ်ရာ ရခြင်းကြောင့် ဝမ်းလျှောခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်ကျသွားခြင်း၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်)

အဓိပ္ပါယ်ဖွင့်ဆိုချက်Meckel Diverticulum (အူသိမ်နံရံမှ ဖောင်းထွက်နေသော အိတ်ငယ်) ကဘာလဲ။ Diverticulum ဆိုသည်မှာ အစာချေ စနစ်၏ တစ်စိတ် တစ်ပိုင်းဖြစ်သော အူ၏ နံရံတွင် ရှိသောဖောင်းထွက်နေသော အိတ်ပုံစံ အဖောင်း တစ်ခုဖြစ်ပါသည်။ Meckel diverticulum သည် အူသိမ်၏ အောက်ဘက်အပိုင်းတွင်ရှိသော အဖောင်းတစ်ခု ဖြစ်ပါသည်။ ၎င်းသည် အူသိမ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ileum တွင် တွေ့ရပါသည်။ အူမကြီးအစမှ လက်မ၄၀ တွင်အကွာတွင် ရှိ ပါသည်။ ၎င်းသည် များသောအားဖြင့် ၁-၂လက်မ ရှည်သည်။ ထို diverticulum အများစုသည် အစာအိမ်၊ သရက်ရွက် တို့တွင် ပုံမှန်တွေ့ရသော တစ်ရှူးများ ပါဝင်သည်။ ထို ပုံမှန် မဟုတ်သော တစ်ရှူးများသည် အစာအိမ်၊ သရက်ရွက်တွင် ထုတ်လေ့ရှိသော အင်ဇိုင်းများကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စအိုပြည်တည်နာအကြောင်း သိကောင်းစရာ

စအိုနားတဝိုက်မှာ ပြည်တည်တာဟာ အရမ်းနာတဲ့ အပြင် သင့်ရဲ့ နေ့စဉ်လှုပ်ရှားသွားလာ နေထိုင်မှုကိုသာမက အလုပ်အကိုင်ကိုပါ ထိခိုက်စေပါတယ်။ ဒီနေရာမှာ ဆက်သိဖို့လိုလာတာက စအိုပြည်တည်နာဆိုတာ ဘာလဲ၊လက္ခဏာတွေကဘာလဲ ဒါမှမဟုတ် ဒီအခြေအနေဖြစ်နေမှန်းဘယ်လို သိနိုင်မလဲ စတဲ့ မေးခွန်းတွေပဲ ဖြစ်ပါတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေတွေကို အောက်မှာ ပေးထားပါတယ်။ ဆက်ပြီးဖတ်ကြည့်လိုက်ပါဦး။ •စအိုပြည်တည်နာ ဆိုတာ ဘာလဲ။ စအိုပြည်တည်နာ ဆိုတာ စအိုနားပတ်ချာလည် အနီးတဝိုက်မှာ ပြည်တွေစုပုံလာပြီး အရမ်းနာကျင်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ စအိုတဝိုက်က ဂလင်း အသေးလေးတွေမှာ ပိုးဝင်တာဟာ စအိုပြည်တည်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်းပဲ ဖြစ်ပါတယ်။ အများဆုံး မြင်တွေ့ရတတ်တဲ့ အမျိုးအစားကို perianal abscess လို့ ခေါ်ပါတယ်။ စအိုအနီးမှာ မီးလောင်ဖုလို ဖောင်းဖောင်းကြီးတွေ ဖြစ်လာတာဖြစ်ပြီး အရမ်းနာတဲ့ အနေအထားကို ဆိုလိုတာပါ။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Dysentery (ဝမ်းကိုက်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Dysentery (ဝမ်းကိုက်ခြင်း) ကဘာလဲ။ ဝမ်းကိုက်ရောဂါဆိုတာ Salmonella နှင့် Shigella ကဲ့သို့ ဘတ်တီးရီးယားပိုးကြောင့်ဖြစ်သော အူလမ်းကြောင်းဆိုင်ရာ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဝမ်းထဲမှာပါလာတဲ့ ဘတ်တီးရီးယားပိုးတွေနဲ့ တိုက်ရိုက်ထိတွေ့ခြင်းအားဖြင့် ရောဂါပိုးတွေဟာ ကူးစက်နိုင်ပါတယ်။ ၎င်းဘတ်တီးရီးယား ရောဂါပိုးဟာ မသန့်ရှင်းသော အစားအသောက်တွေနဲ့ မသန့်ရှင်းသောရေကို သောက်သုံးမိခြင်း၊ မသန့်ရှင်းသော အစားအစာများ စားသုံးမိခြင်း၊ မသန့်ရှင်းသော ရေတွင်ရေကူးမိခြင်း စတာတွေကတစ်ဆင့်လည်း ကူးစက်နိုင်ပါတယ်။ Dysentery (ဝမ်းကိုက်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ သို့သော် အသက် ၂နှစ်မှ ၄နှစ်ကြား ကလေးများတွင် ပို၍ဖြစ်တတ်ပါတယ်။ ဆောင်းရာသီထက် နွေရာသီတွင် ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများDysentery (ဝမ်းကိုက်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ ဝမ်းကိုက်ရောဂါ ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ သင်ဟာ ၎င်းဘတ်တီးရီးယား ပိုးများနဲ့ထိတွေ့ပြီး ၁ရက် သို့မဟုတ် ၂ရက်အကြာတွင် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Diverticulitis (အူမကြီး၏နံရံတွင် အိတ်ငယ်သဖွယ် ဖောင်းထွက်၍ ရောင်ရမ်းခြင်း) ကဘာလဲ။ <အူမကြီးဆိုတာအစာအိမ်နဲ့ အူလမ်းကြောင်းရဲ့ နောက်ဆုံးအပိုင်းဖြစ်ပါတယ်။၎င်းဟာအရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေဖြစ်တဲ့အစာနှင့် ဘီတာမင်ဓါတ်များ စုပ်ယူခြင်းကို လုပ်ဆောင်ပါတယ်။ ဒါ့အပြင် ချေပြီးသားအစာတွေကိုလည်း မစင်အဖြစ်သို့ ပြောင်းလဲ ပေးပါတယ်။ မစင်အဖြစ် မစွန့်ခင်မှာ အစာတွေဟာ အူမကြီးကို ဖြတ်ရပါတယ်။ ဒီရောဂါ ဖြစ်တဲ့အခါ အူမကြီးနံရံတွေရဲ့ အစိတ်အပိုင်းတွေဟာ လျော့တိလျော့ရဲ နဲ့ ပါးနေတတ် ပါတယ်။ ဒီလိုလျော့ရဲ နေတဲ့ နေရာတွေမှာ အိတ်ငယ်လေးတွေအဖြစ် အပြင်ကိုဖောင်းထွက်နေနိုင်ပါတယ်။ ဒီလို အိတ်ငယ်တစ်ခုစီကို Diverticulum (ဒိုင်ဗာတီကူလန်) လို့ ခေါ်ပါတယ်။ ဒီအစိတ်အပိုင်းတွေဟာနီရဲ လာပြီးဖောင်းလာ ရောင်လာကာ ပိုးဝင်လာနိုင်ပါတယ်။ Diverticulitis ဆိုတာဟာ ဒီ diverticulum (ဒိုင်ဗာတီကူလန်) အိတ်ငယ်လေးတွေ ရောင်ရမ်းပြီး ပိုးဝင်လာခြင်းကိုခေါ်ပါတယ်။ ဒီလိုရောင်ရမ်းမှုဟာ သာမန်အသေးစားရောင်ရမ်းမှု မျိုးဖြစ်နိုင်သလို ဆိုးရွားတဲ့ ပိုးဝင်ခြင်းမျိုးလည်း […]


အစားအသောက်မှကူးစက်သောရောဂါများ

Salmonellosis (အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Salmonellosis (အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း) ကဘာလဲ။ salmonellosis ဆိုတာဘာလဲ။ Salmonellosis ဆိုတာ အစာအိမ်နှင့် အူလမ်းကြောင်းတွင် salmonella ဘက်တီးရီးယားရောဂါ ဝင်ရောက်ကူးစက်ခြင်းကို ခေါ်ပါတယ်။ ဒီရောဂါက အစာအိမ်ရောင်ရောဂါနဲ့ ဆင်တူပါတယ်။ သိပ်မပြင်းထန်တဲ့ လူနာတော်တော်များများကတော့ ၄ ရက်ကနေ ၇ ရက်အတွင်း ဘာကုသမှုမှ မပါပဲ ပျောက်ကင်းတတ်ကြပါတယ်။ ရောဂါ ပြန့်ပွားမှုကတော့ လူတွေ ရောဂါရှိတဲ့ အစားအစာကို စားမိပြီးလျှင် ဖြစ်တတ်ပါတယ်။(စားသောက်ဆိုင်တစ်ဆိုင်ထဲမှာ စားမိခြင်း) တချို့ ဝမ်းလျှောရောဂါ အခြေအနေဆိုးတဲ့ သူတွေကတော့ ဆေးရုံတက်ပြီး ဓါတ်ဆားရည်နှင့် ပဋိဇီဝဆေးရည်များ သွင်းရပါတယ်။ Salmonellosis (အစာအိမ်အူလမ်းကြောင်းပိုးဝင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ salmonellosis ရောဂါသည်တော်တော်များများက ဆင်းရဲတဲ့ ပတ်ဝန်းကျင်၊ လေထုညစ်ညမ်းမှု၊ မသန့်ရှင်းမှု နှင့် ဘက်တီးရီးယားရောဂါများတဲ့ နေရာတွေမှာ နေထိုင်နေကြသူများ ဖြစ်ကြပါတယ်။ ထို့ပြင် သင်က ရောဂါရှိတဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Appendicitis (အူအတက်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Appendicitis (အူအတက်ရောင်ခြင်း ) ကဘာလဲ။ Appendicitis ဆိုတာ အူအတက် ရောင်တာကို ပြောတာပါ။ အူအတက်ဆိုတာ အူမကြီးမှာ တွယ်ကပ်နေတဲ့ ပြွန်ပုံစံ အင်္ဂါအစိတအပိုင်း သေးသေးလေးဖြစ်ပါတယ်။ ၎င်းက ဗိုက်အောက်ပိုင်းညာပဘက်ခြမ်းမှာ တည်ရှိပါတယ်။ ပုံမှန်အားဖြင့်တော့ ၎င်းက ဘာမှမလုပ်ပေမဲ့ ပိတ်ဆို့မှု ဖြစ်သွားတဲ့ အခါမှာတော့ ခန္ဒါကိုယ်ကို ဒုက္ခပေးလာနိုင်ပြီး အသက်အန္တရာယ်ပါရှိလာနိုင်ပါတယ်။ Appendicitis (အူအတက်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ အူအတက်ရောင်တာက အသက်အရွယ်မရွေးဖြစ်နိုင်တဲ့ အဖြစ်များတဲ့ ရောဂါဖြစ်ပါတယ်။ သို့သော် အသက် ၁၀ နှစ်မှ ၃၀ ကြားတွေမှာ ပိုအဖြစ်များပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများAppendicitis (အူအတက်ရောင်ခြင်း ) ရဲ့လက္ခဏာတွေကဘာတွေလဲ အဓိကရောဂါလက္ခဏာကတော့ ဗိုက်အောင့်တာဖြစ်ပြီး ချက်ရဲ့ အနီးအပေါ်အလယ်ပိုင်းမှာ စပြီးအောင့်လေ့ရှိပါတယ်။ ၎င်းနာတာက တဖြည်းဖြည်းနဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Hiatal Hernia (ရင်ခေါင်းတွင်းသို့ အစာအိမ်ကျွံဝင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Hiatal Hernia (ရင်ခေါင်းတွင်းသို့ အစာအိမ်ကျွံဝင်ခြင်း) ကဘာလဲ။ ရင်ခေါင်းတွင်းသို့အစာအိမ်ကျွံဝင်ခြင်း ဆိုသည်မှာ အ စာအိမ် အပေါ်ပိုင်းသည် ရင်ဝမ်းတားကြွက်သား ၏ အပေါက် မှ ကျွံထွက်သော အခြေအနေကို ခေါ်ပါသည်။ ရင်ဝမ်းတား ကြွက်သားသည် အစာအိမ်ကို ရင်ခေါင်းမှ ခြားထားသော ကြွက်သား အကာအယံတစ်ခု ဖြစ်ပါသည်။ ရင်ဝမ်းတားကြွက်သားသည် အစာရေမြိုပြွန်အတွင်းသို့ အစာအိမ်တွင်းမှ အက်စစ်များ တက်မလာအောင် ကူညီ ပေး ပါသည်။ ရင်ခေါင်းတွင်းသို့အစာအိမ်ကျွံဝင်ခြင်း ရှိပါက အက်စစ်များ တက်လာရန် ပို၍လွယ်ကူစေပါသည်။ အစာအိမ် မှ အက်စစ်များ အစာရေမြိုပြွန် အတွင်းသို့ လျှံတက်ခြင်းကို gastroesophageal reflex disease (GERD) ဟု ခေါ်ပါ သည်။ ဤရောဂါသည် အစာအိမ်နှင့် လည်ချောင်းတွင် ဆိုးကျိုးများ ဖြစ်ပေါ်စေပါသည်။ Hiatal Hernia (ရင်ခေါင်းတွင်းသို့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်