အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ ဝမ်းချုပ်တာကစလို့ ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-that-can-cause-diarrhoea/ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ ရေသောက်နည်းလို့  ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲက အညစ်အကြေးတွေ အဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ […]

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Esophageal Atresia (အစာရေမြို ပိတ်တယ် )

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophageal Atresia (အစာရေမြို ပိတ်တယ် ) ကဘာလဲ။ အစာရေမြို ပိတ်တယ်ဆိုတာ ဟာ ကိုယ်ဝန်ဆောင်စဉ်အတွင်း(ကြီးထွား၊ ဖွံ့ဖြိုးချိန်)မှာ အစာရေမြိုက ပိတ်သွားတာကို ဆိုလိုပါတယ်။ ပုံမှန်အားဖြင့် ပါးစပ်နဲ့ အစာအိမ်ကို ဆက်ထားပေးတဲ့ ပြွန်ဖြစ်သွားရမယ့်အစား အစာရေမြိုဟာ မဆက်ဘဲသက်သက်စီ အစိတ်အပိုင်းနှစ်ခု အဖြစ်ကွဲသွားပါတယ်။ အဲလိုအခြေအနေတွေဟာ ကိုယ်ဝန် လေးပတ်လောက်မှာ ဖြစ်လေ့ရှိပါတယ်။ အစာရေမြို ပိတ်တဲ့ အမျိုးအစား ၅မျိုးလောက်ရှိပါတယ်။ အစာရေမြိုမှ ပုံမှန်သွယ်ဆက်လေ့မရှိသော နေရာနဲ့ ဆက်သွယ်ထားတဲ့ ပြွန်နဲ့ အတူ ဖြစ်နိုင်ပါတယ်။ A အမျိုးအစား- အစာရေမြိုမှ ပုံမှန်သွယ်ဆက်လေ့မရှိသော နေရာနဲ့ ဆက်သွယ်ထားတဲ့ ပြွန် မဖြစ်ပေါ်ဘဲ အစာရေမြို ပိတ်ခြင်း။ (၁၀%) B အမျိုးအစား- အပေါ်ဘက် အစာရေမြို အပိုင်းသို့ ပြန်ဆက်သွားတဲ့ ပြွန်ဖြစ်ပေါ်ပြီး အစာရေမြို ပိတ်ခြင်း။ C အမျိုးအစား- […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Anal Abscess (စအိုပြည်တည်နာ )

အဓိပ္ပါယ်ဖွင့်ဆိုချက်Anal Abscess (စအိုပြည်တည်နာ ) ကဘာလဲ။ စအိုပြည်တည်နာသည် စအိုရှိ အကြိတ်ဂလင်းများ၌ ရောဂါပိုး ကူစက်ခြင်းကြောင့် ဖြစ်ပေါ်လာပါသည်။ စအိုဝန်းကျင်၌ ပြည်များကို ဖြစ်ပေါ်စေပါသည်။ စအို၀ ဝန်းကျင်၌ အဖြစ်အများဆုံး ဖြစ်ပါသည်။ မမြင်သာသော စအို၏ အတွင်းပိုင်း တစ်ရှုးများ တွင်လည်း ဖြစ်နိုင်ပါသည်။   ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းဖြင့် စအိုပြည်တည်နာကို ထိန်းချုပ် ကာကွယ် နိုင်ပါသည်။ အခြား အချက်အလက်များ ထပ်မံ သိရှိနိုင်ရန် ဆရာဝန်နှင့် ဆွေးနွေး တိုင်ပင် သင့်ပါသည်။   လက္ခဏာများAnal Abscess (စအိုပြည်တည်နာ ) ရဲ့လက္ခဏာတွေကဘာတွေလဲ စအိုပြည်တည်နာ၏ အဖြစ်အများဆုံး ရောဂါလက္ခဏာသည် စအို၌ စူးရှစွာ နာကျင်ခြင်း ဖြစ်ပါသည် (အထူးသဖြင့် ထိုင်နေချိန်)။ အခြားလက္ခဏာများမှာ စအို၌ ယားယံခြင်း၊ ပြည်ယိုခြင်း နှင့် ဝမ်းချုပ်ခြင်းတို့ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Bowel Incontinence (ဝမ်းမထိန်းနိုင်ခြင်းဆိုတာဘာလဲ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bowel Incontinence (ဝမ်းမထိန်းနိုင်ခြင်းဆိုတာဘာလဲ) ကဘာလဲ။ ဝမ်းမထိန်းနိုင်ဘူးဆိုတာ အူရွေ့လျားမှုတွေမူမမှန်တော့တဲ့ အခြေအနေတစ်ရပ်ပါ။ ပုံမှန်လူတွေမှာဆို အူတွေက လှုပ်ရှားနေကျအတိုင်း လှုပ်ရှားနေပါတယ်။ ဒါပေမယ့် ဝမ်းမထိန်းနိုင်တဲ့လူတွေမှာတော့ ညဘက် မစင်ယိုစိမ့်ထွက်ခြင်း အဖြစ်များပါတယ်။ ကျွန်တော်တို့စားသောက်ပြီးနောက်မှာ မချေဖျက်ရသေးတဲ့အစာတွေ၊ ဘက်တီးရီးယားတွေ၊ အကျိအချွဲတွေနဲ့ ဆဲလ်သေတွေ ပေါင်းပြီး အစိုင်အခဲပုံစံကြီးတစ်ခုဖြစ်လာပါတယ်။ ယင်းအရာကိုတော့ မစင်လို့ခေါ်ပါတယ်။ ထို့နောက် အူတွေကို ဖြတ်သန်းပြီး စအိုကနေ ခန္ဓါကိုယ်အပြင်ဘက်သို့ စွန့်ထုတ်လိုက်ပါတယ်။ ယင်းဖြစ်စဉ်တစ်ခုလုံးကို အူရွေ့လျားခြင်းလို့ခေါ်ပါတယ်။ အူရဲ့လုပ်ငန်းဆောင်တာတွေ ပုံမှန်မဟုတ်တော့တဲ့အခါမှာ ဝမ်းမထိန်းနိုင်ခြင်း ဖြစ်လာပါတယ်။ ဘယ်အချိန်မှာ ဝမ်းသွားရမယ်၊ ဘယ်အချိန်မှာ ထိန်းထားရမယ်ဆိုတာ မသိတော့တာကြောင့် ကသိကအောက်ဖြစ်ရပါတယ်။ ကံကောင်းထောက်မစွာဖြင့် ဝမ်းမထိန်းနိုင်ခြင်းက ဆိုးဆိုးရွားရွားရောဂါတစ်ခုမဟုတ်ပဲ ကုသပျောက်ကင်းနိုင်ပါတယ်။ Bowel Incontinence (ဝမ်းမထိန်းနိုင်ခြင်းဆိုတာဘာလဲ) က ဘယ်လောက်အဖြစ်များသလဲ အသက်အရွယ်မရွေး တော်တော်လေးအဖြစ်များပါတယ်။ အန္တရယ်ရှိအချက်များကို လျော့ချခြင်းဖြင့် ရင်ဆိုင်နိုင်ပါတယ်။ နောက်ထပ်သိရှိလိုသည်များအတွက် ဆရာဝန်ဖြင့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) ကဘာလဲ။ အစာချေစနစ်သည် ကိုယ်ထဲရှိ အကောက်အကွေ့များနှင့် ကျယ်ပြန့်သော ပါးစပ်မှသည် စအိုအထိ ရှည်လျားသော အစိတ်အပိုင်း ဖြစ်ပါသည်။ အစာချေလမ်းကြောင်းမှသည် ကိုယ်ခန္ဓာအတွက် လိုအပ်သော အစာဟာရများကို စုပ်ယူပြီး မလိုအပ်သော အညစ်အကြေးများကို ပြင်ပသို့ စွန့်ထုတ်ပေးပါသည်။ အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများဖြစ်လာလျှင် မကုသဘဲ ပစ်ထားပါက ပိုပြင်းထန်လာစေပြီး နာတာရှည်လာစေပါသည်။ အများအားဖြင့် အစာအိမ်မှ အက်ဆစ်များအပေါ်လျှံတက်ပြီး ရင်ပူခြင်း၊အူရောင်ခြင်းနှင့် ဝမ်းလျှောခြင်းတို့ အဖြစ်များပါသည်။ Digestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) က ဘယ်လောက်အဖြစ်များသလဲ အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများသည် အဖြစ်များပါသည်။ သို့သော် ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။   လက္ခဏာများDigestive Disorders (အစာချေဖျက်ခြင်းနှင့် ပတ်သက်သော မူမမှန်မှုများ) […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Esophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Esophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း) ကဘာလဲ။ အစာအိမ်နဲ့ လည်မျိုကိုဆက်ပေးထားတဲ့ ပြွန်အစာရေမျိုပြွန်ရှိ သွေးပြန်ကြောများဖောင်းခြင်းကြောင့်ဖြစ်တဲ့ ပုံမှန်မဟုတ်တဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။ ပြင်းထန်တဲ့အသည်းရောဂါသည်တွေမှာ ဖြစ်လေ့ရှိပါတယ်။ အသည်းကိုစီးတဲ့သွေးစီးကြောင်းကို သွေးခဲဒါမှမဟုတ် အသည်းအမာရွတ်တစ်ရှူးက ပိတ်ဆို့လိုက်တဲ့အခါမှာ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ ပိတ်ဆို့မှုတွေကြောင့် သွေးတွေက သွေးအများကြီးကိုလက်ခံသယ်မပေးနိုင်တဲ့ သွေးကြောငယ်လေးတွေအတွင်းကို စီးဝင်သွားပါတယ်။ သွေးကြောလေးတွေမှာ သွေးယိုစိမ်ြ့ခင်းနဲ့ အသက်အန္တရာယ်ကိုတောင်ပေးနိုင်တဲ့သွေးထွက်ခြင်းတွေထိဖြစ်သွားနိုင်တဲ့ သွေးကြောပေါက်သွားခြင်းအထိဖြစ်နိုင်ပါတယ်။ သွေးထွက်ထားခြင်းဖြစ်ထားမယ်ဆိုရင် နောက်တစ်ကြိမ်ဖြစ်နိုင်ချေကမြင့်လာပါတယ်။ သွေးတွေအများကြီးဆုံးရှုးံရမယ်ဆိုရင် ရှော့ခ်ရသွားနိုင်ပြီး သေစေနိုင်ပါတယ်။ Esophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများEsophageal Varices (အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ သွေးမထွက်မချင်း လက္ခဏာမပြပါဘူး။ အစာရေမျိုပြွန် သွေးပြန်ကြောများဖောင်းခြင်း ရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့ သွေးအန်ခြင်း ဝမ်းမည်းမည်းကတ္တရာစေးရောင်သွားခြင်း လစ်ဟာဟာဖြစ်ခြင်း သတိလစ်ခြင်း( ပြင်းထန်တဲ့အခြေအနေတွေမှာ) အသားမျက်လုံးဝါခြင်း ၊ သွေးထွက်လွယ်ခြင်း၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Cardiospasm (အစာနင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်အစာနင်ခြင်း ဆိုတာဘာလဲ။ အစာတွေအရည်တွေ အစာအိမ်ထဲရောက်သွားဖို့အတွက် ခက်ခဲခြင်းကိုဖြစ်စေတဲ့ တွေ့ရနည်းတဲ့ပြဿနာတစ်ခုဖြစ်ပါတယ်။ အစာနင်ခြင်းက အစာရေမျိုပြွန်က အစာတွေကိုအောကိကိုညှစ်ချနိုင်စွမ်း မရှိတော့ခြင်းဖြစ်ပါတယ်။ အစာအိမ်နဲ့အစာရေမျိုပြွန်ကြား ကြွက်သားအဆက်က ပြည့်ပြည့်၀၀မလျော့နိုင်တော့တဲ့အခါမှာလည်း ဖြစ်ပါတယ်။ အစာနင်းခြင်းအကြောင်းရင်းကို မသိသေးပေမဲ့ အစာရေမျိုပြွန်ကြွက်သားတွေပျက်စီးသွားခြင်းနဲ့ ပိုအရေးကြီးတာက ကြွက်သားတွေကိုထိန်းချုပ်တဲ့အာရုံကြောတွေ ပျက်စီးသွားခြင်းဖြစ်ပါတယ်။ နောက်ဆက်တွဲတွေကတော့ အဆုတ်ပြဿနာတွေနဲ့ ကိုယ်အလေးချိန်ကျခြင်းဖြစ်ပါတယ်။ အစာနင်ခြင်းက အစာရေမျိုကင်ဆာဖြစ်နိုင်ချေကို များစေပါတယ်။ သေချာတော့ဖေြာ်ပထားခြင်းမရှိပါဘူး။   Cardiospasm (အစာနင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများCardiospasm (အစာနင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ အစာနင်တတ်တဲ့လူနာတွေမှာ မျိုချရခက်ခြင်းဒါမှမဟုတ်အစာရေမျိုအတွင်း အစာများကပ်ကျန်နေသလိုခံစားရခြင်းတွေ ဖြစ်ပါတယ်။ အစာမမျိုနိုင်ခြင်းလို့လည်း ခေါ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ ချောင်းဆိုးခြင်းသီးခြင်း တွေဖြစ်ုနိင်ပါတယ်။ အခြားလက္ခဏာတွေကတော့ · ရင်ဘတ်အောင့်ခြင်း၊ မအီမလည်ဖြစ်ခြင်း · ကိုယ်အလေးချိန်ကျခြင်း · အစားစားပြီး ပြင်းပြင်းထန်ထန်နာခြင်း မအီမလည်ဖြစ်ခြင်း · အစာရောအရည်ရောမျိုချရခက်ခြင်း · အစာေရေမျိုအတွင်း အစာရေများဖောင်းနေခြင်းကြောင့် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Interstitial Hernia(အူကျခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Interstitial Hernia (အူကျခြင်း) ကဘာလဲ။ Interstitial hernia( အူကျခြင်း) ဆိုတာဟာ ခန္ဓါကိုယ်အတွင်းရှိ အစိတ်အပိုင်း အတွင်းကလီစာ တစ်ခုခုက ပုံမှန်ကာကွယ်ထားတဲ့ ကြွက်သား(သို့) တစ်ရှုးတစ်ခုခုကို တွန်းပြီး ထွက်လာတာကို ခေါ်ပါတယ်။ များသောအားဖြင့် ပေါင်ခြံ ပိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ interstitial hernia ဟာ တစ်ခါတစ်လေမှာ အရှေ့ဘက် ဝမ်းဗိုက်ပိုင်းရဲ့ အလွှာတွေကြားက ဖြတ်လာတတ်ပါတယ်။ ကျွံလာတဲ့ အစိတ်အပိုင်းအိတ်ဟာ ဝမ်းဗိုက်ကြွက်သား အလွှာတွေကြားမှာ ရှိနေလေ့ရှိပါတယ်။ Interstitial Hernia (အူကျခြင်း) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ ဘယ်အသက်အရွယ်မှာ မဆို ဖြစ်နိုင်ပါတယ်။ အမျိုးသမီးတွေထက် အမျိုးသားတွေမှာပို ဖြစ်လေ့ရှိပါတယ်။ ဒါပေမယ့် အဲလိုဖြစ်တာကိုအားပေးတဲ့ အချက်တွေကို လျှော့ချခြင်းဖြင့် ရောဂါကို ထိန်းချုပ်နိုင်ပါတယ်။ နောက်ထပ် သတင်း အချက်အလက်တွေအတွက် ဆရာဝန်နဲ့ ဆက်လက် ဆွေးနွေးနိုင်ပါတယ်။ လက္ခဏာများInterstitial Hernia […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

သင့်တော်တဲ့ စားသောက်မှုမရှိလျှင် အစာခြေစနစ်ဘယ်လိုဖြစ်သွားမလဲ

လူတွေရဲ့ အစာခြေစနစ်မှာ ပါးစပ်၊ လည်ချောင်း၊ အစာရေမြိုပြွန်၊ အစာအိမ်၊ အူသိမ်၊ အူမ၊ အသည်း၊ သရက်ရွက်၊ သည်းခြေအိတ်နဲ့ စအိုတို့ပါဝင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်မှုပုံစံဟာ ဒီ အစိတ်အပိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့အတွက် အကောင်းဆုံး ကုထုံးပါပဲ။ ဒါပေမဲ့ အချို့သော အချက်တွေကြောင့် (စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရောပေါ့လေ) တစ်ခါတလေမှာ ကျွန်တော်တို့ဟာ အာဟာရဓါတ်လုံလောက်အောင်စားဖို့ကို မေ့လျော့နေတတ်ကြပါတယ်။ ကာလကြာရှည်လာတဲ့အခါမှာ ဒါဟာ သင့်ရဲ့ အစာခြေအင်္ဂါတွေ ပုံမှန်အလုပ်လုပ်နိုင်ခြင်းကိုပါ တားဆီးလာပါတော့တယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားသောက်မှုပုံစံက ခန္ဓါကိုယ်အတွက် အလွန်ကို အရေးကြီးပါတယ်။ နာရီစက်ပုံမှန်လည်နေသလိုပဲ ခန္ဓါကိုယ်က ပုံမှန်လှုပ်ရှားနိုင်ဖို့အတွက် ဆဲလ်တွေရော ၊ ဒီအင်္ဂါတွေကပါ မှန်ကန်တဲ့ အာဟာရဓါတ်တွေလိုအပ်ပါတယ်။ အာဟာရဓါတ်အားလုံးကတော့ အရေးကြီးကြတာကြီးပါပဲ။ အသီးအရွက်တွေနဲ့ သစ်သီးတွေမှာပါတဲ့ ဓါတ်တိုးဂုဏ်သတ္တိဟာ သင့်ကို ဒုက္ခပေးမယ့် မော်လီကျူးတွေနဲ့ သင့်ခန္ဓါကိုယ်ဆဲလ်တွေကို တိုက်ခိုက်မယ့်Free radicals တွေကနေ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း)

အဓိပ္ပါယ်ဖွင့်ဆိုချက်Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ကဘာလဲ။ ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း သည် အူမကြီးထဲတွင် Clostridium difficile ဟုခေါ်သော ပိုးကောင်များကြီးထွားလာမှုကြောင့် အူမကြီးတွင် ရောင်ရမ်းခြင်းဖြစ်ပြီး ဝမ်းလျှောရောဂါအတွက် ထိုပိုးသတ်ဆေးများသုံးစွဲမှု သည် ဝမ်းလျှောစေသော အဓိကအကြောင်းရင်းဖြစ်သည်။ Pseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း သည် အလွန်အဖြစ်များပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါသည်။ သို့သော်ထိုဖြစ်စဉ်ကို ဖြစ်စေနိုင်သော အချက်များကို လျှော့ချခြင်းများပြုလုပ်နိုင်သော်လည်း တိကျသော သတင်းအချက်အလက်များရရှိရန် ဆရာဝန်နှင့် တိုင်ပင်သင့်ပါသည်။ လက္ခဏာများPseudomembranous Colitis (ပိုးသတ်ဆေးကြောင့် အူရောင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ တွေ့ရများသော ရောဂါလက္ခဏာများမှာ ဝမ်းသွားလျှင် ရေကဲ့သို့အရောင်များသွားခြင်း၊ သွေးဝမ်းသွားခြင်း ဗိုက်ရစ်ခြင်း၊ ဗိုက်နာခြင်း၊ ဗိုက်တင်းခြင်း ဖျားခြင်း ဝမ်းထဲတွင် ပြည်များ၊ သွေးများပါခြင်း ပျို့ခြင်း ရေဓါတ်ခမ်းခြောက်ခြင်း တို့ဖြစ်ပါသည်။ ထိုရောဂါ လက္ခဏာများသည် ပိုးသတ်ဆေးသောက်ပြီး ၁ ရက် ၂ ရက်ခန့်တွင် စဖြစ်တတ်ပြီး […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Acute Appendicitis (ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း )

အဓိပ္ပါယ်ဖွင့်ဆိုချက်Acute Appendicitis (ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ) ကဘာလဲ။ ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်းဆိုသည်မှာ ဝမ်းဗိုက်ညာဖက်ခြမ်းရှိ အူမကြီးမှ ခွဲထွက်လာသည့် လက်ချောင်းပုံသဏ္ဍာန်ရှိ သေးငယ်သော အူအတက် ရောင်ရမ်းခြင်းကို ဆိုလိုပါသည်။ အူအတက်သည် Vestigial အင်္ဂါ (ဆင့်ကဲဖြစ်စဉ်မှ ကျန်ခဲ့သော အင်္ဂါ) ဖြစ်ပြီး သိရသလောက် ဘာလုပ်ငန်းမှ လုပ်သည်မရှိသော်လည်း ရောဂါတော့ ဖြစ်နိုင်ပါသည်။ ဆိုရလျှင် ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်းကြောင့် ဗိုက်ခွဲရခြင်းသည် ကမ္ဘာပေါ်တွင် ဗိုက်ခွဲရဆုံး အကြောင်းအရင်းပင်ဖြစ်သည်။ ချက်ချင်းမကုသလျှင် ရောင်နေသော အူအတက်မှ ပေါက်ထွက်သွားပြီး မစင်များ ဝမ်းဗိုက်ခေါင်းအတွင်းသို့ လျှံကျသွားစေနိုင်သည်။ ရလဒ်အနေဖြင့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်သော်လည်း (ဝမ်းဗိုက်အကာရောင်ခြင်းကြောင့်) ပိုးကူးစက်မှုသည် အပြင်မပြန့်နိုင်အောင် ပိတ်မိသွားကာ ပြည်တည်ခြင်း ဖြစ်ပေါ်နိုင်ပါသည်။ Acute Appendicitis (ရုတ်တရတ်ပြင်းထန်အူအတက်ရောင်ခြင်း ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါသည် အလွန့်အလွန်အဖြစ်များ၏။ အမျိုးသမီးများထက် အမျိုးသားများတွင် ပိုအဖြစ်များ၏။ အသက်အရွယ်မရွေးဖြစ်နိုင်သည်။ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်