အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ ဝမ်းချုပ်တာကစလို့ ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-that-can-cause-diarrhoea/ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ ရေသောက်နည်းလို့  ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲက အညစ်အကြေးတွေ အဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ […]

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အစာအိမ်နှင့်အူလမ်းကြောင်း ကျန်းမာရေး

ဂလတ်တို့စ် ဓါတ် ကို မချေဖျက်နိုင်သော ရောဂါ

သင်သည်ကလေးယူဖို့ မစဉ်းစားခင် သင့်မိသားစုတွင် ဂလတ်တို့စ် ဓါတ် မချေဖျက်နိုင်သော မျိုးရိုးလိုက်သော ရောဂါရှိမရှိ အရင်စစ်ဆေးသင့်သည်။ အကယ်၍ ရှိလျှင် သင့်ကလေးတွင် ထိုရောဂါဖြစ်နိုင်ချေ အန္တရာယ်ရှိပါသည်။ ဂလတ်တို့စ် ဓါတ်ကို မချေဖျက်နိုင်သော ရောဂါဆိုသည်မှာ အဘယ်နည်း။ ဂလတ်တို့စ်ဓါတ် မချေဖျက်နိုင်သော ရောဂါဆိုသည်မှာ နို့ထွက်ကုန်များတွင် ပါသော သကြားဓါတ်တစ်မျိုး၊ ဂလတ်တို့စ် ဓါတ်ကို မချေဖျက်နိုင်သော ရောဂါဖြစ်သည်။ ထိုရောဂါရှိခြင်းသည် သွေးထဲတွင် အသုံးမပြုသော ဂလတ်တို့စ်သကြားဓါတ်များ အလွန်များပြားနေသည်ဟု ဆိုလိုသည်။ သင် နို့ထွက်ကုန်များ စားသုံးသောအခါ လတ်တို့စ် ဓါတ်သည် ဂလူးကို့စ် နှင့် ဂလတ်တို့စ် ဓါတ် အဖြစ်ပြိုကွဲသည်။ ဂလတ်တို့စ်ဓါတ်ကို မချေဖျက်နိုင်သော ရောဂါရှိသူများတွင် မည့်သည့်နို့ (မိခင်နို့ (သို့) တိရိစ္ဆာန်နို့) အမျိုးအစားကိုမှ မချေဖျက်နိုင်ပါ။ သူတို့သည် ဂလတ်တို့စ် ဓါတ်ပါသော အစားအသောက်တိုင်းကို […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သန်ချဖို့ လိုနေပြီလား သိနိုင်ဖို့

သန်ကျဆေး ဘယ်လောက်စွမ်းကြောင်း ၊ဘယ်လောက်ကောင်းကြောင်းကို တီဗီကြော်ငြာတွေမှာတွေ့နေရပေမယ့် ရွံစရာကြီးပါကွာ ဆိုပြီး မျက်နှာလွှဲခဲ့ကြတာများပါတယ်။ အမှန်က သန်ကောင်၊ တုတ်ကောင်ဆိုတာနဲ့ ရွံစရာအကောင်တွေအဖြစ် ပြေးမမြင်ဘဲ ကိုယ့်ခန္ဓါကိုယ်ထဲကနေ ဖယ်ရှားရှင်းလင်းပစ်သင့်တဲ့ ကပ်ပါးတွေအဖြစ် တွေးလိုက်ရမှာပါ။ ခန္ဓါကိုယ်ကျန်းမာရေးနဲ့ သန့်ရှင်းရေးအတွက် အခါအားလျော်စွာ သန်ချပေးဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒီတစ်ခေါက်တော့ သန်ချဖို့ လိုနေပြီလား သိနိုင်ဖို့ ဗဟုသုတလေး မျှဝေပေးလိုက်ပါတယ်။ သန်ကောင်တွေ ဘယ်လို ကူးစက်သလဲ သန်ကောင်တွေဟာ သက်ရှိသတ္တဝါတွေရဲ့ခန္ဓါကိုယ်တွင်းမှာ ကပ်တွယ်ရှင်သန်တဲ့ ကပ်ပါးပိုးတွေဖြစ်ပြီး လက်ခံ ခန္ဓါကိုယ်က စားသုံးသမျှအာဟာရကို မှီခိုနေကြပါတယ်။ သန်ကောင်ပိုးဝင်ရောက်နိုင်တဲ့နည်းလမ်းကအများကြီးရှိပါတယ်။ အဖြစ်များဆုံးကတော့ အစားအသောက်တဆင့် ကူးစက်ရရှိတာပဲဖြစ်ပါတယ်။ ဥပမာ ကြက်သားနဲ့ဝက်သားအစိမ်းတွေမှာ သန်ကောင်ဥတွေ ပါလာတတ်ပါတယ်။ မကျက်တကျက်ကို စားသုံးမိရင် အဲဒီသန်ကောင်ပိုးတွေခန္ဓါကိုယ်ထဲရောက်ရှိရှင်သန်စေနိုင်ပါတယ်။ အဲဒီသားစိမ်းငါးစိမ်းတွေကို အသီးအရွက်တွေနဲ့ရောနှောထားရှိရင်လည်း ထပ်ပြန့်စေတာပေါ့။ နောက်တစ်ခုကရေ။ မသန့်ရှင်းတဲ့ရေ ကိုသောက်မိရင်လည်း သန်ကောင်ကူးစက်ခံရနိုင်ပါတယ်။ ဒါ့အပြင် လက်မသန့်တာ၊ခွေး၊ကြောင် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Mesenteric lymphadenitis (အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Mesenteric lymphadenitis (အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်း) ကဘာလဲ။ အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်းဟာ ကလေးတွေနဲ့ ဆယ်ကျော်သက်တွေမှာ အဓိက အဖြစ်များတဲ့ ရောဂါတမျိုး ဖြစ်ပြီး ဝမ်းဗိုက်အတွင်းမှာရှိတဲ့ လင့်ဖ်အကြိတ်တွေကို ရောင်ရမ်းဖောင်းကားလာစေပါတယ်။ လင့်ဖ်အကြိတ်ဆိုတာဟာ ပဲစေ့အရွယ် သေးငယ်တဲ့ အင်္ဂါလေးတွေဖြစ်ပြီး လင်ဖိုဆိုက်လို့ခေါ်တဲ့ သွေးဖြူဥတမျိုး ပါဝင်ပါတယ်။ ဒီအကြိတ်တွေဟာ လင့်ဖ်ပြန်ရည်ကြောစနစ်ရဲ့ အစိတ်အပိုင်းတွေပဲ ဖြစ်ပြီး ခန္ဓါကိုယ်ရဲ့ ခုခံအားစနစ်မှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သူတို့ဟာ လင့်ဖ်ပြန်ရည်မှာ ပါဝင်လာတဲ့ ဘက်တီးရီးယားတွေနဲ့ အခြားသော ပိုးမွှားတွေကို စစ်ထုတ်ပေးတာမို့ အဆိုပါ အန္တရာယ်ရှိတဲ့ အရာတွေကို ခန္ဓါကိုယ်ကနေ ဖယ်ထုတ်ပေးနိုင်ပါတယ်။ အူ အမြှေးပါးလင့်ဖ်အကြိတ်ရောင်ခြင်း ရောဂါဟာ အူနဲ့ ဝမ်းဗိုက်နံရံကို ဆက်သွယ်ပေးထားတဲ့ တစ်ရှူးတမျိုး (mesentery)မှာပါဝင်တဲ့ လင့်ဖ်အကြိတ်တွေကို ထိခိုက်စေတာ ဖြစ်ပါတယ်။ Mesenteric lymphadenitis (အူ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Polyp, Rectum (အူမကြီးအလုံးတည်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Polyp, Rectum (အူမကြီးအလုံးတည်ခြင်း) ကဘာလဲ။ အူမကြီးအနားသတ်တစ်လျှောက် အလုံးပေါ်ခြင်းဖြစ်ပါတယ်။ အလုံးတွေက အရွယ်အစားအမျိုးမျိုး၊ အရေအတွက်အမျိုးအမျိုး ဖြစ်နိုင်ပါတယ်။ အူမကြီးအလုံး သုံးမျိုးအသုံးစား/ရှိပါတယ်။ ဟိုက်ပါပလတ်စတစ်အလုံးက အန္တရာယ်မဖြစ်တတ်ပါဘူး။ ကင်ဆာအဖြစ်ကိုလည်း မပြောင်းပါဘူး။ အက်ဒီနိုမေတတ်စ်အလုံးက အဖြစ်အများဆုံးဖြစ်ပါတယ်။ အများစုက ကင်ဆာအဖြစ်မပြောင်းသွောသော်လည်း အူမကြီးကင်ဆာဖြစ်နိုင်ချေတော့ ရှိပါတယ်။ ကင်ဆာမြစ်ပွားနာအလုံးကတော့ အနုကြည့်မှန်ပြောင်းကနေ အသားလုံးကိုကြည့်တဲ့အခါမျာ ကင်ဆာဆဲလ်တွေကို မြင်ရခြင်းဖြစ်ပါတယ်။ Polyp, Rectum (အူမကြီးအလုံးတည်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများPolyp, Rectum (အူမကြီးအလုံးတည်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အူမကြီးအလုံး ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ ဝမ်းထဲတွင်သွေးပါခြင်း တစ်ပတ်ထက်ပိုပြီး နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်း၊ ဝမလျှောခြင်း၊ ဝမ်းချူပ်ခြင်း အလုံးတည်နေချိန်မှာ ပျို့အန်ခြင်း မူးဝေခြင်း အများစုမှာ လက္ခဏာမပြတတ်ပါဘူး။ အူမကြီးကင်ဆာစမ်းသပ်တဲ့အခါမှသာ တွေ့လေရှိပါတယ်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူနိုင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) ကဘာလဲ။ နို့သကြားဓါတ်မစုပ်ယူနိုင်သောသူများဆိုသည်မှာ နို့တွင်ပါဝင်သောသကြားဓါတ်အားကောင်းမွန်စွာမချေဖျက်နိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ပါက ထွက်ပစ္စည်းများစားမိပါကဝမ်းလျောခြင်း လေပွခြင်းများကိုခံစားရတတ်သည်။ နို့သကြားကောင်းမွန်စွာမစုပ်ယူနိုင်ခြင်းဟုလည်းခေါ်သည်။ ဤအခြေအနေသည်များသောအားဖြင့် အန္ဓါရယ်မရှိတတ်သော်လည်းရောဂါ လက္ခဏာများက မသက်မသာဖြစ်စေတတ်သည်။ လက်တေ့ ချို့တဲ့ခြင်း( အူသေးမှထုတ်သောအရာတစ်ခု) ကြောင့်ဖြစ်တတ်သည်။ များသောအားဖြင့် လက်တေံ အနည်းငယ်ရှိတတ်သဖြင့် နို့ထွက်ပစ္စည်းများအားအစာချေနိုင်သည်။ အမှန်တကယ် နို့သကြားဓါတ်မခံနိုင်သူဖြစ်ပါက နို့ပါသောအစာစားပြီးရုံဖြင့် လက္ခဏာများပြတတ်သည်။ များသောအားဖြင့်နို့ထွက်စာရှောင်စေခြင်းဖြင့် စီရင်နိုင်သည်။ Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများLactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ နို့သကြားဓါတမစုပ်ယူနုင်သူသည် နို့တွင်ပါသော သကြားဓါတ်စားပြီး မိနစ်သုံးဆယ်မှ နှစ်နာရီအတွင်း ရောဂါလက္ခဏာပြတတ်သည်။ အဖြစ်များသောလက္ခဏာများမှာ ဝမ်းလျောခြင်း ပျို့ခြင်း တခါတရံအန်ခြင် ဗိုက်အောင့်ခြင့် ဗိုက်ဖောင်းခြင်း လေပွခြင်းများဖြစ်တတ်သည်။ အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Encopresis (ဝမ်းပေကျံခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Encopresis (ဝမ်းပေကျံခြင်း) ကဘာလဲ။ Encopresis ဆိုသည်မှာ ကိုယ်တိုင်အိမ်သာသွားတတ်သည့်အရွယ် ကလေးငယ်များတွင် အောက်ခံဘောင်းဘီ၌ ဝမ်းများပေကျံခြင်းကိုဆိုလိုပါသည်။ ကလေးငယ်များ ဝမ်းကိုထိန်းတတ်သော်လည်း အသက် ၄ နှစ်အထက်မဟုတ်လျှင် ဒီရောဂါဟု ဆရာဝန်များက မယူဆပါ။ ဤကဲ့သို့ ဝမ်းပေကျံခြင်းသည် ရုပ်ဆိုင်ရာအရ ဖြစ်ရသည့်အကြောင်းရှိသလို ကလေးကိုယ်တိုင် တမင်လုပ်ခြင်းမဟုတ်ပဲ တစ်နည်း စိတ်နှင့်ထိန်းမရပဲ ပေကျံခြင်းဖြစ်ပါသည်။ Encopresis (ဝမ်းပေကျံခြင်း) က ဘယ်လောက်အဖြစ်များသလဲ US တွင် အသက် ၁၀ နှစ်အောက်ကလေး ၁ – ၂% အထိ Encopresis ဖြစ်နေပါသည်။ မိန်းကလေးများထက် ယောက်ျားလေးများတွင် အဖြစ်များပြီး ဖြစ်ရပ် ၈၀% တွင် ယောက်ျားလေးများသာ ဖြစ်လေ့ရှိသည်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးသင့်ပါသည်။ လက္ခဏာများEncopresis (ဝမ်းပေကျံခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ Encopresis ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာများမှာ- အောက်ခံဘောင်းဘီတွင် ဝမ်း […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) ကဘာလဲ။ အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းတွင် အီရိုစင်နိုဖေးလ်ဟုခေါ်သော သွေးဖြူဥတစ်မျိုးသည် အသာရေမျိုပြွန်နံရံတွင် စုပုံလာပါသည်။ ၎င်းသည် အစာ၊ အလာဂျင် သို့မဟုတ် အစာချေအက်စစ် ပြန်တက်ခြင်းအား တုန့်ပြန်ခြင်းဖြစ်ပြီး အစာရေမျိုတစ်ရှူးများကို ထိခိုက်ရောင်ရမ်းစေနိုင်၏။ ပျက်စီးနေသော အစာရေမျိုပြွန်တစ်ရှူးများကြောင့် မျိုချရခက်ခြင်း သို့မဟုတ် မျိုချသည့်အခါ အစာတစ်နေခြင်းမျိုး ဖြစ်နိုင်ပါသည်။ အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းမှာ နာတာရှည် ကိုယ်ခံအားစနစ် ရောဂါမျိုးဖြစ်သည်။ လွန်ခဲ့သည့် ဆယ်စုနှစ် ၂ ခုလောက်ကမှသာ သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သော်လည်း ယခုအခါ အဖြစ်များဆုံး အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ အဖြစ် ယူဆနေရပါသည်။ သုတေသနများ ဆက်လုပ်နေပြီး ရောဂါအမည်တပ်ခြင်းနှင့် ကုသမှုများအား ပြန်လည်စစ်ဆေးရန် ဦးတည်လျက်ရှိပါသည်။ Eosinophilic esophagitis (အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ အီရိုစင်နိုဖေးလ်ကြောင့် အစာရေမျိုပြွန်ရောင်ခြင်းမှာ ကလေး ၁၀၀၀ လျှင် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ကဘာလဲ။ အူလမ်းကြောင်းပိတ်ခြင်းဆိုတာ သင့်ရဲ့ အူသိမ် သို့ အူမကြီး လုံး၀ သို့ တစိတ်တပိုင်းပိတ်ခြင်းဖြစ်တယ်။ ထိုပိတ်ဆို့သွားခြင်းဟာ အစာ၊ အရည်နဲ့ ဂက်စ်တွေကို အူအတွင်း သာမန်လမ်းကြောင်းအလိုက် ရွေ့ခြင်းကိုတားဆီးတယ်။ နာလိုက်ပျောက်လိုက်ဖြစ်တတ်တဲ့ ပြင်းထန်တဲ့နာကျင်မှုကိုလည်းဖြစ်စေနိုင်ပါတယ်။ Bowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ များသောအဖြင့်တော့ ဖြစ်လေ့မရှိပါဘူး။ အသေးစိတ်အချက်အလက်အတွက် ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လက္ခဏာများBowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အူလမ်းကြောင်းပိတ်ခြင်းမှာ တွေ့ရလေ့ရှိတဲ့ လက္ခဏာတွေကတော့ – နာလိုက်၊ ပျောက်လိုက်ဖြစ်တတ်သည့် ဆွဲဆုတ်ထားသကဲ့သို့ ဗိုက်နာခြင်း။ အစားအသောက်ပျက်ခြင်း။ ဝမ်းချုပ်ခြင်း အန်ခြင်း အူမလှုပ်ရှားနိုင်ခြင်း၊ လေမလည်နိုင်ခြင်း။ ဝမ်းဗိုက်ဖောင်းနေခြင်း။ ဖော်ပြထားတာတွေအပြင်တခြားအချက်တွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။   ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ ပြင်းပြင်းထန်ထန်နဲ့ ဆက်တိုက် ဗိုက်အောင့်၊ ဗိုက်နာနေမယ်ဆိုရင်တော့ ဆရာဝန်ချက်ခြင်းပြပါ။ ဒါဟာ အူလမ်းကြောင်းပေါက်သွားတာကြောင့် အူကိုထောက်ပံ့နေတဲ့ သွေးလမ်းကြောင်း ပြတ်တောက်သွားတာဖြစ်နိုင်ပြီး အရေးပေါ်အခြေအနေဖြစ်တယ်။ အကြောင်းရင်းများBowel obstruction (အူလမ်းကြောင်းပိတ်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ အကျိတ်များ၊ အမာတ်ရွတ်တစ်သျူး၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Anal Fistula ( ဂရင်ဂျီနာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Anal Fistula ( ဂရင်ဂျီနာ) ကဘာလဲ။ ဂရင်ဂျီနာဆိုတာ အူလမ်းကြောင်းအဆုံးနဲ့ စအိုဝအနားက အရေပြားကြားထဲမှာ လမ်းကြောင်းဖြစ်နေခြင်း ဖြစ်ပါတယ်။ စအိုဟာ ကိုယ်ခန္ဓါကနေ မစင်တွေကို စွန့်ထုတ်တဲ့အစိတ်အပိုင်းဖြစ်ပါတယ်။ ယေဘုယျအားဖြင့် စအိုထဲမှာ ဂလင်းအသေးလေးတွေ ရှိပါတယ်။ အဲဒီဂလင်းလေးတွေဟာ အကြောင်းတခုခုကြောင့် ပိတ်သါားတတ်ပါတယ်။ ပြည်တည်နာဖြစ်ခြင်း၊ ပိုးဝင်ပြီးအခေါင်းပေါက်ဖြစ်ခြင်း စတာတွေကြောင့် ဖြစ်ပါတယ်။ စအိုအတွင်းပိုင်း ပြည်တည်ရင် ခွဲစိတ်ရပါတယ်။ ပြည်တည်နာတွေရဲ့ ၅၀%ခန့်ဟာ ဂရင်ဂျီနာဖြစ်သွားတတ်ပါတယ်။ ဂရင်ဂျီနာဖြစ်ရင် သက်တောင့်သက်သာမဖြစ်ဘဲ ယားယံခြင်း၊ နေရထိုင်ရခက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် ဆိုးရွားရှုပ်ထွေးတဲ့ အခြေအနေ မဟုတ်ပါဘူး။ အများစုမှာ ခွဲစိတ်ရပါတယ်။ Anal Fistula ( ဂရင်ဂျီနာ) က ဘယ်လောက်အဖြစ်များသလဲ အဖြစ်များပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားများထက် ပိုဖြစ်တတ်ပါတယ်။ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေအန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။ ပိုသိရအောင် ဆရာဝန်နဲ့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Abdominal Pain (ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Abdominal Pain (ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်း) ကဘာလဲ။ ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်းဆိုတာ မွေးရာပါချို့ယွင်းချက် ဖြစ်ပြီး အစာအိမ်၊ အူများနဲ့ တခြား ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေဟာ ဝမ်းဗိုက်ရဲ့ ပုံမှန်မဟုတ်တဲ့ အပေါက်ကနေ အပြင်ဘက်ကို ထွက်နေခြင်း ဖြစ်ပါတယ်။ သန္ဓေသား ဖွံ့ဖြိုးကြီးထွားလာချိန်မှာ သားအိမ်ထဲမှာ မမျှော်လင့်တဲ့ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပါတယ်။ အထူးသဖြင့် အစာအိမ်၊ အူများနဲ့ တခြား အင်္ဂါအစိတ်အပိုင်းတွေဟာ သန္ဓေသားရဲ့ ဝမ်းဗိုက်အပြင်ပိုင်းမှာ ဖွံ့ဖြိုးကြီးထွားလာပါတယ်။ တဖြည်းဖြည်းကြီးထွားလာတာနဲ့အမျှ ဝမ်းဗိုက်နံရံဟာ ဒီအစိတ်အပိုင်းတွေကို ဖုံးအုပ်ပြီး ပိတ်သွားပါတယ်။ တခါတရံ ချို့ယွင်းမှုဖြစ်ချိန်မှာ အင်္ဂါအစိတ်အပိုင်းတွေဟာ ဝမ်းဗိုက်ရဲ့ အပြင်ဘက်မှာ ကျန်ရစ်ခဲ့ခြင်းမျိုး ဖြစ်တတ်ပါတယ်။ ဝမ်းဗိုက်နံရံ ချို့ယွင်းခြင်းဟာ ဖွံ့ဖြိုးပြောင်းလဲမှုပေါ် မူတည်ပြီး ၂မျိုးဖြစ်တတ်ပါတယ်။ သူတို့ကို omphalocele နဲ့ Gastroschisis လို့ ခေါ်ပါတယ်။ Gastroschisis […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်